Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,181–1,200 of 1,963 words

    လ

    လုတ်တွား

    [loʊʔtWà]
    ခြည်ခင်မှ ခြည်မျှင်ကို ရစ်သွင်းရာ ဘီးလုံး
    ချည်ခင်မှ ချည်မျှင်ကို ရစ်သွင်းရာ ဘီးလုံး
    spinning wheel
    နာမ်

    လုတ်မုံ

    [loʊʔmòʊɴ]
    ပစမာ အပြည့်မုံထားရေ ရေ
    ပါးစပ်တွင် အပြည့်ငုံထားသော ရေ
    water in mouthful
    နာမ်

    လုတ်မုံ-မုံ

    [loʊʔmòʊɴ-mòʊɴ]
    ခံမားထဲမာ ရေမုံထားရေအဖြစ်ကို ပြသော စကားလုံး
    ခံတွင်းထဲတွင် ရေငုံထားသည့်အဖြစ်ကို ပြသော စကားလုံး
    keep in the mouth
    ကြိယာ

    လုတ်မုံ၂

    [loʊʔmòʊɴ၂]
    ပါးစောင်းမာ ရေအပြည့်ထည့်ပနာ မုံထားရေ
    ပါးစောင်းတွင် ရေအပြည့်ထည့်၍ ငုံထားသည်
    keep in the mouth
    ကြိယာ

    လုတ်ရီ

    [loʊʔɹí]
    ပစမာ အပြည့်မုံထားရေ ရေ
    ပါးစပ်တွင် အပြည့်ငုံထားသော ရေ
    water in mouthful
    နာမ်

    လုတ်ရီမုံ

    [loʊʔɹímòʊɴ]
    ပစမာ အပြည့်မုံထားရေ ရေ
    ပါးစပ်တွင် အပြည့်ငုံထားသော ရေ
    water in mouthful
    နာမ်

    လုတ်လက်ဆီး

    [loʊʔlɛʔsʰï]
    သန့်ရှင်း စင်ကြယ်စီရန် ရေနန့် ကိုယ်လက် သုတ်သင်ရေ
    သန့်ရှင်း စင်ကြယ်စေရန် ရေဖြင့် ကိုယ်လက် သုတ်သင်သည်
    relieve nature
    ကြိယာ

    လုတ်လက်လုတ်လက်

    [loʊʔlɛʔloʊʔlɛʔ]
    လုတ်လက်လုတ်လက် ပါးစောင်းနှစ်ဖက် အပြည့်အားဖြင့်
    လုတ်လက်လုတ်လက် ပါးစောင်းနှစ်ဖက် အပြည့်အားဖြင့်
    mouthful (of food)
    ကြိယာ

    လုံးထည့်

    [lóʊɴtʰɛ̰]
    ကျုံ့ခွက်အောင် ပြုထားရေ လက်ဝါးနှစ်ဘက်ဖြင့် အားလုံး ကျုံးယူပနာ ထည့်ရေ။ တချက်ထိုးပနာ လက်ညှိုးညွှန်သော် အယင်လားဗျာယ် လက်နှစ်ဘက်နန့် လုံးဗျာယ်လည်းထည့် (ရာမ)
    ကျုံ့ခွက်အောင် ပြုထားသော လက်ဝါးနှစ်ဘက်ဖြင့် ကုန်စင်အောင် ကျုံးယူ၍ ထည့်သည်။ တစ်ချက်ထိုး၍ လက်ညှိုးညွှန်သော် အယင်လားလျက် လက်နှစ်ဘက်နှင့် လုံးလျက်လည်းထည့် (ရာမ)
    lure - entice
    ကြိယာ

    လုံးထွီး

    [lóʊɴtʰwï]
    သေးကွဲ ရေရာခြင်းမဟိ ရောထွီးဗျာယ်
    သေးကွဲ ရေရာခြင်းမယှိ ရောထွေးလျက်
    be mixed up - be entangled in one lump [as in အကြွေးကို~ဆပ်]
    ကြိယာဝိသေသန

    လုံးထွီးရောယှက်

    [lóʊɴtʰwïɹɔ́ʃɛʔ]
    အရောရော အနှောနှော။ အယှက်ယှက် အတင်တင်။၂၊ ထွီးလုံးရစ်ပတ်
    အရောရော အနှောနှော။ အယှက်ယှက် အတင်တင်။၂၊ ထွေးလုံးရစ်ပတ်
    mixed up - entangled
    ကြိယာဝိသေသန

    လုံးပတ်

    [lóʊɴpaʔ]
    အရွယ်အစား အထုအထည်ဟိ၍ အလုံးဝန်းသော ဝတ္တုတခု၏ ပတ်ပတ်လည် အတိုင်းအတာ
    အရွယ်အစား အထုအထည်ယှိ၍ အလုံးဝန်းသော ဝတ္တုတစ်ခု၏ ပတ်ပတ်လည် အတိုင်းအတာ
    circumference - girth
    နာမ်

    လုံးပမ်း

    [lóʊɴpáɴ]
    အောင်မြင်စွာ အကျိုးဟိ ဖြစ်ပေါ်လှာယောင် ခွန်အား စိုက်ထုတ်ဗျာယ် ဆောင်ရွက်ရေ။ ကြိုးစားလုံ့လ စိုက်ထူရေ
    အောင်မြင်စွာ အကျိုးယှိ ဖြစ်ပေါ်လာအောင် ခွန်အား စိုက်ထုတ်လျက် ဆောင်ရွက်သည်။ ကြိုးစားလုံ့လ စိုက်ထူသည်
    strive - endeavour - apply oneself to the task
    ကြိယာ

