Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,601–1,620 of 1,963 words

    လ

    လောင်းကစပ်

    [láʊɴksaʔ]
    ငွီကြီး အလျော်အစားကို အရင်းထားပနာ ကစပ်သော ကစပ်မှုမျိုး
    ငွေကြေး အလျော်အစားကို အရင်းထား၍ ကစားသော ကစားမှုမျိုး
    gambling
    ကြိယာ

    လောင်ကျွမ်း

    [làʊɴt͡ɕʊ̀ɴ]
    မီးသွီးအဖြစ် ပြာအဖြစ်သို့ ရောက်ရေ။ မီးနှင့် တိုက်သနန့် မူလသွင်ပြင် မတည်ပျက်စီး လားရေ
    မီးသွေးအဖြစ် ပြာအဖြစ်သို့ ရောက်သည်။ မီးနှင့် တိုက်သဖြင့် မူလသွင်ပြင် မတည်ပျက်စီး သွားသည်
    be scorched
    ကြိယာ

    လောင်းကြေး

    [láʊɴt͡ɕé]
    လောင်းကစပ် ပြုရေ ငွီကြီးတန်ဖိုး
    အလောင်းအစား ပြုသော ငွေကြေးတန်ဖိုး
    wager - stake - bet
    နာမ်

    လောင်းခွပ်ပေါက်ဆိန်

    [láʊɴkʰwaʔpaʊʔsʰèɪɴ]
    အလျားရှည် လေးထောင့်ပုံ အနှောင့်ထူ၍ ကားသော ပိုင်ပါ သံတုံးမာ အရိုး လျှိုတပ်ထားရေ လက်သမားသုံး ကိရိယာတမျိုး
    အလျားရှည် လေးထောင့်ပုံ အနှောင့်ထူ၍ ကားသော အသွားပါ သံတုံးတွင် အရိုး လျှိုတပ်ထားသော လက်သမားသုံး ကိရိယာတစ်မျိုး
    pickaxe
    နာမ်

    လောင်းခွပ်မ

    [láʊɴkʰwaʔm]
    သစ်ခွံ၊ သစ်ခေါက်ကို နှုတ်သီးနန့် တီးခေါက် ပေါက်ဆိတ်၍ ပိုးကောင်ကို ဖမ်းယူ ဝါးမျိုသော ငှက်
    သစ်ခွံ၊ သစ်ခေါက်ကို နှုတ်သီးဖြင့် တီးခေါက် ပေါက်ဆိတ်၍ ပိုးကောင်ကို ဖမ်းယူ ဝါးမျိုသော ငှက်
    name of bird
    နာမ်

    လောင်စာ

    [làʊɴsà]
    အလွယ်ချေ မီးလောင်စီနှိုင်ရေ အရာဝတ္တု
    အလွယ်တကူ မီးလောင်စေနိုင်သော အရာဝတ္တု
    inflammable material fuel (of make fire)
    နာမ်

    လောင်းစားတမ်း

    [láʊɴsátáɴ]
    နိုင်သူအား အလျော် တန်ဖိုးပီးပြီးကေ ယှုံးသူက အလျော် တန်ဖိုး ကျခံရဖို့့ သဘောတူညီချက်
    နိုင်သူအား အလျော် တန်ဖိုးပေး၍ ရှုံးသူက အလျော် တန်ဖိုး ကျခံရမည့် သဘောတူညီချက်
    bet - wager
    ကြိယာ

    လောင်းဆရာ

    [láʊɴsʰɹà]
    လောင်းလုပ်ပနာ အသက်မွီးသသူ။ လက်သမား
    လှေလုပ်၍ အသက်မွေးသသူ။ လက်သမား
    carpenter
    နာမ်

    လောင်းတမ်း

    [láʊɴtáɴ]
    နိုင်သူအား အလျော်တန်ဖိုး ပီးပြီးကေ ယှုံးသူက အလျော်တန်ဖိုး ကျခံရဖို့့ သဘောတူညီချက်
    နိုင်သူအား အလျော်တန်ဖိုး ပေး၍ ရှုံးသူက အလျော်တန်ဖိုး ကျခံရမည့် သဘောတူညီချက်
    bet - wager
    ကြိယာ

    လောင်တိုက်

    [làʊɴtaɪʔ]
    ဘုန်းကြီးပျံ၊ မေတော်ပျံ၊ မင်း၊ မိဖုရား နတ်ရွာစံရာမာ မီးသင်္ဂြိုဟ်ရန် အလောင်းတင်သည့် စင်ပါရေ ပြာသာဒ်တမျိုး။ တလားမြေစိုက်၊ ရောင်မြိုက်မြိုက်နှင့်၊ လောင်တိုက်ထက်မာ၊ တောင်နန်းစံလေ၊ ကျန်ရုပ်ဟောင်းနှင့်၊ ခေါင်းရွှီးစင်ကို၊ ပြောင်းတင်တုံငြား (ကော်)
    ဘုန်းကြီးပျံ၊ မယ်တော်ပျံ၊ မင်း၊ မိဖုရား နတ်ရွာစံရာ၌ မီးသင်္ဂြိုဟ်ရန် အလောင်းတင်သည့် စင်ပါသော ပြာသာဒ်တစ်မျိုး။ တလားမြေစိုက်၊ ရောင်မြိုက်မြိုက်နှင့်၊ လောင်တိုက်ပေါ်တွင်၊ တောင်နန်းစံလေ၊ ကျန်ရုပ်ဟောင်းနှင့်၊ ခေါင်းရွှီးစင်ကို၊ ပြောင်းတင်တုံငြား (ကော်)
    structure housing a funeral pyre for a dead monk
    နာမ်

