Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 101–120 of 1,963 words

    လ

    လက်ချိတ်ထပိန်

    [lɛʔɕeɪʔtʰpèɪɴ]
    လိုရာအဆင့် ပုံပေါ်ယောင် အကွက်ဖော်ပနာ လက်နန့် ရက်လုပ်သော အထည်။ ထိပိန်ဝယ် လက်ချိတ်ပြောက်၊ ခပ်သိမ်းတန်ဆာ၊ လှရာရာကို၊ ယူကာဝတ်ဆင်ကြ၍ (ကုသတု)။ လက်ချိတ်ထပိန် ခြီဖျားသိန်(တေး)
    လိုရာအဆင့် ပုံပေါ်အောင် အကွက်ဖော်၍ လက်ဖြင့် ရက်လုပ်သော အထည်။ ထိပိန်ဝယ် လက်ချိတ်ပြောက်၊ ခပ်သိမ်းတန်ဆာ၊ လှရာရာကို၊ ယူကာဝတ်ဆင်ကြ၍ (ကုသတု)။ လက်ချိတ်ထပိန် ခြီဖျားသိန်(တေး)
    hand woven fabric with wavy pattern - handmade
    နာမ်

    လက်ချိုး

    [lɛʔɕó]
    လက်ချောင်းမာ ကွေးကောက်၍ ရရေ အဆစ်ရို့ကို (တဖောက်ဖောက်) မြည်အောင် (ချိုး) လုပ်ရေ
    လက်ချောင်းတွင် ကွေးကောက်၍ ရသော အဆစ်တို့ကို (တဖောက်ဖောက်) မြည်အောင် (ချိုး) လုပ်သည်
    crack one’s knuckles
    ကြိယာ

    လက်ချိုးက

    [lɛʔɕók]
    လက်ချောင်းတိကို ကွေးကောက်၍ ကရရေ ရခိုင့်ရိုးရာ မီးခွက်အက
    လက်ချောင်းများကို ကွေးကောက်၍ ကရသော ရခိုင့်ရိုးရာ ဆီမီးခွက်အက
    artistic movements of the hands in Arakan traditional dancing
    နာမ်

    လက်ချိုးရွီ

    [lɛʔɕóɹwí]
    လက်ချောင်းတိကို တချောင်းစီ ကွေးခေါက်၍ ရီတွက်ရေ
    လက်ချောင်းများကို တစ်ချောင်းစီ ကွေးခေါက်၍ ရေတွက်သည်
    count by crooking one’s fingers
    ကြိယာ

    လက်ချောင်းမှုတ်

    [lɛʔɕáʊɴm̥oʊʔ]
    အထဲမာ လျှာကို ခေါက်၍ ကွေးထားရေ လက်ညှိုးကွင်းကို သွင်း၍ ရွှီးကနဲ မြည်အောင် မှုတ်သည်
    အတွင်း၌ လျှာကို ခေါက်၍ ကွေးထားသော လက်ညှိုးကွင်းကို သွင်း၍ ရွှီးကနဲ မြည်အောင် မှုတ်သည်
    produce a whistling sound by putting the crook of a finger in the mouth and blowing
    ကြိယာ

    လက်ခြင်း

    [lɛʔkʰɹɪ́ɴ]
    တစုံတရာ တနည်း တယောက်ယောက်၏ အကြောင်းကို နားလည် သဖောပေါက်သည်
    တစ်စုံတရာ သို့မဟုတ် တစ်စုံတစ်ဦး၏ အကြောင်းကို နားလည် သဘော ပေါက်သည်
    understand
    ကြိယာ

    လက်ခြင်းသိ

    [lɛʔkʰɹɪ́ɴθì]
    တစုံတရာ တနည်း တယောက်ယောက်၏ အကြောင်းကို နားလည် သဖောပေါက်ရေ။ နတ်မေရှင်မာ၊ စွမ်းအင်ကုန်ဘိ၊ မဖြေနှိုင်လေ၊ မှိုင်နီချက်ကို၊ လက်ခြင်းသိလို့ (နာရဒ)။ ရောက်မလက်ခြင်း၊ မှိုဟင်းခူးခါကပင် သိယင့် (ပုံ)
    တစ်စုံတရာ သို့မဟုတ် တစ်စုံတစ်ဦး၏ အကြောင်းကို နားလည် သဘော ပေါက်သည်။ နတ်မယ်ရှင်မှာ၊ စွမ်းအင်ကုန်ဘိ၊ မဖြေနိုင်လေ၊ မှိုင်နီချက်ကို၊ လက်ခြင်းသိလို့ (နာရဒ)။ ရောက်မလက်ခြင်း၊ မှိုဟင်းခူးခါကပင် သိယင့် (ပုံ)
    understand or know sth or about someone very well
    ကြိယာ

