Dictionary Entries
Showing 1,321–1,340 of 1,963 words
လ
လူတိမ်
[lùtèɪɴ]
Arakanese:
အသိတရား နက်နဲခြင်းမဟိ ဖြစ်တေ
Burmese:
အသိတရား နက်နဲခြင်းမယှိ ဖြစ်သည်
English:
lack of consideration or realization
Grammar Note:
ကြိယာ
လူတော
[lùtɔ́]
Arakanese:
လူပုံအလယ်။ လူ့အသိုင်းအဝိုင်း
Burmese:
လူပုံအလယ်။ လူ့အသိုင်းအဝိုင်း
English:
sound having a duration of one light stressed sound
Grammar Note:
နာမ်
လူတောင်ပေါက်
[lùtàʊɴpaʊʔ]
Arakanese:
ကိုယ့်ကိုယ်ကို ဝမ်းကျောင်း ထူထောင်နှိုင်ရေ အခြီအရဲ
Burmese:
မိမိကိုယ်ကို ဝမ်းကျောင်း ထူထောင်နိုင်သော အခြေအနေ
English:
stand by
Grammar Note:
နာမ်
လူတောသူတော
[lùtɔ́θùtɔ́]
Arakanese:
လူပုံအလယ်။ လူ့အသိုင်းအဝိုင်း အထဲ
Burmese:
လူပုံအလယ်။ လူ့အသိုင်းအဝိုင်း အထဲ
English:
society - public - crowd
Grammar Note:
နာမ်
လူတော်
[lùtɔ̀]
Arakanese:
တော်သောသူ။ တတ်ရေသူ
Burmese:
တော်သောသူ။ တတ်သောသူ
English:
exceptionally gifted person - clever man
Grammar Note:
နာမ်
လူတော်လူကောင်း
[lùtɔ̀lùkáʊɴ]
Arakanese:
အကျင့်စာရိတ္တနှင့် ပြုလုပ် ဆောင်ရွက်နှိုင်ရေ ကိုယ်စွမ်း ဉာဏ်စွမ်း ပြည့်စုံသူ
Burmese:
အကျင့်စာရိတ္တနှင့် ပြုလုပ် ဆောင်ရွက်နိုင်သော ကိုယ်စွမ်း ဉာဏ်စွမ်း ပြည့်စုံသူ
English:
exceptionally gifted person - clever man
Grammar Note:
နာမ်
လူတွင်ကျယ်
[lùtwɪ̀ɴt͡ɕɛ̀]
Arakanese:
နီရာတိုင်းမာ ပါဝင်အစွမ်းပြ စွက်ဖက်သူ
Burmese:
နေရာတကာတွင် ပါဝင်အစွမ်းပြ စွက်ဖက်သူ
English:
officious person - busybody puffed up with self-importance
Grammar Note:
နာမ်
လူထီး
[lùtʰï]
Arakanese:
ကြီးကြပ် ကွပ်ကဲ အုပ်ချုပ်သူ။ ဂေါင်းဆောင်အဖြစ် ထိန်းသိမ်း စောင့်ရှောက်သူ။ ထွန်းအောင်ကျော်ကို၊ သင်္ဘောသူကြီး၊ ဟိုလူထီးလျှင် တပ်တပ်မြင်သော (ထွန်းတိ)
Burmese:
ကြီးကြပ် ကွပ်ကဲ အုပ်ချုပ်သူ။ ခေါင်းဆောင်အဖြစ် ထိန်းသိမ်း စောင့်ရှောက်သူ။ ထွန်းအောင်ကျော်ကို၊ သင်္ဘောသူကြီး၊ ထိုလူထီးလျှင် တပ်တပ်မြင်သော (ထွန်းတိ)
English:
leader
Grammar Note:
နာမ်
လူထု
[lùtʰoʊ]
Arakanese:
လူအများ။ ပရိသတ်
Burmese:
လူအများ။ ပရိသတ်
English:
the mass - the people - audiences
Grammar Note:
နာမ်
လူထုံ
[lùtʰòʊɴ]
Arakanese:
သွက်လက်မှု ကင်းရေ။ ကြာ ချေကျောက်ရေ
Burmese:
သွက်လက်မှု ကင်းသည်။ နှေးကွေး လေးကန်သည်
English:
bullhead
Grammar Note:
ကြိယာ
လူထူး
[lùtʰùး]
Arakanese:
သာမန် လူရို့ထက် လွန်ကဲ ထူးခြားသော သူ
Burmese:
သာမန် လူတို့ထက် လွန်ကဲ ထူးခြားသော သူ
English:
person who is out of the ordinary - singular person
Grammar Note:
နာမ်
လူထွက်
[lùtʰwɛʔ]
