Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,501–1,520 of 1,963 words

    လ

    လေးစပ်လေးဟပ်

    [lésaʔléhaʔ]
    အရောင်လေးမျိုးကို စပ်၍ ခြုပ်လုပ်ထားရေ အဝတ်ဆင်ကို ဝတ်ဆင်သည်
    အရောင်လေးမျိုးကို စပ်၍ ချုပ်လုပ်ထားသော အဝတ်ဆင်ကို ဝတ်ဆင်သည်
    joker
    ကြိယာ

    လေးစား

    [lésá]
    ကြည်ညို မြတ်နိုးစွာ ဆက်ဆံရေ။ အလီး ထားရေ။ ရိုသေ မြတ်နိုး လောက်သော ပုဂ္ဂိုလ်အဖြစ် ထင်မြင် ယူဆသည်
    ကြည်ညို မြတ်နိုးစွာ ဆက်ဆံသည်။ အလေး ထားသည်။ ရိုသေ မြတ်နိုး လောက်သော ပုဂ္ဂိုလ်အဖြစ် ထင်မြင် ယူဆသည်
    respect - revere - have respect for
    ကြိယာ

    လေးညှင်း

    [léɲ̯ɪ́ɴ]
    ဆီးဖက်မာ သုံးရေ အပူပိုင်း ဒေသမာ ပေါက်ရောက်သော အပင်ကြီး တမျိုး
    ဆေးဖက်တွင် သုံးသည့် အပူပိုင်း ဒေသတွင် ပေါက်ရောက်သော သစ်ပင်ကြီး တစ်မျိုး
    clove Syzygium aromaticum
    နာမ်

    လေးညှင်းပွင့်

    [léɲ̯ɪ́ɴpwɪ̰ɴ]
    ဆီးဖက်ဝင်ရေ လီညှင်းပင်၏ အပွင့်
    ဆေးဖက်ဝင်သော လေညှင်းပင်၏ အပွင့်
    clove
    နာမ်

    လေးညှို့

    [léɲ̯o̰]
    လောင်းးကိုင်း၏ အစွန်းတဖက် တချက်စီမာ တင်းကြပ်စွာ ချိုင်နှောင် ထိန်းထားရေ ကြိုး
    လေးကိုင်း၏ အစွန်းတစ်ဘက် တစ်ချက်စီတွင် တင်းကြပ်စွာ ချည်နှောင် ထိန်းထားသော ကြိုး
    bowstring [maths.] chord
    နာမ်

    လေးတင်

    [létɪ̀ɴ]
    လောင်းးကြိုးကို ဆွဲပနာ သျှေကို ပစ်ရန် အဆင်သင့် ဖြစ်ယောင် ပြုသည်
    လေးကြိုးကို ဆွဲ၍ လေးကို ပစ်ရန် အဆင်သင့် ဖြစ်အောင် ပြုသည်
    string a bow draw the string of a bow - bend a bow
    ကြိယာ

    လေးတင်ပွဲ

    [létɪ̀ɴpwɛ]
    လေးအတတ် စွမ်းရည် ပြသရေပွဲ
    လေးအတတ် စွမ်းရည် ပြသသည့်ပွဲ
    exhibition of skill in archery
    နာမ်

    လေတာရီ

    [lètàɹí]
    မကောင်းဆိုးရွားသော အရာဝတ္တု အစဟိစွာ
    မကောင်းဆိုးရွားသော အရာဝတ္တု စသည်
    evil spirits thing
    နာမ်

    လေးတိုင်စင်

    [létàɪɴsɪ̀ɴ]
    တိုင်လေးချောင်းကို အခြီခံ စိုက်ထူ၍ ဆောက်လုပ်ထားရေ စင်မြင့်။ လေးတိုင်စင် ယင်းပုခွက်မာ မိခင်လွဲမည် (တေး)
    တိုင်လေးချောင်းကို အခြေခံ စိုက်ထူ၍ ဆောက်လုပ်ထားသော စင်မြင့်။ လေးတိုင်စင် ယင်းပုခွက်မှာ မိခင်လွဲမည် (တေး)
    high platform on four posts
    နာမ်

    လေတီလေတာ

    [lètílètà]
    အချိန်ကာလ ကြန့်ကြာနှောင့်နှေး စီရေ။ အချိန်ဆွဲရေ
    အချိန်ကာလ ကြန့်ကြာနှောင့်နှေး စေသည်။ အချိန်ဆွဲသည်
    prolong
    ကြိယာ

    လေတီလေတာ၂

    [lètílètà၂]
    ဆင်ခြီ ဆင်လက် ထူစွာ
    ဆင်ခြေ ဆင်လက် ထူစွာ
    so excuse
    ကြိယာဝိသေသန

    လေးထောင့်

    [létʰɔ́ɪ̰ɴ]
    အဒေါင့်လေးခု ပါဟိသောပုံ
    အထောင့်လေးခု ပါယှိသောပုံ
    rectangle - square
    နာမ်

