Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,161–1,180 of 1,963 words

    လ

    လုံးခြုံ

    [lóʊɴkʰɹÒʊɴ]
    ပိုင်ဆိုင်မှု အားလုံး အားလုံးလွှဲအပ်ရေ။ ဝနာမော်ရုံ၊ မြိုင်ရဂုံကို၊ လုံးခြုံ အပ်မည် (ရာမ)
    ပိုင်ဆိုင်မှု အားလုံး အကုန်လွှဲအပ်သည်။ ဝနာမော်ရုံ၊ မြိုင်ရဂုံကို၊ လုံးခြုံ အပ်မည် (ရာမ)
    hand over
    ကြိယာ

    လုံးခြုပ်

    [lóʊɴkʰɹoʊʔ]
    အဝတ်အထည် နှစ်စကို အနား တဖက်စီ ခေါက်သွင်း ကပ်ငြိဗျာယ် တစနန့်တစ စပ်၍ ချုပ်သည်
    အဝတ်အထည် နှစ်စကို အနား တစ်ဘက်စီ ခေါက်သွင်း ကပ်ငြိလျက် တစ်စနှင့်တစ်စ စပ်၍ ချုပ်သည်
    hemstitch
    ကြိယာ

    လုစား

    [loʊsá]
    လူများပါးက ဥစ္စာဝန် တစုံတရာကို ပိုင်ဆိုင်ခွင့် ရဟိအောင် နိုင်ထက်ကလူပြုကာ ရယူရေ
    သူတစ်ပါးထံမှ ဥစ္စာပစ္စည်း တစ်စုံတရာကို ပိုင်ဆိုင်ခွင့် ရယှိအောင် နိုင်ထက်ကလူပြုကာ ရယူသည်
    vie for (as in စကားကို ~ပြော) jostle to gain an advantage (as in အခန်းထဲသို့ ~၍ဝင်) take by force rob usurp (as in ထီးနန်း ~) - snatch (as in လင် ~)
    ကြိယာ

    လုစားခိုက်စား

    [loʊsákʰaɪʔsá]
    လက်နက်ဖြင့် အကြမ်းဖက် သတ်ဖြတ် မျိုးက်ခြောက်ခြောက်ကာ ဝန်တိကို လုယူသူ။ ဖမ်းကာငင်ပျာ၊ အသျှင်ပိုင်းလို့၊ ချက်တိုင်းလည်းပြု၊ လုစားခိုက်စား၊ တရားကင်းပျောက်၊ တိုင်းကိုမွှေ၍၊ ပြည်ကိုမှောက်ဗျာယ် (ဝိဇယ)
    လက်နက်ဖြင့် အကြမ်းဖက် သတ်ဖြတ် ခြိမ်းခြောက်ကာ ပစ္စည်းများကို လုယူသူ။ ဖမ်းကာငင်ပျာ၊ အရှင်ပိုင်းလို့၊ ချက်တိုင်းလည်းပြု၊ လုစားခိုက်စား၊ တရားကင်းပျောက်၊ တိုင်းကိုမွှေ၍၊ ပြည်ကိုမှောက်လျက် (ဝိဇယ)
    blade of knife
    နာမ်

    လုစားဖြတ်စား

    [loʊsápʰɹaʔsá]
    လူတိ၏ လုပ်စာကို မတရား ဖြတ်စားလျပ်စား လုပ်ရေ။ အညွှန်ခူးသည်
    သူတစ်ပါး၏ လုပ်စာကို မတရား ဖြတ်စားလျပ်စား လုပ်သည်။ အညွှန်ခူးသည်
    unlawful act
    ကြိယာ

    လုစားယက်စား

    [loʊsájɛʔsá]
    လူတိ၏ ဥစ္စာ ဝန် တစုံတရာကို အနိုင်အထက် လက်တင်ခြီတင် ယူငင်ကျူးလွန်မှု။ သရေတနားချေတဗွေချေရာ ပြည်သည် စနီာင့်စနင်း ဟိသည်ဖြစ်ပနာ လုစားယက်စား ခိုးသား၊ ဒါးမြ ထူထပ်ရွီတွက်နန့် ကွပ်ညှပ် မနိုင်ဟိခ၏
    သူတစ်ပါး၏ ဥစ္စာ ပစ္စည်း တစ်စုံတရာကို အနိုင်အထက် ကိုယ်ထိလက်ရောက် ယူငင်ကျူးလွန်မှု။ သရေခေတ္တရာ ပြည်သည် စနောင့်စနင်း ယှိသည်ဖြစ်၍ လုစားယက်စား ခိုးသား၊ ဒါးမြ ထူထပ်သောအားဖြင့် ကွပ်ညှပ် မနိုင်ယှိခဲ့၏
    take by force rob usurp (as in ပစ္စည်း ~) - snatch (as in လင် ~)
    နာမ်

