Dictionary Entries
Showing 1,301–1,320 of 1,963 words
လ
လူစွာ
[lùswà]
Arakanese:
တပါးသော သူ၏ ဝန်ဥစ္စာ။ ငါ့စွာ မဟောက် လူစွာ တိရာ (အရပ်)
Burmese:
တစ်ပါးသော သူ၏ ပစ္စည်းဥစ္စာ။ ငါ့စွာ မဟောက် လူစွာ တိရာ (အရပ်)
English:
material or property of other person
Grammar Note:
နာမ်
လူးဆင်း
[lùးsʰɪ́ɴ]
Arakanese:
အမြင်မှ အနိမ့်သို့ လူးကျရေ
Burmese:
အမြင်မှ အနိမ့်သို့ လိမ့်ကျသည်
English:
fall
Grammar Note:
ကြိယာ
လူဆင်းရဲ
[lùsʰɪ́ɴɹɛ]
Arakanese:
ဝန်ဥစ္စာ ယှားပါးသူ။ ပင်ပန်းကြီးစွာ ဝမ်းစာ ရှာဖွီ စားသောက်ရသူ
Burmese:
ပစ္စည်းဥစ္စာ ရှားပါးသူ။ ပင်ပန်းကြီးစွာ ဝမ်းစာ ရှာဖွေ စားသောက်ရသူ
English:
the poor and the indigent
Grammar Note:
နာမ်
လူဆတ်
[lùsʰaʔ]
Arakanese:
ဖြတ်လတ် တက်ကြွစွာ ပြုမူ ပြောဆိုတတ်သူ
Burmese:
ဖျတ်လတ် တက်ကြွစွာ ပြုမူ ပြောဆိုတတ်သူ
English:
active
Grammar Note:
နာမ်
လူဆိုး
[lùsʰó]
Arakanese:
အကျင့်အဆိုးအဆာ။ ၂၊ တိုက်ခိုက် သတ်ပုတ် လုယက် ညဉ်းပန်းတတ်သူ
Burmese:
အကျင့်ဆိုးသွမ်းသူ။ ၂၊ တိုက်ခိုက် သတ်ပုတ် လုယက် ညဉ်းပန်းတတ်သူ
English:
lawless person bad character - bad man
Grammar Note:
နာမ်
လူးဆီး
[lùးsʰï]
Arakanese:
ကိုယ်ခန္ဓာ အရီပြားထက်မာ နှိမ်းသော ဆီး
Burmese:
ကိုယ်ခန္ဓာ အရေပြားပေါ်တွင် လိမ်းကျံသော ဆေး
English:
medicaments such as salve liniment embrocation etc
Grammar Note:
နာမ်
လူဇွတ်ထိုး
[lùzwaʔtʰó]
Arakanese:
စိတ်ထင်ရာကို ထိုးကန်း ပြုလုပ်တတ်သူ။ လူများ မကြိုက်စွာကို ပိုပြီးကေ အရွေတိုက် ပြုလုပ်တတ်သူ
Burmese:
စိတ်ထင်ရာကို တဇွတ်ထိုး ပြုလုပ်တတ်သူ။ သူတစ်ပါး မနှစ်သက်သည်ကို ပို၍ အရွေတိုက် ပြုလုပ်တတ်သူ
English:
stubbornly
Grammar Note:
နာမ်
လူညွန့်ကျိုး
[lùɲʊ̰ɴt͡ɕó]
Arakanese:
တခုတရီသော အကြောင်းကြောင့် ဂုဏ်သိက္ခာ ထိခိုက်နစ်နာခြင်း ဖြစ်ရရေ။ ၂၊ ယောက်ျားမာ မယား၊ မမာ့မာ လင်၊ သီရေ သူရို့ကို လူညွန့်ကျိုး ဟု ခေါ်ရေ။ မင်္ဂလာ အခမ်းအနားရို့မာ မပါဝင်ရပါ
Burmese:
တစ်စုံတစ်ခုသော အကြောင်းကြောင့် ဂုဏ်သိက္ခာ ထိခိုက်နစ်နာခြင်း ဖြစ်ရသည်။ ၂၊ ယောက်ျားတွင် မယား၊ မိန်းမတွင် လင်၊ သေသော သူတို့ကို လူညွန့်ကျိုး ဟု ခေါ်သည်။ မင်္ဂလာ အခမ်းအနားတို့တွင် မပါဝင်ရပါ
