Dictionary Entries
Showing 81–100 of 1,963 words
လ
လက်ခုပ်သီး၂
[lɛʔkʰoʊʔθï၂]
Arakanese:
ကြိုးလုံးကို အလွယ်ချေ လျော့ချနိုင်ဖို့ ပြုလုပ်ထားရေ စက်သီး
Burmese:
ကြိုးလုံးကို အလွယ်တကူ လျော့ချနိုင်ရန် ပြုလုပ်ထားသော စက်သီး
English:
pulley block
Grammar Note:
နာမ်
လက်ခုပ်ဩဘာ
[lɛʔkʰoʊʔʔɔ́bʱà]
Arakanese:
လက်ခုပ်တီးခြင်းနန့် အားပီး ကောင်းချီးပြုမှု ကတ်တေ
Burmese:
လက်ခုပ်တီးခြင်းဖြင့် အားပေး ကောင်းချီးပြုမှု ကြသည်
English:
cheer or applaud by clapping hands
Grammar Note:
ကြိယာ
လက်ခုံလက်ဝါး
[lɛʔkʰòʊɴlɛʔwàး]
Arakanese:
လက်ဝါးနန့် လက်ဖမိုး တလှည့်စီအနိန်နန့်
Burmese:
လက်ဝါးနှင့် လက်ခုံ တစ်လှည့်စီ အားဖြင့်
English:
back of the hand and palm
Grammar Note:
ကြိယာဝိသေသန
လက်ခေါက်ဆစ်
[lɛʔkʰaʊʔsʰɪʔ]
Arakanese:
လက်ချောင်းကို ကွေးထားစဉ် ချွန်ထွက်နိန်ရေ လက်ချောင်း အလယ်ဆစ်တန်း
Burmese:
လက်ချောင်းကို ကွေးထားစဉ် ချွန်ထွက်နေသော လက်ချောင်း အလယ်ဆစ်တန်း
English:
finger joint
Grammar Note:
နာမ်
လက်ခေါက်မှုတ်
[lɛʔkʰaʊʔm̥oʊʔ]
Arakanese:
အထဲမာ လျှာကိုခေါက်၍ ကွေးထားရေ လက်ညှိုး ကွင်းကို သွင်း၍ ရွှီးကနဲ မြည်အောင် မှုတ်သည်
Burmese:
အတွင်း၌ လျှာကိုခေါက်၍ ကွေးထားသော လက်ညှိုး ကွင်းကို သွင်း၍ ရွှီးကနဲ မြည်အောင် မှုတ်သည်
English:
produce a whistling sound by putting the crook of a finger in the mouth and blowing
Grammar Note:
ကြိယာ
လက်ခေါက်ရိုး
[lɛʔkʰaʊʔɹó]
Arakanese:
လက်ချောင်းကို ကွေးထားစဉ် ချွန်ထွက်နိန်ရေ လက်ချောင်း အလယ်ဆစ်တန်း
Burmese:
လက်ချောင်းကို ကွေးထားစဉ် ချွန်ထွက်နေသော လက်ချောင်း အလယ်ဆစ်တန်း
English:
finger joint
Grammar Note:
နာမ်
လက်ခဲ
[lɛʔkʰɛ]
Arakanese:
မြေစိုင်မြေတုံး။ ကျောက်စိုင် ကျောက်တုံး
Burmese:
မြေစိုင်မြေတုံး။ ကျောက်စိုင် ကျောက်တုံး
English:
stone
Grammar Note:
နာမ်
လက်ခဲခက်
[lɛʔkʰɛkʰɛʔ]
Arakanese:
ချီးငှားထားရေကို အလွယ်ချေ ပြန်မပေးလိုရေ
Burmese:
ချေးငှားထားသည်ကို အလွယ်တကူ ပြန်မပေးလိုသော
English:
be tardy in repaying loans ect.
