Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 961–980 of 1,963 words

    လ

    လိုင်စည်းကြိုး

    [làɪɴsɛ́t͡ɕó]
    လိုင်ဖင်းမာ ပတ်စည်းရရေ အဝတ်ချာအရှည်
    လည်ပင်းတွင် ပတ်စည်းရသော အဝတ်စအရှည်
    string tie
    နာမ်

    လိုင်စိ

    [làɪɴsì]
    လိုင်ဖင်းအဟိဖက်ဟိ အရိုးငေါအဖု
    လည်ပင်းအရှေ့ဘက်ယှိ အရိုးငေါအဖု
    Adam’s apple
    နာမ်

    လိုင်စိပျစ်

    [làɪɴsìprɪʔ]
    လိုင်ခြောင်းထဲမာ လေမရှူမဟိုက် မပြောနိုင်ပဲ ထစ်ဆို့နိန်ရေ။ အဘာလေ လိုင်စိပျစ်လို့ မပြောမဟောနိုင်။ မစားမသောက်နိုင် ဖြစ်နီရေဂု (အရပ်)
    လည်ချောင်းထဲတွင် လေမရှူမရှိုက် မပြောနိုင်ပဲ ထစ်ဆို့နေသည်။ အဘာလေ လိုင်စိပျစ်လို့ မပြောမဟောနိုင်။ မစားမသောက်နိုင် ဖြစ်နီရေဂု (အရပ်)
    have difficulty in breathing - be at one’s wit’s end - be in a fix
    ကြိယာ

    လိုင်စိဖျစ်

    [làɪɴsìpʰrɪʔ]
    (လိုင်ဖင်းကို) တင်းကျပ်အောင် ဖျစ်ညှစ်သည်
    (လည်ပင်းကို) တင်းကျပ်အောင် ဖျစ်ညှစ်သည်
    squeeze
    ကြိယာ

    လိုင်စိုင်း

    [làɪɴsáɪɴ]
    အထက်အောက် ကြီးပြီးကေ (အလယ်)ငယ်သော ဖန်အိုးး တမျိုး
    အထက်အောက် ကြီး၍ (အလယ်)ငယ်သော ပန်းအိုး တစ်မျိုး
    flower pot - vase
    နာမ်

    လိုင်ဆံ

    [làɪɴsʰံ]
    တိရစ္ဆာန်ရို့၏ လိုင်ဖင်းမာ ထောင်၍ ပေါက်သော အမွီးအမှင်။ (ကြက်လည်ဆံ၊ ခြင်္သေ့လည်ဆံ စရေ။
    တိရစ္ဆာန်တို့၏ လည်ပင်းတွင် ထောင်၍ ပေါက်သော အမွေးအမှင်။ (ကြက်လည်ဆံ၊ ခြင်္သေ့လည်ဆံ စသည်။
    mane[as in ခြင်္သေ့~] - neck feathers - hackle [as in ကြက်~]
    နာမ်

    လိုင်ဆစ်

    [làɪɴsʰɪʔ]
    ပုခုံးနှင့် အဂေါင်းပိုင်း အကြား အဆက်ပိုင်း။ ၂၊ ပင်မကြီး အထီးတည်းဟိသော အပင်မျိုး၌ ရွက်လက်အုံနှင့် ပင်မကြီးဆက်ရာ အပိုင်း
    ပုခုံးနှင့် ဦးခေါင်းပိုင်း အကြား အဆက်ပိုင်း။ ၂၊ ပင်စည် အထီးတည်းယှိသော အပင်မျိုး၌ ရွက်လက်အုံနှင့် ပင်စည်ဆက်ရာ အပိုင်း
    neck - cervical joints - juncture of the steam and crow of a palm tree
    နာမ်

    လိုင်ဆိုင်

    [làɪɴsʰàɪɴ]
    သတ္တဝါ၏ အဂေါင်းနှင့် ကိုယ် ဆက်စပ်ရာ အပိုင်း။ လည်၏ အဟိပိုင်း
    သတ္တဝါ၏ ဦးခေါင်းနှင့် ကိုယ် ဆက်စပ်ရာ အပိုင်း။ လည်၏ အရှေ့ပိုင်း
    neck
    နာမ်

    လိုင်ဆွဲ

    [làɪɴsʰwɛ]
    လိုင်ဖင်း၌ ဆွဲဆင်ရရေ အဆင်တန်ဆာ။ ၂၊ အမြဲ မှတ်သား လိုက်နာရဖို့့ ဆုံးမစကား။ လိုင်ဆွဲတန်ဆာ ကဲ့ပမာ၊ ဆရာမာ စကား (ဆုံးမစာ)
    လည်ပင်း၌ ဆွဲဆင်ရသော အဆင်တန်ဆာ။ ၂၊ အမြဲ မှတ်သား လိုက်နာရမည့် ဆုံးမစကား။ လိုင်ဆွဲတန်ဆာ ကဲ့ပမာ၊ ဆရာမှာ စကား (ဆုံးမစာ)
    necklace
    နာမ်

