Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,721–1,740 of 1,963 words

    လ

    လျှို၂

    [ʃÒ၂]
    တောင်ကြို တောင်ကြားမာ တည်ဟိသော ချောက်ရှည်ကြီး
    တောင်ကြို တောင်ကြားတွင် တည်ယှိသော ချောက်ရှည်ကြီး
    ravine - gully - clough
    နာမ်

    လျှော

    [ʃɔ́]
    မူလ တည်နီရာမှ နိမ့်ရာသို့ ရွိ့လားရေ။ ၂၊ အဆီးအတား မဟိပဲ အလိုက်သင့်စွာ ရွိရေ။ ၃၊ အမြင့်မှ အနိမ့်သို့ ပွတ်တိုက် ဆင်းရေ
    မူလ တည်နေရာမှ နိမ့်ရာသို့ ရွေ့သွားသည်။ ၂၊ အဆီးအတား မယှိပဲ အလိုက်သင့်စွာ ရွေ့လျားသည်။ ၃၊ အမြင့်မှ အနိမ့်သို့ ပွတ်တိုက် ဆင်းသည်
    slide down [as in ရေခဲတုံးများ~ကျလာ-] be loosened [as in ဝမ်း~-] - miscarry (child young ) [as in သား~-] lose be reduced [as in စီးပွား~-]
    ကြိယာ

    လျှော့

    [ʃɔ̰]
    အယင်က သတ်မှတ် ထားရေ အရွီအတွက်မှ ထုတ်ပယ်ရေ။ နည်းစီရေ။ ၂၊ စွမ်းဆောင်နိုင်ခြင်း မဟိတော့သနန့် အယှုံးပီးရေ။ ၃၊ မတတ်နှိုင်ကြောင်း ဝန်ခံသည်
    ယခင်က သတ်မှတ် ထားသော အရေအတွက်မှ ထုတ်ပယ်သည်။ နည်းစေသည်။ ၂၊ စွမ်းဆောင်နိုင်ခြင်း မယှိတော့သဖြင့် အရှုံးပေးသည်။ ၃၊ မတတ်နိုင်ကြောင်း ဝန်ခံသည်
    reduce - lessen - decrease (of attempts hopes etc) give up [as in စိတ်~-၊ မာန်~-၊ လက်~-] (of knots belts etc] loosen slecken - pay out [as in ကြိုး~-၊ ခါးပတ်~-]
    ကြိယာ

    လျှော၂

    [ʃɔ́၂]
    ညီညာသော ပြင်မှ အောက်ကို နိမ့်ဆင်းသွားခြင်း
    ညီညာသော ပြင်မှ အောက်သို့ နိမ့်ဆင်းသွားခြင်း
    slide
    နာမ်

    လျှောက်

    [ʃɔ́ɛʔ]
    ဂုဏ်သရေဟိ မြင့်မြတ်သော သူရို့အား ရိုသေစွာ ပြောကြားရေ။ ကုလားအမတ်ဒေချင့်ကုစီ သိတိုင်း မြင်တိုင်း အရပ်ရပ် စကားကို လျှောက်လေသော် (တောင်)။ ၂၊ ရုံး လုပ်ငန်းဆိုင်ရာ ရို့မာ ကိုယ့် တစုံတရာအတွက် ပန်ကြားရေ
    ဂုဏ်သရေယှိ မြင့်မြတ်သော သူတို့အား ရိုသေစွာ ပြောကြားသည်။ ကုလားအမတ်ဒါကုစီ သိတိုင်း မြင်တိုင်း အရပ်ရပ် စကားကို လျှောက်လေသော် (တောင်)။ ၂၊ ရုံး လုပ်ငန်းဆိုင်ရာ တို့တွင် မိမိ၏ တစ်စုံတရာအတွက် ပန်ကြားသည်
    walk [as in တံတားဟောင်း အနားကို မ~နှင့်] - go about [as in ရွာစဉ်~-] - circulate [as in သွီးလီ~ - ] address formally (a subordinate to a superior) apply for (positions places jobe materials etc) [as in အလုပ်~-]
    ကြိယာ

