Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,641–1,660 of 1,963 words

    လ

    လောဘနဂ္ဃိ

    [lɔ́bʱnɡə́ʔʃəì]
    ကိုယ့် အကျိုးငှာ လွန်ကဲသော လိုချင် တောင့်တမှု။ အစွဲကြီးရေ လောဘစိတ်။ လောဘနိုင်ငံသို့ လိုက်သောသူ၊ ဒေသူရို့စွာကား ယုတ်လှစွာသော သူရဲတည်း။ (စက္ကဗျူဟာ) လောဘနဂ္ဃိ၊ ငါ့စွာတိဟု၊ ဖြစ်ဘိစေလို (မဟာ)
    မိမိ အကျိုးငှာ လွန်ကဲသော လိုချင် တောင့်တမှု။ အစွဲကြီးသော လောဘစိတ်။ လောဘနိုင်ငံသို့ လိုက်သောသူ၊ ဤသူတို့သည်ကား ယုတ်လှစွာသော သူရဲတည်း။ (စက္ကဗျူဟာ) လောဘနဂ္ဃိ၊ ငါ့စွာတိဟု၊ ဖြစ်ဘိစေလို (မဟာ)
    inordinate greed
    နာမ်

    လောဘနိုင်ငံ

    [lɔ́bʱnàɪɴŋံ]
    ကိုယ့် အကျိုးငှာ လွန်ကဲသော လိုချင် တောင့်တမှု။ အစွဲကြီးရေ လောဘစိတ်။ လောဘနိုင်ငံသို့ လိုက်သောသူ၊ ဒေသူရို့စွာကား ယုတ်လှစွာသော သူရဲတည်း (စက္ကဗျူဟာ)
    မိမိ အကျိုးငှာ လွန်ကဲသော လိုချင် တောင့်တမှု။ အစွဲကြီးသော လောဘစိတ်။ လောဘနိုင်ငံသို့ လိုက်သောသူ၊ ဤသူတို့သည်ကား ယုတ်လှစွာသော သူရဲတည်း (စက္ကဗျူဟာ)
    inordinate greed
    နာမ်

    လောဘသန်

    [lɔ́bʱθàɴ]
    အလို လောဘသန်သူ။ လွန်ကဲသော လောဘစိတ် ဖြစ်ပေါ်မှု။ ထိမ်းမြားရန်ကို၊ စီမံနှင့်ပျာ၊ အသင့်ထားဟု လောဘလည်းသန် အားဓမခံပျာ၊ သွားအံကိုကိုက် (ရာမ)
    အလို လောဘကြီးသူ။ လွန်ကဲသော လောဘစိတ် ဖြစ်ပေါ်မှု။ လက်ထပ်ရန်ကို၊ စီမံနှင့်ပျာ၊ အသင့်ထားဟု လောဘလည်းသန် အတင်းခံပျာ၊ သွားအံကိုကိုက် (ရာမ)
    man with his innate greed
    နာမ်

    လောဘသား

    [lɔ́bʱθá]
    လိုချင်ရချင်မှု။ လိုချင် တပ်မက်မှု မကင်းသူ
    လိုချင်ရချင်မှု။ လိုချင် တပ်မက်မှု မကင်းသူ
    man with his innate greed
    နာမ်

    လော့မ

    [lɔ̰m]
    အကျင့် ဖောက်ပြန် လျပ်ပေါ်သော။ ၂၊ စောင့်စည်း ထိန်းသိမ်းမှု မဟိရေ
    အကျင့် ဖောက်ပြန် လျပ်ပေါ်သော။ ၂၊ စောင့်စည်း ထိန်းသိမ်းမှု မရှိသော
    be wanton - be licentious
    နာမဝိသေသန

    လောလောချယ်

    [lɔ́lɔ́ɕɛ̀]
    အဂုအဂု အခိုက် အတန့်အနိန်နန့်
    အခုချက်ချင်း အခိုက် အတန့်အားဖြင့်
    immediately
    ကြိယာဝိသေသန

    လော်

    [lɔ̀]
    (ဘန်းစကား) ယောက်ျားကို ခရာဝ မမာ့ကိုစွာ။ (ဟုသုံးရေ။
    (ဘန်းစကား) ယောက်ျားကို လော် မိန်းမကိုစွာ။ (ဟုသုံးသည်။
    be wanton - be licentious
    နာမ်

