Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,701–1,720 of 1,963 words

    လ

    လျှမ်းလျှမ်းတောက်

    [ʃáɴʃáɴtɔ́ɛʔ]
    အထူး ထင်ရှားပေါ်လွင် ထက်မြက်ရေ။ ထွန်းလင်း တောက်ပြောင်သော။ လျှမ်းလျှမ်းတောက်ပြောင်၊ လောင်ခမန်း၊ လွန်တင့်ဆန်း၏ (ဦးရာဇ်ကာ)
    အထူး ထင်ရှားပေါ်လွင် ထက်မြက်သော။ ထွန်းလင်း တောက်ပြောင်သော။ လျှမ်းလျှမ်းတောက်ပြောင်၊ လောင်ခမန်း၊ လွန်တင့်ဆန်း၏ (ဦးရာဇ်ကာ)
    popular - brilliant [as in ~ပတ္တမြား] - outstanding [as in ~နိုင်ငံရီးသမား]
    နာမဝိသေသန

    လျှမ်းလျှမ်းတောက်၂

    [ʃáɴʃáɴtɔ́ɛʔ၂]
    အထူး ထင်ရှား ပေါ်လွင် ထက်မြက် တောက်ပြောင်စွာ
    အထူး ထင်ရှား ပေါ်လွင် ထက်မြက် တောက်ပြောင်စွာ
    preeminently - outstandingly
    ကြိယာဝိသေသန

    လျှာ

    [ʃà]
    ခံမားဟိ အရသာကို ခံစားတတ်ရေ လှုပ်ရှားနှိုင်ရေ အသားစိုင်
    ခံတွင်းယှိ အရသာကို ခံစားတတ်သော လှုပ်ရှားနိုင်သည့် အသားစိုင်
    tongue [fig.] manner of speaking [as in ~သွက်-၊ နှုတ်သီးကောင်း~ပါး၊ ~ရှည်-] tongue (in tongue and groove planks) [as in ~ထိုးစပ်၊ ချိန်ခွင်~]
    နာမ်

    လျှာကျိုး

    [ʃàt͡ɕó]
    တခုတရီသော ပြောဆိုမှုကို ပုံမှန် ပြောဆိုနီကျ ဖြစ်ရေ။ ပြောကျင့် ဖြစ်နီသော
    တစ်စုံတစ်ခုသော ပြောဆိုမှုကို ပုံမှန် ပြောဆိုနေကျ ဖြစ်သော။ ပြောကျင့် ဖြစ်နေသော
    manner of speaking
    နာမဝိသေသန

    လျှာခင်

    [ʃàkʰɪ̀ɴ]
    ခံမား ပစ အာခေါင်ထဲဟိ လျှာ၏ အရင်းပိုင်းစွန်း
    ခံတွင်း ပါးစပ် အာခေါင်ထဲယှိ လျှာ၏ အရင်းပိုင်းစွန်း
    uvula reed (of some wind instruments)
    နာမ်

    လျှာစက်အာစက်

    [ʃàsɛʔʔsɛʔ]
    လူတိအား လေးစား နှိုင်လောက်ယောင် ပြောနိုင် ဆိုနှိုင်စွမ်း၊ ပြဌာန်း သတ်မှတ်ထားရေ ဥပဒေအမိန့် အာဏာ တည်စီနှိုင်စွမ်း
    သူတစ်ပါးအား လေးစား နိုင်လောက်အောင် ပြောနိုင် ဆိုနိုင်စွမ်း၊ ပြဌာန်း သတ်မှတ်ထားသော ဥပဒေအမိန့် အာဏာ တည်စေနိုင်စွမ်း
    power to command obedience - charisma
    နာမ်

    လျှာနာ

    [ʃànà]
    လျှာထက်မာ ဖြစ်ပေါ် တတ်ရေ အနာ။ လျှာကွဲနာ
    လျှာပေါ်တွင် ဖြစ်ပေါ် တတ်သော အနာ။ လျှာကွဲနာ
    foot-and-mouth disease - hoof-and-mouth disease
    နာမ်