    လျှောက်ကာရ

    [ʃɔ́ɛʔkàɹ]
    ရည်မှတ်ချက် မဟိပဲ ခြီဦးတည့်ရာ လားလာဗျာယ်။ ၂၊ နီရာတိုင်းမာ နီရာများစွာ ပျံ့နှံ့ဗျာယ်၊ လည်နီရေ။ လျှောက်ကာရ ပြောနီရေ၊ (သျှောက်ကာရ ပြောနီရေ။) သျှောက်ကာရလည်၊ သျှောက်ကာရပြော၊ သျှောက်ကာရလုပ် အစဟိစွာ ဆိုပနာ သုံးနှုန်းလေ့ဟိ ကတ်သိမ့်ရေ။
    ရည်မှတ်ချက် မယှိပဲ ခြေဦးတည့်ရာ သွားလာလျက်။ ၂၊ နေရာတိုင်းတွင် နေရာများစွာ ပျံ့နှံ့လျက်၊ လည်နီရေ။ လျှောက်ကာရ ပြောနီရေ၊ (သျှောက်ကာရ ပြောနီရေ။) သျှောက်ကာရလည်၊ သျှောက်ကာရပြော၊ သျှောက်ကာရလုပ် စသည် ဟူ၍ သုံးနှုန်းလေ့ယှိ ကြသေးသည်။
    indiscriminately [as in ~ပြော၊ ~လုပ်]
    ကြိယာဝိသေသန

    လျှောက်ထား

    [ʃɔ́ɛʔtʰá]
    ဂုဏ်သရေဟိ မြင့်မြတ်သော သူရို့အား ရိုသေစွာ ပြောကြားရေ။ ကုလားအမတ်ဒေချင့်ကုစီ သိတိုင်း မြင်တိုင်း အရပ်ရပ်စကားကို လျှောက်လေသော် (တောင်)။ ၂၊ ရုံး လုပ်ငန်း ဆိုင်ရာရို့မာ ကိုယ့် တစုံတရာအတွက် ပန်ကြားရေ။ ဘုရင် မင်းရာဇကြီးလည်း ပြေးလာရေ သူရို့ လျှောက်ထားလေလျှင် အလ
    ဂုဏ်သရေယှိ မြင့်မြတ်သော သူတို့အား ရိုသေစွာ ပြောကြားသည်။ ကုလားအမတ်ဒါကုစီ သိတိုင်း မြင်တိုင်း အရပ်ရပ်စကားကို လျှောက်လေသော် (တောင်)။ ၂၊ ရုံး လုပ်ငန်း ဆိုင်ရာတို့တွင် မိမိ၏ တစ်စုံတရာအတွက် ပန်ကြားသည်။ ဘုရင် မင်းရာဇကြီးလည်း ပြေးလာသော သူတို့ လျှောက်ထားလေလျှင် အလ
    walk [as in တံတားဟောင်း အနားကို မ~နှင့်] - go about [as in ရွာစဉ်~-] - circulate [as in သွီးလီ~ - ] address formally (a subordinate to a superior) apply for (positions places jobe materials etc) [as in အလုပ်~-]
    ကြိယာ

    လျှောက်ထုံး

    [ʃɔ́ɛʔtʰóʊɴ]
    ရှေးက ရခိုင် ဘုရင်မင်းများရို့အား ပညာဟိ အမှူးအမတ်များရို့က အကြောင်း အနိန်နန့် အမှုအခင်း အကြောင်းအရာနန့် ပတ်သက်ပြီးကေ မှတ်သားဖွယ်ရာ အဖြာဖြာရို့ကို ကျိုးကြောင်းပြသ၍ လျှောက်တင်ပြချက်။ ယင်းတင်ပြချက်တိကို စုပေါင်း ရိုက်နှိပ် ထားရေ ကျမ်း။ (မဟာပညာကျော် လျှောက်
    ရှေးက ရခိုင် ဘုရင်မင်းများတို့အား ပညာယှိ အမှူးအမတ်များတို့က အကြောင်း အားလျော်စွာ အမှုအခင်း အကြောင်းအရာနှင့် ပတ်သက်၍ မှတ်သားဖွယ်ရာ အဖြာဖြာတို့ကို ကျိုးကြောင်းပြသ၍ လျှောက်တင်ပြချက်။ ယင်းတင်ပြချက်များကို စုပေါင်း ရိုက်နှိပ် ထားသော ကျမ်း။ (မဟာပညာကျော် လျှောက်
    compilation of learned discourses or memorable sayings presented to the king by scholars or ministers
    နာမ်

