Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,141–1,160 of 1,963 words

    လ

    လီအောက်

    [líʔɔ́ɛʔ]
    လီထခတ်ရာ လမ်းကြောင်း၏ အောက်ပိုင်း
    လေတိုက်ခတ်ရာ လမ်းကြောင်း၏ အောက်ပိုင်း
    downwind
    နာမ်

    လီးဥ

    [lïʔṵ]
    အိမ်နန့်တကွ ဝှေးစိအစုံ
    အိမ်နှင့်တကွ ဝှေးစေ့အစုံ
    testes - testicles - the hog plum
    နာမ်

    လု

    [loʊ]
    လူများပါးက ပိုင်ဆိုင်ခွင့် တစုံတရာ ဝန်ကို နှိုင်ထက် ကလူပြုကာ ရယူရေ။ ၂၊ တယောက်နန့် တယောက် အကြိတ်အနယ် နိူင်းပြိုင်၍ ကိုယ့်အသာ ရဟိပိုင်ခွင့်ဟိအောင် ကြိုးစား ဆောင်ရွက်ရေ။ ၃၊ ကိုယ့်အကျိုး ရဟိမှုအတွက် တစုံတရာ နိူင်းပြိုင်ငြင်းခုံခြင်း၊ တရားဆိုင်ပြို
    သူတစ်ပါးထံမှ ပိုင်ဆိုင်ခွင့် တစ်စုံတရာ ပစ္စည်းကို နှိုင်ထက် ကလူပြုကာ ရယူသည်။ ၂၊ တစ်ယောက်နှင့် တစ်ယောက် အကြိတ်အနယ် ယှဉ်ပြိုင်၍ မိမိအသာ ရယှိပိုင်ခွင့်ယှိအောင် ကြိုးစား ဆောင်ရွက်သည်။ ၃၊ မိမိအကျိုး ရယှိမှုအတွက် တစ်စုံတရာ ယှဉ်ပြိုင်ငြင်းခုံခြင်း၊ တရားဆိုင်ပြို
    vie for (as in စကားကို ~ပြော) jostle to gain an advantage (as in အခန်းထဲသို့ ~၍ဝင်) take by force rob usurp (as in ထီးနန်း ~) - snatch (as in လင် ~)
    ကြိယာ

    လုံ

    [lòʊɴ]
    တခုတရီ အမြင့်မှ အထဲကို ထိပါးတိုးဝင်ခြင်း မပြုနှိုင်ယောင် ဆီးဆို့ကာ ကွယ်ထားရေ။ ၂၊ ကိုယ့်မာ အပြစ်အနာ အစွန်းအထင်း တခုတရီ မဟိကြောင်း စိတ်ချရရေ။ ၃၊ အလစ်အလပ် မဟိအောင် လောက်စွာ ဖုံးကာထားရေ
    တစ်စုံတစ်ရာ အမြင့်မှ အတွင်းသို့ ထိပါးတိုးဝင်ခြင်း မပြုနိုင်အောင် ဆီးဆို့ကာ ကွယ်ထားသော။ ၂၊ မိမိတွင် အပြစ်အနာ အစွန်းအထင်း တစ်စုံတစ်ရာ မယှိကြောင်း စိတ်ချရသော။ ၃၊ အလစ်အလပ် မယှိအောင် ပြည့်ဝစွာ ဖုံးကာထားသော
    be fully covered or enveloped keep sth tight [as in နှုတ်~-၊ ရေ~-] (a) feelsecure - feel safe - be protected [as in တောကြောင့်ကျား~၊ ကျားကြောင့်တော~၊ ခြံ~-] - (b) have nothing (on ones conscience) [as in စိတ်~-၊ လိပ်ပြာ~-]
    နာမဝိသေသန

    လုံး

    [lóʊɴ]
    လေးဘက်စလုံး မို့မောက် လောက်န်းသော။ ၂၊ ပုပျပ် ဝဖြိုးသော ကိုယ်လုံးဟိသော။ ၃၊ မကွဲမပြား အသံ ရောထွီးနိန်ရေ။ ၄၊ တစည်း တရုံးတည်း အကြားမဟိ ကျစ်လျစ်သော။ ဗိုလ်ပါသင်းပင်း၊ ထိုအဂုလျှင်၊ ဆင်မြင်းဂါရီ၊ နိဂုံရွာမာ၊ လုံးကာပြုကေ၊ စုရုံးငြားက (ပန်း)
    လေးဘက်စလုံး မို့မောက် ပြည့်ဝန်းသော။ ၂၊ ပုပျပ် ဝဖြိုးသော ကိုယ်လုံးယှိသော။ ၃၊ မကွဲမပြား အသံ ရောထွေးနေသော။ ၄၊ တစ်စည်း တစ်ရုံးတည်း အကြားမယှိ ကျစ်လျစ်သော။ ဗိုလ်ပါသင်းပင်း၊ ထိုချက်ချင်းလျှင်၊ ဆင်မြင်းရထား၊ နိဂုံရွာမှာ၊ လုံးကာပြုကေ၊ စုရုံးငြားက (ပန်း)
    round - globular sphericalshort and plump - rotund [as in ကိုယ် ~ကိုယ်ထည်]
    နာမဝိသေသန