    လုံစိပတ်စိ

    [lòʊɴsìpaʔsì]
    စကားလုံးတလုံး တလုံးစီတိုင်း စိငစွာ။ အသီးစိတ် စီစပ်စွာ။ အားလုံး
    စကားလုံးတစ်လုံး တစ်လုံးစီတိုင်း စေ့ငစွာ။ အသေးစိတ် စေ့စပ်စွာ။ ကုန်စင်အောင်
    in detail - completely
    ကြိယာဝိသေသန

    လုံးတင်

    [lóʊɴtɪ̀ɴ]
    စာပီ ရီးသားရာမာ ဣသရ အသံထွက်ရန် ဗျည်းထက်မာ တတူ တွဲစပ်ရီးသော သင်္ကေတ။ (ဓ)
    စာပီ ရေးသားရာတွင် ဣသရ အသံထွက်ရန် ဗျည်းထက်တွင် အတူ တွဲစပ်ရေးသော သင်္ကေတ။ (ဓ)
    (orth.) diacritic mark representing the vowel sound အိ- superscripted circle [-ိ]
    နာမ်

    လုံးတင်၂

    [lóʊɴtɪ̀ɴ၂]
    အဝတ်ချာသည် အစွန်အစ အောက်ကို တွဲလောင်း ကျနေစွာကို မကျရယောင် အထက်ကို ကျစ်လျစ် သိပ်သည်းစွာ ပင့်တင်ထားရေ
    အဝတ်စသည် အစွန်အစ အောက်သို့ တွဲလျား ကျနေသည်ကို မကျရအောင် အပေါ်သို့ ကျစ်လျစ် သိပ်သည်းစွာ ပင့်တင်ထားသည်
    pull up
    ကြိယာ

    လုံးတန်ဖောက်တန်

    [lóʊɴtàɴpʰɔ́ɛʔtàɴ]
    အဝတ်အထည် အရည်အသွီး ကောင်းရေ။ သပ်ရပ် လှပရေ။ လုံးတန်ဖောက်တန်၊ ပထာပိုင်းမာ ဆကဲလွန် (တေး)
    အဝတ်အထည် အရည်အသွေး ကောင်းသော။ သပ်ရပ် လှပသော။ လုံးတန်ဖောက်တန်၊ ပထာပိုင်းမှာ ဆကဲလွန် (တေး)
    good quality
    နာမဝိသေသန

    လုံးတိ

    [lóʊɴtì]
    (သစ်သား) အစွန်းအစ အပြင်သို့ မထွက်ဟိပဲ။ မပိုမလို
    (သစ်သား) အစွန်းအစ အပြင်သို့ မထွက်ယှိပဲ။ မပိုမလို
    fit snugly
    ကြိယာဝိသေသန

    လုံးတိုက်

    [lóʊɴtaɪʔ]
    တလုံးစီ သီးသန့်အနိန်နန့်
    တစ်လုံးစီ သီးခြား အားဖြင့်
    separately
    ကြိယာဝိသေသန

    လုံးတိုင်း

    [lóʊɴtáɪɴ]
    တခေါက်တည်း။ တနီရာတည်း။ လက်ငင်း အဂု။ ဒုတ်နန့် တချိန်း သတ်ပစ်ခီစွာနန့် လုံးတိုင်း ရပ်သွားခရေ (အရပ်)
    တစ်ကြိမ်တည်း။ တစ်နေရာတည်း။ လက်ငင်း ချက်ချင်း။ ဒုတ်နန့် တစ်ချိန်း သတ်ပစ်လိုက်စွာနန့် လုံးတိုင်း သီလားခရေ (အရပ်)
    once
    ကြိယာဝိသေသန

