Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,061–1,080 of 1,963 words

    လ

    လီတင်းခွန်

    [lítɪ́ɴkʰʊ̀ɴ]
    လီထခတ်လျှင် အဝီးမှ လှုပ်လှုပ်ရွရွ မြင်ရရောင် စိုက်ထူထားရေ တင်းခွန်လုံး၊ တင်းခွန်ပြားအစဟိစွာ
    လေတိုက်ခတ်လျှင် အဝေးမှ လှုပ်လှုပ်ရွရွ မြင်ရအောင် စိုက်ထူထားသော တံခွန်လုံး၊ တံခွန်ပြားစသည်
    flag use to know whenever the wind blow
    နာမ်

    လီတံစို့

    [lítံso̰]
    ဝမ်းခေါင်း၊ ရင်ခေါင်းရို့မာ ထိုးကျင့် နာကြင်စီရေ လီရောဂါ တမျိုး
    ဝမ်းခေါင်း၊ ရင်ခေါင်းတို့၌ ထိုးကျင့် နာကျင်စေသော လေရောဂါ တစ်မျိုး
    sharp pain caused by flatulence
    နာမ်

    လီတန့်

    [lítàɴ့]
    လီထခတ် လှုပ်ရှားခြင်း မဟိပဲ နိန်ရေ
    လေတိုက်ခတ် လှုပ်ရှားခြင်း မယှိပဲ နေသည်
    (of gas in the body) subside (of wind) be calm
    ကြိယာ

    လီတိတ်

    [líteɪʔ]
    လီထခတ် လှုပ်ရှားခြင်းက ရပ်တန့်သည်
    လေတိုက်ခတ် လှုပ်ရှားခြင်းမှ ရပ်တန့်သည်
    (of gas in the body) subside (of wind) be calm
    ကြိယာ

    လီတိုက်

    [lítaɪʔ]
    လီဟုန်ပြင်းစွာ ရိုက်ခတ်ရေ။ တနီရာမှ တနီရာသို့ ရွိစီရေ
    လေဟုန်ပြင်းစွာ ရိုက်ခတ်သည်။ တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားစေသည်
    (of wind) blow
    ကြိယာ

    လီတော

    [lítɔ́]
    လီပြင်း တိုက်ခတ်ရာ လီလမ်းကျသော အရပ်
    လေပြင်း တိုက်ခတ်ရာ လေလမ်းကျသော အရပ်
    on the air route
    နာမ်

    လီတောင်

    [lítàʊɴ]
    ငှက်၊ သတ္တဝါများ လီထဲမာ ပျံသန်းနှိုင်ရေ အတောင်။ စာသျှေ တကောင်ကို လီတောင်တိ နုတ်ပစ်လစ်လို့ မပျံနိုင်ဗျာယ် (အရပ်)
    ငှက်၊ သတ္တဝါများ လေထဲတွင် ပျံသန်းနိုင်သော အတောင်။ စာသျှေ တစ်ကောင်ကို လီတောင်တိ နုတ်ပစ်လစ်လို့ မပျံနိုင်ဗျာယ် (အရပ်)
    wing
    နာမ်

    လီထ

    [lítʰ]
    လီဟုန် မငြိမ်မသက် လှုပ်ရှားသည်
    လေဟုန် မငြိမ်မသက် လှုပ်ရှားသည်
    become windy (of gas in the abdomen) become agitated
    ကြိယာ

    လီထန်

    [lítʰàɴ]
    လီပြင်း တိုက်ခတ် လှုပ်ရှား ပြောဆိုရေ
    လေပြင်း တိုက်ခတ် လှုပ်ရှား ပြောဆိုသော
    windy - gusty suffer from
    နာမဝိသေသန