    လျှောက်လွှာ

    [ʃɔ́ɛʔlW̯à]
    အစိုးရလုပ်ငန်းနန့် ဆိုင်ရာ ဌာနတခုခုသို့ လုပ်ငန်း တခုတရီအတွက် အချက်အလက် ဖော်ပြ၍ တင်ပြသိစီရေ စာ
    အစိုးရလုပ်ငန်းနှင့် ဆိုင်ရာ ဌာနတစ်ခုခုသို့ လုပ်ငန်း တစ်စုံတစ်ရာအတွက် အချက်အလက် ဖော်ပြ၍ တင်ပြသိစေသော စာ
    application - petition
    နာမ်

    လျှော့ချ

    [ʃɔ̰ɕ]
    သတ်မှတ်ထားရေ အရွီအတွက် အစဟိစွာရို့မှ လျှော့နည်းယောင် ပြုသည်
    သတ်မှတ်ထားသော အရေအတွက် စသည်တို့မှ လျှော့နည်းအောင် ပြုသည်
    cut back [as in ထုတ်လုပ်မှု~-] - reduce [as in မူလသို့~-] - cut down [as in ဈီးနှုန်းကို~-]
    ကြိယာ

    လျှော့ဈီး

    [ʃɔ̰zʱï]
    အယင်က သတ်မှတ်ထားရေ ရောင်းဈီးအောက် လျှော့ချပနာ သတ်မှတ်သော ကုန်ဖိုးနှုန်း
    ယခင်က သတ်မှတ်ထားသော ရောင်းဈေးအောက် လျှော့ချ၍ သတ်မှတ်သော ကုန်ဖိုးနှုန်း
    sale - reduced price [as in မူလသို့~-] - bargain price [as in ဈီးဖြတ်၍~ရ-]
    နာမ်

    လျှော့ပီး

    [ʃɔ̰pï]
    တံပက်လူ၏ အလိုသို့ လိုက်လျှော့ရေ။ လျှော့အောင် ပြုသည်
    တစ်ဘက်သား၏ အလိုသို့ လိုက်လျှော့သည်။ လျှော့အောင် ပြုသည်
    yield - give in [as in လက်နက်ချ~-] slacken - pay out [as in ငါးမျှားကြိုး~-]
    ကြိယာ

    လျှော့ပါး

    [ʃɔ̰pàး]
    လုပ်ဆောင်ရန် အမှုကိစ္စ နည်းပါးအောင် ပြုရေ။ အမှုကိစ္စ နည်းပါးအောင် သက်ညှာခြင်း ပြုသည်
    လုပ်ဆောင်ရန် အမှုကိစ္စ နည်းပါးအောင် ပြုသည်။ အမှုကိစ္စ နည်းပါးအောင် သက်ညှာခြင်း ပြုသည်
    cut back [as in ထုတ်လုပ်မှု~-] - reduce [as in မူလသို့~-] - cut down [as in ဈီးနှုန်းကို~-]
    ကြိယာ

    လျှော်

    [ʃɔ̀]
    ဆံပင် တနည်း အဝတ်အထည်ကို အညစ်အကြီး စင်ကြယ် ရှင်းသန့်အောင် ပြုရေ။ ၂၊ မပီးဆပ်နှိုင်ပနာ ပယ်ဖျက်လိုက်ရေ။ ဒိုင်ဖဲသမား အလျှော်မပီးနှိုင်၍ အားလုံး ခြီဖျက်လိုက်ရေ။ (လျှော် (သျှော်) ပစ်ခီရေ။
    ဆံပင် သို့မဟုတ် အဝတ်အထည်ကို အညစ်အကြေး စင်ကြယ် သန့်ရှင်းအောင် ပြုသည်။ ၂၊ မပေးဆပ်နိုင်၍ ပယ်ဖျက်လိုက်သည်။ ဒိုင်ဖဲသမား အလျှော်မပေးနိုင်၍ အားလုံး ချေဖျက်လိုက်သည်။ (လျှော် (သျှော်) ပစ်လိုက်သည်။
    (of clothes or hair) wash [as in စင်ကြယ်အောင်~] write off [as in ကြွေးကို~]
    ကြိယာ