    လုံးတီး

    [lóʊɴtï]
    အပေါ်ခွံ ဖွဲကြမ်းကိုမချွန် စပါးလုံးတီး ငကြိန်သီး၊ မေထွီးထောင်းလို့၊ မညက်သိ (တေး)
    အပေါ်ခွံ ဖွဲကြမ်းကိုမချွန် စပါးလုံးတီး ငကြိန်သီး၊ မေထွီးထောင်းလို့၊ မညက်သိ (တေး)
    grain which is only husked but not polished [as in ~ ဆန်]
    နာမ်

    လုံးတီးစပါး

    [lóʊɴtïspàး]
    ဖွဲနန့် အမှေး မချွန်ရသိမ့်ရေ စပါး။ စပါးလုံးတီး၊ ငကြိန်သီး မေထွီး ထောင်းလို့၊ မညက်သိ (တေး)
    ဖွဲနှင့် အမှေး မချွန်ရသေးသော စပါး။ စပါးလုံးတီး၊ ငကြိန်သီး မေထွီး ထောင်းလို့၊ မညက်သိ (တေး)
    grain paddy
    နာမ်

    လုံးတီးဆန်

    [lóʊɴtïsʰàɴ]
    အဖော်ခွံဖွဲကြမ်းကို ချွန်ခွာရုံမျှ ဖြစ်ရေ ဆန်။ လုံးတီးဆန်ကို၊ နက်ဖြန်အခါ၊ နိရက်ပြတ်မာ၊ တနပ်စာကေ၊ တပွာယူလီ (ပဋာ)
    အဖော်ခွံဖွဲကြမ်းကို ချွန်ခွာရုံမျှ ဖြစ်သော ဆန်။ လုံးတီးဆန်ကို၊ နက်ဖြန်အခါ၊ နိရက်ပြတ်မှာ၊ တစ်နပ်စာလျှင်၊ တစ်ပွာယူလေ (ပဋာ)
    rice
    နာမ်

    လုတ်

    [loʊʔ]
    ပါးစောင်း အထဲပိုင်း ဝန်းကျင်။ ၂၊ အဖတ် တနည်း အရည် အပြည့်မုံထားပနာ ပူဖောင်းသော ပါးစောင်း။ ၃၊ ပစအထဲကို တခေါက် သွင်းခွံ စားဖြစ်ရေ ထမင်းပမာဏ
    ပါးစောင်း အတွင်းပိုင်း ဝန်းကျင်။ ၂၊ အဖတ် သို့မဟုတ် အရည် အပြည့်ငုံထား၍ ပူဖောင်းသော ပါးစောင်း။ ၃၊ ပါးစပ်အတွင်းသို့ တစ်ကြိမ် သွင်းခွံ စားဖြစ်သော ထမင်းပမာဏ
    mouthful (of food)
    နာမ်

    လုတ်ဆီး

    [loʊʔsʰï]
    ပါးစောင်း၌ အရည်ငုံပြီးကေ လှုပ်ခတ် ဆီးကြောရေ။ စင်ကြဉ်စီရေီး လောင်းမင်းကျော်မာ လုတ်တော်ဆီးလို့ (ထာနု)
    ပါးစောင်း၌ အရည်ငုံ၍ လှုပ်ခတ် ဆေးကြောသည်။ စင်ကြဉ်စေရီး လောင်းမင်းကျော်မှာ လုတ်တော်ဆီးလို့ (ထာနု)
    gargle
    ကြိယာ

    လုတ်ဆီးရီ

    [loʊʔsʰïɹí]
    စားသောက်ပြီးတိုင်း ပစ သန်ရှင်းစီရန် လုတ်ဆီး၍ ဆီးကြောသော ရေ
    စားသောက်ပြီးတိုင်း ပါးစပ် သန်ရှင်းစေရန် ပလုတ်ကျင်း၍ ဆေးကြောသော ရေ
    water for gargling
    နာမ်

    လုတ်တိုင်း

    [loʊʔtáɪɴ]
    လူသီမြှုပ်ရာ အရပ်။ သင်္ချိုင်း
    လူသေမြှုပ်ရာ အရပ်။ သင်္ချိုင်း
    cemetery
    နာမ်