Dictionary Entries
Showing 1,081–1,100 of 1,963 words
လ
လီပေါက်၂
[lípaʊʔ၂]
Arakanese:
လီတိုက်နှုန်း စိကေချေ တိုးလာရေ
Burmese:
လေတိုက်နှုန်း အနည်းငယ် တိုးလာသည်
English:
increasing air pressure
Grammar Note:
ကြိယာ
လီပြင်
[lípɹɪ̀ɴ]
Arakanese:
အကွယ်အကာ မဟိသော နီရာ။ ဒေသ
Burmese:
အကွယ်အကာ မယှိသော နေရာ။ ဒေသ
English:
open space - glade
Grammar Note:
နာမ်
လီပြင်းထ
[lípɹɪ́ɴtʰ]
Arakanese:
လီပြင်းထ လှုပ်ရှားသောအနိန်နန့်
Burmese:
လေပြင်းထကြွ လှုပ်ရှားသော အားဖြင့်
English:
windy - gusty
Grammar Note:
ကြိယာဝိသေသန
လီပြီ
[lípɹì]
Arakanese:
အဟိန်အဟုန် ပြင်းပြခြင်း မဟိ ပျော့ပျောင်း ညင်သာသော လေ
Burmese:
အရှိန်အဟုန် ပြင်းပြခြင်း မယှိ ပျော့ပျောင်း ညင်သာသော လေ
English:
gentle breeze - zephyr
Grammar Note:
နာမ်
လီပွ
[lípw]
Arakanese:
ဝမ်းအထဲမာ လေလှုပ်ရှား ထသည်
Burmese:
ဝမ်းအတွင်း၌ လေလှုပ်ရှား ထကြွသည်
English:
suffer from flatulence
Grammar Note:
ကြိယာ
လီပွီ
[lípwí]
Arakanese:
အဟုန်းပြင်း စွာဖြင့် ကတော့ထိုး ရစ်လည်ပနာ တိုက်ခတ်သည်
Burmese:
အဟုန်းပြင်း စွာဖြင့် ကတော့ထိုး ရစ်လည်၍ တိုက်ခတ်သည်
English:
tornado - whirlwind
Grammar Note:
နာမ်
လီပွီသတ်
[lípwíθaʔ]
Arakanese:
အရပ်မျက်နှာ တဖက်တည်းမှ တသမတ်တည်း မတိုက်ခတ်ပဲ၊ အရပ်မျက်နှာ အရပ်မျက်နှာအမျိုးမျိုးမှ တလှည့်စီ ပြောင်းလဲ တိုက်ခတ်သော လေ
Burmese:
အရပ်မျက်နှာ တစ်ဘက်တည်းမှ တသမတ်တည်း မတိုက်ခတ်ပဲ၊ အရပ်မျက်နှာ အရပ်မျက်နှာအမျိုးမျိုးမှ တစ်လှည့်စီ ပြောင်းလဲ တိုက်ခတ်သော လေ
English:
winds
Grammar Note:
နာမ်
လီပွီသတ်၂
[lípwíθaʔ၂]
Arakanese:
အစရှာမရယောင် ပွီလီ သပွတ်အူလိုက်။ ပြဿနာ အမျိုးမျိုး ရောနှော ဆိုင်ရေ။ စိတ်ဆာဝီသည် လီဗွီ မုန်တိုင်းသတ်သို့ (ဗမာချီ)
Burmese:
အစရှာမရအောင် ပွေလီ ရှုပ်ထွေးသော။ ပြဿနာ အမျိုးမျိုး ရောနှော ပတ်သက်သော။ စိတ်ဆာဝီသည် လီဗွီ မုန်တိုင်းသတ်သို့ (ဗမာချီ)
English:
jumbled - confused - disorderly - complicated
Grammar Note:
နာမဝိသေသန
လီဖော
[lípʰɔ́]
Arakanese:
စကားကျွံစွာ ပြောတတ်သည်
Burmese:
စကားလွန်စွာ ပြောတတ်သည်
English:
[colloq] talk a lot
Grammar Note:
ကြိယာ
လီဖော၂
[lípʰɔ́၂]
Arakanese:
အထဲလီကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း တခုခု ရမ်းသော ရောဂါ
Burmese:
အတွင်းလေကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခု ရောင်ရမ်းသော ရောဂါ
English:
oedema - paralysis (of limbs)
Grammar Note:
နာမ်
လီဖျဉ်း
[lípʰrɪ́ɴ]
Arakanese:
ဝမ်း အထဲမာ လေများ အစုအခဲ ခိုနေခြင်းကြောင့် ဝမ်းဖော ရောင်ရေ ရောဂါတမျိုး
Burmese:
ဝမ်းဗိုက် အတွင်း၌ လေများ အစုအခဲ ခိုနေခြင်းကြောင့် ဝမ်းဗိုက်ဖော ရောင်သည့် ရောဂါတစ်မျိုး
English:
tympanites
Grammar Note:
နာမ်
လီဖြတ်
[lípʰɹaʔ]
Arakanese:
အကြော သီရေ။ သွက်ချာပါဒ ဖြစ်တေ
Burmese:
အကြော သေသည်။ သွက်ချာပါဒ ဖြစ်သည်
English:
suffer from paralytic stroke
Grammar Note:
ကြိယာ
လီဖွား
[lípʰWà]
Arakanese:
အပြောသန်သော။ ချဲ့ကား ဘောရိပိုက်တတ်ရေ
Burmese:
အပြောကြီးသော။ ချဲ့ကား ကြွားဝါတတ်သော
English:
talk big - be boastful
Grammar Note:
နာမဝိသေသန
လီမငင်
[límŋɪ̀ɴ]
Arakanese:
အချိန်အကြာကြီး သတိလစ် မမာ့ောနိန်ရေ။ မိမောနေကေ၊ မြီးဝယ်လဲဘိ၊ မှန်းမသိပဲ၊ ဟိလတ်သည်မာ လီမငင်ကေ၊ သက်လျင်မသျှူ (ကော်)
Burmese:
အချိန်ကြာမြင့်စွာ သတိလစ် မိန်းမောနေသည်။ မိမောနေကေ၊ မြီးဝယ်လဲဘိ၊ မှန်းမသိပဲ၊ ဟိလတ်သည်တွင် လီမငင်ကေ၊ သက်လျင်မသျှူ (ကော်)
English:
slip one’s mind - faint - lose consciousness
Grammar Note:
ကြိယာ
လီမုန်းတိုင်း
[límóʊɴtáɪɴ]
Arakanese:
ပင်လယ် သမုဒ္ဒရာကို ဖြတ်ပနာ အဟုန်ပြင်းစွာ တိုက်ခတ်တတ်ရေ လေ
Burmese:
ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အဟုန်ပြင်းစွာ တိုက်ခတ်တတ်သော လေ
English:
storm or cyclone
Grammar Note:
နာမ်
လီယပ်
[líjaʔ]
Arakanese:
လေရဟိရန် ယပ်ဖြင့် သော် ပင်ဖြစ်ဖြစ်၊ နှီးရက် ပြားချပ်ဖြင့်သော် ပင်ဖြစ်ဖြစ်၊ မျက်နှာကျက်မာ တွဲလောင်းချပနာ တပ်ဆင်ထားပြီးသား ကြိုးနန့်ဆွဲပနာ လွှဲရရေ အဝတ်ထူကြီး
Burmese:
လေရယှိရန် ယပ်ဖြင့် သော် လည်းကောင်း၊ နှီးရက် ပြားချပ်ဖြင့်သော် လည်းကောင်း၊ မျက်နှာကျက်တွင် တွဲလျားချ၍ တပ်ဆင်ထားပြီး ကြိုးနှင့်ဆွဲ၍ လွှဲရသော အဝတ်ထူကြီး
English:
punkah or fan
Grammar Note:
နာမ်
လီယိုင်သင့်
[líjàɪɴθɪ̰ɴ]
Arakanese:
လီကြော တည့်ရေ။ ၂၊ စကားအပြောအဟော အဆင်ပြေရေ။ သစ်ပုတ်ပင်ဖြူ၊ မအူပင်ဖျား၊ တန်းခွန်နီကို၊ လီယိုင်သင့်အောင်၊ ရွှင့်လို့ထားရေ (ထာနု)
Burmese:
လေကြော တည့်သည်။ ၂၊ စကားအပြောအဟော အဆင်ပြေသည်။ သစ်ပုတ်ပင်ဖြူ၊ မအူပင်ဖျား၊ တန်းခွန်နီကို၊ လီယိုင်သင့်အောင်၊ ရွှင့်လို့ထားရေ (ထာနု)
English:
good at conversation
Grammar Note:
ကြိယာ
လီယူလီသိမ်း
[líjùlíθéɪɴ]
Arakanese:
စကား ပြောဆိုဟန်။ နှုတ်ထား အာထားနန့် ပြောဟန်ဆိုဟန်
Burmese:
စကား ပြောဆိုဟန်။ နှုတ်ထား အာထားနှင့် ပြောဟန်ဆိုဟန်
English:
enunciation and intonation
Grammar Note:
နာမ်
လီယှူမြစ်
[líʃùmɹɪʔ]
Arakanese:
အပင်ရို့မာ မြီထက် ပင်မကြီးဆစ်မှ ဖြာထွက်ပြီးကေ မြေထဲကို စိုက်မဝင်ပဲ လေပြင်၌ ရွင့်ဗျာယ်ဟိသော အမြစ်တမျိုး။ (ရခိုင်၌ ညောင်မုတ်ဆိတ် ခေါ်ရေ။
Burmese:
သစ်ပင်တို့တွင် မြေထက် ပင်စည်ဆစ်မှ ဖြာထွက်၍ မြေထဲသို့ စိုက်မဝင်ပဲ လေပြင်၌ လွင့်လျက်ယှိသော အမြစ်တစ်မျိုး။ (ရခိုင်၌ ညောင်မုတ်ဆိတ် ခေါ်သည်။
English:
drop roots
Grammar Note:
နာမ်
လီယှူမှုတ်
[líʃùm̥oʊʔ]
Arakanese:
လီမှုတ်တူရိယာ တခုခုကို မှုတ်နေစဉ် အသံမပြတ်စီပဲ နခေါင်းဖြင့် လီကို ရှုကာ ရက်ပြတ် မှုတ်သည်
Burmese:
လေမှုတ်တူရိယာ တစ်ခုခုကို မှုတ်နေစဉ် အသံမပြတ်စေပဲ နှာခေါင်းဖြင့် လေကို ရှုကာ အဆက်မပြတ် မှုတ်သည်
English:
blow continuously
Grammar Note:
ကြိယာ