Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,381–1,400 of 1,963 words

    လ

    လူဖွားသရော

    [lùpʰWàθɹɔ́]
    သိပ်သည်းခြင်း မဟိအောင် ဝတ်စားသူ။ ၂၊ အချိုးအဆစ် ပြေပြစ်အောင် ဝဖြိုးသူ
    သိပ်သည်းခြင်း မယှိအောင် ဝတ်စားသူ။ ၂၊ အချိုးအဆစ် ပြေပြစ်အောင် ဝဖြိုးသူ
    stout - portly - bountiful
    နာမ်

    လူဗဖော်

    [lùbpʰɔ̀]
    လူတိကိုမာ အသာရယောင် အထာနပ်စွာ ကိုယ်ကျိုး အခွင့်အရီး ယူတတ်သူ
    သူတစ်ပါး အပေါ်တွင် အသာရအောင် ပါးနပ်စွာ ကိုယ်ကျိုး အခွင့်အရေး ယူတတ်သူ
    be shrewd
    နာမ်

    လူ့ဘောင်

    [lù့bʱàʊɴ]
    လူအချင်းချင်း ပေါင်းဖွဲ့ နီထိုင်ရာ အစုအဝီး။ အစုအဖွဲ့။ လူ့ဘဝ
    လူအချင်းချင်း ပေါင်းဖွဲ့ နေထိုင်ရာ အစုအဝေး။ အစုအဖွဲ့။ လူ့ဘဝ
    human society
    နာမ်

    လူမကျ

    [lùmt͡ɕ]
    (ဘောလုံး) ပွဲတော်မာ လူပရိတ်သတ်များ စည်ကား သိုက်မြိုက်စွာ လားရောက်ခြင်း မဟိသည်၏ အဖြစ် အေနှစ် ဘောလုံးပွဲမာ လူမကျ နည်းရေ (အရပ်)
    (ဘောလုံး) ပွဲတော်တွင် လူပရိတ်သတ်များ စည်ကား သိုက်မြိုက်စွာ သွားရောက်ခြင်း မယှိသည်၏ အဖြစ် အေနှစ် ဘောလုံးပွဲမှာ လူမကျ နည်းရေ (အရပ်)
    without teeming crowd
    နာမ်

    လူမမည်

    [lùmmɛ̀]
    အချေသူငယ်။ လူရီးလူရာ မရောက်သိမ့်သူ
    ကလေးသူငယ်။ လူရေးလူရာ မရောက်သေးသူ
    minor - child
    နာမ်

    လူမမာ

    [lùmmà]
    ရောဂါဝေဒနာ ခံစားနိန်ရသူ
    ရောဂါဝေဒနာ ခံစားနေရသူ
    person in poor health - invalid
    နာမ်

    လူမရယ်ဆန်း

    [lùmɹɛ̀sʰáɴ]
    မချမ်းသာကေလေ့ လူမရယ်ဆန်း မငတ်မွတ်ကေ ကျီဗျာယ် (အရပ်)
    မချမ်းသာကေလေ့ လူမရယ်ဆန်း မငတ်မွတ်ကေ ကျီဗျာယ် (အရပ်)
    the poor and the indigent
    ကြိယာဝိသေသန

    လူမရိုသီသျှင်မရိုသီ

    [lùmɹÒθíʃɪ̀ɴmɹÒθí]
    ရိုသေလေးစားခြင်း မဟိပဲ။ အရိုအသီမဲ့ ပြုဗျာယ်
    ရိုသေလေးစားခြင်း မယှိပဲ။ အရိုအသေမဲ့ ပြုလျက်
    without respectability
    ကြိယာဝိသေသန

    လူမသိသူမသိ

    [lùmθìθùmθì]
    လူသူ တယောက်တလီမျှ မသိပဲဗျာယ်။ (လူမသိသျှင်မသိ ဆိုပနာ သုံးနှုန်းကတ်တေ။
    လူသူ တစ်စုံတစ်ယောက်မျှ မသိပဲလျက်။ (လူမသိသျှင်မသိ ဟူ၍ သုံးနှုန်းကြသည်။
    none know
    ကြိယာဝိသေသန

    လူမဟောက်သူမဟောက်

    [lùmhɔ́ɛʔθùmhɔ́ɛʔ]
    ဆင်ခြင်းဉာဏ် ကင်းမဲ့သူ၊ အသိဉာဏ် ကင်းမဲ့သူကို ပြောဆိုရေ စကား။ (လူမဟောက် သျှင်မဟောက် လို့လေ့ သုံးနှုန်းကတ်သိမ့်ရေ။
    ဆင်ခြင်းဉာဏ် ကင်းမဲ့သူ၊ အသိဉာဏ် ကင်းမဲ့သူကို ပြောဆိုသော စကား။ (လူမဟောက် သျှင်မဟောက် ဟုလည်း သုံးနှုန်းကြသေးသည်။
    lack of consideration or realization
    နာမ်

    လူမိုက်

    [lùmaɪʔ]
    အသိဉာဏ် ဆင်ခြင်မှု ကင်းမဲ့သူ။ မိုက်မဲသူ
    အသိဉာဏ် ဆင်ခြင်မှု ကင်းမဲ့သူ။ မိုက်မဲသူ
    silly stupid person (street village) tough
    နာမ်