English:
(of one’s potentials for progress and development dignity reputation chastity) be damaged
Grammar Note:
ကြိယာ
လူညွန့်ခူး
[lùɲʊ̀ɴ့kʰùး]
Arakanese:
လူတိ၏ ခက်ခဲ ပင်ပန်းမှုဖြင့် ကိုယ့်အကျိုး ကျေးဇုကို ကြိုးစား ဆောင်ရွက်သည်
Burmese:
သူတစ်ပါး၏ ခက်ခဲ ပင်ပန်းမှုဖြင့် မိမိအကျိုး ကျေးဇူးကို ကြိုးစား ဆောင်ရွက်သည်
English:
try to success by other’s effort - exploit others
Grammar Note:
ကြိယာ
လူညွန့်တုံး
[lùɲʊ̀ɴ့tóʊɴ]
Arakanese:
လူ့ဘဝ တသက်တာမာ ကြီးပွား တိုးတက် ဖြစ်ထွန်းလာမည့် အခြီအရဲ လုံးဝ ဆုံးယှုံး ပျက်ပြားသည်
Burmese:
လူ့ဘဝ တစ်သက်တာတွင် ကြီးပွား တိုးတက် ဖြစ်ထွန်းလာမည့် အခြေအနေ လုံးဝ ဆုံးရှုံး ပျက်ပြားသည်
English:
hopeless - (of ones potentials for progress and developments dignity reputation chastity) be ruined
Grammar Note:
ကြိယာ
လူညှီမနံ
[lùɲ̯ímnံ]
Arakanese:
(နမူနာ) လူ၏ အဆင့်အတန်း မမီဟိရေ။ လူရာ မဝင်ဟိသည်
Burmese:
(ဥပမာ) လူ၏ အဆင့်အတန်း မမီယှိသည်။ လူရာ မဝင်ယှိသည်
English:
not attain social acceptance - not attain social standing
Grammar Note:
ကြိယာ
လူတခေါ်လောက်
[lùtkʰɔ̀lɔ́ɛʔ]
Arakanese:
လူခေါ်သံ ကြားလောက်သော အရပ်ဌာန။ မိုးမြင့်အာကာ၊ အာကာထက်ရို့၊ ပျံကာသွားမူ၊ ဒွေးမေဖြူမာ၊ လူတခေါ်လောက်၊ မိုးရိပ်စွန်သို့၊ ပျံတက်ရောက်က
Burmese:
လူခေါ်သံ ကြားလောက်သော အရပ်ဌာန။ မိုးမြင့်အာကာ၊ ကောင်းကင်ပေါ်သို့၊ ပျံကာသွားမူ၊ ဒွေးမယ်ဖြူမှာ၊ လူတခေါ်လောက်၊ မိုးတိမ်စွန်သို့၊ ပျံတက်ရောက်က
English:
near by
Grammar Note:
နာမ်
လူတင်း
[lùtɪ́ɴ]
Arakanese:
အရည်အခြင်း၊ အစွမ်းသတ္တိ၊ ဝန်ဥစ္စာရို့နန့် လောက်သော အဖြစ်။ ရပ်ရွာမာ မာပွာရို့တမိသား လူတင်းတိဗျာယ် မလားယေ၊ သူရို့ကို အသူပြိုင်နှိုင်ဖို့လဲ။ တန်ဆာဆင်ကေ၊ ဂုပင်အဂု၊ အဝတ်သာကေ၊ ငါလူတင်းဟု၊ တန်းချင်းမတူ၊ လူချင်းခွဲခြား၊ မင်းထုံးစံလေ၊ ခြွီရံထားလို့၊
Burmese:
အရည်အချင်း၊ အစွမ်းသတ္တိ၊ ပစ္စည်းဥစ္စာတို့နှင့် ပြည့်ဝသော အဖြစ်။ ရပ်ရွာမှာ မာပွာရို့တစ်မိသား လူတင်းတိဗျာယ် မလားယေ၊ သူရို့ကို အသူပြိုင်နိုင်ဖို့လဲ။ တန်ဆာဆင်ကေ၊ ခုပင်ချက်ချင်း၊ အဝတ်သာကေ၊ ငါလူတင်းဟု၊ တန်းချင်းမတူ၊ လူချင်းခွဲခြား၊ မင်းထုံးစံလေ၊ ခြွေရံထားလို့၊