    လျှော်၂

    [ʃɔ̀၂]
    ကြိုးကျစ်ခြင်း၊ ဆာလာအိတ် ရက်လုပ်ခြင်း၊ အထည်ရက်ခြင်း အစဟိစွာ ပြုလုပ်ရရေ အပင်၏ အခွံအခေါက်မှ ထုတ်ယူပနာရရေ အပင်၏ အခွံအခေါက်မှ ထုတ်ယူပနာရရေ အမျှင်
    ကြိုးကျစ်ခြင်း၊ ဂုံနီအိတ် ရက်လုပ်ခြင်း၊ အထည်ရက်ခြင်း စသည် ပြုလုပ်ရသော အပင်၏ အခွံအခေါက်မှ ထုတ်ယူ၍ရသော အပင်၏ အခွံအခေါက်မှ ထုတ်ယူ၍ရသော အမျှင်
    plant fibre tree of the Sterculia species fibrous bark of which is used for making ropes twine or rope of plant fibre [as in ~ဖြင့်အထည်-]
    နာမ်

    လျှော်တေသင်္ကန်း

    [ʃɔ̀tèθŋ̇kaáɴ]
    အပင်၏ အခေါက်မှရရေ လျှော်မျှင်ဖြင့် ရက်သော အထည်ကို ရခိုင်ရို့က သစ်နက်ပင်ဟု ခေါ်သော အခေါက်၏ ဆိုးရည်ဖြင့် ဆိုးထားရေ အရောင်နက်ကြုတ် စရေ သင်္ကန်းတမျိုး။ (တချို့ ရခိုင်ရို့က ယင်း သစ်နက်ပင်ကို လျှော်တေပင်ဟု ခေါ်ကတ်၏။ ယင်းအပင်မှ လျှော်ဖြင့်ရက်၍ ရရေ သင်္ကန
    သစ်ပင်၏ အခေါက်မှရသော လျှော်မျှင်ဖြင့် ရက်သော အထည်ကို ရခိုင်တို့က သစ်နက်ပင်ဟု ခေါ်သော အခေါက်၏ ဆိုးရည်ဖြင့် ဆိုးထားသော အရောင်နက်ကြုတ် စသည့် သင်္ကန်းတစ်မျိုး။ (အချို့ ရခိုင်တို့က ယင်း သစ်နက်ပင်ကို လျှော်တေပင်ဟု ခေါ်ကြ၏။ ယင်းအပင်မှ လျှော်ဖြင့်ရက်၍ ရသော သင်္ကန
    robe for a monk made from plant fibres
    နာမ်

    လွ

    [lw]
    အကျင့် ဖောက်ပြန် လျှပ်ပေါ်သော။ ၂၊ စောင့်စည်း ထိန်းသိမ်းမှု မဟိသော
    အကျင့် ဖောက်ပြန် လျှပ်ပေါ်သော။ ၂၊ စောင့်စည်း ထိန်းသိမ်းမှု မယှိသော
    be licentious - be unrestrained - be self-indulgent
    နာမဝိသေသန

    လွင်

    [lwɪ̀ɴ]
    သာယာစွာ ပျံ့ထွက်ရေ။ အရောင် လွင်ပျောက်ရေ။ ဧးသံလွင်နန့်၊ ဖွားရှင်တော်ရင်း (ရခိုင်ဧး)
    သာယာစွာ ပျံ့ထွက်သည်။ အရောင် လွင်ပျောက်သည်။ ဧးသံလွင်နှင့်၊ ဖွားရှင်တော်ရင်း (ရခိုင်ဧး)
    be vivid [as in အရောင်~ပျောက်] be lacking in seriousness - be flippant [as in ပေါ့~] (of voice) be clear - be distinct [as in အသံ~]
    ကြိယာ

    လွင့်စဉ်

    [lwɪ̰ɴsɪ̀ɴ]
    မူလ တည်ဟိရာမှ အရာ တဖက်သို့ ရွင့်ပါး လားရေ။ ရွင့်စင် မြီမှုန့် ဆောင်းဆောင်းတည်း (ရခိုင်ကာ)
    မူလ တည်ရှိရာမှ အခြား တစ်ဖက်သို့ လွင့်ပါး သွားသည်။ ရွင့်စင် မြီမှုန့် ဆောင်းဆောင်းတည်း (ရခိုင်ကာ)
    be blown away [as in မြီမှုန့်~] - be thrown off [as in ကားထက်က~၍လာ] - be flung off
    ကြိယာ

    လွင်ပြင်

    [lwɪ̀ɴpɹɪ̀ɴ]
    ဟင်းလင်းအပြင်။ အကာအကွယ် အတားအဆီး မဟိရေ အပြင်
    ဟင်းလင်းအပြင်။ အကာအကွယ် အတားအဆီး မရှိသော အပြင်
    plain
    နာမ်