    လူများစု

    [lùmrásoʊ]
    တဖက်နန့် တဖက် လက်တွဲလျှင် အရွီအတွက် များရေ အဖက်ပါ လူစု
    တစ်ဖက်နှင့် တစ်ဖက် ယှဉ်တွဲလျှင် အရေအတွက် များသော အဖက်ပါ လူစု
    the majority
    နာမ်

    လူမျိုး

    [lùmró]
    ရိုးရာဓလိ၊ ဘာသာစကား၊ ယိုင်ကျေးမှု၊ အဆက်အနွယ် အစဟိစွာ တူညီ ဆင်းသက်လာရေ လူစု
    ရိုးရာဓလေ့၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အဆက်အနွယ် စသည် တူညီ သက်ဆင်းလာသော လူစု
    race - nationality nation (as in ~အတွက် အသက်လှူ) type (of people) - character
    နာမ်

    လူမျိုးကွဲ

    [lùmrókwɛ]
    လူမျိုးချင်းမတူ အယူခြားနားသော
    လူမျိုးချင်းမတူ အယူခြားနားသော
    person of a different race - person of a different nationality - a foreigner - alien
    နာမဝိသေသန

    လူမျိုးခြား

    [lùmrókʰɹá]
    နိုင်ငံချင်းမတူ ကိုယ့်နန့် ကွဲပြားသူ။ တိုင်းတပါးသား
    နိုင်ငံချင်းမတူ မိမိနှင့် ကွဲပြားသူ။ တိုင်းတစ်ပါးသား
    person of a different nationality - a foreigner - alien
    နာမ်

    လူမျိုးစု

    [lùmrósoʊ]
    စကားအားဖြင့် ကွဲပြားကေလေ့ ပွေလာဦး အခြီစိုက်ရာ ဖြစ်ရေ ဒေသမျိုးဆက်နန့် ဓလိထုံးစံ တူညီရေ လူမျိုး ပတ်ဝန်းကျင်
    စကားအားဖြင့် ကွဲပြားသော်လည်း အစအဦး အခြေစိုက်ရာ ဖြစ်သော ဒေသမျိုးဆက်နှင့် ဓလေ့ထုံးစံ တူညီသော လူမျိုး ပတ်ဝန်းကျင်
    ethnic group
    နာမ်

    လူမျိုးတစ်ရာ့တစ်ပါး

    [lùmrótɪʔɹa̰tɪʔpàး]
    မြန်မာမာ အယင်ခေါက်က ရွီတွက်လေ့ ဟိသော လူမျိုးပေါင်း အရွီအတွက်မာ သျှာမ်းမျိုး ၃ဝ၊ မြန်မာ ၇ မျိုး၊ မွန် ၃ မျိုး၊ ကုလား ၆၁ အစဟိစွာအနိန်နန့် ရွီတွက်ကတ်တေ။ ရခိုင်မာ သျှာမ်းမျိုး ၃ဝ၊ မြန်မာ ၇ မျိုး၊ မွန် ၄ မျိုး၊ ကုလား ၆ဝ အစဟိစွာအနိန်နန့် ရွီတွက်ကတ်တေ
    မြန်မာတွင် ရှေးယခင်က ရေတွက်လေ့ ယှိသော လူမျိုးပေါင်း အရေအတွက်မှာ သျှာမ်းမျိုး ၃ဝ၊ မြန်မာ ၇ မျိုး၊ မွန် ၃ မျိုး၊ ကုလား ၆၁ စသည်ဖြင့် ရေတွက်ကြသည်။ ရခိုင်တွင် သျှာမ်းမျိုး ၃ဝ၊ မြန်မာ ၇ မျိုး၊ မွန် ၄ မျိုး၊ ကုလား ၆ဝ စသည်ဖြင့် ရေတွက်ကြသည်
    general term for all the races of the world - use when count number of race
    နာမ်

    လူမျိုးရေး

    [lùmróɹé]
    လူမျိုးအားလုံးနန့် သက်ဆိုင်ရေ။ လူအများ ကိစ္စနန့်ဆိုင်ရေ
    လူမျိုးအားလုံးနှင့် သက်ဆိုင်သော။ လူအများ ကိစ္စနှင့်ဆိုင်သော
    racial
    နာမဝိသေသန

    လူမြင်ကတ်

    [lùmɹɪ̀ɴkaʔ]
    ကြည့်ရှုရန် နှစ်သက်ခြင်း မဟိ ဖြစ်တေ။ အမြင်ရ သန သလမိရေ
    ကြည့်ရှုရန် နှစ်သက်ခြင်း မယှိ ဖြစ်သည်။ အမြင်ရ ရွံရှာ စက်ဆုပ်သည်
    hate the sight of (someone) cannot bear or stand the sight of
    ကြိယာ

    လူမွီးစပ်

    [lùmwïsaʔ]
    ကိုယ့် လက်ညှိုး ထိုးပြရာကို နားထောင်ဇာသူ ပါဟိအောင် ပရိယာယ်ဖြင့် ကြံဆောင်ရေ။ သိမ်းသွင်းသည်
    မိမိ၏ လက်ညှိုး ထိုးပြရာကို နားထောင်မည်သူ ပါယှိအောင် ပရိယာယ်ဖြင့် ကြံဆောင်သည်။ သိမ်းသွင်းသည်
    mislead - deceive
    ကြိယာ