Dictionary Entries
Showing 121–140 of 1,963 words
လ
လက်ငြင်း
[lɛʔɲɪ́ɴ]
Arakanese:
မဆိုင်းမငံ့။ အဂု
Burmese:
မဆိုင်းမငံ့။ ချက်ချင်း
English:
immediately - at once - at the present time
Grammar Note:
ကြိယာဝိသေသန
လက်စ
[lɛʔs]
Arakanese:
မပြီးစီးခသိမ့်သော လုပ်ငန်းကို ဆက်ပနာ ဆောင်ရွက်ရန် လုပ်ငန်းတာဝန်
Burmese:
မပြီးစီးခဲ့သေးသော လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းတာဝန်
English:
work begun and yet to be completed
Grammar Note:
နာမ်
လက်စကြွင်း
[lɛʔst͡ɕwɪ́ɴ]
Arakanese:
တိုးလို့တန်းလန်းသိမ့်ရေ အရာ
Burmese:
မပြီးမပြတ်သေးသော အရာ
English:
unfinished piece of work
Grammar Note:
နာမ်
လက်စချော
[lɛʔsɕɔ́]
Arakanese:
သီသပ်သော။ အစွမ်းအစ မထွက် သိပ်သည်း ကျစ်လျစ်သော။ ရက်တေမေပျော လက်စချော (တေး)
Burmese:
သေသပ်သော။ အစွမ်းအစ မထွက် သိပ်သည်း ကျစ်လျစ်သော။ ရက်တေမေပျော လက်စချော (တေး)
English:
be neat
Grammar Note:
နာမဝိသေသန
လက်စတုံး
[lɛʔstóʊɴ]
Arakanese:
ဆောင်ရွက်ချက်တိ အားလုံး ပြီးပြတ်ရေ။ ၂၊ အသီ သတ်ရေ
Burmese:
ဆောင်ရွက်ချက်များ အားလုံး ပြီးပြတ်သည်။ ၂၊ အသေ သတ်သည်
English:
dispose of finally exterminate - finish off
Grammar Note:
ကြိယာ
လက်စပျောက်
[lɛʔsprɔ́ɛʔ]
Arakanese:
အစအန လုံးဝ ရှာမတွိဖြစ်တေ
Burmese:
အစအန လုံးဝ ရှာမတွေ့ဖြစ်သည်
English:
destroy all traces of evidence dispose of finally exterminate - finish off
Grammar Note:
ကြိယာ
လက်စဖျောက်
[lɛʔspʰrɔ́ɛʔ]
Arakanese:
အစအန လုံးဝရှာမတွိ မမြင်ယောင် ပြုလုပ်ရေ။ ဘာတခုလောက် မကျန်ရေ အဖြစ်သို့ ရောက်ယောင် ဖျက်ဆီးသည်
Burmese:
အစအန လုံးဝရှာမတွေ့ မမြင်အောင် ပြုလုပ်သည်။ ဘာတစ်ခုမျှ မကျန်သော အဖြစ်သို့ ရောက်အောင် ဖျက်ဆီးသည်
English:
destroy all traces of evidence dispose of finally exterminate - finish off
Grammar Note:
ကြိယာ
လက်စလက်န
[lɛʔslɛʔn]
Arakanese:
ဆောင်ရွက် ခဲ့ဖူးသော အစွမ်းအစ လုပ်ငန်းအစဟိစွာ
Burmese:
ဆောင်ရွက် ခဲ့ဖူးသော အစွမ်းအစ လုပ်ငန်းစသည်
English:
one’s ability or skill handwork
Grammar Note:
နာမ်
လက်စသတ်
[lɛʔsθaʔ]
Arakanese:
တခုတရီသော လုပ်ငန်း စစွာကို ပြီးစီးအောင် လုပ်ရေ
Burmese:
တစ်စုံတစ်ခုသော လုပ်ငန်း စသည်ကို ပြီးစီးအောင် လုပ်သည်
English:
finish or complete sth - give a finishing touch to a piece of work
Grammar Note:
ကြိယာ
လက်စသိမ်း
[lɛʔsθéɪɴ]
Arakanese:
တခုတရီသော လုပ်ငန်း စစွာကို ပြီးစီးအောင် လုပ်ရေ
Burmese:
တစ်စုံတစ်ခုသော လုပ်ငန်း စသည်ကို ပြီးစီးအောင် လုပ်သည်
English:
conclude (as in စကား~-) - finish - end (as in လယ်လုပ်ငန်း~-)
Grammar Note:
ကြိယာ
လက်စာ
[lɛʔsà]
Arakanese:
တခုတရီသော ဝန်ဥစ္စာ စရေ။ အသုံးအသီး လက်စာ မများစီကေ့ (အရပ်)
