Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,561–1,580 of 1,963 words

    လ

    လောကသမုတ္တိ

    [lɔ́kθmoʊt̪t̪a̰ì]
    ဟိကမ္ဘာ့ လဆန်း ၁ ရက်နိကပင် လူရို့ အသိအမှတ် ပြုထားခရေ တောတောင် ရီမြီ တိရစ္ဆာန် ထုံးဓလိ့ ယိုင်ကျေးမှု စရေ လောကရီးရာ အခေါ် အဝေါ် ပညတ်။ ၂၊ ယင်း လောက ရီးရာကို ပြဆို ထားခရေ (လောကသမုတ္တိ) ကျမ်း
    ရှေ့ကမ္ဘာ့ လဆန်း ၁ ရက်နေ့ကပင် လူတို့ အသိအမှတ် ပြုထားခဲ့သော တောတောင် ရေမြေ တိရစ္ဆာန် ထုံးဓလေ့ ယဉ်ကျေးမှု စသည့် လောကရေးရာ အခေါ် အဝေါ် ပညတ်။ ၂၊ ယင်း လောက ရေးရာကို ပြဆို ထားခဲ့သော (လောကသမုတ္တိ) ကျမ်း
    king by popular accliam [Pali လောကသမုတ္တိ]
    နာမ်

    လောကသံသရာ

    [lɔ́kθံθɹà]
    လူသားရို့ ဘဝအသစ် ဖြစ်ခြင်းနန့် အစိုင်မပြတ်ပဲ အဖန်တလဲလဲ ကျင်လည်ရာ ဘဝအဆက်။ ဘဝအစိုင်
    လူသားတို့ ဘဝအသစ် ဖြစ်ခြင်းဖြင့် အစဉ်မပြတ်ပဲ အဖန်တလဲလဲ ကျင်လည်ရာ ဘဝအဆက်။ ဘဝအစဉ်
    cycle of rebirth
    နာမ်

    လောကသား

    [lɔ́kθá]
    အဂု မျက်မှောက် ကာလမာ လူမှုတာဝန်ကို ထမ်းဆောင် နေကတ်တေ လူသား
    ယခု မျက်မှောက် ကာလတွင် လူမှုတာဝန်ကို ထမ်းဆောင် နေကြသော လူသား
    man with his human failings
    နာမ်

    လောကသာရသစ်ပင်

    [lɔ́kθàɹθɪʔpɪ̀ɴ]
    တန်ခိုးကြီးရေ နတ်ရို့ နီထိုင်ရာ တောစိုး အပင်ကြီး။ ဘုံဗိမာန်
    တန်ခိုးကြီးသော နတ်တို့ နေထိုင်ရာ တောစိုး သစ်ပင်ကြီး။ ဘုံဗိမာန်
    abode
    နာမ်

    လောကအရီး

    [lɔ́kʔɹï]
    လောကီမှု။ လူသားရို့ သဘာဝနန့် ဆိုင်ရေ အရီးအရာ
    လောကီမှု။ လူသားတို့ သဘာဝနှင့် ပတ်သက်သော အရေးအရာ
    social matters
    နာမဝိသေသန

    လောကဦးသျှောင်

    [lɔ́kʔúʃàʊɴ]
    ဘုရား။ လောက ဦးသျှောင် မြတ်ဘုန်းခေါင်သော်မှ လည်း။ ၂၊ အထွဋ်အမြတ်။ အကြီးအမှူး
    ဘုရား။ လောက ဦးသျှောင် မြတ်ဘုန်းခေါင်သော်မှ လည်း။ ၂၊ အထွဋ်အမြတ်။ အကြီးအမှူး
    the Buddha
    နာမ်

    လောကီ

    [lɔ́kí]
    မျက်မှောက်အဖြစ် အနေအကြောင်း ကိစ္စ
    မျက်မှောက်အဖြစ် အနေအကြောင်း ကိစ္စ
    the secular world [Pali လောကိယ]
    နာမ်

    လောကီပညာ

    [lɔ́kípɲà]
    လောက၏ အကျိုးအတွက် သင်ကြားခဖူးသော အတတ်
    လောက၏ အကျိုးအတွက် သင်ကြားခဲ့ဖူးသော အတတ်
    the humanities and sciences occult sciences
    နာမ်

    လောကီမှတ်ဖွယ်ကျမ်း

    [lɔ́kím̥aʔpʰwɛ̀t͡ɕáɴ]
    လောကီမှတ်ဖွယ်ကျမ်း မှတ်သား ဖွယ်ရာ လောက အရီးအရာကို ပြဆိုရေ ကျမ်း
    လောကီမှတ်ဖွယ်ကျမ်း မှတ်သား ဖွယ်ရာ လောက အရေးအရာကို ပြဆိုသော ကျမ်း
    treatise on worldly affairs
    နာမ်

    လောကီမှု

    [lɔ́kím̥oʊ]
    လောကီ လူသားရို့နန့်သာ သက်ဆိုင်ရေ ကိစ္စ
    လောကီ လူသားတို့နှင့်သာ သက်ဆိုင်သော ကိစ္စ
    worldly matters
    နာမ်

