Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,741–1,760 of 1,963 words

    လ

    လွင့်ပြင်

    [lwɪ̰ɴpɹɪ̀ɴ]
    ဟင်းလင်းအပြင်။ အကာအကွယ် အတားအဆီး မဟိရေ အပြင်
    ဟင်းလင်းအပြင်။ အကာအကွယ် အတားအဆီး မရှိသော အပြင်
    plain
    နာမ်

    လွတ်

    [lwaʔ]
    အားလုံးသော မကောင်းမှုဟူသမျှ အရာရာ အစဟိစွာရို့မှ ကင်းစင်သည်
    အလုံးစုံသော မကောင်းမှုဟူသမျှ အရာခပ်သိမ်း စသည်တို့မှ ကင်းစင်သည်
    be free from be exempt - be free from restrictions escape [as in ရန်သူ့လက်မှ~-] miss [as in အခွင့်အရေး~ -] be set free [as in အနှောင်အဖွဲ့မှ~-] be out of control [as in အုပ်ထိန်းမှု မရှိဘဲ~နေ-] clear - be clear or [as in အပင်နန့်မတိုက်လို့~စွာရာ]
    ကြိယာ

    လွတ်ကင်း

    [lwaʔkɪ́ɴ]
    တခုတရီ ချုပ်ချယ်မှု၊ ငြိတွယ်မှု၊ နှောင့်ယှက်မှု၊ နှောင်ဖွဲ့မှု မဟိသော။ အထိအတွိ၊ အဆက်အစပ်၊ သက်ဆိုင်ခြင်း မဟိသော
    တစ်စုံတစ်ရာ ချုပ်ချယ်မှု၊ ငြိတွယ်မှု၊ နှောင့်ယှက်မှု၊ နှောင်ဖွဲ့မှု မယှိသော။ အထိအတွေ့၊ အဆက်အစပ်၊ သက်ဆိုင်ခြင်း မယှိသော
    be free from - be divorced of [as in နှောင်ဖွဲ့မှ~]- (of consciousness ) lose [as in သတိ~-] - be exempted from [as in အခွန်~-]
    နာမဝိသေသန

    လွတ်ကနဲ

    [lwaʔknɛ]
    သတိမထားပဲ နှုတ်က ဗြုန်းခနဲ ထွက်သောအနိန်နန့်
    သတိမထားပဲ နှုတ်မှ ရုတ်တရက် ထွက်သော အားဖြင့်
    careless speech
    ကြိယာဝိသေသန

    လွတ်ကျွတ်

    [lwaʔt͡ɕwaʔ]
    တခုတရီသော အရာမျိုး၌ လိုလားဖွယ် မဟိသော အခြီအရဲ အဖြစ်မှ လုံးလုံး ကင်းစင်သည်
    တစ်စုံတစ်ခုသော အရာမျိုး၌ လိုလားဖွယ် မယှိသော အခြေအနေ အဖြစ်မှ လုံးလုံး ကင်းစင်သည်
    be completely free
    ကြိယာ

    လွတ်ငြိမ်း

    [lwaʔɲéɪɴ]
    တခုတရီသော ပြစ်ဒဏ်၊ တာဝန် စကပင် ကင်းရေ။ ဖီးဒုက္ခ စကပင် ကင်းသည်
    တစ်စုံတစ်ခုသော ပြစ်ဒဏ်၊ တာဝန် စသည်မှ ကင်းသည်။ ဘေးဒုက္ခ စသည်မှ ကင်းသည်
    be free or exempted from responsibility punishment debt taxes
    ကြိယာ

    လွတ်ပေါက်

    [lwaʔpaʊʔ]
    အကျိုး တခုခုကို ရဟိနှိုင်ရေ အခြီအရဲ။ အခွင့်အလမ်း။ ၂၊ တခုတရီ ကန့်သတ်ချက်မာ အကျုံးမပါဝင်ပဲ ကျန်နီခရေ အကြောင်းအရာ
    အကျိုး တစ်ခုခုကို ရယှိနိုင်သည့် အခြေအနေ။ အခွင့်အလမ်း။ ၂၊ တစ်စုံတစ်ရာ ကန့်သတ်ချက်တွင် အကျုံးမပါဝင်ပဲ ကျန်နေခဲ့သော အကြောင်းအရာ
    opportunity for escape loophole
    နာမ်

    လွတ်မြောက်

    [lwaʔmɹɔ́ɛʔ]
    အနှောင်အဖွဲ့၊ ဖီးအန္တရာယ်၊ အချုပ်အချယ် အစဟိစွာ တခုခုမှ ကင်းရှင်း လာရေ
    အနှောင်အဖွဲ့၊ ဘေးအန္တရာယ်၊ အချုပ်အချယ် စသည် တစ်ခုခုမှ ကင်းရှင်း လာသည်
    escape - be emancipated - be liberated - be freed
    ကြိယာ

    လွတ်ရာကင်းရာ

    [lwaʔɹàkɪ́ɴɹà]
    တခုတရီ အချုပ်အချယ်၊ အနှောင်အဖွဲ့၊ သံယောဇဉ် ငြိတွယ်ရာ အစဟိစွာ ကင်းရှင်းရေ နီရာ။ ကင်းရှင်းရေ အဖြစ်အနေ။ ၂၊ မမြင်ကွယ်ရာ အရာ တပါးနီရာ
    တစ်စုံတစ်ရာ အချုပ်အချယ်၊ အနှောင်အဖွဲ့၊ သံယောဇဉ် ငြိတွယ်ရာ စသည် ကင်းရှင်းသော နေရာ။ ကင်းရှင်းသော အဖြစ်အနေ။ ၂၊ မမြင်ကွယ်ရာ အခြား တစ်ပါးနေရာ
    place free from any kind of restrictions or disturbances retreat
    နာမ်