    လောင်းတုံး

    [láʊɴtóʊɴ]
    သစ်လုံး တလုံးတည်းကို ထွင်းခုတ် ပြုလုပ်ထားရေ (လောင်း)
    သစ်လုံး တစ်လုံးတည်းကို ထွင်းခုတ် ပြုလုပ်ထားသော (လှေ)
    boat
    နာမဝိသေသန

    လောင်းတုံး၂

    [láʊɴtóʊɴ၂]
    သစ်လုံးကို ထွင်းပနာ ပြုလုပ်ရေ့ အနံကျဉ်းပနာ အလျားရှည်သော လောင်းာ်လောင်း၊ ပြိုင်လောင်း
    သစ်လုံးကို ထွင်း၍ ပြုလုပ်သည့် အနံကျဉ်း၍ အလျားရှည်သော လှော်လှေ၊ ပြိုင်လှေ
    boat
    နာမ်

    လောင်ပူ

    [làʊɴpù]
    လက်ကိုင်ကောက် ထိပ်ဖူးနန့်ဖိ၍ အရစ်လိမ် ပိုင် ရစ်လည်ပနာ ဝင်အောင် လှည့်ဖောက်ရရေ ကိရိယာ။ စူးဆောက်တရပါ၊ တန်းဇောင်လောင်ပူ၊ သံမှိုကစ၊ မကျန်ရယောင် (ထွန်းတိ)
    လက်ကိုင်ကောက် ထိပ်ဖူးဖြင့်ဖိ၍ အရစ်လိမ် အသွား ရစ်လည်၍ ဝင်အောင် လှည့်ဖောက်ရသော ကိရိယာ။ စူးဆောက်တရပါ၊ တန်းဇောင်လောင်ပူ၊ သံမှိုကစ၊ မကျန်ရအောင် (ထွန်းတိ)
    gimlet - auger - drill - brace
    နာမ်

    လောင်ပေါ်

    [làʊɴpɔ̀]
    လောင်ပေါ် ထွတ်ရာမာ အောင်ဆု တခုတရီကို ဖော်ညွှန်းထားရေ့ အမှတ်အသား။ ထီတမျိုး
    ကံစမ်းမဲ နှိုက်ရာတွင် အောင်ဆု တစ်စုံတစ်ရာကို ဖော်ညွှန်းထားသည့် အမှတ်အသား။ ထီတစ်မျိုး
    lottery
    နာမ်

    လောင်ပေါ်တက်

    [làʊɴpɔ̀tɛʔ]
    ကိစ္စ တာဝန် ပေါ်ပေါက်ရေ။ အရီးကိစ္စ ကြီးကျယ်လာရေ။ ပြဿနာ ပေါင်းစုံနှင့် တွိကြုံရရေ။ ငါ့သားပုဝေ၊ လားရာတိုင်းမာ၊ လောင်ပေါ်တက်တေ (ရိုးရာ)
    ကိစ္စ တာဝန် ပေါ်ပေါက်သည်။ အရေးကိစ္စ ကြီးကျယ်လာသည်။ ပြဿနာ ပေါင်းစုံနှင့် တွေ့ကြုံရသည်။ ငါ့သားပုဝေ၊ လားရာတိုင်းမှာ၊ လောင်ပေါ်တက်တေ (ရိုးရာ)
    get into trouble
    ကြိယာ

    လောင်ပေါ်တက်၂

    [làʊɴpɔ̀tɛʔ၂]
    ပိုလွန် ကောင်းမြတ်သော။ သာလွန်သော။ ထူးချွန်သော။ မောင်ဖြူ မင်းသား ဇော်နိုင် လောင်ပေါ်တက်တေ၊ ဂုဏ်ထူးခြောက် ဘာသာပါရေလတ် (အရပ်)။ (ဤ လောင်ပေါ်တက် ဆိုရေ စကားသည် အကောင်းအဆိုး နှစ်မျိုးစလုံးမာ သုံးနှုန်းရေ။
    ပိုလွန် ကောင်းမြတ်သော။ သာလွန်သော။ ထူးချွန်သော။ မောင်ဖြူ မင်းသား ဇော်နိုင် လောင်ပေါ်တက်တေ၊ ဂုဏ်ထူးခြောက် ဘာသာပါရေလတ် (အရပ်)။ (ဤ လောင်ပေါ်တက် ဟူသော စကားသည် အကောင်းအဆိုး နှစ်မျိုးစလုံးတွင် သုံးနှုန်းသည်။
    brilliant
    နာမဝိသေသန