    လုံပိတ်

    [lòʊɴpeɪʔ]
    ဟိသင့်ဟိအပ်ရေ အတိုင်းအတာ ပမာဏ လောက်သော။ လိုသည်အလိုက် စားစရစ်ကို၊ လုံပိတ်ရယောင်၊ လုံ့လဆောင်ပနာ လောက်ယောင်ယူငြား၊ ထိုကုလားရို့ (ထွန်းတိ)
    ယှိသင့်ယှိအပ်သော အတိုင်းအတာ ပမာဏ ပြည့်ဝသော။ လိုသည်အလိုက် စားစရစ်ကို၊ လုံပိတ်ရအောင်၊ လုံ့လဆောင်၍ လောက်အောင်ယူငြား၊ ထိုကုလားတို့ (ထွန်းတိ)
    be sufficient - be enough
    နာမဝိသေသန

    လုံပိတ်၂

    [lòʊɴpeɪʔ၂]
    မိုဃ်း၊ လေ အစဟိစွာ မဝင်နိုင်အာင် ပတ်ဝန်းကျင်မာ အဆီးအတား ပြုလုပ်ရေ။ ပတ်ဝန်းကျင်မာ ဆီးဟန့်ရေ။ တဲအချေ တီတီ၊ အခြင်စီကေ၊ စီစီရံမိုး၊ လုံပိတ်ထိုးလို့ (တေး)
    မိုဃ်း၊ လေ စသည် မဝင်နိုင်အာင် ပတ်ဝန်းကျင်တွင် အဆီးအတား ပြုလုပ်သည်။ ပတ်ဝန်းကျင်တွင် ဆီးတားသည်။ တဲကလေး တီတီ၊ အခြင်စီကေ၊ စီစီရံမိုး၊ လုံပိတ်ထိုးလို့ (တေး)
    be fully covered or enveloped - keep sth tigh
    ကြိယာ

    လုံးပို

    [lóʊɴpÒ]
    စကားပြောရာ စာရီးရာမာ မလိုအပ်ပဲ အပိုဖွဲ့နွဲ့ညှပ်သွင်း သုံးနှုန်းရေ စကားလုံး
    စကားပြောရာ စာရေးရာတွင် မလိုအပ်ပဲ အပိုဖွဲ့နွဲ့ညှပ်သွင်း သုံးနှုန်းသည့် စကားလုံး
    word used to more perfect the paragraph - superfluous word in speech or verse
    နာမ်

    လုံးပု

    [lóʊɴpoʊ]
    ရခိုင်စပါးတမျိုး၏ အမည်
    ရခိုင်စပါးတစ်မျိုး၏ အမည်
    rice
    နာမ်

    လုံးပေါက်

    [lóʊɴpaʊʔ]
    အချိန်ပြည့် ကာလကို ဖော်ပြရာမာ ဝိသေသနအနိန်နန့် ပြုလုပ်ပီးသော စကားလုံး (တညလုံး၊ နှစ်လုံးပေါက်၊ သုံးလုံးပေါက် စရေ။
    အချိန်ပြည့် ကာလကို ဖော်ပြရာ၌ ဝိသေသန အားဖြင့် ပြုလုပ်ပေးသော စကားလုံး (ညလုံးပေါက်၊ နှစ်လုံးပေါက်၊ သုံးလုံးပေါက် စသည်။
    particle suffixed to nouns such as ည နှစ် to mean throughout [as in ည~အလုပ်လုပ်-၊ နှစ်~သီး-]
    ပစ္စည်း

    လုပ်

    [loʊʔ]
    တခုတရီသော လုပ်ငန်းကို ဆောင်ရွက်ရေ။ ၂၊ ဟုတ်စွာကို မဟုတ်။ မဟုတ်စွာကို အဂေါင့်ဟု ဖန်တီးရေ။ ၃၊ တခုတရီကို ဖြစ်ပေါ်လှာယောင် ကြံဆ အားထုတ်ရေ။ ၄၊ တခုတရီသော အသွင်ကို ဆောင်တတ်သည်
    တစ်စုံတစ်ခုသော လုပ်ငန်းကို ဆောင်ရွက်သည်။ ၂၊ ဟုတ်သည်ကို မဟုတ်။ မဟုတ်သည်ကို အဟုတ်ဟု ဖန်တီးသည်။ ၃၊ တစ်စုံတစ်ခုကို ဖြစ်ပေါ်လာအောင် ကြံဆ အားထုတ်သည်။ ၄၊ တစ်စုံတစ်ခုသော အသွင်ကို ဆောင်တတ်သည်
    do - work [as in အလုပ်~] - carry out [as in အငှါး~] make [as in စားပွဲ~၊ အမှု~] - create [as in သောင်းကျန်း~၊ ရရောင်းခတ်~] work as [as in ကွန်ပျူတာဆရာ~] behave - act [as in တတ်ယောင်ဂါး~] take the role of [as in မိစ္ဆာ~] make up - fabricate [as in ~က
    ကြိယာ

    လုပ်ကိုင်

    [loʊʔkàɪɴ]
    တခုတရီသော လုပ်ငန်းမာ တာဝန်တခု အနေနန့် ရွက်ဆောင်ရေ
    တစ်စုံတစ်ခုသော လုပ်ငန်းတွင် တာဝန်တစ်ခု အနေဖြင့် ရွက်ဆောင်သည်
    do sth for a living [as in လယ်ယာ~-] undertake to do sth [as in အလှူတွင်~ကူညီ-]
    ကြိယာ