Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,221–1,240 of 1,963 words

    လ

    လုပ်နည်းလုပ်ဟန်

    [loʊʔnɛ́loʊʔhàɴ]
    လမ်းညွှန်အဖြစ် စည်းကမ်း နည်းမှီရရေ လုပ်ကိုင်ပုံ။ အဆက်ဆက် လုပ်ကိုင် ဆောင်ရွက်ခရေ့ လမ်းညွှန်
    လမ်းညွှန်အဖြစ် စည်းကမ်း နည်းမှီရသည့် လုပ်ကိုင်ပုံ။ အဆက်ဆက် လုပ်ကိုင် ဆောင်ရွက်ခဲ့သည့် လမ်းညွှန်
    method - technique
    နာမ်

    လုပ်ပုံကိုင်ပုံ

    [loʊʔpòʊɴkàɪɴpòʊɴ]
    လုပ်ကိုင် ဆောင်ရွက်နှိုင်ရေ အစွမ်းအစ
    လုပ်ကိုင် ဆောင်ရွက်နိုင်သော အစွမ်းအစ
    responsibility
    နာမ်

    လုပ်ဖော်ကိုင်ဖက်

    [loʊʔpʰɔ̀kàɪɴpʰɛʔ]
    အလုပ် တခုတရီကို တတူတကွ လုပ်ကိုင်သူ
    အလုပ် တစ်စုံတစ်ရာကို အတူတကွ လုပ်ကိုင်သူ
    colleague - co-worker
    နာမ်

    လုပ်ရည်

    [loʊʔɹɛ̀]
    လုပ်ကိုင် ဆောင်ရွက်နှိုင်ရေ အစွမ်းအစ
    လုပ်ကိုင် ဆောင်ရွက်နိုင်သော အစွမ်းအစ
    competence - caliber - efficiency - ability
    နာမ်

    လုပ်ရည်ကြံခင်း

    [loʊʔɹɛ̀t͡ɕံkʰɪ́ɴ]
    တွေးခေါ် စိတ်ကူး နိုင်စွမ်းနင့် လုပ်ငန်း ဆောင်ရွက်နိုင်စွမ်း
    တွေးတော စိတ်ကူး နိုင်စွမ်းနင့် လုပ်ငန်း ဆောင်ရွက်နိုင်စွမ်း
    capability - resourcefulness
    နာမ်

    လုပ်ရည်ဝ

    [loʊʔɹɛ̀w]
    လုပ်ကိုင် ဆောင်ရွက်ဖန်များတွက်နန့် အတွိအကြုံ ဗဟုသုတ ပြည့်စုံသော
    လုပ်ကိုင် ဆောင်ရွက်ဖန်များ၍ အတွေ့အကြုံ ဗဟုသုတ ပြည့်စုံသော
    experienced
    နာမဝိသေသန

    လုပ်ရီးဆောင်တာ

    [loʊʔɹïsʰàʊɴtà]
    လုပ်ကိုင် ဆောင်ရွက်ဖွယ်ရာ အမှု
    လုပ်ကိုင် ဆောင်ရွက်ဖွယ်ရာ အမှု
    work - task - responsibilities
    နာမ်

    လုပ်လီလုပ်လုပ်

    [loʊʔlíloʊʔloʊʔ]
    ပျောင်းနွဲ့သိမ်မွေ့စွာ လှုပ်ရုံမျှ လှုပ်ဗျာယ်။ နွဲ့နီနွဲ့နွဲ့
    ပျောင်းနွဲ့သိမ်မွေ့စွာ လှုပ်ရုံမျှ လှုပ်လျက်။ ကနွဲ့ကလျ
    daintily - gracefully
    ကြိယာဝိသေသန

    လုပ်လုပ်ကြင်ကြင်

    [loʊʔloʊʔt͡ɕɪ̀ɴt͡ɕɪ̀ɴ]
    တဆတ်ဆတ်သက်သာ ရွေ့ရုံမျှ။ ရထားရုပ်သွင်၊ လုပ်လုပ်ကြင်ကြင်၊ ဆွဲငင်စိတ်ဟိ၊ မေရို့မာလေ၊ ပျော်ရွှင်ဘိလေ (သာစွ)
    ဖြည်းဖြည်းသက်သာ ရွေ့ရုံမျှ။ ရထားရုပ်သွင်၊ လုပ်လုပ်ကြင်ကြင်၊ ဆွဲငင်စိတ်ဟိ၊ မေရို့မှာလေ၊ ပျော်ရွှင်ဘိလေ (သာစွ)
    slowly
    ကြိယာဝိသေသန

    လုပ်လုပ်ယင်ယင်

    [loʊʔloʊʔjɪ̀ɴjɪ̀ɴ]
    ကိုယ်ကို မထိန်းနိုင်ပဲ ယိမ်းထိုးဗျာယ်။ လှုပ်နန့်ဗျာယ်။ (လုပ်ကျိလုပ်ကျာ ဆိုပနာလည်း သုံးနှုန်းထားရေ။
    ကိုယ်ကို မထိန်းနိုင်ပဲ ယိမ်းထိုးလျက်။ လှုပ်နဲ့လျက်။ (လုပ်ကျိလုပ်ကျာ ဟူ၍လည်း သုံးနှုန်းထားသည်။
    stagger
    ကြိယာဝိသေသန

