Dictionary Entries
Showing 1,281–1,300 of 1,963 words
လ
လူချမ်းသာ
[lùɕáɴθà]
Arakanese:
ကြီးငွီ ဥစ္စာပြည့်စုံ၍ ကြွယ်ဝသောသူ
Burmese:
ကြေးငွေ ဥစ္စာပြည့်စုံ၍ ကြွယ်ဝသောသူ
English:
wealthy person - rich person
Grammar Note:
နာမ်
လူခြောက်သျှေ
[lùkʰɹɔ́ɛʔʃè]
Arakanese:
ကိုယ်လက် အင်္ဂါ ပြည့်စုံစွာဖြင့် မိခင်ဝမ်းမှ အသီ မွီးဖွားရေ ခြောက်သွိနိန်ရေ သားငယ်
Burmese:
ကိုယ်လက် အင်္ဂါ ပြည့်စုံစွာဖြင့် မိခင်ဝမ်းမှ အသေ မွေးဖွားသည့် ခြောက်သွေ့နေသော သားငယ်
English:
foetus papyraceus - desiccated foetus
Grammar Note:
နာမ်
လူခွဲ
[lùkʰwɛ]
Arakanese:
ကိုယ့်စီကေဝန်ကို ကူညီ ထမ်းဆောင်သူ
Burmese:
မိမိတာဝန်ကို ကူညီ ထမ်းဆောင်သူ
English:
person to act in one’s stead - person who deputizes for another - understudy
Grammar Note:
နာမ်
လူငှား
[lùŋ̊á]
Arakanese:
အိမ်ထက်၌ အလုပ် လုပ်ကိုင်စီရန် ငှားရမ်း ခိုင်းစီထား သူ။ ၂၊ အိမ်သို့ အဖိုးအခပီးပြီးကေ ငှားရမ်းနီထိုင်သူ
Burmese:
အိမ်ပေါ်၌ အလုပ် လုပ်ကိုင်စေရန် ငှားရမ်း စေခိုင်းထား သူ။ ၂၊ အိမ်ကို အဖိုးအခပေး၍ ငှားရမ်းနေထိုင်သူ
English:
hired hand tenant
Grammar Note:
နာမ်
လူစကားနန့်ယွှေညာလွန်းရေ
[lùskánàɴ့jW̯èɲàlʊ́ɴɹè]
Arakanese:
ပေါ့လွင်သော စကား၊ မမှန်ကန်သော စကားရို့ကို ချဲ့ထွင်ကာ ရွှန်းဝေအောင် ပြောရေ။ မဟောက်ကာဟောက်ကာ လူစကားနန့် ယွှေညာလွန်းရေ (အရပ်)
Burmese:
ပေါ့လွင်သော စကား၊ မမှန်ကန်သော စကားတို့ကို ချဲ့ထွင်ကာ ရွှန်းဝေအောင် ပြောသည်။ မဟောက်ကာဟောက်ကာ လူစကားနန့် ယွှေညာလွန်းရေ (အရပ်)
English:
exaggerate
Grammar Note:
ကြိယာ
လူစဉ်မမီ
[lùsɪ̀ɴmmí]
Arakanese:
(လူတယောက်၏ ဟိသင့် ဟိထိုက်သော ကိုယ်အင်္ဂါ အစိတ်အပိုင်း အစဟိစွာ ပြည့်စုံခြင်း မဟိဖြစ်တေ
Burmese:
(လူတစ်ယောက်၏ ယှိသင့် ယှိထိုက်သော ကိုယ်အင်္ဂါ အစိတ်အပိုင်း စသည် ပြည့်စုံခြင်း မယှိဖြစ်သည်
English:
be stunted in physique or deficient in faculties - be below norm
Grammar Note:
ကြိယာ
လူစဉ်မီ
[lùsɪ̀ɴmí]
Arakanese:
လူတလုံး သူတလုံး၏ အဆင့်အတန်း၊ အခြီအရဲ ပြည့်စုံသည်
Burmese:
လူတစ်လုံး သူတစ်လုံး၏ အဆင့်အတန်း၊ အခြေအနေ ပြည့်စုံသည်
