Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,421–1,440 of 1,963 words

    လ

    လူရုပ်မပေါက်

    [lùɹoʊʔmpaʊʔ]
    ရုပ်ဆင်း သွင်ပြင် ညှိုးခြောက် ပိန်ခြုံးဗျာယ်။ စိုပြေ လန်းဆန်းခြင်း မဟိပဲ။ ၂၊ ဆင်းရဲ ချူချာဗျာယ်။ ခန္ဓာနွမ်းကာ၊ ပင်ပန်းလှလို့၊ ခါးကသားငယ်၊ ရင်ဝယ်ဖက်အုပ်၊ အသာသာလေ၊ ခန္ဓာလှုပ်ရို့၊ လူရုပ်မပေါက် (ဂုတ္တိလ)
    ရုပ်ဆင်း သွင်ပြင် ညှိုးခြောက် ပိန်ချုံးလျက်။ စိုပြေ လန်းဆန်းခြင်း မယှိပဲ။ ၂၊ ဆင်းရဲ ချူချာလျက်။ ခန္ဓာနွမ်းကာ၊ ပင်ပန်းလှလို့၊ ခါးကသားငယ်၊ ရင်ဝယ်ဖက်အုပ်၊ အသာသာလေ၊ ခန္ဓာလှုပ်တို့၊ လူရုပ်မပေါက် (ဂုတ္တိလ)
    skinny
    ကြိယာဝိသေသန

    လူရေးကိစ္စ

    [lùɹékìsɪ́sə]
    လူနန့် သက်ဆိုင်ရေ အကြောင်းကိစ္စ
    လူနှင့် သက်ဆိုင်သော အကြောင်းကိစ္စ
    matters concerning social dealings
    နာမ်

    လူရေးပြ

    [lùɹépɹ]
    ကိုယ့် စွမ်းရည်သတ္တိကို အခါအနိန်နန့် လူများ သိမြင်ယောင် ပြုသည်
    မိမိ၏ စွမ်းရည်သတ္တိကို အခါအားလျော်စွာ သူတစ်ပါး သိမြင်အောင် ပြုသည်
    show off oneself
    ကြိယာ

    လူရေးလူရာ

    [lùɹélùɹà]
    လူနန့် သက်ဆိုင်ရေ အကြောင်းကိစ္စ
    လူနှင့် သက်ဆိုင်သော အကြောင်းကိစ္စ
    matters concerning social dealings
    နာမ်

    လူရောင်ပြ

    [lùɹàʊɴpɹ]
    တယောက်ယောက် မြင်သာယောင် လူအနိန်အထား အရိပ်အခြည် ပြရေ
    တစ်စုံတစ်ဦး မြင်သာအောင် လူအနေအထား အရိပ်အခြည် ပြသည်
    show sign - show indication - show demeanour
    ကြိယာ

    လူးရွန့်

    [lùးɹʊ̀ɴ့]
    ကိုယ်ခန္ဓာကို စိကေချေ တွန့်ခါ လှုပ်ရှားသည်
    ကိုယ်ခန္ဓာကို အနည်းငယ် တွန့်ခါ လှုပ်ရှားသည်
    wrinkle - shrink
    ကြိယာ

    လူရွယ်

    [lùɹwɛ̀]
    လူငယ်နန့် လူလတ် အကြား အရွယ်ဟိသူ
    လူငယ်နှင့် လူလတ် အကြား အရွယ်ယှိသူ
    young man
    နာမ်

    လူလင်လုပ်

    [lùlɪ̀ɴloʊʔ]
    (နမူနာ) ကိုယ်စိတ် မငြိမ်မသက် လှုပ်ယှားဗျာယ်။ တစုံတရာ ပြုမှုပြောဆိုဖို့ စိတ်အား ထက်သန်ဗျာယ်
    (ဥပမာ) ကိုယ်စိတ် မငြိမ်မသက် လှုပ်ရှားလျက်။ တစ်စုံတရာ ပြုမှုပြောဆိုရန် စိတ်အား ထက်သန်လျက်
    active
    ကြိယာ

    လူလည်

    [lùlɛ̀]
    အထာနပ် တတ်ကျွမ်းစွာ လည်ဝယ်သူ
    ပါးနပ် ကျွမ်းကျင်စွာ လည်ဝယ်သူ
    slicker - astute person
    နာမ်

    လူလည်းမဟောက်သူလည်းမဟောက်

    [lùlɛ́mhɔ́ɛʔθùlɛ́mhɔ́ɛʔ]
    ထူးခြားရေ ဘဝ အနေ အစွမ်းသတ္တိ တမျိုးမျိုး မဟိသူ။ အများနည်းတူ အခြီအရဲမျိုး မဟိသူ
    ထူးခြားသည့် ဘဝ အနေ အစွမ်းသတ္တိ တမျိုးမျိုး မယှိသူ။ အများနည်းတူ အခြေအနေမျိုး မယှိသူ
    not equally
    နာမ်