    လက်ခြား

    [lɛʔkʰɹá]
    လက်ချောင်းဖျား တချောင်းနှင့် တချောင်း မစိပဲ အကြားဟိသော အရာ
    လက်ချောင်းဖျား တစ်ချောင်းနှင့် တစ်ချောင်း မစေ့ပဲ အကြားယှိသော အရာ
    digitate leaves
    နာမ်

    လက်ခြုပ်

    [lɛʔkʰɹoʊʔ]
    လက်နန့် ခြုပ်လုပ်ထားရေ အဝတ်အထည်
    လက်ဖြင့် ချုပ်လုပ်ထားသော အဝတ်အထည်
    hand-sewn garment
    နာမ်

    လက်ခွ

    [lɛʔkʰw]
    လက်နှစ်ချောင်း၏ အကြားနီရာ
    လက်နှစ်ချောင်း၏ အကြားနေရာ
    cleft between fingers pronged hand tool used in digging up peanuts
    နာမ်

    လက်ခွကြီး

    [lɛʔkʰwt͡ɕï]
    လက်ဆုပ် ကားနိုင်သမျှ ကိုင်တွယ် ပြုလုပ်ရေ ပမာဏ။ စပါးကို လက်ခွကြီးနှင့် ကိုင်ရိတ်ယင်း (အရပ်)
    လက်ဆုပ် ကားနိုင်သမျှ ကိုင်တွယ် ပြုလုပ်သော ပမာဏ။ စပါးကို လက်ခွကြီးနှင့် ကိုင်ရိတ်ယင်း (အရပ်)
    red handed
    နာမ်

    လက်ခွီး

    [lɛʔkʰwï]
    လက်တဖက် နန့်သော် ပင်ဖြစ်ဖြစ်၊ နှစ်ဖက်နန့်သော် ပင်ဖြစ်ဖြစ်၊ ရင်ဖတ်အကြားနှင့် ညှပ်ဗျာယ် လက်နန့် ပွီ့ပိုက်ထားရေ အရာ
    လက်တစ်ဖက် ဖြင့်သော် လည်းကောင်း၊ နှစ်ဖက်ဖြင့်သော် လည်းကောင်း၊ ရင်ဘတ်အကြားနှင့် ညှပ်လျက် လက်ဖြင့် ပွေ့ပိုက်ထားသော အရာ
    fold one’s arms of cuddle
    နာမ်

    လက်ခွီးတင်

    [lɛʔkʰwïtɪ̀ɴ]
    ယင်းပိုင် အရာဝတ္တု တခုခုကို ရင်ခွင်မာပိုက် (ကော်)။ ယုယပြီးကေ လက်ခွီးတင်ကေ၊ ပါးပြင်ဖက်ယမ်း (ပဒုမ္မ)။ ဖြေဖျော်မရ၊ လက်ခွီးတင်ဗျာ၊ ငါလျှင်ဖက်ကေ၊ ရွက်ကာလမာ (ပန်း)
    ယင်းသို့ အရာဝတ္တု တစ်ခုခုကို ရင်ခွင်မှာပိုက် (ကော်)။ ယုယပြီးလျှင် လက်ခွီးတင်ကေ၊ ပါးပြင်ဖက်ယမ်း (ပဒုမ္မ)။ ဖြေဖျော်မရ၊ လက်ခွီးတင်ဗျာ၊ ငါလျှင်ဖက်ကေ၊ ရွက်ကာလ၌ (ပန်း)
    [fig.] put on with cuddle
    ကြိယာ