English:
wealthy person - rich person
Grammar Note:
နာမ်
လူတစောက်ကန်း
[lùtsɔ́ɛʔkáɴ]
Arakanese:
စိတ်ထင်ရာကို ထိုးကန်း ပြုလုပ် တတ်သူ။ လူများ မကြိုက်စွာကို ပိုပြီးကေ အရွေတိုက် ပြုလုပ်တတ်သူ
Burmese:
စိတ်ထင်ရာကို တဇွတ်ထိုး ပြုလုပ် တတ်သူ။ သူတစ်ပါး မနှစ်သက်သည်ကို ပို၍ အရွေတိုက် ပြုလုပ်တတ်သူ
English:
stubbornly
Grammar Note:
နာမ်
လူတစ်ယောက်သူတစ်ယောက်
[lùtɪʔjɔ́ɛʔθùtɪʔjɔ́ɛʔ]
Arakanese:
ထိုက်တန်သော လူတယောက် အနေနန့်။ အဲ…ငါကလေ့ လူတယောက် သူတယောက် အနေနန့် မြို့ထဲမာ နီချင်ဗျာယ် (အရပ်)
Burmese:
ထိုက်တန်သော လူတစ်ယောက် အနေဖြင့်။ အဲ…ငါကလည်း လူတစ်ယောက် သူတစ်ယောက် အနေနန့် မြို့ထဲမှာ နီချင်ဗျာယ် (အရပ်)
English:
worth person
Grammar Note:
ကြိယာဝိသေသန
လူတတ်ခံ
[lùtaʔkʰံ]
Arakanese:
အဂယင့်မတတ်ကျွမ်းပဲ တတ်သိနားလည်ဟန် အနေနန့် ဆောင်ရွက်သည်
Burmese:
တကယ်မတတ်ကျွမ်းပဲ တတ်သိနားလည်ဟန် အနေဖြင့် ဆောင်ရွက်သည်
English:
charlatan - pose oneself as a Mr. Know-all
Grammar Note:
ကြိယာ
လူတန်းစား
[lùtáɴsá]
Arakanese:
အသက်မွီး နီထိုင်မှု ဘဝတူညီကြသူတိကို ခြုံ၍ ခေါ်သော လူ့အဖွဲ့အစည်း တရပ်
Burmese:
အသက်မွေး နေထိုင်မှု ဘဝတူညီကြသူများကို ခြုံ၍ ခေါ်သော လူ့အဖွဲ့အစည်း တစ်ရပ်
English:
society
Grammar Note:
နာမ်
လူတန်းစိ.
[lùtáɴsì.]
Arakanese:
လူရို့ အများအနိန်နန့် စားဝတ်နီရီး အဆင့်အတန်း မီအောင် နီထိုင်နှိုင်ရေ
Burmese:
လူတို့ များသောအားဖြင့် စားဝတ်နေရေး အဆင့်အတန်း မီအောင် နေထိုင်နိုင်သည်
English:
alive
Grammar Note:
ကြိယာ
လူတန်ဖျင်း
[lùtàɴpʰrɪ́ɴ]
Arakanese:
ဆင်းရဲ နိမ့်ကျသော သာမန်လူ။ လူညံ့လူဖျင်း။ ဆင်းပုလိပ်
Burmese:
ဆင်းရဲ နိမ့်ကျသော သာမန်လူ။ လူညံ့လူဖျင်း။ ဆင်းရဲသား
English:
the poor - the needy
Grammar Note:
နာမ်
လူတိ
[lùtì]
Arakanese:
လူထုအစုအဝီး။ လူအများ။ အဂုဝယ်ကား၊ ဇာလဲမသိ၊ သားဘုန်းဝေမာ၊ ဇာဌာနက၊ လုလာဘိလို့၊ လူတိဝန်းပါ၊ ဆိုရေခါဝယ် (ဒွေး)
Burmese:
လူထုအစုအဝေး။ လူအများ။ ယခုဝယ်ကား၊ ဇာလဲမသိ၊ သားဘုန်းဝေမှာ၊ ဘယ်ဌာနက၊ လုလာဘိလို့၊ လူတိဝန်းပါ၊ ဆိုသောခါဝယ် (ဒွေး)
English:
the mass - the people
Grammar Note:
နာမ်