    လူလည်းမဟောက်သျှင်လည်းမဟောက်

    [lùlɛ́mhɔ́ɛʔʃɪ̀ɴlɛ́mhɔ́ɛʔ]
    ထူးခြားရေ ဘဝ အနေ အစွမ်းသတ္တိ တမျိုးမျိုး မဟိသူ။ အများနည်းတူ အခြီအရဲမျိုး မဟိသူ
    ထူးခြားသည့် ဘဝ အနေ အစွမ်းသတ္တိ တမျိုးမျိုး မယှိသူ။ အများနည်းတူ အခြေအနေမျိုး မယှိသူ
    not equally
    နာမ်

    လူလည်လုပ်

    [lùlɛ̀loʊʔ]
    တခုတရီသော အကြောင်းအရာ စစွာကို မှီပြီးကေ ကိုယ့်အကျိုးအတွက် အမြတ် ထုတ်ရေ။ ကြိုးပမ်းသည်
    တစ်စုံတစ်ခုသော အကြောင်းအရာ စသည်ကို မှီ၍ မိမိအကျိုးအတွက် အမြတ် ထုတ်သည်။ ကြိုးပမ်းသည်
    act clever - practice one-upmanship
    ကြိယာ

    လူလတ်ပိုင်း

    [lùlaʔpáɪɴ]
    လူငယ်နန့် လူကြီးကြား အရွယ်ဟိသူ
    လူငယ်နှင့် လူကြီးကြား အရွယ်ရှိသူ
    middle aged person
    နာမ်

    လူးလာ

    [lùးlà]
    ယင်းကနိန် ယပိုင်မှ သွားခြည် လာခြည် ပြုသည်
    ထိုမှ ဤမှ သွားချည် လာချည် ပြုသည်
    to and fro
    ကြိယာ

    လူးလာခတ်

    [lùးlàkʰaʔ]
    အခေါက်ခေါက် အလီလီ လားတုံလာတုံ ပြုသည်
    အကြိမ်ကြိမ် အလီလီ သွားချည်လာချည် ပြုသည်
    shuttle - oscillate
    ကြိယာ

    လူးလာတုံ့ခေါက်

    [lùးlàto̰ʊɴkʰaʊʔ]
    ပိုင်အပြန်၊ အခေါက်ခေါက် အလီလီအနိန်နန့်
    အသွားအပြန်၊ အကြိမ်ကြိမ် အလီလီ အားဖြင့်
    to and fro - back and forth
    ကြိယာဝိသေသန

    လူလားမြောက်

    [lùlámɹɔ́ɛʔ]
    အရွယ် ရောက်ရေ။ ကိုယ့်ဘဝကို ကိုယ့်ရပ်တည် နိုင်စွမ်းဟိသော အခြီသို့ ရောက်ဟိရေ။ ကြီးမြင့်ရွယ်ရောက်၊ လူလားမြောက်သော် (ထွန်းတိ)
    အရွယ် ရောက်သည်။ မိမိဘဝကို မိမိရပ်တည် နိုင်စွမ်းယှိသော အခြေသို့ ရောက်ယှိသည်။ ကြီးမြင့်ရွယ်ရောက်၊ လူလားမြောက်သော် (ထွန်းတိ)
    come of age
    ကြိယာ

    လူလားလူလာ

    [lùlálùlà]
    နီရာ တခုခုမာ ကူးသန်း လားလာရေ လူအများ
    နေရာ တစ်ခုခုတွင် ကူးသန်း သွားလာသော လူအများ
    traffic in general - pedestrian traffic
    နာမ်

    လူလိမ္မာ

    [lùlìm̪a̰m̪a̰à]
    လူမှု ကျင့်ဝတ်ကို နားလည်သူ။ ၂၊ အပြစ် ကင်းစင်အောင် နီတတ်သူ
    လူမှု ကျင့်ဝတ်ကို နားလည်သူ။ ၂၊ အပြစ် ကင်းစင်အောင် နေတတ်သူ
    person of good character
    နာမ်

    လူလိမ်

    [lùlèɪɴ]
    လှည့်စား ညာဝါး တတ်သူ။ မရိုးမသား ပြုမူ ဆက်ဆံတတ်သူ
    လှည့်စား ညာဝါး တတ်သူ။ မရိုးမသား ပြုမူ ဆက်ဆံတတ်သူ
    crook - swindler - cheat - confidence trickster
    နာမ်