Dictionary Entries
Showing 941–960 of 1,963 words
လ
လိုခလို့
[lÒkʰlo̰]
Arakanese:
တခုတရီသော ဖြစ်ပျက်မှု သဘောသို့ ရောက်နှိုင်ရေ အခြီအရဲကို ပြဖို့ ကြိယာနောက်မာ စပ်သုံးသော စကားလုံး။ ဆယ်တန်းမာ တမှတ်ချေလိုခလို့ (လိုခရေ) မဟောက်ကေ ခြောက်ဘာသာ ဂုဏ်ထူးပါနိုင်ရေ (အရပ်)
Burmese:
တစ်စုံတစ်ခုသော ဖြစ်ပျက်မှု သဘောသို့ ရောက်နိုင်သော အခြေအနေကို ပြရန် ကြိယာနောက်၌ စပ်သုံးသော စကားလုံး။ ဆယ်တန်းမှာ တစ်မှတ်ချေလိုခလို့ (လိုခရေ) မဟောက်ကေ ခြောက်ဘာသာ ဂုဏ်ထူးပါနိုင်ရေ (အရပ်)
English:
(part) particle suffixed to a nouns to denote similarity [equivalent in usage to adverbs as like] [as in တစ်မှတ်ချေ~]
Grammar Note:
ပစ္စည်း
လိုချင်ချင်
[lÒɕɪ̀ɴɕɪ̀ɴ]
Arakanese:
နှစ်သက်ရေ။ သဖောကျရေ
Burmese:
နှစ်သက်သည်။ သဘော ကျသည်
English:
willingly
Grammar Note:
ကြိယာ
လိုချင်မင်ချင်
[lÒɕɪ̀ɴmɪ̀ɴɕɪ̀ɴ]
Arakanese:
လူတိ၏ ဝန်ကို ရလိုရေ စိတ်ဟိသည်
Burmese:
သူတစ်ပါး၏ ပစ္စည်းကို ရလိုသော စိတ်ယှိသည်
English:
want - desire - would like to have
Grammar Note:
ကြိယာ
လိုချင်လောဘ
[lÒɕɪ̀ɴlɔ́bʱ]
Arakanese:
လူတိ၏ ဝန်ကို ရလိုရေ စိတ်ဟိသည်
Burmese:
သူတစ်ပါး၏ ပစ္စည်းကို ရလိုသော စိတ်ယှိသည်
English:
want - desire
Grammar Note:
ကြိယာ
လိုချီလိုချင်
[lÒɕílÒɕɪ̀ɴ]
Arakanese:
နှစ်သက် လိုလားစွာ။ လှိုက်လှဲစွာ
Burmese:
နှစ်သက် လိုလားစွာ။ လှိုက်လှဲစွာ
English:
heartily - whole-heartedly - warmly
Grammar Note:
ကြိယာဝိသေသန
လိုင်
[làɪɴ]
Arakanese:
သတ္တဝါရို့၏ ခေါင်းနှင့်ကိုယ် ဆက်ရာ အပိုင်း။ ပူဆွေးဗျာလှိုင်၊ မနီနှိုင်၍၊ လိုင်ကိုလေ့ဖက်၊ သားဘယက်ကေ၊ အသက်ပမာ (ရာမ)
Burmese:
သတ္တဝါတို့၏ ခေါင်းနှင့်ကိုယ် ဆက်ရာ အပိုင်း။ ပူဆွေးဗျာလှိုင်၊ မနေနိုင်၍၊ လိုင်ကိုလည်းဖက်၊ သားဘယက်ကေ၊ အသက်ပမာ (ရာမ)
English:
neck throat
Grammar Note:
နာမ်
လိုင်း
[láɪɴ]
Arakanese:
ဘုတ် ခရီးစိုင်။ လပျိုလိုင်း။ အမျိုးအမည် အရွီအတွက် အစဟိစွာ များပြားစွာ၊ မကန်မဝှန်။ မောင်လှဖြူ ရို့မာ တလှိုင်းကြီး မြင်လိုက်ယင့်၊ ဇာဇာပါလီ ရေလဲ မသိ (အရပ်)
Burmese:
မော်တော်ဘုတ် ခရီးစဉ်။ လူပျိုလိုင်း။ အမျိုးအမည် အရေအတွက် စသည် များပြားစွာ၊ အများအပြား။ မောင်လှဖြူ ရို့မှာ တစ်လှိုင်းကြီး မြင်လိုက်ယင့်၊ ဇာဇာပါလီ ရေလဲ မသိ (အရပ်)
English:
line [as in ပေတံ~] route [as in အမှတ် ၉ ဘတ်စကား~] living quarters in a row - row houses (as in ရဲအမှုထမ်း~၊ လူပျို~) [ Eng line ]
Grammar Note:
နာမ်
လိုင်ကုပ်
[làɪɴkoʊʔ]
Arakanese:
လိုင်ဖင်း၏ နောက်ဘက်ပိုင်း။ အိမ်မာဝါကြီး၊ လိုင်ကုပ်ကိုညတ်၊ သုံးချိန် သတ်ကေ၊ လွတ်ယိုစီးလို့ (ဓမ္မသာ)
Burmese:
လည်ပင်း၏ နောက်ဘက်ပိုင်း။ အိမ်မှာဝါကြီး၊ လိုင်ကုပ်ကိုညတ်၊ သုံးချိန် သတ်ကေ၊ လွတ်ယိုစီးလို့ (ဓမ္မသာ)
English:
nape - scruff
Grammar Note:
နာမ်
လိုင်ကြယ်သီး
[làɪɴt͡ɕɛ̀θï]
Arakanese:
အင်္ကျီ လိုင်ဖင်းစကို စိထပ်ရာမာ တပ်လေ့ဟိသော စိသီး
Burmese:
အင်္ကျီ လည်ပင်းစကို စေ့ထပ်ရာ၌ တပ်လေ့ယှိသော ကြယ်သီး
English:
button of the neck
Grammar Note:
နာမ်
လိုင်းကြီး
[láɪɴt͡ɕï]
Arakanese:
မဆိုင်းမငံ့။ လက်ငင်း။ လောလောဆယ်။ အဂု လိုင်းချင်းလားဖို့ ဗျာလ်လား အကြောင်းဟိလို့ တချက်သျှေ ဟပ်ခစွာရာ (အရပ်)
Burmese:
မဆိုင်းမငံ့။ လက်ငင်း။ လောလောဆယ်။ ချက်ချင်း လိုင်းချင်းလားဖို့ ဗျာလ်လား အကြောင်းဟိလို့ တစ်ချက်သျှေ ဟပ်ခစွာရာ (အရပ်)
English:
suddenly - presently - currently - for he time being - for the moment
Grammar Note:
ကြိယာဝိသေသန
လိုင်ကွင်း
[làɪɴkwɪ́ɴ]
Arakanese:
အင်္ကျီ အစဟိစွာ၌ လိုင်ဖင်းလျှိုရာ အဝိုက်အချိုင့်။ ယင့်အချိုင့်ပိုင်း ပတ်လည် အနားဝန်း
Burmese:
အင်္ကျီ စသည်၌ လည်ပင်းလျှိုရာ အဝိုက်အချိုင့်။ ယင့်အချိုင့်ပိုင်း ပတ်လည် အနားဝန်း
English:
collar of a shirt
Grammar Note:
နာမ်
လိုင်းချင်းပင်
[láɪɴɕɪ́ɴpɪ̀ɴ]
Arakanese:
လိုင်းချင်း။ ခရီးရောက်မဆိုက် လိုင်းချင်းပင် လားဖို့ဗျာလ်လား (အရပ်)
Burmese:
လိုင်းချင်း။ ခရီးရောက်မဆိုက် လိုင်းချင်းပင် လားဖို့ဗျာလ်လား (အရပ်)
English:
none
Grammar Note:
ကြိယာဝိသေသန
လိုင်ချင်းယှက်
[làɪɴɕɪ́ɴʃɛʔ]
Arakanese:
ရင်းနှီး ရောဝင်စွာ။ ယုယ မြတ်နိုးစွာ
Burmese:
ရင်းနှီး ရောဝင်စွာ။ ယုယ မြတ်နိုးစွာ