    လော်တာ

    [lɔ̀tà]
    ညောင်ရီအိုး တည်သော မြူတာအိုးငယ် ပိုင် ကြီးနန့် ပြုလုပ်ထားရေ အဝငယ်သော အိုးငယ်တမျိုး။ (ရသေ့နှင့် ဟိန်းဒုတ်ဆာဒူကြီးရို့ အမြဲ အသုံးပြုလေ့ ဟိရေ။
    ရေချမ်းအိုး တည်သော မြူတာအိုးငယ် ကဲ့သို့ ကြေးဖြင့် ပြုလုပ်ထားသော အဝငယ်သော အိုးငယ်တစ်မျိုး။ (ရသေ့နှင့် ဟိန္ဒူဆာဒူကြီးတို့ အမြဲ အသုံးပြုလေ့ ရှိသည်။
    pot
    နာမ်

    လော်မာ

    [lɔ̀mà]
    အကျင့် ဖောက်ပြန် လျပ်ပေါ်သော။ ၂၊ စောင့်စည်း ထိန်းသိမ်းမှု မဟိရေ။ကျွန်ုပ်မက၊ ဒေဝပူရိန်၊ တာဝတိံမာဇ၊ အဓိဌာန်နှင့် ဆုပန်ရပြီးကေ မမာ့ဖောက်ပြန် မဟုတ်ရင်ေ့ (ကော်)
    အကျင့် ဖောက်ပြန် လျပ်ပေါ်သော။ ၂၊ စောင့်စည်း ထိန်းသိမ်းမှု မရှိသော။ကျွန်ုပ်မက၊ ဒေဝပူရိန်၊ တာဝတိံမာဇ၊ အဓိဌာန်နှင့် ဆုပန်ရ၍ မိန်းမလော်မာ မဟုတ်ပါနှင့် (ကော်)
    wanton - licentious
    နာမဝိသေသန

    လော်ရာ

    [lɔ̀ɹà]
    အကျင့် ဖောက်ပြန် လျပ်ပေါ်သော။ ၂၊ စောင့်စည်း ထိန်းသိမ်းမှု မဟိရေ
    အကျင့် ဖောက်ပြန် လျပ်ပေါ်သော။ ၂၊ စောင့်စည်း ထိန်းသိမ်းမှု မရှိသော
    wanton - licentious
    နာမဝိသေသန

    လော်လီ

    [lɔ̀lí]
    အကျင့် ဖောက်ပြန် လျပ်ပေါ်သော။ ၂၊ စောင့်စည်း ထိန်းသိမ်းမှု မဟိရေ။ မတော်အမှု၊ ကိလေသာနန့် ဖောက်ပြန်ပြုလို့ (ပဒ)။ လက်နန့် လက်ပုခုံးနှစ်ဖက် ဝဲယာမှ ဖြာထွက်သော ကိုယ်အင်္ဂါ အစိတ်အပိုင်း
    အကျင့် ဖောက်ပြန် လျပ်ပေါ်သော။ ၂၊ စောင့်စည်း ထိန်းသိမ်းမှု မရှိသော။ မတော်အမှု၊ ကိလေသာဖြင့် လော်လီပြုလို့ (ပဒ)။ လက်နှင့် လက်ပုခုံးနှစ်ဖက် ဝဲယာမှ ဖြာထွက်သော ကိုယ်အင်္ဂါ အစိတ်အပိုင်း
    wanton - licentious
    နာမဝိသေသန

    လဲ

    [lɛ]
    တခုတရီသော အရာကို တစုံတခုသော အရာနန့် ဖလှယ်ရေ။ ရီချိုးလို့ရားကေ အဝတ်လဲရေ (အရပ်)။ ၂၊ တခုတရီသော အရာမာ အရာတခုခု အစားသွင်းသည်
    တစ်စုံတစ်ခုသော အရာကို တစ်စုံတခုသော အရာနှင့် ဖလှယ်သည်။ ရီချိုးလို့ပြီးကေ အဝတ်လဲရေ (အရပ်)။ ၂၊ တစ်စုံတစ်ခုသော အရာတွင် အခြားတစ်ခုခု အစားသွင်းသည်
    exchange change [as in အဝတ်~၊ ဖေသာ~]
    ကြိယာ

    လဲ့

    [lé]
    ကြည်လင် တောက်ပရေ အရောင်အသွီး ပါဟိသော
    ကြည်လင် တောက်ပသည့် အရောင်အသွေး ပါယှိသော
    limpid - clear (collocating usually with ပြာ၊ စိမ်း၊ ညို၊ ရွှန်း and ဝင်း)[as in ပြာ ~၊ စိမ်း~၊ ရွှန်း~]
    နာမဝိသေသန

