Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,121–1,140 of 1,963 words

    လ

    လီသင်ဓုန်

    [líθɪ̀ɴdʱòʊɴ]
    အလွန် ပြင်းထန်စွာ တိုက်ခတ်သော လေတမျိုး။ ငှက်ငယ်သည် အာကာ၌ လီသင်ဓုန်း တိုက်ခတ်၍ အပိုင်းပိုင်း ပြတ်လီ၏ (နက္ခတ်ပုံ)။ ၂၊ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစုံတရာကို ပျက်စီးခြင်းကို ဖြစ်စီတတ်ရေ အထဲလေ
    အလွန် ပြင်းထန်စွာ တိုက်ခတ်သော လေတစ်မျိုး။ ငှက်ငယ်သည် ကောင်းကင်၌ လီသင်ဓုန်း တိုက်ခတ်၍ အပိုင်းပိုင်း ပြတ်လေ၏ (နက္ခတ်ပုံ)။ ၂၊ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်စုံတရာကို ပျက်စီးခြင်းကို ဖြစ်စေတတ်သော အတွင်းလေ
    windy - gusty
    နာမ်

    လီသင်းသတ်

    [líθɪ́ɴθaʔ]
    ကျွဲ၊ နွား၊ မြင်း အစဟိရေ ဝန်ဆွဲ တိရစ္ဆာန်တိအား အရွေလိုက်ခြင်း မပြုအောင် ဝှေးစိကို ဖောက်ခြင်း၊ ညှပ်ခြင်း၊ ထုခြင်း စစွာကို ပြုလုပ်ရေ
    ကျွဲ၊ နွား၊ မြင်း စသော ဝန်ဆွဲ တိရစ္ဆာန်များအား အရွေလိုက်ခြင်း မပြုအောင် ဝှေးစေ့ကို ဖောက်ခြင်း၊ ညှပ်ခြင်း၊ ထုခြင်း စသည်ကို ပြုလုပ်သည်
    exude a pleasing aroma - sear - scorch - toast
    ကြိယာ

    လီသတ်

    [líθaʔ]
    လီဟုန် ရိုက်ခတ်ရေ။ လီသတ်လို့ ထရံပွင့်ပါလားခဗျာယ် (အရပ်)
    လေဟုန် ရိုက်ခတ်သည်။ လီသတ်လို့ ထရံပွင့်ပါလားခဗျာယ် (အရပ်)
    blow
    ကြိယာ

    လီသန်ကြီး

    [líθàɴt͡ɕï]
    အလွန် ကြားဝင်ပြောဆို တတ်ရေ။ ၂၊ ပိုကဲချဲ့ကား ပြောဆို တတ်ရေ။ ၃၊ လီဟုန် ပြင်းထန်သော။ ၄၊ အာဘော် ထက်မြက်ရေ
    လွန်စွာ ကြားဝင်ပြောဆို တတ်သော။ ၂၊ ပိုကဲချဲ့ကား ပြောဆို တတ်သော။ ၃၊ လေဟုန် ပြင်းထန်သော။ ၄၊ အာဘော် ထက်မြက်သော
    boast - brag
    နာမဝိသေသန

    လီသံပစ်

    [líθံpɪʔ]
    အဂယင့်မဟိ၊ မပိုင်သော ဥစ္စာ၊ ဂုဏ်၊ အစွမ်း အစဟိစွာရို့ ဟိလေပိုင် လေဟန် ပြောဆို ဝင့်ဝါသည်
    တကယ်မယှိ၊ မပိုင်သော ဥစ္စာ၊ ဂုဏ်၊ အစွမ်း စသည်တို့ ယှိလေပိုင် လေဟန် ပြောဆို ဝင့်ဝါသည်
    throw a hint - boast - brag
    ကြိယာ

    လီသံပစ်၂

    [líθံpɪʔ၂]
    မဟုတ်ကဟုတ်ကတ် ပလွှား ဝင့်ဝါဗျာယ်။ စကားချဲ့ကား ဝင့်ကြွားဗျာယ်
    မဟုတ်မဟတ် ပလွှား ဝင့်ဝါလျက်။ စကားချဲ့ကား ဝင့်ကြွားလျက်
    boast brag
    ကြိယာဝိသေသန

    လီသံပြင်း

    [líθံpɹɪ́ɴ]
    အလွန် ကြားဝင် ပြောဆို တတ်ရေ။ ၂၊ ပိုကဲချဲ့ကား ပြောဆိုတတ်ရေ။ ၃၊ အာဘော် ထက်မြက်ရေ။ လီပြင်း တိုက်ခတ်၍ ကျကျယ်လောင်လောင် မြည်သော အသံပိုင်ယှောင်
    လွန်စွာ ကြားဝင် ပြောဆို တတ်သော။ ၂၊ ပိုကဲချဲ့ကား ပြောဆိုတတ်သော။ ၃၊ အာဘော် ထက်မြက်သော။ လေပြင်း တိုက်ခတ်၍ ကျယ်လောင်စွာ မြည်သော အသံကဲ့သို့သော
    boast - brag
    နာမဝိသေသန

    လီသံပြင်း၂

    [líθံpɹɪ́ɴ၂]
    မောက်မာစွာ။ မောက်မာသော လီသံဖြင့်
    မောက်မာစွာ။ မောက်မာသော လေသံဖြင့်
    haughty
    ကြိယာဝိသေသန