Grammar Note:
နာမဝိသေသန
လက်ခဲတပစ်
[lɛʔkʰɛtpɪʔ]
Arakanese:
ခဲကိုလက်နှင့် ပစ်ပြီးကေ ရောက်ရေ့ အကွာအဝီး
Burmese:
ခဲကိုလက်နှင့် ပစ်၍ ရောက်သည့် အကွာအဝေး
English:
throw distance
Grammar Note:
ကြိယာ
လက်ခဲပစ်
[lɛʔkʰɛpɪʔ]
Arakanese:
ခဲကိုကိုင်ပနာ တခုတရီကို ထိမှန်ယောင် လက်နှင့် ပစ်သည်
Burmese:
ခဲကိုကိုင်၍ တစ်စုံတစ်ခုကို ထိမှန်အောင် လက်နှင့် ပစ်သည်
English:
throw to target
Grammar Note:
ကြိယာ
လက်ခါ
[lɛʔkʰà]
Arakanese:
ဆက်ပနာ အားထုတ် ဆောင်ရွက်ခြင်းကို ရပ်စဲ၍ မျှော်လင့်ချက်ကို စွန့်ရွှတ်ရေ။ ၂၊ ကြောက်ရွံ့ပနာ နိူင်းပြိုင်မှုကို လက်လျှော့ ရရေ
Burmese:
ဆက်လက် အားထုတ် ဆောင်ရွက်ခြင်းကို ရပ်စဲ၍ မျှော်လင့်ချက်ကို စွန့်လွှတ်သည်။ ၂၊ ကြောက်ရွံ့၍ ယှဉ်ပြိုင်မှုကို လက်လျှော့ ရသည်
English:
give up
Grammar Note:
ကြိယာ
လက်ခါး
[lɛʔkʰàး]
Arakanese:
အဖြူရောင် သဘာဝ ဓါတ်ဆားခဲ တမျိုး
Burmese:
အဖြူရောင် သဘာဝ ဓါတ်ဆားခဲ တစ်မျိုး
English:
mineral salt
Grammar Note:
နာမ်
လက်ခါးနွယ်
[lɛʔkʰàးnwɛ̀]
Arakanese:
အပွီးဖြူချောသော ဆီးဖက်ဝင် နွယ်ပင်တမျိုး။ (ဆားပေါက်၊ စူးမပေါက် နှစ်မျိုးဟိရေ။
Burmese:
အပွေးဖြူချောသော ဆေးဖက်ဝင် နွယ်ပင်တစ်မျိုး။ (ဆားပေါက်၊ ဆူးမပေါက် နှစ်မျိုးရှိသည်။
English:
herbal plant
Grammar Note:
နာမ်
လက်ချ
[lɛʔɕ]
Arakanese:
အယှုံးပီးရေ။ မတတ်နှိုင်ကြောင်း ဝန်ခံသည်
Burmese:
အရှုံးပေးသည်။ မတတ်နိုင်ကြောင်း ဝန်ခံသည်
English:
[obs.] give up
Grammar Note:
ကြိယာ
လက်ချ၂
[lɛʔɕ၂]
Arakanese:
အားကိုး ယုံကြိုင်ရေ။ သံသယ မဟိ၍ စိတ်အီးရေ
Burmese:
အားကိုး ယုံကြည်သည်။ သံသယ မယှိ၍ စိတ်အေးသည်
English:
be rest assured
Grammar Note:
ကြိယာ
လက်ချက်
[lɛʔɕɛʔ]
Arakanese:
တယောက်တလီ သူ၏ မနာလိုမှုနန့် ပြုလုပ်ချက်
Burmese:
တစ်စုံတစ်ယောက် သူ၏ မနာလိုမှုဖြင့် ပြုလုပ်ချက်
English:
perpetration - someone’s hand in certain misdeed
Grammar Note:
နာမ်
လက်ချက်ညီ
[lɛʔɕɛʔɲí]
Arakanese:
ဆောင်ရွက် အားထုတ်ပုံချင်း တူစွာ ညီညွတ်သည်
Burmese:
ဆောင်ရွက် အားထုတ်ပုံချင်း တူသည်။ ညီညွတ်သည်
English:
be in unison (in doing things) - be united
Grammar Note:
ကြိယာ
လက်ချင်း
[lɛʔɕɪ́ɴ]
Arakanese:
ယေဘုယျအနိန်နန့် အမျိုးသမီးရို့ အကွင်းပြုပနာ လက်ဝါး လက်ဆစ်အထက်မာ ဝတ်ဆင်သော အဆင်တန်ဆာ။ ပစေ္စကမထေရ်၊ သပိတ်ခြေကို၊ ဆင်စွယ်လက်ချင်း၊ စိတ်သထာနှင့် လှူတုံခြင်းကြောင့် (ဥဒိန်သာ)
Burmese:
ယေဘုယျအားဖြင့် အမျိုးသမီးတို့ အကွင်းပြု၍ လက်ဝါး လက်ဆစ်အထက်၌ ဝတ်ဆင်သော အဆင်တန်ဆာ။ ပစေ္စကမထေရ်၊ သပိတ်ခြေကို၊ ဆင်စွယ်လက်ချင်း၊ စိတ်ကြည်ဖြူနှင့် လှူတုံခြင်းကြောင့် (ဥဒိန်သာ)
English:
bracelet
Grammar Note:
နာမ်
လက်ချင်းကပ်
[lɛʔɕɪ́ɴkaʔ]
Arakanese:
အဂု၊ မဆိုင်းမငံ့။ လက်ငင်း။ လောလောဆယ်
Burmese:
ချက်ချင်း၊ မဆိုင်းမငံ့။ လက်ငင်း။ လောလောဆယ်
English:
at once - immediately - at the present time
Grammar Note:
ကြိယာဝိသေသန
လက်ချိတ်
[lɛʔɕeɪʔ]
Arakanese:
လိုရာအဆင့် ပုံပေါ်ယောင် အကွက်ဖော်ပနာ လက်နန့် ရက်လုပ်သော အထည်။ ထိပိန်ဝယ် လက်ချိတ်ပြောက်၊ ခပ်သိမ်းတန်ဆာ၊ လှရာရာကို၊ ယူကာဝတ်ဆင်ကြ၍ (ကုသတု)
Burmese:
လိုရာအဆင့် ပုံပေါ်အောင် အကွက်ဖော်၍ လက်ဖြင့် ရက်လုပ်သော အထည်။ ထိပိန်ဝယ် လက်ချိတ်ပြောက်၊ ခပ်သိမ်းတန်ဆာ၊ လှရာရာကို၊ ယူကာဝတ်ဆင်ကြ၍ (ကုသတု)
English:
hand woven fabric with wavy pattern - handmade
Grammar Note:
နာမ်