    လေးထောင့်စပ်စပ်

    [létʰɔ́ɪ̰ɴsaʔsaʔ]
    အနားလေးဖက်ညီ ဒေါင့်မှန်ပါဟိသော စတုရန်း ပုံစံ။ လေးဒေါင့်စပ်စပ် နင့်မျက်နှာမာ၊ ငါ့စွာဟပ် (ပန်းဝှက်)
    အနားလေးဖက်ညီ ထောင့်မှန်ပါယှိသော စတုရန်း ပုံစံ။ လေးထောင့်စပ်စပ် နင့်မျက်နှာမှာ၊ ငါ့ဟာဟပ် (ပန်းဝှက်)
    prefect square
    နာမ်

    လေးနက်

    [lénɛʔ]
    အရီးထား လောက်ဖွယ် အခြီဟိသော။ နနောင်းသော အဘောဟိသော
    အရေးထား လောက်ဖွယ် အခြေယှိသော။ ခိုင်မာသော အဘောယှိသော
    worthy of serious consideration - weighty - deep - profound
    နာမဝိသေသန

    လေးပင်

    [lépɪ̀ɴ]
    ထိုင်းမှိုင်း ဖင်နွှဲသော
    လေးလံ ဖင်နွှဲသော
    slow - heavy (as in လားစွာလာစွာ~-) zestful - tangy (as in ချဉ်ဟင်းကို ငါးပိထည့်မှ အရာသာ~-)
    နာမဝိသေသန

    လေးပင်

    [lépɪ̀ɴ]
    ဝင်ချိန်များရေ။ အားနန့် မတန်အောင် အလီးချိန် ဟိသော
    ဝင်ချိန်များသော။ အားနှင့် မတန်အောင် အလေးချိန် ယှိသော
    heavy
    နာမဝိသေသန

    လေးပင်တိုင်အိမ်

    [lépɪ̀ɴtàɪɴʔèɪɴ]
    တိုင်လေးတိုင် အခန်းသုံးခန်းဟိ အိမ်
    တိုင်လေးတိုင် အခန်းသုံးခန်းယှိ အိမ်
    house with four posts on the façade (thus having three spans between the posts)
    နာမ်

    လေးပို

    [lépÒ]
    ညဉ့်ကာလ၏ အပိုင်းအရာ။ (ညဉ့်ဦး၊ သိုင်ခေါင်၊ သန်းလွဲ၊ မိုးသောက် ဆိုပနာ လေးပိုဟိရေ။) ညဉ့်လေးပိုမာ တပိုမအိပ်၊ ရွှီနို့သျှင်၊ မိခင်သိပ်ကေ၊ အိပ်ပါငါးသား (ဂုတ္တိလ)
    ညဉ့်ကာလ၏ အပိုင်းအခြား။ (ညဉ့်ဦး၊ သန်းခေါင်း၊ သန်းလွဲ၊ မိုးသောက် ဟူ၍ လေးပိုယှိသည်။) ညဉ့်လေးပိုမှာ တစ်ပိုမအိပ်၊ ရွှီနို့သျှင်၊ မိခင်သိပ်ကေ၊ အိပ်ပါငါးသား (ဂုတ္တိလ)
    night
    နာမ်

    လေးပိုရှုပ်

    [lépÒʃoʊʔ]
    နိကာလ၏ အပိုင်းခြား။ (တရက်မာ နီထွက်မှ နီတဝင် လေးပိုဟိရာ နောက်ဆုံးပိုင်း ဖြစ်ရေ ပိုကို ခေါ်ရေ။) နောက်ထပ် အဂေါင့်၊ လေးပိုရုပ်၍၊ နီမိုက်ညရောက်ပြန်က (ကုသတု)။ (လေးပိုချုပ်၊ လေးပိုရှုပ် ဆိုပနာလည်း သုံးနှုန်းကသိရေ။
    နေ့ကာလ၏ အပိုင်းခြား။ (တစ်နေ့တွင် နေထွက်မှ နေဝင်ထိ လေးပိုယှိရာ နောက်ဆုံးပိုင်း ဖြစ်သော ပိုကို ခေါ်သည်။) တဖန် အဟုတ်၊ လေးပိုရုပ်၍၊ မိုးချုပ်ညရောက်ပြန်က (ကုသတု)။ (လေးပိုချုပ်၊ လေးပိုရှုပ် ဟူ၍လည်း သုံးနှုန်းကသေးသည်။
    day
    နာမ်

    လေးပေါင်ပဲ့

    [lépèàɪ̀ɴpé]
    သားသမီးများ မိုက်မဲရေအခါ မိဖတိက ကရုဏာ ဒေါသနန့် ကြမ်းတမ်းစွာ ဆဲရဲခြင်း (အရပ်)
    သားသမီးများ မိုက်မဲသည့်အခါ မိဖများက ကရုဏာ ဒေါသဖြင့် ကြမ်းတမ်းစွာ ဆဲရဲခြင်း (အရပ်)
    scold
    နာမ်