Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,401–1,420 of 1,963 words

    လ

    လူမှန်းမရ

    [lùm̥áɴmɹ]
    ဇာသူဇာဝါ ဆိုပနာ မသိနှိုင် ဖြစ်တေ။ သတိမိရေ
    မည်သူမည်ဝါ ဟူ၍ မသိနိုင် ဖြစ်သည်။ သတိမေ့သည်
    be too young to understand behave callously towards ones elders or betters be oblivious to the world (as in အမူးလွန်လို့~ဗျာယ်လားဝေ)
    နာမ်

    လူမှန်းမသိ

    [lùm̥áɴmθì]
    အမှတ်မရ ဖြစ်တေ။ မှတ်ဉာဏ် လျော့ပါးရေ။ ၂၊ အာရုံသိခြင်းက ကွင်းကွာသည်
    အမှတ်မရ ဖြစ်သည်။ မှတ်ဉာဏ် လျော့ပါးသည်။ ၂၊ အာရုံသိခြင်းမှ ကွင်းကွာသည်
    be too young to understand behave callously towards ones elders or betters be oblivious to the world (as in အမူးလွန်လို့~ဗျာယ်လားဝေ)
    ကြိယာ

    လူမှန်းသျှင်မှန်းမသိ

    [lùm̥áɴʃɪ̀ɴm̥áɴmθì]
    အမှတ်မရ ဖြစ်တေ။ မှတ်ဉာဏ် လျော့ပါးရေ။ ၂၊ အာရုံသိခြင်းက ကွင်းကွာသည်
    အမှတ်မရ ဖြစ်သည်။ မှတ်ဉာဏ် လျော့ပါးသည်။ ၂၊ အာရုံသိခြင်းမှ ကွင်းကွာသည်
    be too young to understand behave callously towards ones elders or betters be oblivious to the world (as in အမူးလွန်လို့~ဗျာယ်လားဝေ)
    ကြိယာ

    လူမှု

    [lùm̥oʊ]
    လူရို့၏ အကြောင်းကိစ္စ
    လူတို့၏ အကြောင်းကိစ္စ
    social duties and obligations
    နာမ်

    လူမှုရေး

    [lùm̥oʊɹé]
    လူရို့၏ အကြောင်းကိစ္စ
    လူတို့၏ အကြောင်းကိစ္စ
    social duties and obligations
    နာမ်

    လူယာနိုး

    [lùjànó]
    မမာ့က ကိုယ့်အား နောက်ပိုးချ နီမှန်းကို မသိပဲ။ နောက်ပိုးချနိန်ရေ ယောက်ျားအား ခေါ်သော စကားလုံး။ သူမသိကိုယ်ပိုး၊ လူယာနိုး
    မိန်းမက မိမိအား ပိုးပန်း နေမှန်းကို မသိပဲ။ ပိုးပန်းနေသော ယောက်ျားအား ခေါ်သော စကားလုံး။ သူမသိကိုယ်ပိုး၊ လူယာနိုး
    courtship
    နာမ်

    လူယုံတော်

    [lùjòʊɴtɔ̀]
    အထူး စိတ်ချ ယုံကြည်ရရေ သူ
    အထူး စိတ်ချ ယုံကြည်ရသော သူ
    trusted person of a high official
    နာမ်

    လူယုတ်တမာ

    [lùjoʊʔtmà]
    လူသားရို့ မပြုသင့် မပြုအပ်စွာကို ပြုလုပ်သူ။ ၂၊ အထဲလား ကောက်ကျစ်စွာ လူများ ပျက်စီးနစ်နာအောင် ပြုလုပ်သူ
    လူသားတို့ မပြုသင့် မပြုအပ်သည်ကို ပြုလုပ်သူ။ ၂၊ ကောက်ကျစ် စဉ်းလဲစွာ သူတစ်ပါး ပျက်စီးနစ်နာအောင် ပြုလုပ်သူ
    knave - rake - wicked and evil person
    နာမ်

    လူယုံသတ်

    [lùjòʊɴθaʔ]
    ကိုယ့် ယုံကြည် ထားရေ သူက ကိုယ့်အား အကျိုးမဲ့ ပြုသည်
    မိမိ ယုံကြည် ထားသော သူက မိမိအား အကျိုးမဲ့ ပြုသည်
    be betrayed by one’s trusted person or confidant
    ကြိယာ

    လူယောက်မ

    [lùjɔ́ɛʔm]
    လူအများ တက်ကြွစွာ ပါဝင်အောင် လှုပ်ရှားသူ။ လှုပ်ရှား တက်ကြွအောင် စိဆော်သူ။ မတည်မငြိမ်အောင် ဆူပူမှုဖြစ်ယောင် ပြုလုပ်သူ
    လူအများ တက်ကြွစွာ ပါဝင်အောင် လှုပ်ရှားသူ။ လှုပ်ရှား တက်ကြွအောင် စေ့ဆော်သူ။ မတည်မငြိမ်အောင် ဆူပူမှုဖြစ်အောင် ပြုလုပ်သူ
    urge
    နာမ်

