Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,441–1,460 of 1,963 words

    လ

    လူးလိမ့်

    [lùးlḛɪɴ]
    တနီရာမှ တနီရာသို့ မတည်မငြိမ် တိမ်စောင်း လှုပ်ရှားသည်
    တစ်နေရာမှ တစ်နေရာသို့ မတည်မငြိမ် တိမ်စောင်း လှုပ်ရှားသည်
    (of ships and aircraft) be pitching and tossing - be yawing (of living things) toss and roll
    ကြိယာ

    လူလိမ်လူကောက်

    [lùlèɪɴlùkɔ́ɛʔ]
    လှည့်စား ညာဝါး တတ်သူ။ မရိုးမသား ပြုမူ ဆက်ဆံတတ်သူ
    လှည့်စား ညာဝါး တတ်သူ။ မရိုးမသား ပြုမူ ဆက်ဆံတတ်သူ
    crook - swindler - cheat - confidence trickster
    နာမ်

    လူလိုသူလို

    [lùlÒθùlÒ]
    ထိုက်တန်သော လူတယောက် အနိန်နန့်
    ထိုက်တန်သော လူတစ်ယောက် အနေဖြင့်
    worth person
    ကြိယာ

    လူလုံးကိုယ်ပေါက်

    [lùlóʊɴkÒɛ̀paʊʔ]
    ကိုယ်ခန္ဓာ၏ အချိုးအစား အခြီအရဲ
    ကိုယ်ခန္ဓာ၏ အချိုးအစား အခြေအနေ
    body structure - physique
    နာမ်

    လူလုပ်

    [lùloʊʔ]
    ကိုယ့်ဘဝကို ကိုယ့် အခြီတကျ ရပ်တည် အသက်မွီးရေ။ ၂၊ လူဝတ်ကြောင် ဘဝနန့် အသက်မွီး နီထိုင်ရေ။ လူဝတ်ကြောင်ဘဝနန့် လူလုပ်ဖို့ ပျင်ရေရာသိ (အရပ်)
    မိမိဘဝကို မိမိ အခြေတကျ ရပ်တည် အသက်မွေးသည်။ ၂၊ လူဝတ်ကြောင် ဘဝနှင့် အသက်မွေး နေထိုင်သည်။ လူဝတ်ကြောင်ဘဝနန့် လူလုပ်ဖို့ ပျင်ရေရာသိ (အရပ်)
    lead a life decent enough to be accepted by society (as in ရှေ့မှာ~ဖို့အများကြီး ရှိရေ) uphold ones dignity and integrity (as in ဇွဲ၊ လုံ့လနန့်~စွာ။)
    ကြိယာ

    လူ့လောက

    [lù့lɔ́k]
    လူအချင်းချင်း ပေါင်းဖွဲ့ နီထိုင်ရာ အစုအဝီး။ အစုအဖွဲ့။ လူ့ဘဝ
    လူအချင်းချင်း ပေါင်းဖွဲ့ နေထိုင်ရာ အစုအဝေး။ အစုအဖွဲ့။ လူ့ဘဝ
    human society
    နာမ်

    လူးလဲ

    [lùးlɛ]
    ကြမ်းပြင် တစုံတရာမာ ကိုယ်ကို အပြန်ပြန် လှိမ့်ရေ။ ဖခင်ကို ဂုပီးလတ်ဟု၊ လူးလဲကာ ငိုပနာပေ (ဗမာချီ)
    ကြမ်းပြင် တစ်စုံတရာ၌ ကိုယ်ကို အပြန်ပြန် လှိမ့်သည်။ ဖခင်ကို ဂုပီးလတ်ဟု၊ လူးလဲကာ ငို၍ပေ (ဗမာချီ)
    roll
    ကြိယာ

    လူးလဲထ

    [lùးlɛtʰ]
    ကြမ်းပြင် တစုံတရာမာ ကိုယ်ကို အပြန်ပြန် လှိမ့်၍ ထသည်
    ကြမ်းပြင် တစ်စုံတရာ၌ ကိုယ်ကို အပြန်ပြန် လှိမ့်၍ ထသည်
    (from a prone position) get on ones feet unsteadily and with effort - roll about and get up
    ကြိယာ

    လူလွတ်

    [lùlwaʔ]
    တစုံတရာ အလုပ် တာဝန် သီးသန့်မဟိ။ ၂၊ အိမ်ထောင်မဲ့ တကိုယ်တည်း သမား။ ၃၊ အရွီအတွက်မာ မပါဝင်ရေ အရာသူ
    တစ်စုံတရာ အလုပ် တာဝန် သီးခြားမယှိ။ ၂၊ အိမ်ထောင်မဲ့ တစ်ကိုယ်တည်း သမား။ ၃၊ အရေအတွက်တွင် မပါဝင်သော အခြားသူ
    unmarried person person at large
    နာမ်

    လူလွန်

    [lùlʊ̀ɴ]
    အိုမင်း ရင့်ရော်၍ လုပ်ကိုင်နိုင်စွမ်း မဟိသော
    အိုမင်း ရင့်ရော်၍ လုပ်ကိုင်နိုင်စွမ်း မယှိသော
    old person - the aged - married man
    နာမဝိသေသန

    လူးလှိမ့်

    [lùးɬḛɪɴ]
    ကိုယ်ခန္ဓာကို ဇာညာ စောင်းလှည့်ပနာ ပြောင်းပြန် ပြုသည်
    ကိုယ်ခန္ဓာကို ဘယ်ညာ စောင်းလှည့်၍ ပြောင်းပြန် ပြုသည်
    (of ships and aircraft) be pitching and tossing - be yawing (of living things) toss and roll
    ကြိယာ