    လျှာပါး

    [ʃàpàး]
    စကားကို အမျိုးမျိုး အဖုံဖုံ ပြောဆိုနှိုင်စွမ်း ဟိသည်
    စကားကို အမျိုးမျိုး အဖုံဖုံ ပြောဆိုနိုင်စွမ်း ယှိသည်
    quick retort
    ကြိယာ

    လျှာယား

    [ʃàjá]
    (ဥပစာ) အလွန် ပြောချင်ဆိုချင်စိတ် ဟိရေ။ မောင်သာဖြူပြောရေ စကားထက်မာ ဝင်လို့ ပြောလိုက်ချင်ရေ အလိုက်တိုင်း လျှာယား နီလိုက်တေ (အရပ်)
    (ဥပစာ) အလွန် ပြောချင်ဆိုချင်စိတ် ယှိသည်။ မောင်သာဖြူပြောရေ စကားထက်မှာ ဝင်လို့ ပြောလိုက်ချင်ရေ အလိုက်တိုင်း လျှာယား နီလိုက်တေ (အရပ်)
    [fig.] have an irrepressible desire to butt in feel uncomfortable in having to use unfamiliar expressions
    ကြိယာ

    လျှာရည်

    [ʃàɹɛ̀]
    လျှာ ပတ်ဝန်းကျင်မှ စိမ့်ယိုထွက်သော အရည်
    လျှာ ပတ်ဝန်းကျင်မှ စိမ့်ယိုထွက်သော အရည်
    saliva
    နာမ်

    လျှာရည်ကျ

    [ʃàɹɛ̀t͡ɕ]
    တခုတရီသော အစားအစာကို မြင်တွိရရေအခါ အလွန်တရာ စားလိုစိတ်နန့် ခံမား၌ လျှာရည် စိမ့်ထွက် ယိုကျရေ။ ၂၊ ကချေတိ၏ ပစခံမားမှ အရည်များ ပစ အပြင်သို့ ယိုထွက် စီးဆင်းရေ
    တစ်စုံတစ်ရာသော အစားအစာကို မြင်တွေ့ရသောအခါ အလွန့်အလွန် စားလိုစိတ်ဖြင့် ခံတွင်း၌ လျှာရည် စိမ့်ထွက် ယိုကျသည်။ ၂၊ ကလေးများ၏ ပါးစပ်ခံတွင်းမှ အရည်များ ပါးစပ် အပြင်သို့ ယိုထွက် စီးဆင်းသည်
    salivate - water at the mouth - (of a child) drool - (fig) crave for
    ကြိယာ

    လျှာရည်ခံ

    [ʃàɹɛ̀kʰံ]
    အချေ များမာ ပစမှ ယိုစီးကျသော လားရည်တိကို မစွတ်စိုရယောင် လိုင်ဖင်းမာ ကြိုးတပ်ပြီးကေ ရင်ဖတ် ထက်မာ တင်ထားပနာ ဆွဲခံထားရေ အဝတ်ချာလေး
    ကလေးငယ် များတွင် ပါးစပ်မှ ယိုစီးကျသော သွားရည်များကို မစွတ်စိုရအောင် လည်ပင်းတွင် ကြိုးတပ်၍ ရင်ဘတ် ပေါ်တွင် တင်ထား၍ ဆွဲခံထားသော အဝတ်စလေး
    bib
    နာမ်

    လျှာရည်ယို

    [ʃàɹɛ̀jÒ]
    တခုတရီသော အစားအစာကို မြင်တွိရရေအခါ အလွန်တရာ စားလိုစိတ်နန့် ခံမား၌ လျှာရည် စိမ့်ထွက် ယိုကျရေ။ ၂၊ ကချေတိ၏ ပစခံမားမှ အရည်များ ပစအပြင်သို့ ယိုထွက် စီးဆင်းရေ
    တစ်စုံတစ်ရာသော အစားအစာကို မြင်တွေ့ရသောအခါ အလွန့်အလွန် စားလိုစိတ်ဖြင့် ခံတွင်း၌ လျှာရည် စိမ့်ထွက် ယိုကျသည်။ ၂၊ ကလေးများ၏ ပါးစပ်ခံတွင်းမှ အရည်များ ပါးစပ်အပြင်သို့ ယိုထွက် စီးဆင်းသည်
    salivate - water at the mouth - (of a child) drool - (fig) crave for
    ကြိယာ