English:
(of social attributes) be of standard
Grammar Note:
ကြိယာ
လူစား
[lùsá]
Arakanese:
လူအမျိုးအစား။ ယင်းတိုင်သျှင် ဇာပိုင် လူစားမျိုးလဲ လူကောင်းသျှင် ကောင်းလား (အရပ်)
Burmese:
လူအမျိုးအစား။ ယင်းသူ ဇာပိုင် လူစားမျိုးလဲ လူကောင်းသျှင် ကောင်းလား (အရပ်)
English:
type of person (as in သူက ဇာပိုင်~လဲ။) substitute - stand in (as in ~ မရလို့ အလုပ်မလွှဲနိုင်ဗျာယ်။)
Grammar Note:
နာမ်
လူစား
[lùsá]
Arakanese:
အစားထိုး ခံရရေ
Burmese:
အစားထိုး ခံရသည်
English:
(of rivers lakes) be notorious for drowning accidents (as in အေးချောင်းမှာ နှစ်စဉ်~ရေ)
Grammar Note:
ကြိယာ
လူစားထိုး
[lùsátʰó]
Arakanese:
တဦးတယောက် နီရာမာ အရာ တယောက်တလီကို ထပ်မံ ဖြည့်ထည့်သည်
Burmese:
တစ်ဦးတစ်ယောက် နေရာတွင် အခြား တစ်စုံတစ်ယောက်ကို ထပ်မံ ဖြည့်ထည့်သည်
English:
place a substitute in someone’s stead (as in သူမလာကေ သူနေရာမှာ~လိုက်)
Grammar Note:
ကြိယာ
လူစိ.လက်စိ.
[lùsì.lɛʔsì.]
Arakanese:
လူတိုင်း အစိအငအနိန်နန့်
Burmese:
လူတိုင်း အစေ့အငအားဖြင့်
English:
everybody
Grammar Note:
ကြိယာဝိသေသန
လူစိတ်
[lùseɪʔ]
Arakanese:
လူကောင်း လူမွန် တယောက်မာ ဟိအပ်ရေ စိတ်နီ သဖောထား အစဟိစွာ
Burmese:
လူကောင်း လူမွန် တစ်ယောက်တွင် ယှိအပ်သော စိတ်နေ သဘောထား စသည်
English:
humane feelings
Grammar Note:
နာမ်
လူစိမ်း
[lùséɪɴ]
Arakanese:
တခေါက် တရီချေပင် သိကျွမ်း တွိမြင်ဖူးခြင်း မဟိသူ။ ၂၊ တခုတရီသော ဌာနဆိုင်ရာ လုပ်ငန်းခွင် အစဟိစွာမာ အကျွမ်းဝင်ခြင်း၊ တတ်ကျွမ်းခြင်း မဟိသူ
Burmese:
တစ်ကြိမ် တစ်ခါမျှ သိကျွမ်း တွေ့မြင်ဖူးခြင်း မယှိသူ။ ၂၊ တစ်စုံတစ်ခုသော ဌာနဆိုင်ရာ လုပ်ငန်းခွင် စသည်တွင် အကျွမ်းဝင်ခြင်း၊ ကျွမ်းကျင်ခြင်း မယှိသူ
English:
stranger
Grammar Note:
နာမ်
လူစိုင်းပြတ်
[lùsáɪɴpɹaʔ]
Arakanese:
လူသူပိုင် အလာ တိန်း မဟိရေ။ ၂၊ ရက်ပြတ် ဝင်ရောက်လှာသူ အာဂန္တု ပရိသတ် တန့်ရပ်လားရေ။ လာရောက်သူ ကင်းရှင်းရေ
Burmese:
လူသူအသွား အလာ တိတ်ဆိတ် ကင်းမဲ့သော။ ၂၊ အဆက်မပြတ် ဝင်ရောက်လာသူ ဧည့်သည် ပရိသတ် တန့်ရပ်သွားသော။ လာရောက်သူ ကင်းရှင်းသော