    လောကီရီး

    [lɔ́kíɹï]
    အဂု မျက်မြင် လောက အကျိုးအတွက် ပြုလုပ်ဖွယ်
    ယခု မျက်မြင် လောက အကျိုးအတွက် ပြုလုပ်ဖွယ်
    worldly affairs and obligations
    နာမ်

    လောကုတ္တရာ

    [lɔ́koʊt̪t̪a̰ɹà]
    လောကမှ ထွက်မြောက်ကြောင်း ဖြစ်ရေ မဂ်ဖိုလ် နိဗ္ဗာန် တရား
    လောကမှ ထွက်မြောက်ကြောင်း ဖြစ်သော မဂ်ဖိုလ် နိဗ္ဗာန် တရား
    the way to escape from worldly desires and attachments [Paliလောကုတ္တရ]
    နာမ်

    လောက်

    [lɔ́ɛʔ]
    ယင်မ မဲရိုင်းဥမှ ပေါက်ပွားသည့် ပိုးကောင်ငယ်
    ယင်မ မဲရိုင်းဥမှ ပေါက်ပွားသည့် ပိုးကောင်ငယ်
    maggot [fig.] traitor [as in အသားထဲက~ထွက်]
    နာမ်

    လောက်၂

    [lɔ́ɛʔ၂]
    လိုအပ်ရေ အတိုင်းအရှည် ပြီးစီး အောင်မြင်သော
    လိုအပ်သော အတိုင်းအရှည် ပြီးစီး အောင်မြင်သော
    reach at fair situation
    နာမဝိသေသန

    လောက်၃

    [lɔ́ɛʔ၃]
    တခုတရီ မှန်းဆခန့်တွက် ပြောဆိုရာမာ သုံးသော စကားလုံး။ အေ…ဒိုင်အိုးမာ ဆန် တတောင်းလောက် ချက်နှိုင်ဖို့ရာ (အရပ်)
    တစ်စုံတစ်ခု မှန်းဆခန့်တွက် ပြောဆိုရာတွင် သုံးသော စကားလုံး။ အေ…ဒိုင်အိုးမှာ ဆန် တစ်တောင်းလောက် ချက်နိုင်ဖို့ရာ (အရပ်)
    [colloq.] particle suffixed to nouns to indicate that the quantity mentioned is an approximation See also ယင့်၊ ဟိ
    ပစ္စည်း

    လောက်ကိုက်

    [lɔ́ɛʔkaɪʔ]
    မငြိမ်မသက် မတည်မငြိမ် ဟိရေ။ တနီရာမှ တနီရာသို့ ခေါက်တုံ့ ခေါက်ပြန် လားလာနီရေ။ လောက်ကိုက်ကိုက်လို့ မငြိမ်မသက်ကာ (အရပ်)
    မငြိမ်မသက် မတည်မငြိမ် ယှိသည်။ တစ်နေရာမှ တစ်နေရာသို့ ခေါက်တုံ့ ခေါက်ပြန် သွားလာနေသည်။ လောက်ကိုက်ကိုက်လို့ မငြိမ်မသက်ကာ (အရပ်)
    to and from
    ကြိယာ

    လောက်ကျ

    [lɔ́ɛʔt͡ɕ]
    လောက်ကောင် မကန်မဝှန် ပေါက်ဖွား ဖြစ်ပေါ်သည်
    လောက်ကောင် အများအပြား ပေါက်ဖွား ဖြစ်ပေါ်သည်
    be full of maggots
    ကြိယာ

    လောက်င

    [lɔ́ɛʔŋ]
    လိုခြင်း၊ လစ်ဟာခြင်း မဟိ ပြည့်စုံသော။ လောက်င ကုံလုံ ပြည့်စုံနိုင် ကတ်ပါစီသတည်း
    လိုခြင်း၊ လစ်ဟာခြင်း မယှိ ပြည့်စုံသော။ လောက်င ကုံလုံ ပြည့်စုံနိုင် ကြပါစေသတည်း
    be adequate - be sufficient for fair distribution [as in မိသားစု အားလုံးအတွက်~]
    နာမဝိသေသန

    လောက်စာ

    [lɔ́ɛʔsà]
    လောက်လေးနှင့် ပစ်ရရေ မြီကျက်ခဲ အလုံး
    လောက်လေးနှင့် ပစ်ရသည့် မြေကျက်ခဲ အလုံး
    pellet for pellet bow or a catapult
    နာမ်

    လောက်စာခံ

    [lɔ́ɛʔsàkʰံ]
    လောက်စာလုံး ထည့်ပနာ ပစ်ရန် လောက်လောင်းးကြိုး နှစ်ပင်၏ အစွန်း တဖက်တချက်ကို တွဲလံထားရေ သားရေပျော့ ချပ်ငယ်
    လောက်စာလုံး ထည့်၍ ပစ်ရန် လောက်လေးကြိုး နှစ်ပင်၏ အစွန်း တစ်ဘက်တစ်ချက်ကို တွဲချည်ထားသော သားရေပျော့ ချပ်ငယ်
    pellet holder on a pellet bow or catapult
    နာမ်