Dictionary Entries
Showing 1,621–1,640 of 1,963 words
လ
လောင်ပြွန်း
[làʊɴpWɹáɴ]
Arakanese:
မြေ၊ ကြွီ၊ ဖန်၊ ရွှီ၊ ငွီ၊ ကြီး၊ ပလတ်စတ အစဟိစွာ့ ဝန် အမျိုးမျိုးနန့် ပြုလုပ်ရေ ထည့်စရာ (ထမင်းစားစရာ) အသုံးအဆောင်။ ကုလားပုစွန်၊ ဆားငန်ငန်၊ ကြာဇံမစား၊ အမျက်တင်၊ ရွှီလောင်ပွန်းမာ၊ ကြင်းလို့ထား (တေး)
Burmese:
မြေ၊ ကြွေ၊ ဖန်၊ ရွှေ၊ ငွေ၊ ကြေး၊ ပလတ်စတစ် စသည့် ပစ္စည်း အမျိုးမျိုးဖြင့် ပြုလုပ်သော ထည့်စရာ (ထမင်းစားစရာ) အသုံးအဆောင်။ ကုလားပုစွန်၊ ဆားငန်ငန်၊ ကြာဇံမစား၊ အမျက်တင်၊ ရွှီလောင်ပွန်းမှာ၊ ကြင်းလို့ထား (တေး)
English:
cup - saucer - plate - dish - pottery - crockery [as in ~ ဆိုင်-]
Grammar Note:
နာမ်
လောင်ပွန်း
[làʊɴpʊ́ɴ]
Arakanese:
မြေ၊ ကြွီ၊ ဖန်၊ ရွှီ၊ ငွီ၊ ကြီး၊ ပလတ်စတ အစဟိစွာ့ ဝန် အမျိုးမျိုးနန့် ပြုလုပ်ရေ ထည့်စရာ (ထမင်းစားစရာ) အသုံးအဆောင်။ ကုလားပုစွန်၊ ဆားငန်ငန်၊ ကြာဇံမစား၊ အမျက်တင်၊ ရွှီလောင်ပွန်းမာ၊ ကြင်းလို့ထား (တေး)
Burmese:
မြေ၊ ကြွေ၊ ဖန်၊ ရွှေ၊ ငွေ၊ ကြေး၊ ပလတ်စတစ် စသည့် ပစ္စည်း အမျိုးမျိုးဖြင့် ပြုလုပ်သော ထည့်စရာ (ထမင်းစားစရာ) အသုံးအဆောင်။ ကုလားပုစွန်၊ ဆားငန်ငန်၊ ကြာဇံမစား၊ အမျက်တင်၊ ရွှီလောင်ပွန်းမှာ၊ ကြင်းလို့ထား (တေး)
English:
cup - saucer - plate - dish - pottery - crockery [as in ~ ဆိုင်-]
Grammar Note:
နာမ်
လောင်ပွန်းဆီး
[làʊɴpʊ́ɴsʰï]
Arakanese:
အသား စိကေချေ ကပ်ကျန်ရစ်သော အရိုး။၂၊ (ဥပစာ) ကောင်းရေ တနည်း အများစုဖြစ်ရေ အကျိုးအမြတ် တိကို လူတိက ရယူပြီးကေ ကျန်သည့် ညံ့ဖျင်းသော တနည်း နည်းပါးသော အကပ်အသပ်
Burmese:
အသား အနည်းငယ် ကပ်ကျန်ရစ်သော အရိုး။၂၊ (ဥပစာ) ကောင်းသော သို့မဟုတ် အများစုဖြစ်သော အကျိုးအမြတ် များကို သူတစ်ပါးက ရယူပြီးနောက် ကျန်သည့် ညံ့ဖျင်းသော သို့မဟုတ် နည်းပါးသော အကြွင်းအကျန်
English:
left-overs - remnant
Grammar Note:
နာမ်
လောင်ပွန်းဆီးကျ
[làʊɴpʊ́ɴsʰït͡ɕ]
Arakanese:
(အားလုံးအလီး ပချင်းသီးဆိုရေပိုင်) လူများ ပြုလုပ် ခသရွီး မကောင်း ဆိုးကျိုး ဟူသမျှကို အဆုံးမာ ကိုယ့်ပေါ်၌ ကျရောက် ခံခရခြင်း ဖြစ်တေ
Burmese:
(အားလုံးအလီး ပချင်းသီးဆိုသကဲ့သို့) သူတစ်ပါး ပြုလုပ် ခဲ့သမျှသော မကောင်း ဆိုးကျိုး ဟူသမျှကို အဆုံးတွင် မိမိပေါ်၌ ကျရောက် ခံခဲ့ရခြင်း ဖြစ်သည်
English:
put the blame on of one’s
Grammar Note:
ကြိယာ
လောင်ပွန်းလု
[làʊɴpʊ́ɴloʊ]
Arakanese:
(ဥပစာ) လူတိ၏ အခွင့်အရီး အလုပ်အကိုင် ရာထူး စစွာကို မရရယောင် အကြိတ်အနယ် ကြိုးစားသည်
Burmese:
(ဥပစာ) သူတစ်ပါး၏ အခွင့်အရေး အလုပ်အကိုင် ရာထူး စသည်ကို မရရအောင် အကြိတ်အနယ် ကြိုးစားသည်
English:
try keenly - with all-out effort
Grammar Note:
ကြိယာ
လောင်းပွဲ
[láʊɴpwɛ]
Arakanese:
အစားအစာ ကျွေးမွီးရာမာ ထပ်ဖြည့်ဖို့အတွက် အရံသင့် ဆောင်ထားရေ စားဖွယ်
Burmese:
အစားအစာ ကျွေးမွေးရာတွင် ထပ်ဖြည့်ရန်အတွက် အရံသင့် ဆောင်ထားသော စားဖွယ်
English:
extra dish for second helpings
Grammar Note:
နာမ်
လောင်မီး
[làʊɴmï]
Arakanese:
အာကာသမာ သဘာဝအတိုင်း ဖြစ်ပေါ်သည့် ဆန့်ကျင်ဘက် လျှပ်စစ်ဓာတ် အချင်းချင်း ပွတ်တိုက် ထိခိုက်ရာမှ ပြင်းထန်စွာ မြည်ဟိန်းပေါက်ကွဲ လောင်ကျွမ်းရေ၏ အဖြစ်
Burmese:
အာကာသတွင် သဘာဝအတိုင်း ဖြစ်ပေါ်သည့် ဆန့်ကျင်ဘက် လျှပ်စစ်ဓာတ် အချင်းချင်း ပွတ်တိုက် ထိခိုက်ရာမှ ပြင်းထန်စွာ မြည်ဟိန်းပေါက်ကွဲ လောင်ကျွမ်းသည်၏ အဖြစ်
English:
same as thunder kind of paddy pest - fire - flames
Grammar Note:
နာမ်
လောင်မီးကျ
[làʊɴmït͡ɕ]
Arakanese:
အာကာသမာ လျှပ်စစ်ဓာတ် ပေါက်ကွဲရာမှ မီးစွဲ လောင်ကျွမ်းရေ။ လောင်မီးကျဗျာယ် နတ်ရို့စက် (စက်ကြီး)
Burmese:
အာကာသတွင် လျှပ်စစ်ဓာတ် ပေါက်ကွဲရာမှ မီးစွဲ လောင်ကျွမ်းသည်။ လောင်မီးကျလျက် နတ်တို့စက် (စက်ကြီး)
English:
be burnt as a result of lightning strike be set a flame
Grammar Note:
ကြိယာ
လောင်လင်
[làʊɴlɪ̀ɴ]
Arakanese:
ထပ်ပြန် တလဲလဲ တိုက်တွန်း တောင်းဆိုရေ။ မရမက တောင်းဆိုရေ။ ၂၊ စိတ်မချမ်းမသာ ကသိကအောက် ဖြစ်တေ။ ဇော်အို မွေးဖ၊ သမီးဖြူလေ၊ လှရူပကြောင့်၊ စိတ်ကလောင်လင်၊ တသတ်သတ်နှင့်၊ တွက်ခြင်းအင်က (ပန်း)
Burmese:
ထပ်ပြန် တလဲလဲ တိုက်တွန်း တောင်းဆိုသည်။ မရမနေ တောင်းဆိုသည်။ ၂၊ စိတ်မချမ်းမသာ ကသိကအောက် ဖြစ်သည်။ ဇော်အို မွေးဖ၊ သမီးဖြူလေ၊ လှရူပကြောင့်၊ စိတ်ကလောင်လင်၊ တသက်သက်နှင့်၊ တွက်ခြင်းအင်က (ပန်း)
English:
request persistently
Grammar Note:
ကြိယာ
လောင်လင်ခတ်
[làʊɴlɪ̀ɴkʰaʔ]
Arakanese:
သုတ်သုတ်ပျာပျာ ပြုရေ။ ကမန်းကတန်း ပြုမူ လှုပ်ရှားရေ။ ၂၊ မငြိမ်မသက် လှုပ်ရှားရေ။ ၃၊ ထပ်ပြန် တလဲလဲ တိုက်တွန်း တောင်းဆိုရေ
Burmese:
သုတ်သုတ်ပျာပျာ ပြုသည်။ အလျင်စလို ပြုမူ လှုပ်ရှားသည်။ ၂၊ မငြိမ်မသက် လှုပ်ရှားသည်။ ၃၊ ထပ်ပြန် တလဲလဲ တိုက်တွန်း တောင်းဆိုသည်
English:
hurriedly - hastily - urgently
Grammar Note:
ကြိယာ
လောစင်
[lɔ́sɪ̀ɴ]
Arakanese:
ကွယ်လွန်ရေ။ အနိစ္စရောက်ရေ။ မောင်လှ အသည်း ကင်ဆာနန့် ဆီးရုံမာ လောရေလတ် (အရပ်)
Burmese:
ကွယ်လွန်သည်။ အနိစ္စရောက်သည်။ မောင်လှ အသည်း ကင်ဆာနန့် ဆီးရုံမှာ လောရေလတ် (အရပ်)
English:
die
Grammar Note:
ကြိယာ
လောတည်း
[lɔ́tɛ́]
Arakanese:
ဝတ်ထားရေ ခတောင်းကို ပေါင်ကြားမှ လျို၍ နောက်မာ ညှက်ထားရေ
Burmese:
ဝတ်ထားသော ပုဆိုးကို ပေါင်ကြားမှ လျို၍ နောက်တွင် ညှက်ထားသည်
English:
gird one’s loins
Grammar Note:
ကြိယာ
လောတိုက်ဆော်
[lɔ́taɪʔsʰɔ̀]
Arakanese:
အပူတပြင်း တောင်းခံရေ။ ကမန်းကတန်း တိုက်တွန်း ပူဆာရေ
Burmese:
အပူတပြင်း တောင်းခံသည်။ အလျင်စလို တိုက်တွန်း ပူဆာသည်
English:
pester
Grammar Note:
ကြိယာ
လောထက်လောကြီး
[lɔ́tʰɛʔlɔ́t͡ɕï]
Arakanese:
တဦးနန့် တဦး အပြိုင်အဆိုင် အသာယူကတ်ပနာ
Burmese:
တစ်ဦးနှင့် တစ်ဦး အပြိုင်အဆိုင် အသာယူကြလျက်
English:
vie
Grammar Note:
ကြိယာဝိသေသန
လောပင့်
[lɔ́pɪ̀ɴ့]
Arakanese:
ခါးမာ ဝတ်ထားရေ့ အဝတ်ကို အထက်ကို စိကေချေ ပင့်တင် ထားရေ။ ရီကို မမြင်ခင် လောပင့်ရေ (ပုံ)
Burmese:
ခါးတွင် ဝတ်ထားသည့် အဝတ်ကို အပေါ်သို့ အနည်းငယ် ပင့်တင် ထားသည်။ ရီကို မမြင်ခင် လောပင့်ရေ (ပုံ)
English:
in a noncommittal way - in limbo
Grammar Note:
ကြိယာ
လော့ပိုးတက်
[lɔ̰pótɛʔ]
Arakanese:
မငြိမ်မသက် ဖြစ်တေ။ ၂၊ တစုံတရာ ဆောင်ရွက် လုပ်ကိုင်ရန် တက်ကြွသော ဆန္ဒကို ထိန်းချုပ်ပနာ မနိုင်ဖြစ်တေ
Burmese:
မငြိမ်မသက် ဖြစ်သည်။ ၂၊ တစ်စုံတရာ ဆောင်ရွက် လုပ်ကိုင်ရန် တက်ကြွသော ဆန္ဒကို ထိန်းချုပ်၍ မနိုင်ဖြစ်သည်
English:
inquietude
Grammar Note:
ကြိယာ
လော့ပြန်မ
[lɔ̰pɹàɴm]
Arakanese:
စာရိတ္တ ကိုယ်ကျင့် ပျက်ပြားသော မမာ့။ အရှက်အကြောက် မဟိဘဲ နီထိုင် အသက်မွီးသော မမာ့။ အလွန်မိုက်လှ၊ ချွန်းသန်ကေ၊ လင်းပြန်မမာ (ပဋာ)
Burmese:
စာရိတ္တ ကိုယ်ကျင့် ပျက်ပြားသော မိန်းမ။ အရှက်အကြောက် ကင်းမဲ့စွာ နေထိုင် အသက်မွေးသော မိန်းမ။ အလွန်မိုက်လှ၊ ကမြင်းသန်ကေ၊ လင်းပြန်မမှာ (ပဋာ)
English:
prostitute
Grammar Note:
နာမ်
လောဘ
[lɔ́bʱ]
Arakanese:
လိုချင်ခြင်း။ တပ်မက်မှု
Burmese:
လိုချင်ခြင်း။ တပ်မက်မှု
English:
greed - avarice [Pali လောဘ]
Grammar Note:
နာမ်
လောဘကြီး
[lɔ́bʱt͡ɕï]
Arakanese:
အစွဲကြီးရေ လောဘစိတ် လွန်ကဲသော လိုချင်တောင့်တမှု။ လောဘသန် လောကန္တာရသင့် (ပုံ)
Burmese:
အစွဲကြီးသော လောဘစိတ် လွန်ကဲသော လိုချင်တောင့်တမှု။ လောဘကြီး လောကန္တာရသင့် (ပုံ)
English:
be greedy avaricious rapacious
Grammar Note:
နာမ်
လောဘတိုက်တွန်း
[lɔ́bʱtaɪʔtʊ́ɴ]
Arakanese:
လောဘစိတ် ဖြစ်ပေါ်ရေ။ လောဘ တိုက်တွန်း အမြင်ကန်း (ပုံ)
Burmese:
လောဘစိတ် ဖြစ်ပေါ်သည်။ လောဘ တိုက်တွန်း အမြင်ကန်း (ပုံ)
English:
be driven or motivated by inordinate greed
Grammar Note:
ကြိယာ