Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,201–1,220 of 1,963 words

    လ

    လုပ်ကျိလုပ်ကျင်

    [loʊʔt͡ɕìloʊʔt͡ɕɪ̀ɴ]
    ကိုယ်ကို မထိန်းနိုင်ပဲ ယိမ်းထိုးဗျာယ်။ လှုပ်နန့်ဗျာယ်။ (လုပ်ကျိလုပ်ကျာဆိုပနာ လည်း သုံးနှုန်း ထားရေ။
    ကိုယ်ကို မထိန်းနိုင်ပဲ ယိမ်းထိုးလျက်။ လှုပ်နဲ့လျက်။ (လုပ်ကျိလုပ်ကျာဟူ၍ လည်း သုံးနှုန်း ထားသည်။
    stagger
    ကြိယာဝိသေသန

    လုပ်ကျွေး

    [loʊʔt͡ɕwé]
    အရာ တယောက်ယောက်သော ပုဂ္ဂိုလ်ကို ကိုယ့်က တာဝန်ယူပနာ ပြုစု စောင့်ရှောက်သည်
    အခြား တစ်စုံတစ်ဦးသော ပုဂ္ဂိုလ်ကို မိမိက တာဝန်ယူ၍ ပြုစု စောင့်ရှောက်သည်
    take the responsibility of looking after a dependent - care for - look after
    ကြိယာ

    လုပ်ကြံ

    [loʊʔt͡ɕံ]
    တမျိုးတမည် ဝါ ဉာဏ်ဆင်၍ ပြုမူ ပြောဆိုရေ။ ၂၊ တစုံ တဦးအား တင်ကူး စီစိုင်၍ သတ်ဖြတ်ရေ။ ၃၊ ကြိုးစားပန်းစားကတ်ံစည် တွေးခေါ်ပနာ ဆောင်ရွက်သည်
    တစ်မျိုးတမည် လိမ်လည် ဉာဏ်ဆင်၍ ပြုမူ ပြောဆိုသည်။ ၂၊ တစ်စုံ တစ်ဦးအား တင်ကူး စီစဉ်၍ သတ်ဖြတ်သည်။ ၃၊ အထူးတလည် ကြံစည် တွေးတော၍ ဆောင်ရွက်သည်
    endeavour [as in ဘုတ်ငါးဖမ်း၊~ပါလည်း] make an effort to seize [as in ဘင်္ဂါဆယ်နှစ်မြို့ကိုချီတက်~-] assasinate - plot against fabricate - concoct [as in ~ဖန်တီးထားသောဇာတ်လမ်း] sham - pretend [as in သနားအောင် အမူအရာဖြင့်~-]
    ကြိယာ

    လုပ်ကြံမှု

    [loʊʔt͡ɕံm̥oʊ]
    ဝါဉာဏ်ဆင်၍ ဖန်တီးပြုမှု။ ပြောဆိုမှု။ ၂၊ တယောက်ယောက်အား တင်ကူးပနာ စီစိုင်သတ်ဖြတ်မှု
    လိမ်လည်ဉာဏ်ဆင်၍ ဖန်တီးပြုမှု။ ပြောဆိုမှု။ ၂၊ တစ်စုံတစ်ဦးအား တင်ကူး၍ စီစဉ်သတ်ဖြတ်မှု
    lie - fabrication (a) assassination - (b) plot
    နာမ်

    လုပ်ကွက်

    [loʊʔkwɛʔ]
    တခုတရီ စိုက်ပျိုး လုပ်ကိုင်ရန် မြီကွက်။ ၂၊ ဝါ ဉာဏ်ဆင်၍ ပြုမူပြောဆိုမှု
    တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ရန် မြေကွက်။ ၂၊ လိမ်လည် ဉာဏ်ဆင်၍ ပြုမူပြောဆိုမှု
    plot of land under cultivation opportunity for enterprise work site
    နာမ်

    လုပ်ခ

    [loʊʔkʰ]
    တခုတရီသော အလုပ်ကို လုပ်ကိုင်ပီးရေ့အတွက် လုပ်အား၏ တန်ဖိုး
    တစ်စုံတစ်ခုသော အလုပ်ကို လုပ်ကိုင်ပေးသည့်အတွက် လုပ်အား၏ တန်ဖိုး
    wages - charges - fees - emoluments
    နာမ်

    လုပ်ခင်း

    [loʊʔkʰɪ́ɴ]
    စိုက်ပျိုး လုပ်ကိုင်နိန်ရေ လယ်မြီ။ စိုက်ခင်း
    စိုက်ပျိုး လုပ်ကိုင်နေသော လယ်မြေ။ စိုက်ခင်း
    stretch of land under cultivation chore - task
    နာမ်

    လုပ်ငန်းကိုင်တာ

    [loʊʔŋáɴkàɪɴtà]
    ကြံရွယ် သတ်မှတ်ပနာ လုပ်ကိုင်နိန်ရေ အလုပ်အကိုင်
    ကြံရွယ် သတ်မှတ်၍ လုပ်ကိုင်နေသော အလုပ်အကိုင်
    occupation - work - business - enterprise task - job
    နာမ်

    လုပ်ငန်းခွင်

    [loʊʔŋáɴkʰwɪ̀ɴ]
    လုပ်ကိုင်နိန်ရေ့ လုပ်ငန်း နယ်ပယ်
    လုပ်ကိုင်နေသည့် လုပ်ငန်း နယ်ပယ်
    workplace work environment
    နာမ်