Burmese:
တစ်စုံတစ်ခုသော ပစ္စည်းဥစ္စာ စသည်။ အသုံးအသေး လက်စာ မများစီကေ့ (အရပ်)
English:
something
Grammar Note:
နာမ်
လက်စား
[lɛʔsá]
Arakanese:
တဦးနှင့် တဦး လုပ်ငန်း တာအမားခံင်း အတုံ့ အလှည့် အပြန်အလှန် အနိန်နန့်
Burmese:
တစ်ဦးနှင့် တစ်ဦး လုပ်ငန်း တာဝန်ချင်း အတုံ့ အလှည့် အပြန်အလှန် အားဖြင့်
English:
mutually
Grammar Note:
နာမ်
လက်စားကောင်း
[lɛʔsákáʊɴ]
Arakanese:
လုပ်ငန်း တခုတရီကို ဆောင်ရွက်ရာမာ ပိရိ ချပ်ရပ်သော။ ကျစ်လျစ် သိပ်သည်းသော။ သီသပ်သော
Burmese:
လုပ်ငန်း တစ်စုံတစ်ရာကို ဆောင်ရွက်ရာ၌ ပိရိ ချပ်ရပ်သော။ ကျစ်လျစ် သိပ်သည်းသော။ သေသပ်သော
English:
be neat
Grammar Note:
နာမဝိသေသန
လက်စာကြီး
[lɛʔsàt͡ɕï]
Arakanese:
ငွီကို ဖောဖောသီသီ သုံးစွဲလေ့ ဟိသည်
Burmese:
ငွေကို ဖောဖောသီသီ သုံးစွဲလေ့ ယှိသည်
English:
be extravagant
Grammar Note:
ကြိယာ
လက်စားချီ
[lɛʔsáɕí]
Arakanese:
ကိုယ့်အား တခုတရီ နစ်နာအောင် ပြုသူကို တုံ့ပြန်ပနာ နစ်နာအောင် ပြုသည်
Burmese:
မိမိအား တစ်စုံတစ်ခု နစ်နာအောင် ပြုသူကို တုံ့ပြန်၍ နစ်နာအောင် ပြုသည်
English:
take revenge - avenge
Grammar Note:
ကြိယာ
လက်စားဆပ်
[lɛʔsásʰaʔ]
Arakanese:
ကိုယ့်လုပ်ငန်းမာ လူတိက လုပ်အားပီးသည့် အတွက် လူများ လုပ်ငန်းမာလည်း အတုံ့အပြန် အနိန်နန့် ကိုယ့်က ပါဝင် လုပ်အား ပီးရေ
Burmese:
မိမိလုပ်ငန်းတွင် သူတစ်ပါးက လုပ်အားပေးသည့် အတွက် သူတစ်ပါး လုပ်ငန်းတွင်လည်း အတုံ့အပြန် အားဖြင့် မိမိက ပါဝင် လုပ်အား ပေးသည်
English:
contribute labour on a reciprocal basis (in a rural community)
Grammar Note:
ကြိယာ
လက်စာများ
[lɛʔsàmrá]
Arakanese:
ငွီကို အလွဲသုံးစား။ သုံးစွဲရေ။ အကျိုးမဲ့ ကုန်ဆုံးစီရေ
Burmese:
ငွေကို အလွဲသုံးစား။ သုံးစွဲသည်။ အကျိုးမဲ့ ကုန်ဆုံးစေသည်
English:
waste
Grammar Note:
ကြိယာ
လက်စားလိုက်
[lɛʔsálaɪʔ]
Arakanese:
ကိုယ့်လုပ်ငန်းမာ လူတိက လုပ်အားပီးသည့်အတွက် လူများ လုပ်ငန်းမာလည်း အတုံ့အပြန်အနိန်နန့် ကိုယ့်က ပါဝင် လုပ်အား ပီးရေ
Burmese:
မိမိလုပ်ငန်းတွင် သူတစ်ပါးက လုပ်အားပေးသည့်အတွက် သူတစ်ပါး လုပ်ငန်းတွင်လည်း အတုံ့အပြန်အားဖြင့် မိမိက ပါဝင် လုပ်အား ပေးသည်
English:
contribute labour on a reciprocal basis (in a rural community)
Grammar Note:
ကြိယာ
လက်စားသတ်
[lɛʔsáθaʔ]
Arakanese:
လုပ်ငန်း တခုတရီကို ပြီးစီးအာင် လုပ်ရေ
Burmese:
လုပ်ငန်း တစ်စုံတစ်ရာကို ပြီးစီးအာင် လုပ်သည်
English:
finish or complete sth
Grammar Note:
ကြိယာ
လက်စီခံ
[lɛʔsíkʰံ]
Arakanese:
အမှု သေးဖွဲလုပ်ကိုင်ပီးဖို့ နံဖီးမာ နီသူ။ အငှားသမား
Burmese:
အမှု သေးဖွဲလုပ်ကိုင်ပေးရန် အနီး၌ နေသူ။ အစေခံ
English:
[obs.] servant - domestic help
Grammar Note:
ကြိယာ