    လျှာရည်ရှည်

    [ʃàɹɛ̀ʃɛ̀]
    (ဥပစာ) စကားကြော ရှည်လျားစွာ ပြောဆိုရေ။ ပြောဆိုရေ စကား အစိုင်အတန်း ရှည်လျားသော
    (ဥပစာ) စကားကြော ရှည်လျားစွာ ပြောဆိုသော။ ပြောဆိုသော စကား အစဉ်အတန်း ရှည်လျားသော
    be long-winded
    နာမဝိသေသန

    လျှာလိပ်

    [ʃàlìaʔ]
    လျှာကို အထက်ကို လိပ်၍ အထက် လားယင်းနန့် လျှာဖျားကို ထိထားရေ
    လျှာကို အပေါ်သို့ လိပ်၍ အထက် သွားရင်းနှင့် လျှာဖျားကို ထိထားသည်
    roll trill or burr
    ကြိယာ

    လျှာလီး

    [ʃàlï]
    အပြောအဆို ကြာသော။ ထိုင်းမှိုင်းဖင့်နွဲသော
    အပြောအဆို နှေးကွေးသော။ လေးလံဖင့်နွဲသော
    be slow of speech
    နာမဝိသေသန

    လျှာလီးအာလီး

    [ʃàlïʔlï]
    အပြောအဆို ကြာမှု
    အပြောအဆို နှေးကွေးမှု
    slowness of speech
    နာမ်

    လျှာသွက်အာသွက်

    [ʃàθwɛʔʔθwɛʔ]
    စကားကို ပေါ့ပါး အယင့်ယင် ပြောဆိုတတ်ရေ
    စကားကို ပေါ့ပါး လျင်မြန်စွာ ပြောဆိုတတ်သော
    readiness of tongue
    နာမဝိသေသန

    လျှို

    [ʃÒ]
    ကြိုးကွင်း၊ အပေါက် အစဟိစွာ၏ တဖက်ဘက်ကို ရောက်ယောင် ထည့်သွင်းရေ။ ၂၊ အကြောင်းအရာ တခုတရီကို မဖော်ထုတ်ပဲ ထားရေ။ မသိမမြင်ရရောင် သိုသိပ် ထားရေ။ သိလတ်မေလို့ မပြောပဲ သျှိုထားရေ (အရပ်)။ ၃၊ ပုန်းကွယ် ဝှက်နိန်ရေ
    ကြိုးကွင်း၊ အပေါက် စသည်၏ တစ်ဘက်ဘက်သို့ ရောက်အောင် ထည့်သွင်းသည်။ ၂၊ အကြောင်းအရာ တစ်စုံတစ်ခုကို မဖော်ထုတ်ပဲ ထားသည်။ မသိမမြင်ရအောင် သိုသိပ် ထားသည်။ သိလတ်မေလို့ မပြောပဲ သျှိုထားရေ (အရပ်)။ ၃၊ ပုန်းကွယ် ဝှက်နေသည်
    insert (into or through an opening) [as in မင်းတုပ်~-] hide - conceal [as in ချုံထဲ၌~နေ-၊ အစွမ်းကို~-] stoop to go under sth [as in တန်းအောက်ကို~ဝင်-] stoop - submit - yield
    ကြိယာ

    လျှို့

    [ʃo̰]
    တခုတရီ အောက်ကို ငုံ့၍ ဝင်ရေ။ တန်းအောက်၊ အိမ်ဂြောက်ကို ငုံ့၍ ဝင်ရေ။ လမ်းမဟိလို့ အပေါက်က လျှို့ဝင်လို့ လာလတ်တေ (အရပ်)
    တစ်စုံတစ်ခု အောက်သို့ ငုံ့၍ ဝင်သည်။ တန်းအောက်၊ အိမ်အောက်သို့ ငုံ့၍ ဝင်သည်။ လမ်းမဟိလို့ အပေါက်က လျှို့ဝင်လို့ လာလတ်တေ (အရပ်)
    dip
    ကြိယာ