    လီထိုး

    [lítʰó]
    ကိုယ်ခန္ဓာ အစိတ်အပိုင်း တခုအထဲမာ လီကတ်ွရွ တိုးဝှေ့ နာကြင် စီရေ။ ၂၊ တာယာ၊ ဘောလုံး စရေအထဲကို ပြွတ်တံနန့် လီသွင်းသည်
    ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုအတွင်း၌ လေကြွရွ တိုးဝှေ့ နာကျင် စေသည်။ ၂၊ တာယာ၊ ဘောလုံး စသည့်အတွင်းသို့ ပြွတ်တံနှင့် လေသွင်းသည်
    suffer from flatulence inflate (tyre balloon etc) - pump in air
    ကြိယာ

    လီထိုးတံ

    [lítʰótံ]
    လီထိုးရရေ ပြွတ်တံ
    လေထိုးရသော ပြွတ်တံ
    inflater (bicycle or motor car tyre pump)
    နာမ်

    လီထု

    [lítʰoʊ]
    ကမ္ဘာမြီပြင် နံဖီးတဝိုက်၌ တည်နိန်ရေ လေ၏ ပမာဏ
    ကမ္ဘာမြေပြင် အနီးတစ်ဝိုက်၌ တည်နေသော လေ၏ ပမာဏ
    atmosphere
    နာမ်

    လီထဲယိုင်းစီး

    [lítʰɛjáɪɴsï]
    (နမူနာ) မဖြစ်နှိုင်စွာကို စိတ်ကူးယိုင်ရေ။ ကြံစည်ရေ။ ၂၊ တခွန်းတစ သိစွာကို မှန်ကန် သိလေဟန် ပြောဆိုရေ
    (ဥပမာ) မဖြစ်နိုင်သည်ကို စိတ်ကူးယဉ်သည်။ ကြံစည်သည်။ ၂၊ တစ်ခွန်းတစ်စ သိသည်ကို မှန်ကန် သိလေဟန် ပြောဆိုသည်
    indulge in fantasy
    ကြိယာ

    လီနာ

    [línà]
    ဝမ်းရင် အထဲမာ လီထိုး ကျင့်မှုကြောင့် ဖြစ်ရေ ရောဂါ
    ဝမ်းရင် အတွင်း၌ လေထိုး ကျင့်မှုကြောင့် ဖြစ်သော ရောဂါ
    flatulence
    နာမ်

    လီနိပ်

    [línìaʔ]
    ဝမ်းရင် အထဲဟိ လီကျေ ပျက်သည်
    ဝမ်းရင် အတွင်းယှိ လေကျေ ပျက်သည်
    (of flatulence) subside
    ကြိယာ

    လီပန်း

    [lípáɴ]
    အပြောသန်သော။ ချဲ့ကား ဘောရိပိုက်တတ်ရေ
    အပြောကြီးသော။ ချဲ့ကား ကြွားဝါတတ်သော
    boast - braggart
    နာမဝိသေသန

    လီပီးလီယူ

    [lípïlíjù]
    တဦးနန့် တဦး စကားပြော ပြေလီရေ။ ရင်းနှီး သင့်မြတ်သည်
    တစ်ဦးနှင့် တစ်ဦး စကားပြော ပြေလေသည်။ ရင်းနှီး သင့်မြတ်သည်
    be close - be familiar - be intimate - invest
    နာမ်

    လီပူ

    [lípù]
    အပူဟိန်ပါရေ လေ
    အပူငွေ့ပါသော လေ
    heartburn hot air
    ကြိယာ

    လီပူထ

    [lípùtʰ]
    ဝမ်း၊ ရင်အထဲမာ ပူလောင်သော လီထိုးကန် လှုပ်ယှားမှုကို ခံစားရရေ
    ဝမ်း၊ ရင်အတွင်း၌ ပူလောင်သော လေထိုးကန် လှုပ်ရှားမှုကို ခံစားရသည်
    suffer from heartburn
    ကြိယာ

    လီပေါက်

    [lípaʊʔ]
    လီဝင်ထွက်နှိုင်သော အပေါက်။ စကားသုံးနှုန်း သုံးဟန်
    လေဝင်ထွက်နိုင်သော အပေါက်။ စကားသုံးနှုန်း သုံးဟန်
    vent manner of saying things
    နာမ်