    လိုင်ဇက်

    [làɪɴzɛʔ]
    လည်၏ နောက်ဖက်ဟိ ကုပ်ဆက်နီရာ
    လည်၏ နောက်ဖက်ယှိ ကုပ်ဆက်နေရာ
    nape - scruff
    နာမ်

    လိုင်ညှပ်တိုင်

    [làɪɴɲ̯aʔtàɪɴ]
    မောင်းဦး ခေါင်းပိုင်း မယမ်းခါစီရန် မောင်းတုံး တဖက် တချက်မာ စိုက်ထားရေ အထိန်းတိုင်
    မောင်းဦး ခေါင်းပိုင်း မယမ်းခါစေရန် မောင်းတုံး တစ်ဘက် တစ်ချက်တွင် စိုက်ထားသော အထိန်းတိုင်
    wooden framework to keep the lever in place (See illus at မောင်း)
    နာမ်

    လိုင်တံ

    [làɪɴtံ]
    ရှည်မျိုးသော လိုင်ဖင်းပိုင်း။ ကေသာဆံလျှင်၊ လိုင်တံရင်းဖျား၊ ဖားရားရားကေ (ကော်
    ရှည်မျောသော လည်ပင်းပိုင်း။ ကေသာဆံလျှင်၊ လိုင်တံရင်းဖျား၊ ဖားရားရားကေ (ကော်
    neck
    နာမ်

    လိုင်တမျှော်မျှော်

    [làɪɴtmr̯ɔ̀mr̯ɔ̀]
    တခုတရီကို စိတ်အား ထထက် သသန်နန့် စောင့်မျှော်ဗျာယ်
    တစ်စုံတစ်ရာကို စိတ်အား ထက်သန်စွာ စောင့်မျှော်လျက်
    (wait) eagerly
    ကြိယာဝိသေသန

    လိုင်တိုင်

    [làɪɴtàɪɴ]
    သတ္တဝါ၏ အဂေါင်းနှင့် ကိုယ်ဆက်စပ်ရာ အပိုင်း။ လည်၏ အဟိပိုင်း
    သတ္တဝါ၏ ဦးခေါင်းနှင့် ကိုယ်ဆက်စပ်ရာ အပိုင်း။ လည်၏ အရှေ့ပိုင်း
    neck
    နာမ်

    လိုင်ထပ်

    [làɪɴtʰaʔ]
    ကိုယ်ဝတ်အထည် လိုင်ဖင်း ပတ်လည်၌ အထပ်ထပ် မွမ်းမံဆင်ယင်သည့် အစိတ်အပိုင်း
    ကိုယ်ဝတ်အထည် လည်ပင်း ပတ်လည်၌ အထပ်ထပ် မွမ်းမံဆင်ယင်သည့် အစိတ်အပိုင်း
    collar of a shirt
    နာမ်

    လိုင်နာ

    [làɪɴnà]
    အင်္ကျီ၏ လိုင်ဖင်း ပတ်လည် အထပ်
    အင်္ကျီ၏ လည်ပင်း ပတ်လည် အထပ်
    collar of a shirt
    နာမ်

    လိုင်ပင်း

    [làɪɴpɪ́ɴ]
    သတ္တဝါ၏ အဂေါင်းနှင့်ကိုယ် ဆက်စပ်ရာ စိကေချေ သွယ်သော အပိုင်း။ လည်၏ ရှေ့ဖက်ပိုင်း
    သတ္တဝါ၏ ဦးခေါင်းနှင့်ကိုယ် ဆက်စပ်ရာ အနည်းငယ် သွယ်သော အပိုင်း။ လည်၏ ရှေ့ဖက်ပိုင်း
    neck throat
    နာမ်

    လိုင်ပင်းခိုက်

    [làɪɴpɪ́ɴkʰaɪʔ]
    (ဥပစာ) ကြွီးမြီး အစဟိစွာရို့ များပြား လွန်းသည်
    (ဥပစာ) ကြွေးမြီး စသည်တို့ များပြား လွန်းသည်
    [fig.] be up to the neck (in work or debt)
    ကြိယာ

    လိုင်ပင်းဆိုက်

    [làɪɴpɪ́ɴsʰaɪʔ]
    (ဥပစာ) ကြွီးမြီး အစဟိစွာရို့ များပြား လွန်းသည်
    (ဥပစာ) ကြွေးမြီး စသည်တို့ များပြား လွန်းသည်
    [fig.] be up to the neck (in work or debt)
    ကြိယာ

    လိုင်ပတ်

    [làɪɴpaʔ]
    လိုင်ပင်းကို စည်းပတ်သော အလျားရှည် အဝတ်အထည်
    လိုင်ပင်းကို စည်းပတ်သော အလျားရှည် အဝတ်အထည်
    muffler (dog’s) collar
    နာမ်