Arakanese:
ရဟန်း ရှင်မောင်သျှင် သူတော်မ အစဟိရေ အဖြစ်မှ ပြောင်းလဲခသူ။ (ရဟန်းလူထွက်၊ ရှင်လူထွက်၊ သူတော်မ (သူတော်မ) လူထွက်၊ ဖိုးသူတော်လူထွက်၊ စစ်သားလူထွက်၊ ပုလိပ်လူထွက် အစဟိစွာ သုံးရေ။
Burmese:
ရဟန်း ရှင်သာမဏေ သီလရှင် စသော အဖြစ်မှ ပြောင်းလဲခဲ့သူ။ (ရဟန်းလူထွက်၊ ရှင်လူထွက်၊ သူတော်မ (သီလရှင်) လူထွက်၊ ဖိုးသူတော်လူထွက်၊ စစ်သားလူထွက်၊ ရဲသားလူထွက် စသည် သုံးသည်။
English:
leave a religious order and become a lay person - word suffixed to some nouns to indicate former status in a particular society or profession [equivalent in usage to the prefix ex-] (as in ရဟန်း~၊ ရှင်~၊ သူတော်မ~)
Grammar Note:
နာမ်
လူနက်
[lùnɛʔ]
Arakanese:
အသားအရီ အထူး မဲနက်ရေ။ ၂၊ အသိတရား နက်နဲခြင်း မဟိသော
Burmese:
အသားအရေ အထူး မည်းနက်သော။ ၂၊ အသိတရား နက်နဲခြင်း မယှိသော
English:
lack of consideration or realization
Grammar Note:
နာမဝိသေသန
လူနည်းစု
[lùnɛ́soʊ]
Arakanese:
တဖက်ထက် အရွီအတွက် နည်းလျော့သော လူစု
Burmese:
တစ်ဖက်ထက် အရေအတွက် နည်းလျော့သော လူစု
English:
the minority
Grammar Note:
နာမ်
လူနပ်
[lùnaʔ]
Arakanese:
သိမြင်လွယ်သူ။ ၂၊ ကိုယ့် အကျိုးအတွက် အခွင့်အလမ်းကို သိသူ
Burmese:
သိမြင်လွယ်သူ။ ၂၊ မိမိ အကျိုးအတွက် အခွင့်အလမ်းကို သိသူ
English:
sharp and perspicacious person person who knows which side of his bread is buttered - sharp person - be shrewd
Grammar Note:
နာမ်
လူနာ
[lùnà]
Arakanese:
တခုတရီသော ရောဂါ ဝေဒနာ ဒဏ်ရာ အစဟိစွာရို့ကြောင့် ဆီးရုံ၊ ဆီးခန်း အစဟိစွာရို့မာ ကုသခံနိန်ရသူ
Burmese:
တစ်စုံတစ်ခုသော ရောဂါ ဝေဒနာ ဒဏ်ရာ စသည်တို့ကြောင့် ဆေးရုံ၊ ဆေးခန်း စသည်တို့တွင် ကုသခံနေရသူ
English:
patient - the sick
Grammar Note:
နာမ်
လူနား
[lùná]
Arakanese:
လူ၏ နံဖီးဖြစ်ရေ နီရာအရပ်
Burmese:
လူ၏ အနီးဖြစ်သော နေရာအရပ်
English:
near people
Grammar Note:
နာမ်
လူနာဆောင်
[lùnàsʰàʊɴ]
Arakanese:
လူမမာတိကို ကုသပီးဖို့ သီးသန့် ဆောက်လုပ်ထားရေ အဆောက်အအုံ
Burmese:
လူနာများကို ကုသပေးရန် သီးခြား ဆောက်လုပ်ထားသော အဆောက်အအုံ
English:
ward
Grammar Note:
နာမ်
လူနာမှတ်တမ်း
[lùnàm̥aʔtáɴ]
Arakanese:
လူမမာ၏ ရောဂါ ဖြစ်ပျက်မှု အခြီအရဲ၊ ကုသချက် စစွာကို ရီးမှတ်ထားရေ မှတ်တမ်း
Burmese:
လူနာ၏ ရောဂါ ဖြစ်ပျက်မှု အခြေအနေ၊ ကုသချက် စသည်ကို ရေးမှတ်ထားသော မှတ်တမ်း
English:
temperature chart
Grammar Note:
နာမ်
လူနီမှု
[lùním̥oʊ]
Arakanese:
လူရို့၏ နီထိုင်စားသောက် အသက်မွီးမှု
Burmese:
လူတို့၏ နေထိုင်စားသောက် အသက်မွေးမှု
English:
standard of living
Grammar Note:
နာမ်