    လီသံမကွဲ

    [líθံmkwɛ]
    စကားပြတ်သား ပီသခြင်း မဟိသော။ နားလည် လွယ်စီခြင်း မဟိသော
    စကားပြတ်သား ပီသခြင်း မယှိသော။ နားလည် လွယ်စေခြင်း မယှိသော
    not easy to understand
    နာမဝိသေသန

    လီသရမ်း

    [líθɹáɴ]
    အရပ်မျက်နှာ အမျိုးမျိုးမှ တလှည့်စီ ပြောင်းလဲ တိုက်ခတ်သောလေ
    အရပ်မျက်နှာ အမျိုးမျိုးမှ တစ်လှည့်စီ ပြောင်းလဲ တိုက်ခတ်သောလေ
    winds
    နာမ်

    လီသလ

    [líθl]
    ဝန်းကျင်လေနန့် ထိတွိရေ
    ဝန်းကျင်လေနှင့် ထိတွေ့သည်
    air out - give something an airing
    ကြိယာ

    လီသာခန်းမ

    [líθàkʰáɴm]
    လီကောင်းလီထန့် အပမှ ကောင်းစွာ ဝင်ထွက်နှိုင်စီရန် အကာအရံမဲ့ ဆောက်လုပ် ထားရေ အခန်းကျယ်
    လေကောင်းလေသန့် အပမှ ကောင်းစွာ ဝင်ထွက်နိုင်စေရန် အကာအရံမဲ့ ဆောက်လုပ် ထားသော အခန်းကျယ်
    open-air balcony
    နာမ်

    လီသာဆောင်

    [líθàsʰàʊɴ]
    နန်းတော်၏ ပတ်လည်မာ အကာအရံ မဟိ၊ လက်ရန်းလောင်းာက်ရာ တပ်ဆင်ထားရေ လီညင်းခံရာ အဆောင်။ မိဖုရားနန့် မောင်းမ မိဿရို့စွာ လီညှင်းခံရာ လီသာဆောင်မာ စုဝီးနီခိုက်မာ (ရခိုင်မိုင်း)
    နန်းတော်၏ ပတ်လည်တွင် အကာအရံ မယှိ၊ လက်ရန်းမျှသာ တပ်ဆင်ထားသည့် လေညှင်းခံရာ အဆောင်။ မိဖုရားနှင့် မောင်းမ မိဿတို့သည် လီညှင်းခံရာ လီသာဆောင်တွင် စုဝေးနေခိုက်တွင် (ရခိုင်မိုင်း)
    open-air balcony
    နာမ်

    လီသာပြူတင်း

    [líθàpɹùtɪ́ɴ]
    လီသာပြဒင်း လီကောင်းလီထန့် ကောင်းစွာ ထွက်ဝင်နှိုင်ရေ ထရံဟိ တန်းခါးပေါက်
    လီသာပြဒင်း လေကောင်းလေသန့် ကောင်းစွာ ထွက်ဝင်နိုင်သော အိမ်နံရံယှိ တံခါးပေါက်
    window
    နာမ်

    လီသိုက်

    [líθaɪʔ]
    အပင်ကြီးရို့မာ ကပ်ရောက် ပေါက်တတ်ရေ အမြစ်မျှင် များစုထွေး နီရေ အနွယ်ကျီးပေါင်းပင် တမျိုး
    သစ်ပင်ကြီးတို့၌ ကပ်ရောက် ပေါက်တတ်သော အမြစ်မျှင် များစုထွေး နေသည့် အနွယ်ကျီးပေါင်းပင် တစ်မျိုး
    lichen growing on trees
    နာမ်

    လီသောက်

    [líθɔ́ɛʔ]
    (နန်းတော်ဆောင် အစဟိစွာ၌) လီထွက်ဝင်ရာ ပြတင်း
    (နန်းတော်ဆောင် စသည်၌) လေထွက်ဝင်ရာ ပြတင်း
    window
    နာမ်

    လီသောက်တံခါး

    [líθɔ́ɛʔtံkʰàး]
    (နန်းတော်ဆောင် အစဟိစွာ၌) လီထွက်ဝင်ရာ ပြတင်း
    (နန်းတော်ဆောင် စသည်၌) လေထွက်ဝင်ရာ ပြတင်း
    door
    နာမ်

    လီသွယ်

    [líθwɛ̀]
    လီပြင်း စတင် တိုက်ခတ်ရန် အစပျိုးသည်
    လေပြင်း စတင် တိုက်ခတ်ရန် အစပျိုးသည်
    blustery
    ကြိယာ

    လီသွား

    [líθWà]
    လီသက်ရေ။ ကိုယ်ခန္ဓာ အထဲမာ အောက်ဘက်ကို လီစုန်သည်
    လေသက်သည်။ ကိုယ်ခန္ဓာ အတွင်း၌ အောက်ဘက်သို့ လေစုန်သည်
    fart - break wind
    ကြိယာ

    လီအီး

    [líʔï]
    အပူဟိန် မဟိရေ လျော့နည်းသော လေ။ ၂၊ ဒေါသ၊ မာန်မာန ကင်းမဲ့၍ သာယာ နာပျော်ဖွယ် ဖြစ်ရေ စကားသံ
    အပူငွေ့ ကင်းမဲ့သော လျော့နည်းသော လေ။ ၂၊ ဒေါသ၊ မာန်မာန ကင်းမဲ့၍ သာယာ နာပျော်ဖွယ် ဖြစ်သော စကားသံ
    cool or cold air gentle tone
    နာမ်