English:
(of road or place) be deserted - be desolate - (of attendance) come to a stop - cease
Grammar Note:
နာမဝိသေသန
လူစိုင်းပြုတ်
[lùsáɪɴpɹoʊʔ]
Arakanese:
လူသူ ပိုင် အလာ တိန်း မဟိရေ။ ၂၊ ရက်ပြတ် ဝင်ရောက်လှာသူ အာဂန္တု ပရိသတ် တန့်ရပ်လားရေ။ လာရောက်သူ ကင်းရှင်းရေ
Burmese:
လူသူ အသွား အလာ တိတ်ဆိတ် ကင်းမဲ့သော။ ၂၊ အဆက်မပြတ် ဝင်ရောက်လာသူ ဧည့်သည် ပရိသတ် တန့်ရပ်သွားသော။ လာရောက်သူ ကင်းရှင်းသော
English:
(of road or place) be deserted - be desolate - (of attendance) come to a stop - cease
Grammar Note:
နာမဝိသေသန
လူစုံတက်စုံ
[lùsòʊɴtɛʔsòʊɴ]
Arakanese:
ဌာန သက်ဆိုင်ရာ လူအစုံအညီ
Burmese:
ဌာန သက်ဆိုင်ရာ လူအစုံအညီ
English:
full complement
Grammar Note:
နာမ်
လူစုလူဝေး
[lùsoʊlùwé]
Arakanese:
တခုတရီသော အကြောင်းကြောင့် စုဝေး ရောက်ဟိလာရေ ဂူရာကျိုင်
Burmese:
တစ်စုံတစ်ခုသော အကြောင်းကြောင့် စုဝေး ရောက်ယှိလာသည့် လူအုပ်
English:
throng or assembly - crowd
Grammar Note:
ကြိယာဝိသေသန
လူးစောင်း
[lùးsáʊɴ]
Arakanese:
မြင့်ရာမှ ခယယောချေ နိမ့်ဆင်းလှားရေ မျက်နှာပြင်
Burmese:
မြင့်ရာမှ ခပ်ပြေပြေ နိမ့်ဆင်းသွားသော မျက်နှာပြင်
English:
coverned passage
Grammar Note:
နာမ်
လူစွမ်းကောင်း
[lùsʊ̀ɴkáʊɴ]
Arakanese:
သာမာန် လူရို့ထက် နှလုံးရည်၊ လက်ရုံးရည် ထူးကဲ သာအလွန် ဆောင်ရွက် နိုင်စွမ်း ဟိသူ
Burmese:
သာမာန် လူတို့ထက် နှလုံးရည်၊ လက်ရုံးရည် ထူးကဲ သာလွန်စွာ ဆောင်ရွက် နိုင်စွမ်း ယှိသူ
English:
hero
Grammar Note:
နာမ်
လူစွမ်းပြ
[lùsʊ̀ɴpɹ]
Arakanese:
နိူင်းပြိုင် အားစမ်းရန် ဖိတ်ခေါ်ရေ။ ၂၊ အရည်အခြင်း၊ အစွမ်း သတ္တိဟိပုံချင်း နိူင်းဖက်ပြသ ပြုလုပ်ရေ။ ခရို့ခရမ်း၊ ပွဲလယ်ကောင်မာ၊ တောင်မြောက်သန်းလို့၊ လူစွမ်းပြထွေ၊ အသံပြာနန့် အလွန်ဟောကေ၊ ပြောလတ်တေလေ (ရာမ)
Burmese:
ယှဉ်ပြိုင် အားစမ်းရန် ဖိတ်ခေါ်သည်။ ၂၊ အရည်အချင်း၊ အစွမ်း သတ္တိယှိပုံချင်း ယှဉ်ဖက်ပြသ ပြုလုပ်သည်။ ခရို့ခရမ်း၊ ပွဲလယ်ကောင်မှာ၊ တောင်မြောက်သန်းလို့၊ လူစွမ်းပြထွေ၊ အသံပြာနှင့် လွန်စွာဟောကေ၊ ပြောလတ်တေလေ (ရာမ)
English:
show ability or power
Grammar Note:
ကြိယာ