English:
tenderly and fondly
Grammar Note:
ကြိယာဝိသေသန
လိုင်ချိုင့်
[làɪɴɕàɪɴ့]
Arakanese:
လိုင်ဖင်း၊ လိုင်တံနန့် အောက်ဖက် အချိုင့်
Burmese:
လည်ပင်း၊ လည်တံဖြင့် အောက်ဖက် အချိုင့်
English:
depression at the upper tip of the sternum
Grammar Note:
နာမ်
လိုင်ခြောင်း
[làɪɴkʰɹáʊɴ]
Arakanese:
လိုင်ဖင်း၏ အဟိဖက်ပိုင်း။ ၂၊ အသက်ရှူရာ အစာမျိုရာပြွန် အပါအဝင် လိုင်ဖင်း၏ အထဲအခေါင်း။ သရက်ဖြူလေ၊ မဉ္ဇူသီးမာ၊ အစိမျိုသော်၊ ချိုကချိုဗျာယ်၊ လိုင်ခြောင်းမာလေ၊ ဖီလာတန်းကေ၊ ကန့်လန့်မြက်လို့ (ကော်)
Burmese:
လည်ပင်း၏ အရှေ့ဘက်ပိုင်း။ ၂၊ အသက်ရှူရာ အစာမျိုရာပြွန် အပါအဝင် လည်ပင်း၏ အတွင်းအခေါင်း။ သရက်ဖြူလေ၊ မဉ္ဇူသီးမှာ၊ အစိမျိုသော်၊ ချိုကချိုလျက်၊ လိုင်ခြောင်းမှာလေ၊ ဖီလာတန်းကေ၊ ကန့်လန့်မြက်လို့ (ကော်)
English:
throat
Grammar Note:
နာမ်
လိုင်ခြောင်းတွင်း
[làɪɴkʰɹáʊɴtwɪ́ɴ]
Arakanese:
လိုင်ခြောင်း၏ အထဲပိုင်း။ ရေမျို
Burmese:
လည်ချောင်း၏ အတွင်းပိုင်း။ ရေမျို
English:
part of the neck above the Adam’s apple
Grammar Note:
နာမ်
လိုင်ခြောင်းသံ
[làɪɴkʰɹáʊɴθံ]
Arakanese:
လိုင်ခြောင်း အထဲက ပေါ်ထွက်လှာသော အသံ
Burmese:
လည်ချောင်း အတွင်းမှ ပေါ်ထွက်လာသော အသံ
English:
guttural voice
Grammar Note:
နာမ်
လိုင်ခွံ
[làɪɴkʰwံ]
Arakanese:
အင်္ကျီ၏ လိုင်ဖင်းမာ အပိုထောင်၍ ဖြစ်စီ၊ လှဲ၍ဖြစ်စီ တပ်ဆင်သော အပတ်။ ကော်လာ
Burmese:
အင်္ကျီ၏ လည်ပင်းတွင် အပိုထောင်၍ ဖြစ်စေ၊ လှဲ၍ဖြစ်စေ တပ်ဆင်သော အပတ်။ ကော်လာ
English:
collar of a shirt
Grammar Note:
နာမ်
လိုင်စင်းခံ
[làɪɴsɪ́ɴkʰံ]
Arakanese:
(ဥပစာ) မခုမခံ မကာမကွယ်ပဲ သူရို့တိ ပြုသမျှ ပြောသမျှကို ခံယူရေ
Burmese:
(ဥပစာ) မခုမခံ မကာမကွယ်ပဲ သူတို့တတွေ ပြုသမျှ ပြောသမျှကို ခံယူသည်
English:
[fig.] submit docilely meekly
Grammar Note:
ကြိယာ
လိုင်စည်း
[làɪɴsɛ́]
Arakanese:
လိုင်ဖင်းမာ ပတ်စည်းရရေ အဝတ်ချာအရှည်
Burmese:
လည်ပင်းတွင် ပတ်စည်းရသော အဝတ်စအရှည်
English:
decorative band around လိုင်ပေါ်- neck-tie - scarf - cravat
Grammar Note:
နာမ်