    လူလှောင်

    [lùɬàʊɴ]
    ရွှတ်နောက် ကြီစပ်တတ်သူ။ ရုပ်ဝါနတ်ယောင်၊ ငယ်ကြင်စစ်ကေ၊ မေချစ်မောင်ထက်၊ လူလောင်းာင်ယောက်ျား၊ ငါ့အသားကို၊ ထိငြားဧကန်၊ ဓိဌာန်ပြန်ကေ၊ ကြွီပြန်ဦးခေါင် (ကော်)
    ရွှတ်နောက် ကျီစယ်တတ်သူ။ ရုပ်ဝါနတ်ယောင်၊ ငယ်ကြင်စစ်ကေ၊ မေချစ်မောင်ထက်၊ လူလှောင်ယောက်ျား၊ ငါ့အသားကို၊ ထိငြားဧကန်၊ ဓိဌာန်ပြန်ကေ၊ ကြွေပြန်ဦးခေါင် (ကော်)
    jester - comic - clown
    နာမ်

    လူဝံ

    [lùwံ]
    ကိုယ်ခန္ဓာလူနန့် တူညီ နီးစပ်၍ အမွီးရှည်ပြီး မျိုးက်နန့် တူသော ရပ်ပနာ လားနှိုင်ရေ သတ္တဝါ တမျိုး
    ကိုယ်ခန္ဓာလူနှင့် တူညီ နီးစပ်၍ အမွေးရှည်ပြီး မျောက်နှင့် တူသော ရပ်၍ သွားနိုင်သည့် သတ္တဝါ တစ်မျိုး
    ape
    နာမ်

    လူဝင်စား

    [lùwɪ̀ɴsá]
    တဦးတယောက် သီဆုံး ပြီးကေ တဖန် လူ့ဘဝသို့ ပြန်ဖြစ်ပနာ မွီးဖွားရေလို့ ယူဆရသူ။ (အတိတ် ဘဝဟောင်းကို အနည်းအပါး ပြန်ပနာ ပြောပြနိူင်စွမ်း ဟိသူ။
    တစ်ဦးတစ်ယောက် သေဆုံး ပြီးနောက် တစ်ဖန် လူ့ဘဝသို့ ပြန်ဖြစ်၍ မွေးဖွားသည်ဟု ယူဆရသူ။ (အတိတ် ဘဝဟောင်းကို အနည်းအပါး ပြန်လည် ပြောပြနိုင်စွမ်း ယှိသူ။
    person reincarnate
    နာမ်

    လူဝင်ဆံ့

    [lùwɪ̀ɴsʰံ့]
    ပေါင်းသင်း ဆက်ဆံတတ်ရေ အရည်အခြင်း ဟိသူ
    ပေါင်းသင်း ဆက်ဆံတတ်သော အရည်အချင်း ယှိသူ
    be a good mixer
    နာမ်

    လူဝင်လူထွက်

    [lùwɪ̀ɴlùtʰwɛʔ]
    တနိုင်ငံမှ တနိုင်ငံသို့ အပြန်အလှန် ဝင်ထွက် လားလာ နိုင်ခြင်း။ ဝင်ထွက် လားလာသူ
    တစ်နိုင်ငံမှ တစ်နိုင်ငံသို့ အပြန်အလှန် ဝင်ထွက် သွားလာ နိုင်ခြင်း။ ဝင်ထွက် သွားလာသူ
    immigration and emigration - comings and goings
    နာမ်

    လူ့ဝတ္တရား

    [lù့wt̪t̪a̰ɹá]
    လူအချင်းချင်း ဆက်ဆံရာမာ စောင့်စည်း လိုက်နာ အပ်ရေ ပြုကျင့် ပြောဆိုဖွယ်
    လူအချင်းချင်း ဆက်ဆံရာတွင် စောင့်စည်း လိုက်နာ အပ်သော ပြုကျင့် ပြောဆိုဖွယ်
    ethics - morals - rules of conduct
    နာမ်

    လူဝတ်

    [lùwaʔ]
    ရသေ့၊ ရဟန်း၊ မောင်သျှင်၊ သူတော်၊ သူတော်မ စရေ သာသနာ ဝန်ထမ်း မဟုတ်ရေ လူအဖြစ်
    ရသေ့၊ ရဟန်း၊ သာမဏေ၊ ဘိုးသူတော်၊ သီလရှင် စသည့် သာသနာ ဝန်ထမ်း မဟုတ်သော လူအဖြစ်
    layman’s garb (as opposed to ရဟန်းဝတ်) - civilian clothes layman
    နာမ်

    လူဝတ်စား

    [lùwaʔsá]
    ရသေ့၊ ရဟန်း အစဟိစွာပိုင် ဖန်ရည်ဆိုး သင်္ကန်း၊ ယောဂီဝတ် အစဟိစွာ မဟုတ်ဘဲ၊ ရိုးရိုး အထည် ဝတ်ဆင်သော သာမန်သူ
    ရသေ့၊ ရဟန်း စသည်ကဲ့သို့ ဖန်ရည်ဆိုး သင်္ကန်း၊ ယောဂီဝတ် စသည် မဟုတ်ပဲ၊ ရိုးရိုး အထည် ဝတ်ဆင်သော သာမန်သူ
    motley garb of layman
    နာမ်

    လူဝါကျယ်

    [lùwàt͡ɕɛ̀]
    မဟုတ်မမှန် ပြောဆိုရေ စကား။ ဝါ အကွန်ဆောင်ခြင်း
    မဟုတ်မမှန် ပြောဆိုသော စကား။ လိမ်လည် ဟန်ဆောင်ခြင်း
    tell a lie - cheat
    နာမ်