Dictionary Entries
Showing 141–160 of 1,963 words
လ
လက်စုတ်
[lɛʔsoʊʔ]
Arakanese:
လက်အငြိမ်မနိန်ဘဲ မပြုသင့်ရာ ပြုရေ။ မစဉ်းမစားပဲ ပျက်စီးဖွယ် တခုခုကို အမှတ်မထင် ပြုမူရေ။ ၂၊ (နမူနာ) ခိုးဝှက်သည်
Burmese:
လက်အငြိမ်မနေဘဲ မပြုသင့်ရာ ပြုသည်။ မစဉ်းမစားပဲ ပျက်စီးဖွယ် တစ်ခုခုကို အမှတ်မထင် ပြုမူသည်။ ၂၊ (ဥပမာ) ခိုးဝှက်သည်
English:
toy with things - fiddle with things [ fig ] have kleptomaniacal tendency
Grammar Note:
ကြိယာ
လက်စုံမိုး
[lɛʔsòʊɴmó]
Arakanese:
လက်ဆယ်ချောင်းကို ပူးယှက်၍ ကြာငုံအသွင် နဖူးပြင်၌ တင်ချီ ရေ။ အရိုအသီ၊ အလီးအမြတ်၊ လက်စုံမိုး၍ ဟိခိုးပူဇော် ဖူးမြော်မာန်လျော့၊ ကန်တော့ပါ၏
Burmese:
လက်ဆယ်ချောင်းကို ပူးယှက်၍ ကြာငုံအသွင် နဖူးပြင်၌ တင်ချီ သည်။ အရိုအသေ၊ အလေးအမြတ်၊ လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့၊ ကန်တော့ပါ၏
English:
make a reverential gesture with the two palms touching each other and raised above the forehead
Grammar Note:
ကြိယာ
လက်စောင့်ခြီစောင့်
[lɛʔsa̰ʊɴkʰɹìsa̰ʊɴ]
Arakanese:
အလိုဟိရေအခါ ရနှိုင်ယောင် အသင့် ဆောင်ထားရေ အရာ
Burmese:
အလိုယှိသောအခါ ရနိုင်အောင် အသင့် ဆောင်ထားသော အရာ
English:
sundry items kept in reserve for emergencies
Grammar Note:
နာမ်
လက်စွပ်
[lɛʔswaʔ]
Arakanese:
လက်ချောင်းမာ ဝတ်ဆင်ရန် ကျောက်မျက် ရတနာစီခြယ်ကာ ရွှီ၊ ငွီ အစဟိစွာနန့် ပြုလုပ်ထားရေ အကွင်း။ လက်စွပ် တခြည်၊ ပျောက်ခရေ၊ အသားညို ဒိုးအောင် လက်မာ ဇာဖက်က (တေး)
Burmese:
လက်ချောင်းတွင် ဝတ်ဆင်ရန် ကျောက်မျက် ရတနာစီခြယ်ကာ ရွှေ၊ ငွေ စသည်ဖြင့် ပြုလုပ်ထားသော အကွင်း။ လက်စွပ် တခြည်၊ ပျောက်ခရေ၊ အသားညို ဒိုးအောင် လက်မှာ ဘယ်ဖက်က (တေး)
English:
ring worn on the finger
Grammar Note:
နာမ်
လက်စွပ်တခြည်
[lɛʔswaʔtkʰɹɛ]
Arakanese:
လက်ချောင်းမာ ဝတ်ဆင်ရန် စိန်ကျောက်ရံကာ ရွှီ၊ ငွီ အစဟိစွာရို့နန့် ပြုလုပ်ထားရေ (လက်စွပ်တခြည်) လက်စွပ်အကွင်း တခု။ လက်စွပ်တခြည် ပျောက်ခရေ (အရပ်)
Burmese:
လက်ချောင်းတွင် ဝတ်ဆင်ရန် စိန်ကျောက်ရံကာ ရွှေ၊ ငွေ စသည်တို့ဖြင့် ပြုလုပ်ထားသော (လက်စွပ်တစ်ကွင်း) လက်စွပ်အကွင်း တစ်ခု။ လက်စွပ်တစ်ခြည် ပျောက်ခရေ (အရပ်)
English:
a ring
Grammar Note:
နာမ်
လက်စွမ်း
[lɛʔsʊ̀ɴ]
Arakanese:
ပုဂ္ဂိုလ် တယောက်ယောက်နှင့် ဆောင်ရွက်နိုင်မှု အရည်အခြင်း။ ၂၊ ပြောင်မြောက်စွာ ဆောင်ရွက်နိုင်ချက်။ ၃၊ အရည်အခြင်း တန်ခိုး သတ္တိ။ ၄၊ အချက် အပြုတ်၌ အရသာဟိအောင် ပြုနိုင်စွမ်း
Burmese:
ပုဂ္ဂိုလ် တစ်စုံတစ်ဦးနှင့် ဆောင်ရွက်နိုင်မှု အရည်အချင်း။ ၂၊ ပြောင်မြောက်စွာ ဆောင်ရွက်နိုင်ချက်။ ၃၊ အရည်အချင်း တန်ခိုး သတ္တိ။ ၄၊ အချက် အပြုတ်၌ အရသာရှိအောင် ပြုနိုင်စွမ်း
English:
skill - dexterity
Grammar Note:
နာမ်
လက်စွမ်းပြ
[lɛʔsʊ̀ɴpɹ]
Arakanese:
ပုဂ္ဂိုလ် တယောက်ယောက်နှင့် ဆောင်ရွက်နိုင်မှု အရည်အခြင်းကို ပြရေ။ ၂၊ ပြောင်မြောက်စွာ ဆောင်ရွက်နိုင်ချက်ဖြင့် လက်စွမ်းပြရေ
Burmese:
ပုဂ္ဂိုလ် တစ်စုံတစ်ဦးနှင့် ဆောင်ရွက်နိုင်မှု အရည်အချင်းကို ပြသည်။ ၂၊ ပြောင်မြောက်စွာ ဆောင်ရွက်နိုင်ချက်ဖြင့် လက်စွမ်းပြသည်
English:
display one’s prowess
Grammar Note:
ကြိယာ
လက်စွမ်းရည်
[lɛʔsʊ̀ɴɹɛ̀]
Arakanese:
ခုခံကာကွယ်နိုင်စွမ်း၊ တိုက်ခိုက် အောင်မြင်နိုင်စွမ်း အစဟိရေ ကာယစွမ်းရည်
Burmese:
ခုခံကာကွယ်နိုင်စွမ်း၊ တိုက်ခိုက် အောင်မြင်နိုင်စွမ်း စသော ကာယစွမ်းရည်
English:
skill - dexterity
Grammar Note:
နာမ်
လက်စွမ်းရည်တူ
[lɛʔsʊ̀ɴɹɛ̀tù]
Arakanese:
လက်စွမ်းလက်စ အရည်အခြင်းတူညီရေ
Burmese:
လက်စွမ်းလက်စ အရည်အချင်းတူညီသော
English:
skilled
Grammar Note:
နာမဝိသေသန
လက်စွမ်းရည်တူ၂
[lɛʔsʊ̀ɴɹɛ̀tù၂]
Arakanese:
လက်စွမ်းလက်စချင်း တူညီသူ
Burmese:
လက်စွမ်းလက်စချင်း တူညီသူ
English:
skill
Grammar Note:
နာမ်
လက်စွယ်
[lɛʔswɛ̀]
Arakanese:
လက်သည်း ဖီးစောင်း အရင်း၌ အစွယ်ပိုင် လက်သည်းစ အချေ
Burmese:
လက်သည်း ဘေးစောင်း အရင်း၌ အစွယ်သဖွယ် လက်သည်းစ ကလေး
English:
corner edge of a finger nail corner end of a building cart etc. flank of an advancing troop
Grammar Note:
နာမ်
လက်စွယ်ငုပ်
[lɛʔswɛ̀ŋoʊʔ]
Arakanese:
လက်သည်း ဖီးစောင်း အရင်း၌ အစွယ်ပိုင် လက်သည်းစ အချေ၊ ယင်းပိုင် လက်စွယ်ထွက်ကေ ကိုက်ခဲနာကြင်၍ အနာဖြစ် တတ်သည်
Burmese:
လက်သည်း ဘေးစောင်း အရင်း၌ အစွယ်သဖွယ် လက်သည်းစ ကလေး၊ ယင်းသို့ လက်စွယ်ထွက်လျှင် ကိုက်ခဲနာကျင်၍ အနာဖြစ် တတ်သည်
English:
(of finger nail) grow inward - have an ingrown finger nail
Grammar Note:
ကြိယာ
လက်စွဲလက်ငြင်း
[lɛʔswɛlɛʔɲɪ́ɴ]
Arakanese:
လက်ငင်း အခိုက်အတန့်အနိန်နန့်
Burmese:
လက်ငင်း အခိုက်အတန့်အားဖြင့်
English:
momentarily
Grammar Note:
ကြိယာဝိသေသန
လက်ဆက်
[lɛʔsʰɛʔ]
Arakanese:
မမာ့နှင့် ယောက်ျားကို စုံဖက်ပီးရေ။ လက်ဆက်ခြင်း ဆိုစွာမာ မမာ့နှင့် ယောက်ျားကို စုံဖက်ပေးခြင်းကို ဆိုရေ။ (ပါရာ)
Burmese:
မိန်းမနှင့် ယောက်ျားကို ထိမ်းမြားပေးသည်။ လက်ဆက်ခြင်း ဆိုသည်မှာ မိန်းမနှင့် ယောက်ျားကို ထိမ်းမြားပေးခြင်းကို ဆိုသည်။ (ပါရာ)
English:
(usually of a widower) marry a kin of ones late spouse wed - marry
Grammar Note:
ကြိယာ
လက်ဆက်ခြည်
[lɛʔsʰɛʔkʰɹɛ]
Arakanese:
အဝတ်အထည် အစဟိစွာရို့မာ မရက်ပဲ ချန်ထားရေ ခြည်မျှင်။ အစွန်းအမြိတ်။ ရက်ရာခတောင်း လက်ဆာရို့နန့် ဆို့ပိတ်ထား လိုက်ပါ၏ (ဥဒိန်တု)
Burmese:
အဝတ်အထည် စသည်တို့တွင် မရက်ပဲ ချန်ထားသော ချည်မျှင်။ အစွန်းအမြိတ်။ ရက်ရာပုဆိုး လက်ဆာတို့နှင့် ဆို့ပိတ်ထား လိုက်ပါ၏ (ဥဒိန်တု)
English:
none
Grammar Note:
နာမ်
လက်ဆာ
[lɛʔsʰà]
Arakanese:
တံပက်၊ စောင်၊ အထည် အစဟိစွာ၏ အစွန်းမာ မရက်ပဲ ချန်ထားရေ ခြည်မျှင်စု။ ယင်းတံပက် အစဟိစွာ၏ နဘယံမာ အလှအပအဖြစ် တန်ဆာဆင် ထားရေ ပန်းဖွားစရေ။ ၂၊ တံပက်စောင် အစဟိစွာရို့၏ အနား၌ မရက်ပဲ ချန်ထားရေ ခြည်စ
Burmese:
တဘက်၊ စောင်၊ အထည် စသည်၏ အစွန်းတွင် မရက်ပဲ ချန်ထားသော ချည်မျှင်စု။ ယင်းတဘက် စသည်၏ အနားစွန်းတွင် အလှအပအဖြစ် တန်ဆာဆင် ထားသော ပန်းဖွားစသည်။ ၂၊ တဘက်စောင် စသည်တို့၏ အနား၌ မရက်ပဲ ချန်ထားသော ချည်စ
English:
none
Grammar Note:
နာမ်
လက်ဆာခြည်
[lɛʔsʰàkʰɹɛ]
Arakanese:
အဝတ်အထည် အစဟိစွာရို့မာ မရက်ပဲ ချန်ထားရေ ခြည်မျှင်။ အစွန်းအမြိတ်။ ရက်ရာခတောင်း လက်ဆာရို့နန့် ဆို့ပိတ်ထားလိုက်ပါ၏ (ဥဒိန်တု)
Burmese:
အဝတ်အထည် စသည်တို့တွင် မရက်ပဲ ချန်ထားသော ချည်မျှင်။ အစွန်းအမြိတ်။ ရက်ရာပုဆိုး လက်ဆာတို့နှင့် ဆို့ပိတ်ထားလိုက်ပါ၏ (ဥဒိန်တု)
English:
none
Grammar Note:
နာမ်
လက်ဆာဆက်
[lɛʔsʰàsʰɛʔ]
Arakanese:
ရက်ကန်းမာ ခြည်ပင်ချင်း ဆက်ရေ့ အလွယ်ဆက်နည်း
Burmese:
ယက်ကန်းတွင် ချည်ပင်ချင်း ဆက်သည့် အလွယ်ဆက်နည်း
English:
none
Grammar Note:
နာမ်
လက်ဆီးခံ
[lɛʔsʰïkʰံ]
Arakanese:
လက်ကို သန့်စင်အောင် ဆီးကြောရန် ရေထည့်ထားရေ ခွက်တမျိုးမျိုး
Burmese:
လက်ကို သန့်စင်အောင် ဆေးကြောရန် ရေထည့်ထားသော ခွက်တစ်မျိုးမျိုး
English:
finger bowl
Grammar Note:
နာမ်
လက်ဆီးဒုံ
[lɛʔsʰïdòʊɴ]
Arakanese:
လက်ကို ဆီးကြောရန် ရေထည့်ထားရေ ခွက်တမျိုးမျိုး။ ဇရုံ
Burmese:
လက်ကို ဆေးကြောရန် ရေထည့်ထားသော ခွက်တစ်မျိုးမျိုး။ ဇလုံ
English:
finger bowl - wash basin
Grammar Note:
နာမ်