    လုပ်ငန်းစဉ်

    [loʊʔŋáɴsɪ̀ɴ]
    အမြဲ ဆောင်ရွက်လားဖို့ သတ်မှတ်ထားရေ့ အစီအမံ
    အမြဲ ဆောင်ရွက်သွားရန် သတ်မှတ်ထားသည့် အစီအမံ
    work programme - works schedule
    နာမ်

    လုပ်စကား

    [loʊʔská]
    မဟုတ်မမှန် ဝါ ပြောဆိုချက်
    မဟုတ်မမှန် လိမ်လည် ပြောဆိုချက်
    fabrication
    နာမ်

    လုပ်စရီပန်း

    [loʊʔsɹípáɴ]
    အပင်ခြုံနွယ်လို အပွင့် ကန်စွန်းပွင့်နှင့် တူ၏ အပွင့် အရင်းပိုင်း ထက်ဝက်မာ ဖြူ၍ အဖျားပိုင်းမာကား ညိုပြာရောင်ဟိသည့် အပင်၏ အဆစ်ရို့မှရာ ပွင့်သော ပန်းတမျိုး။ ပန်းပွင့်ပွင့်ချိန်၊ ပန်းဆွတ်ချိန်၊ လုပ်စရီပန်း၊ ဘုရားပန်း၊ အနွယ်အခက်ဖြာ၊ ပွင့်တရာ (တေး)
    အပင်ချုံနွယ်လို အပွင့် ကန်စွန်းပွင့်နှင့် တူ၏ အပွင့် အရင်းပိုင်း ထက်ဝက်တွင် ဖြူ၍ အဖျားပိုင်းတွင်ကား ညိုပြာရောင်ယှိသည့် အပင်၏ အဆစ်တို့မှသာ ပွင့်သော ပန်းတစ်မျိုး။ ပန်းပွင့်ပွင့်ချိန်၊ ပန်းခူးချိန်၊ လုပ်စရီပန်း၊ ဘုရားပန်း၊ အနွယ်အခက်ဖြာ၊ ပွင့်တစ်ရာ (တေး)
    name of flower
    နာမ်

    လုပ်စား

    [loʊʔsá]
    တခုတရီသော အလုပ်ကို အသက်မွီး ဝမ်းကျောင်းအဖြစ် လုပ်ကိုင်သည်
    တစ်စုံတစ်ခုသော အလုပ်ကို အသက်မွေး ဝမ်းကျောင်းအဖြစ် လုပ်ကိုင်သည်
    do sth for a living [derog] make use of ones position for personal gain
    ကြိယာ

    လုပ်စားကိုင်စား

    [loʊʔsákàɪɴsá]
    မပြတ်မလတ် အလုပ် လုပ်ကိုင်ပနာ အသက်မွီးရသူ
    မပြတ်မလတ် အလုပ် လုပ်ကိုင်၍ အသက်မွေးရသူ
    person living from hand to mouth
    နာမ်

    လုပ်စွာ

    [loʊʔswà]
    ကိုယ်တိုင် အားထုတ် ဆောင်ရွက်ခြင်းကြောင့် ခံစားရရေ အကျိုးကျေးဇု
    ကိုယ်တိုင် အားထုတ် ဆောင်ရွက်ခြင်းကြောင့် ခံစားရသော အကျိုးကျေးဇူး
    earnings
    နာမ်

    လုပ်ဆောင်

    [loʊʔsʰàʊɴ]
    တခုတရီ အောင်မြင်မှု ရဟိအောင် လုံးပမ်း အားထုတ်သည်
    တစ်စုံတစ်ခု အောင်မြင်မှု ရယှိအောင် လုံးပမ်း အားထုတ်သည်
    carry out - perform (a task)
    ကြိယာ

    လုပ်ဆောင်လုပ်ရွက်

    [loʊʔsʰàʊɴloʊʔɹwɛʔ]
    တယောက်တလီ၏ ကြိုးစား လုပ်ကိုင် ဆောင်ရွက်မှု
    တစ်စုံတစ်ယောက်၏ ကြိုးစား လုပ်ကိုင် ဆောင်ရွက်မှု
    task carried out
    နာမ်

    လုပ်ဇာတ်

    [loʊʔzàaʔ]
    တဦးတလီက စီကုံး ဖန်တီး ပြောဆို ရီးသားသော အဖြစ်အပျက်
    တစ်ဦးဦးက စီကုံး ဖန်တီး ပြောဆို ရေးသားသော အဖြစ်အပျက်
    trumped-up story
    နာမ်

    လုပ်တိုင်း

    [loʊʔtáɪɴ]
    လူသီမြှုပ်ရာ အရပ်။ သင်္ချိုင်း
    လူသေမြှုပ်ရာ အရပ်။ သင်္ချိုင်း
    cemetery
    နာမ်

    လုပ်တီလုပ်တုတ်

    [loʊʔtíloʊʔtoʊʔ]
    ပျောင်းနွဲ့သိမ်မွေ့စွာ လှုပ်ရုံမျှ လှုပ်ဗျာယ်။ နွဲ့နီနွဲ့နွဲ့
    ပျောင်းနွဲ့သိမ်မွေ့စွာ လှုပ်ရုံမျှ လှုပ်လျက်။ ကနွဲ့ကလျ
    daintily - gracefully
    ကြိယာဝိသေသန