    လက်ခွါ

    [lɛʔkʰwà]
    ငါးစည်ဖောင်း ကော်ထွက်သော ပင်လယ်ငါးကြီး တမျိုး။ (ထားဝယ်) ငါးကွဲယင် (မြိတ်) ကျွဲယင်
    ငါးစည်ဖောင်း ကော်ထွက်သော ပင်လယ်ငါးကြီး တစ်မျိုး။ (ထားဝယ်) ငါးကွဲယင် (မြိတ်) ကျွဲယင်
    tassel fish - threadfin (a source of isinglass) Polynemus spp Also [Myeik] ကျွဲရင်း [Rakhine] ငါးလက်ခွာ [Burma] ကကူရံ [Mon] ကခူရင် [Dawai] ငါးကွဲယင်
    နာမ်

    လက်ငံ

    [lɛʔŋံ]
    လက်အငြိမ်မနိန်ဘဲ မပြုသင့်ရာ ပြုရေ။ မစဉ်းမစားပဲ ပျက်စီးဖွယ် တခုခုကို အမှတ်မထင် ပြုမူရေ။ ၂၊ (နမူနာ) ခိုးဝှက်သည်
    လက်အငြိမ်မနေဘဲ မပြုသင့်ရာ ပြုသည်။ မစဉ်းမစားပဲ ပျက်စီးဖွယ် တစ်ခုခုကို အမှတ်မထင် ပြုမူသည်။ ၂၊ (ဥပမာ) ခိုးဝှက်သည်
    toy with things - fiddle with things [ fig ] have kleptomaniacal tendency
    ကြိယာ

    လက်ငင်း

    [lɛʔŋɪ́ɴ]
    အဂု
    ချက်ချင်း
    at once - immediately - at the present time
    ကြိယာဝိသေသန

    လက်ငင်း၂

    [lɛʔŋɪ́ɴ၂]
    ဝန် ဝယ်ယူရေအခါ တန်ဖိုးငွီကို ခုအဂု မဆိုင်းမငံ့ ပီးချေရရေ စနစ်။ ဒါဒေါင်မရောင်း လက်ငင်း ရောင်းပါရေ (အရပ်)
    ပစ္စည်း ဝယ်ယူသည့်အခါ တန်ဖိုးငွေကို ခုချက်ချင်း မဆိုင်းမငံ့ ပေးချေရသည့် စနစ်။ ဒါဒေါင်မရောင်း လက်ငင်း ရောင်းပါရေ (အရပ်)
    cash-payment
    နာမ်

    လက်ငန်း

    [lɛʔŋáɴ]
    ပိတ်ယားသော တန်းခါးရွက်ကို မဟမကွာအောင် အထဲက တန်းခါးရွက်နှင့် တန်းခါးဘောင်ဟိ ကွင်း တနည်း မားချိုင့်ကို ဆက်သွယ် လျှိုသော မောင်းတံ။ ၂၊ ကန့်လန့်ကျင်
    ပိတ်ပြီးသော တံခါးရွက်ကို မဟမကွာအောင် အတွင်းမှ တံခါးရွက်နှင့် တံခါးဘောင်ယှိ ကွင်း သို့မဟုတ် တွင်းချိုင့်ကို ဆက်သွယ် လျှိုသော မောင်းတံ။ ၂၊ ကန့်လန့်ကျင်
    bolt or bar (of door)
    နာမ်

    လက်ငုတ်

    [lɛʔŋoʊʔ]
    တယောက်တလီက လုပ်ကိုင် ဆောင်ရွက်ခရေ့ အရာကို နောက်လူ တယောက်တလီက ဆက်ပနာ လုပ်ကိုင်နိုင်ဖို့ ကြွင်းကျန် နီခရေ လုပ်ငန်း
    တစ်စုံတစ်ယောက်က လုပ်ကိုင် ဆောင်ရွက်ခဲ့သည့် အရာကို နောက်လူ တစ်စုံတစ်ယောက်က ဆက်လက် လုပ်ကိုင်နိုင်ရန် ကြွင်းကျန် နေခဲ့သည့် လုပ်ငန်း
    family trade
    နာမ်

    လက်ငုတ်လက်စ

    [lɛʔŋoʊʔlɛʔs]
    အစပထမ တယောက်တလီ ပြီးပြတ်အောင် မလုပ်ခ သိမ့်ရေ လုပ်ငန်းကြွင်း
    အစပထမ တစ်စုံတစ်ယောက် ပြီးပြတ်အောင် မလုပ်ခဲ့ သေးသော လုပ်ငန်းကြွင်း
    work left to be carried on by a successor
    နာမ်