    လဲ၂

    [lɛ၂]
    အမီးစကားရို့မာ ကြိယာအဆုံးမာ စပ်၍ သုံးသော ဝန်စကား။ (ဇာလဲ၊ ဇာကိုလားဖို့လဲ၊ ဇာချင့်လဲ အစဟိစွာအနိန်နန့် သုံးနှုန်းရေ။
    အမေးစကားတို့တွင် ကြိယာအဆုံး၌ စပ်၍ သုံးသော ပစ္စည်းစကား။ (ဇာလဲ၊ ဇာကိုလားဖို့လဲ၊ ဇာချင့်လဲ စသည်ဖြင့် သုံးနှုန်းသည်။
    part [colloq.] final particle of interrogative sentence collocating with initial particles
    ပစ္စည်း

    လဲ့လက်ခတ်

    [lélɛʔkʰaʔ]
    တဖိတ်ဖိတ် အရောင်တောက် ပြောင်သော
    တစ်ဖိတ်ဖိတ် အရောင်တောက် ပြောင်သော
    glory
    နာမဝိသေသန

    လဲ့လဲ့ခတ်

    [lélékʰaʔ]
    အရောင် ကြည်လင် အရည်ရွှန်းသစ်စွာ
    အရောင် ကြည်လင် အရည်ရွှန်းသစ်စွာ
    wearily - weakly [as in ~ကြောက်စရာအရောင်]
    ကြိယာဝိသေသန

    လဲလှယ်

    [lɛɬɛ̀]
    တခုတရီသောအရာကို တစုံတခုသောအရာနန့် ဖလှယ်ရေ။ ရီချိုးလို့ရားကေ အဝတ်လဲ ရေ (အရပ်)။ ၂၊ တခုတရီသော အရာမာ အရာတခုခု အစားသွင်းသည်
    တစ်စုံတစ်ခုသောအရာကို တစ်စုံတခုသောအရာနှင့် ဖလှယ်သည်။ ရီချိုးလို့ပြီးကေ အဝတ်လဲ ရေ (အရပ်)။ ၂၊ တစ်စုံတစ်ခုသော အရာတွင် အခြားတစ်ခုခု အစားသွင်းသည်
    exchange change [as in အဝတ်~၊ ဖေသာ~]
    ကြိယာ

    လျ

    [lr]
    တဆတ်ဆတ် လျော့ပါး လားရေ။ ငယ် လားရေ
    တဖြည်းဖြည်း လျော့ပါး သွားသော။ သေးငယ် သွားသော
    slight - slender trim - lean - thin - at tenuated [as in ~သောဝမ်း၊ ညှိုး~၊ နွမ်း~၊ ပန်း~] small - young - youthful [as in နတ်~]
    နာမဝိသေသန

    လျက်

    [lrɛʔ]
    အရည်ပျစ်ပျစ် မဟုတ် အမှုန့် စစွာကို လျှာပေါ်၌တင်ပနာ ပွတ်ကာလူးကာ စားသည်
    အရည်ပျစ်ပျစ် မဟုတ် အမှုန့် စသည်ကို လျှာပေါ်၌တင်၍ ပွတ်ကာလူးကာ စားသည်
    lick - lap up
    ကြိယာ

    လျက်၂

    [lrɛʔ၂]
    ကြိယာ၏ အားထုတ် ပြုလုပ်မှုနန့် ဆက်ပနာ ဖြစ်တည်နေခြင်းကို ပေါ်လွင်စီရန် သုံးရေ စကားလုံး။ များစွာသော လက်ဆောင်တော်ဖြင့် ဆက်ပိုင်က်ရေကို ဆင်ကဲကြီး အနော်ရထာ ယူဆောင်ဗျာယ် မြို့တော်သို့ ပြန်လာပေ၏ (တောင်)
    ကြိယာ၏ အားထုတ် ပြုလုပ်မှုနှင့် ဆက်လက် ဖြစ်တည်နေခြင်းကို ပေါ်လွင်စေရန် သုံးသည့် စကားလုံး။ များစွာသော လက်ဆောင်တော်ဖြင့် ဆက်သလိုက်သည်ကို ဆင်ကဲကြီး အနော်ရထာ ယူဆောင်လျက် မြို့တော်သို့ ပြန်လာပေ၏ (တောင်)
    while [as in ထိုင်~အိပ်] in spite of - despite - although - though - but [as in ယူဆောင်~မြို့တော်သို့]
    ပစ္စည်း