    လုံ၂

    [lòʊɴ၂]
    ရွှီ၊ ငွီ၊ သတ္တု အစဟိစွာ့ အရည်ကျိုရန် မြီစီးနန့် ပြုလုပ်ရေ့ခွက်
    ရွှေ၊ ငွေ၊ သတ္တု စသည့် အရည်ကျိုရန် မြေစေးဖြင့် ပြုလုပ်သည့်ခွက်
    crocker
    နာမ်

    လုံး၂

    [lóʊɴ၂]
    လေးဘက်အညီ ဖြိုးမောက် လောက်အောင် ပြုလုပ်ရေ။ စုရုံးကျစ်လျစ်အောင် ပြုရေ။ ၂၊ တစည်း တရုံးတည်း ပြုရေ။ ၃၊ ပေါင်းစပ် မွီနှောက်ရေ။ သမရေ။ ၄၊ အထဲဟိ မျိုးလောင်း အစိတည်ရေ။ ဖူး (ဖုံး) တုံးလုံးတုံး တန်ဆောင်မုန်း (ရိုးရာ)။ ၅၊ လူနှစ်ယောက် ထွီးယှက် သတ်ပုတ်
    လေးဘက်အညီ ဖြိုးမောက် ပြည့်ဝအောင် ပြုလုပ်သည်။ စုရုံးကျစ်လျစ်အောင် ပြုသည်။ ၂၊ တစ်စည်း တစ်ရုံးတည်း ပြုသည်။ ၃၊ ပေါင်းစပ် မွှေနှောက်သည်။ သမသည်။ ၄၊ အတွင်းယှိ မျိုးလောင်း အစေ့တည်သည်။ ဖူး (ဖုံး) တုံးလုံးတုံး တန်ဆောင်မုန်း (ရိုးရာ)။ ၅၊ လူနှစ်ယောက် ထွေးယှက် သတ်ပုတ်
    roll slk mlo a rounded skape [as in ဆီးကို~-] wrestle - grapple with [as in သူခိုးကိုဝင်~-] (of sound) be garbled - (of voice) be unintelligible be close or intimate with sb fell the seam - plane the edges [as in အနား ~ -] (of fish meat) mix with
    ကြိယာ

    လုံးကောက်

    [lóʊɴkɔ́ɛʔ]
    စကားလုံးကို တလုံးချင်းစီ သီးသန့် ဦးတည်ဗျာယ်။ ၂၊ သစ်သီးဝလံ အစဟိစွာ သီးသန့် တလုံးစီ ရွီးချယ်သော အနိန်နန့်
    စကားလုံးကို တစ်လုံးချင်းစီ သီးခြား ဦးတည်လျက်။ ၂၊ သစ်သီးဝလံ စသည် သီးသန့် တစ်လုံးစီ ရွေးချယ်သော အားဖြင့်
    count on each - word for word - literally
    ကြိယာဝိသေသန

    လုံးကောက်၂

    [lóʊɴkɔ́ɛʔ၂]
    တလုံးချင်းစီ သီးသန့် ဦးတည်သော
    တစ်လုံးချင်းစီ သီးခြား ဦးတည်သော
    for each
    နာမဝိသေသန

    လုံးကျွတ်

    [lóʊɴt͡ɕwaʔ]
    အားလုံး အားလုံး သဘောဆောင်စီရန် ကြိယာဝိသေသန ပြုရေ စကား။ (မြို့ပြတ်လုံး၊ အိမ်လုံးကျွတ်၊ သင်းလုံးကျွတ်၊ ပြည်လုံးကျွတ် အစဟိစွာအနိန်နန့် သုံးကတ်ရေ။
    အားလုံး အကုန်အစင် သဘောဆောင်စေရန် ကြိယာဝိသေသန ပြုသော စကား။ (မြို့လုံးကျွတ်၊ အိမ်လုံးကျွတ်၊ သင်းလုံးကျွတ်၊ ပြည်လုံးကျွတ် စသည်ဖြင့် သုံးကြသည်။
    (part) particle suffixed to some nouns to indicate ‘all’ ‘entirely’ ‘the whole’ [as in ပြည်~၊ ပင်~]
    ပစ္စည်း

    လုံးကြီးတင်

    [lóʊɴt͡ɕïtɪ̀ɴ]
    စာပီရီးသား ရာမာ ဣသရ အသံထွက်ရန် ဗျည်းထက်မာ တတူ တွဲစပ်ရီးသော သင်္ကေတ။ (ဓ)
    စာပီရေးသား ရာတွင် ဣသရ အသံထွက်ရန် ဗျည်းထက်တွင် အတူ တွဲစပ်ရေးသော သင်္ကေတ။ (ဓ)
    (orth) diacritic mark representing the vowel sound အိ - superscripted circle [-ိ]
    နာမ်