    လူယောင်မပေါက်

    [lùjàʊɴmpaʊʔ]
    လနှမ်းနှမ်းပဲ အရီးအရာမာ မပါဝင်ရေ အဖြစ် အနေသို့ ရောက်နီရေ။ ငါရို့ညီနောင်၊ ဇမ္ဗူဘောင်မာ၊ လူယောင်မပေါက် (ရာမ)
    လူရာမဝင်ပဲ အရေးအရာတွင် မပါဝင်သည့် အဖြစ် အနေသို့ ရောက်နေသည်။ ငါတို့ညီနောင်၊ ဇမ္ဗူဘောင်မှာ၊ လူယောင်မပေါက် (ရာမ)
    not attain social acceptance - not attain social standing
    ကြိယာ

    လူရင်း

    [lùɹɪ́ɴ]
    ရိုးဖြောင့်၍ စိတ်ထား ကောင်းမြတ်သူ။ မိတ်ရင်း၊ ဆွေရင်း၊ ခင်မင် ရင်းနှီးသူ
    ရိုးဖြောင့်၍ စိတ်ထား ကောင်းမြတ်သူ။ မိတ်ရင်း၊ ဆွေရင်း၊ ခင်မင် ရင်းနှီးသူ
    sb one can trust and rely on
    နာမ်

    လူရည်ထက်

    [lùɹɛ̀tʰɛʔ]
    အရာ သူတယောက်တလီထက် အရည်အခြင်း အရီးရာသော
    အခြား သူတစ်စုံတစ်ယောက်ထက် အရည်အချင်း အရေးသာသော
    be better than other in social dealings
    နာမဝိသေသန

    လူရည်ဝ

    [lùɹɛ̀w]
    လူရို့နန့် ဆက်ဆံနီကျ ဖြစ်ပနာ တတ်သိ နားလည်ရေ။ အတွိအကြုံတိစွာ
    လူတို့နှင့် ဆက်ဆံနေကျ ဖြစ်၍ တတ်သိ နားလည်သည်။ အတွေ့အကြုံများသည်
    worldly wise - sophisticated
    ကြိယာ

    လူရတတ်

    [lùɹtaʔ]
    လူရတတ်
    လူရတတ်
    well-to-do person
    နာမ်

    လူရာ

    [lùɹà]
    လူမျိုးဇာတ်နွယ်မှ ပေါက်ဖွားသော သတ္တဝါ။ ငါသည်ပင်လေ၊ အသင်ရို့တူ၊ လူရာတယောက်၊ ငါ့ကိုပင်လေ၊ သင်မထီနန့် (ဂုတ္တိလ)
    လူမျိုးဇာတ်နွယ်မှ ပေါက်ဖွားသော သတ္တဝါ။ ငါသည်ပင်လေ၊ အသင်တို့တူ၊ လူရာတစ်ယောက်၊ ငါ့ကိုပင်လေ၊ သင်မကြောက်နှင့် (ဂုတ္တိလ)
    human
    နာမ်

    လူရာဝင်

    [lùɹàwɪ̀ɴ]
    လူမှု ဆက်ဆံရီး အသိုင်းအဝိုင်းမာ အရီးပါဝင်ရေ အဖြစ်သို့ ရောက်ရေ
    လူမှု ဆက်ဆံရေး အသိုင်းအဝိုင်းတွင် အရေးပါဝင်သော အဖြစ်သို့ ရောက်သည်
    attain social acceptance - attainsocial standing - be somebody
    ကြိယာ

    လူရာသွင်း

    [lùɹàθwɪ́ɴ]
    လူမှု ဆက်ဆံရီး လောကမာ အရီး တယူ ပြုသည်
    လူမှု ဆက်ဆံရေး လောကတွင် အရေး တယူ ပြုသည်
    extend social recognition to sb
    ကြိယာ

    လူရိုးကြီး

    [lùɹót͡ɕï]
    စိတ်ထား ကောင်းမြတ်၍ ရိုးဖြောင့်သောသူ
    စိတ်ထား ကောင်းမြတ်၍ ရိုးဖြောင့်သောသူ
    honest and upright person - simple person
    နာမ်

    လူရိုးလူအ

    [lùɹólùʔ]
    လူများ မျက်နှာပိုး စစွာကို အရိပ်မကျမိပဲ။ ကိုယ့်ဘာသာ အအီးသသာစွာ ပြုလုပ် နီထိုင်တတ်သူ။ ၂၊ အကြားအမြင် နည်းပါးဗျာယ် ရိုးသားစွာ လုပ်ကိုင် စားသောက်သူ
    သူတစ်ပါး အရိပ်အကဲ စသည်ကို မရိပ်စားမိပဲ။ မိမိဘာသာ အေးဆေးစွာ ပြုလုပ် နေထိုင်တတ်သူ။ ၂၊ အကြားအမြင် နည်းပါးလျက် ရိုးသားစွာ လုပ်ကိုင် စားသောက်သူ
    naive or artless person
    နာမ်