    လုပ်လုပ်ရီရီ

    [loʊʔloʊʔɹíɹí]
    ပျောင်းနွဲ့သိမ်မွေ့စွာ လှုပ်ရုံမျှ လှုပ်ဗျာယ်
    ပျောင်းနွဲ့သိမ်မွေ့စွာ လှုပ်ရုံမျှ လှုပ်လျက်
    slowly
    ကြိယာဝိသေသန

    လုပ်လုပ်လဲ့လဲ့

    [loʊʔloʊʔlélé]
    မတည်မငြိမ် တိမ်းစောင်း လှုပ်ယှားဗျာယ်
    မတည်မငြိမ် တိမ်းစောင်း လှုပ်ရှားလျက်
    slowly
    ကြိယာဝိသေသန

    လုံးပြီ

    [lóʊɴpɹì]
    ပြုပျင်ရန် မပိုင်ရာနန့် အသင့်ထည့်နှိုင်ရေ သစ်လုံး
    ပြုပြင်ရန် မလိုတော့ပဲ အသင့်ထည့်နိုင်သော သစ်လုံး
    smooth wood
    နာမ်

    လုံးပြောင်

    [lóʊɴpɹàʊɴ]
    မကြီးမငယ် အလယ်အလတ် ဖြစ်ရေ။ (သစ်သီးဝလံ၊ အပင်၊ ဝါးပင်၊ အရာဝတ္တုစရေ။
    မကြီးမငယ် အလယ်အလတ် ဖြစ်သော။ (သစ်သီးဝလံ၊ သစ်ပင်၊ ဝါးပင်၊ အရာဝတ္တုစသည်။
    medium
    နာမဝိသေသန

    လုံးဖြူကြီး

    [lóʊɴpʰɹùt͡ɕï]
    ရခိုင်စပါးတမျိုး၏ အမည်
    ရခိုင်စပါးတစ်မျိုး၏ အမည်
    name of paddy
    နာမ်

    လုံးဖြူချေ

    [lóʊɴpʰɹùɕè]
    ရခိုင်စပါးတမျိုး၏ အမည်
    ရခိုင်စပါးတစ်မျိုး၏ အမည်
    name of paddy
    နာမ်

    လုံးရပ်

    [lóʊɴɹaʔ]
    ပုဂ္ဂိုလ် တဦးတယောက်အား အရပ်အမင်ာင်း ပြည့်ဝစွာကို တွိမြင်ရရေ ပုံပန်း
    ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား အရပ်အမောင်း ပြည့်ဝသည်ကို တွေ့မြင်ရသော ပုံပန်း
    build - physique
    နာမ်

    လုံ့လ

    [lo̰ʊɴl]
    ဆုတ်နစ် အားလျော့ခြင်း မထားပဲ အားထုတ်မှု ဝီရိယ။ စိတ်အား တက်ကြွထက်သန်မှု အားထုတ်လုံ့လ၊ ဝီရိယ၊ များစွာ အဖိုးတန်
    ဆုတ်နစ် အားလျော့ခြင်း မထားပဲ အားထုတ်မှု ဝီရိယ။ စိတ်အား တက်ကြွထက်သန်မှု အားထုတ်လုံ့လ၊ ဝီရိယ၊ များစွာ အဖိုးတန်
    diligence - industry
    နာမ်

    လုလင်

    [loʊlɪ̀ɴ]
    ငယ်ရွယ်သော ယောက်ျား။ ၂၊ နုနယ် ပျိုမြစ်သူ။ လူ-န လူ ၁၊ ပရိသတ်။ ၂၊ သခိုး။ ၃၊ ယောက်ျား။ ၄၊ ရင်းနှီးသော ယောက်ျား အပေါင်း။ ၅၊ ဖက်တော်သား။ ၆၊ အသိဉာဏ်ဟိ၍ တွေးခေါ် မြော်မြင်တတ်ရေ စကားပြော တတ်ရေ အခြီနှစ်ချောင်းဟိ သတ္တဝါ
    ငယ်ရွယ်သော ယောက်ျား။ ၂၊ နုနယ် ပျိုမြစ်သူ။ လူ-န လူ ၁၊ ပရိသတ်။ ၂၊ သူခိုး။ ၃၊ ယောက်ျား။ ၄၊ ရင်းနှီးသော ယောက်ျား အပေါင်း။ ၅၊ ဖက်တော်သား။ ၆၊ အသိဉာဏ်ယှိ၍ တွေးခေါ် မြော်မြင်တတ်သော စကားပြော တတ်သော အခြေနှစ်ချောင်းယှိ သတ္တဝါ
    young man - youth - lad
    နာမ်

    လုံ့လစိုက်

    [lo̰ʊɴlsaɪʔ]
    တက်တက်ကြွကြွ အားထုတ်နိုင်ဖို့ အစိုင်မပြတ် သတိထားရေ
    တက်တက်ကြွကြွ အားထုတ်နိုင်ရန် အစဉ်မပြတ် သတိထားသည်
    apply oneself to the task
    ကြိယာ