    လုံးကြီးပေါက်လှ

    [lóʊɴt͡ɕïpaʊʔɬ]
    ဖွံ့ဖြိုး ရှည်မြင့် နုနယ် ငယ်ရွယ်သော
    ဖွံ့ဖြိုး ရှည်မြင့် နုနယ် ငယ်ရွယ်သော
    buxom - curvaceous
    နာမဝိသေသန

    လုံးချင်း

    [lóʊɴɕɪ́ɴ]
    အဖော်တပါးမဟိ တကိုယ်တိုင်းယအနိန်နန့်။ လုံးချင်းတည်းအနိန်နန့်။ ပန်းဖူးမွီ့ရာ၊ သလွန်ရာမာ၊ ထကာမွီနှောက် စမ်းပနာ လုံးချင်းတည်း လုံးချင်းသာ (မေတ္တာစာ)။ အစားကတ်ူးကေ၊ ဘီလူးပြည်ကို လုံးချင်းဖြိုလည်း၊ ပြိုမည်မချိုး (ကော်)
    အဖော်တစ်ပါးမယှိ တစ်ကိုယ်တကာယ အားဖြင့်။ တစ်ယောက်တည်း အားဖြင့်။ ပန်းဖူးမွေ့ရာ၊ သလွန်သာမှာ၊ ထကာမွှေနှောက် စမ်း၍ တစ်ယောက်တည်း လုံးချင်းသာ (မေတ္တာစာ)။ အစားကြူးကေ၊ ဘီလူးပြည်ကို လုံးချင်းဖြိုလည်း၊ ပြိုမည်မချိုး (ကော်)
    verbatim [as in ~မှတ်တမ်း] separately - complete in itself [as in ~အိမ်၊ ~ဝတ္ထု]
    ကြိယာဝိသေသန

    လုံးချင်းတည်း

    [lóʊɴɕɪ́ɴtɛ́]
    တယောက်ထီးတည်းအနိန်နန့်။ မစဲငိုယို၊ ငါမင်းပျိုမာ၊ တကိုယ်လုံးချင်း တည်းလျှင် (ကုသတု)
    တစ်ယောက်ထီးတည်း အားဖြင့်။ မစဲငိုယို၊ ငါမင်းပျိုမှာ၊ တစ်ကိုယ်လုံးချင်း တည်းလျှင် (ကုသတု)
    verbatim [as in ~မှတ်တမ်း] separately - complete in itself [as in ~အိမ်၊ ~ဝတ္ထု]
    ကြိယာဝိသေသန

    လုံးချင်းသာခြင်း

    [lóʊɴɕɪ́ɴθàkʰɹɪ́ɴ]
    သီးသန့် တမျိုးတည်း ရိုက်နှိပ်ထုတ်ဝီသော ဝတ္တုသာခြင်း အစဟိစွာ
    သီးခြား တစ်မျိုးတည်း ရိုက်နှိပ်ထုတ်ဝေသော ဝတ္တုသာချင်း စသည်
    novel
    နာမ်

    လုံးချည်း

    [lóʊɴɕɛ́]
    အထီးတည်းအနိန်နန့်။ ကမ်းကိုမမြင်၊ ပင်လယ်ထဲမာ၊ လုံးခြည်း မျိုးလို့ (ထာနု)
    အထီးတည်း အားဖြင့်။ ကမ်းကိုမမြင်၊ ပင်လယ်ထဲမှာ၊ လုံးချည်း မျောလို့ (ထာနု)
    alone
    ကြိယာဝိသေသန

    လုံးချာလည်

    [lóʊɴɕàlɛ̀]
    အဆုံးမှအစသို့ တပြန်ပြန်၊ တလည်လည်၊ ရောထွီး ထပ်ပြန်ရေ
    အဆုံးမှအစသို့ တပြန်ပြန်၊ တလည်လည်၊ ရောထွေး ထပ်ပြန်သည်
    go round in circles
    ကြိယာ

    လုံးချီလုံးချင်း

    [lóʊɴɕílóʊɴɕɪ́ɴ]
    လုံးချင်းတည်းအနိန်နန့်
    တစ်ယောက်တည်း အားဖြင့်
    individually
    ကြိယာဝိသေသန

    လုံးချော

    [lóʊɴɕɔ́]
    အဖုအထစ်မဟိ လုံးဝိုင်းအောင် တိုက်စားထားရေ ကျောက်မျက် အတုံး အခဲ
    အဖုအထစ်မယှိ လုံးဝိုင်းအောင် တိုက်စားထားသော ကျောက်မျက် အတုံး အခဲ
    cabochon
    နာမ်

    လုံခြုံ

    [lòʊɴkʰɹÒʊɴ]
    ဖီးအန္တရာယ် မလာမရောက် နှိုင်ယောင် အကာအကွယ် ပြုလုပ် ထားရေ
    ဘေးအန္တရာယ် မလာမရောက် နိုင်အောင် အကာအကွယ် ပြုလုပ် ထားသည်
    be secure - be safe
    ကြိယာ