    လောင်ပေါ်ပေါက်

    [làʊɴpɔ̀paʊʔ]
    ထွက်ပေါ်လှာသော လောင်ပေါ်နှင့် ဝယ်ယူထားရေ လက်မှတ်နံပါတ် တိုက်ဆိုင်ရေ။ ၂၊ (နမူနာ) မမျှော်လင့်ပဲ အကျိုး ခံစားရရေ။ မောင်ဖြူ လောင်ပေါ် သိန်းတသောင်း ပေါက်တေလတ် (အရပ်)။ ၃၊ (နမူနာ) ရပ်ရွာမာ ရုပ်အဆင်း လှသော မမာ့ငယ်။ တနည်း ကိုယ့်ထက် တဗျင်း ချမ်းသာသော လူချ
    ထွက်ပေါ်လာသော ကံစမ်းမဲနှင့် ဝယ်ယူထားသော လက်မှတ်နံပါတ် တိုက်ဆိုင်သည်။ ၂၊ (ဥပမာ) မမျှော်လင့်ပဲ အကျိုး ခံစားရသည်။ မောင်ဖြူ လောင်ပေါ် သိန်းတစ်သောင်း ပေါက်တေလတ် (အရပ်)။ ၃၊ (ဥပမာ) ရပ်ရွာတွင် ရုပ်အဆင်း လှသော မိန်းမငယ်။ သို့မဟုတ် မိမိထက် အများကြီး ချမ်းသာသော လူချ
    win a prize in a lottery [fig.] be fortunate (sometimes used sarcastically when the unexpected happens)
    ကြိယာ

    လောင်းပြည်သျှင်

    [láʊɴpɹɛʃɪ̀ɴ]
    တိုင်းနိုင်ငံကို ရိုးရာအမွီ ဆက်ခံ၍ ဖြစ်စီ၊ သီးသန့် တင်မြှောက် ခံရပြီးကေဖြစ်စီ စိုးမိုးအုပ်ချုပ်သူ ယောက်ျား။ ၂၊ နိုင်ငံ အုပ်ချုပ်သည့် မင်း။ ရာဇ ဘိသိသက် ခံသောမင်း။ မြောက်ထလည်း ဖြိုးစွာ မိုးကြီးရွာ၍ ဒေရာလည်းတဖီး လောင်းပြည်သျှင်မာ ဖီးကြီး တွိ.ရေ (စန္ဒရားဖွဲ့)
    တိုင်းနိုင်ငံကို ရိုးရာအမွေ ဆက်ခံ၍ ဖြစ်စေ၊ သီးခြား တင်မြှောက် ခံရ၍ဖြစ်စေ စိုးမိုးအုပ်ချုပ်သူ ယောက်ျား။ ၂၊ နိုင်ငံ အုပ်ချုပ်သည့် မင်း။ ရာဇ ဘိသိသက် ခံသောမင်း။ မြောက်ထလည်း ဖြိုးစွာ မိုးကြီးရွာ၍ ဒေရာလည်းတဖီး လောင်းပြည်သျှင်မှာ ဖီးကြီး တွိ.ရေ (စန္ဒရားဖွဲ့)
    king
    နာမ်

    လောင်းပြိုင်ပွဲ

    [láʊɴpɹàɪɴpwɛ]
    (လောင်းနှစ်စင်း တစင်းနှင့် တစင်း) အစွမ်း ဂုဏ်ရည်အစဟိစွာ သာလွန်မှုကို ဖော်ထုတ်ရန် တွဲယဉ် အစွမ်းပြရေ။ (အယှုံး၊ အနိုင် ပြရေ့) အခမ်းအနား
    (လှေနှစ်စင်း တစ်စင်းနှင့် တစ်စင်း) အစွမ်း ဂုဏ်ရည်စသည် သာလွန်မှုကို ဖော်ထုတ်ရန် တွဲယဉ် အစွမ်းပြသည်။ (အရှုံး၊ အနိုင် ပြသည့်) အခမ်းအနား
    boat race - regatta
    နာမ်

    လောင်းပြိုင်ပွဲ၂

    [láʊɴpɹàɪɴpwɛ၂]
    (လောင်းနှစ်စင်း တစင်းနှင့် တစင်း) အစွမ်း ဂုဏ်ရည်အစဟိစွာ သာလွန်မှုကို ဖော်ထုတ်ရန် တွဲနိူင်း၍ ဇကုန် အယှုံးအနိုင် ပြရေ
    (လှေနှစ်စင်း တစ်စင်းနှင့် တစ်စင်း) အစွမ်း ဂုဏ်ရည်စသည် သာလွန်မှုကို ဖော်ထုတ်ရန် တွဲယှဉ်၍ အစွမ်းကုန် အရှုံးအနိုင် ပြသည်
    boat race
    ကြိယာ