    လွတ်လပ်

    [lwaʔlaʔ]
    တတိုင်းနှစ်သိုက် အုပ်စိုးမှု၊ ဖိနှိပ်မှုရို့မှ ကင်းစင်ရေ။ ၂၊ အချုပ် အချယ် အနှောင်အဖွဲ့ ကင်းယှင်းရေ။ အိမ်ထောင်ရာသား မဟိ ကင်းယှင်းရေ
    တစ်တိုင်းတစ်ပြည် အုပ်စိုးမှု၊ ဖိနှိပ်မှုတို့မှ ကင်းစင်သည်။ ၂၊ အချုပ် အချယ် အနှောင်အဖွဲ့ ကင်းရှင်းသည်။ အိမ်ထောင်ရာသား မယှိ ကင်းရှင်းသည်
    be independent - be free from - be free
    ကြိယာ

    လွတ်လွတ်ချွန်ချွန်

    [lwaʔlwaʔɕʊ̀ɴɕʊ̀ɴ]
    အတားအဆီး အနှောင့်အယှက်၊ အဟန့်အတား၊ ချုပ်ချယ်မှုရို့မှ လုံးလုံး ကင်းရှင်းစွာ။ ၂၊ အတွယ်အတာ အငြိအကပ် လုံးလုံးကင်းရှင်းစွာ
    အတားအဆီး အနှောင့်အယှက်၊ အဟန့်အတား၊ ချုပ်ချယ်မှုတို့မှ လုံးလုံး ကင်းရှင်းစွာ။ ၂၊ အတွယ်အတာ အငြိအကပ် လုံးလုံးကင်းရှင်းစွာ
    be completely free
    ကြိယာဝိသေသန

    လွန်

    [lʊ̀ɴ]
    ပြောသင့်၊ ဆိုသင့်၊ ဟိသင့်၊ ပြုသင့်စွာထက် ပိုရေ။ ၂၊ မလိုက်နာ၊ ငြင်းပယ် ဆန့်ကျင်ရေ။ ၃၊ အချိန်ကာလ ကုန်ရွိရေ။ ၄၊ သီဆုံးသည်
    ပြောသင့်၊ ဆိုသင့်၊ ယှိသင့်၊ ပြုသင့်သည်ထက် ပိုသည်။ ၂၊ မနာခံ၊ ငြင်းပယ် ဆန့်ကျင်သည်။ ၃၊ အချိန်ကာလ ကုန်ရွေ့သည်။ ၄၊ သေဆုံးသည်
    (of limit restrictions etc) go beyond - exceed - be intemperate [as in အစား~] - overshoot be well past [as in အိမ်ကြီးကို~] die [as in မင်းကြီး~သော်] transgress go against [as in စကားကို~၍ လုပ်]
    ကြိယာ

    လွန်း

    [lʊ́ɴ]
    ပိုပြီးကေ လွန်ကဲခြင်းကို ဖော်ပြဖို့ နာမဝိသေသနနှင့် ကြိယာရို့မာ ပူးတွဲ ဆက်စပ်သော စကားလုံး။ (လှလွန်း၊ ကောင်းလွန်း၊ ပြောလွန်း၊ သာလွန်း အစဟိစွာအနိန်နန့် သုံးရေ။
    ပိုမို လွန်ကဲခြင်းကို ဖော်ပြရန် နာမဝိသေသနနှင့် ကြိယာတို့တွင် ပူးတွဲ ဆက်စပ်သော စကားလုံး။ (လှလွန်း၊ ကောင်းလွန်း၊ ပြောလွန်း၊ သာလွန်း စသည်ဖြင့် သုံးသည်။
    particle suffixed to verbs or adjectives to convey the meaning of ‘excessive’ [as in လှ~၊ ပြော~]
    ပစ္စည်း

    လွန်

    [lʊ̀ɴ]
    ပြည့်စွာထက် ပိုလွန်သော။ အရွီအတွက်ထက် များစွာ ကဲပိုသော။ ၂၊ (ဥပစာ) (ပြောဆိုသမျှ) အထဲကို သက်ဝင်ခြင်း မဟိသော။ မင်းပြောရေစကား အားလုံး လွန်ရေကျည်းဗျာယ်(အရပ်)။ ၃၊ လျှပ်ပေါ် ပေါ့သွမ်းသော
    ပြည့်သည်ထက် ပိုလွန်သော။ အရေအတွက်ထက် များစွာ ကဲပိုသော။ ၂၊ (ဥပစာ) (ပြောဆိုသမျှ) အတွင်းသို့ သက်ဝင်ခြင်း မယှိသော။ မင်းပြောရေစကား အားလုံး လွန်ရေကျည်းဗျာယ်(အရပ်)။ ၃၊ လျှပ်ပေါ် ပေါ့သွမ်းသော
    (of limits restrictions etc)go beyond - exceed - be intemperate [as in အစား~]- overshoot be well past die [as in မင်းကြီး~သော်] transgress go against [as in မိဘ၊ ဆရာသမားစကားကို~၍ မရ]
    နာမဝိသေသန

    လွန်၂

    [lʊ̀ɴ၂]
    တုပ်ခြည်ရန် လိမ်ကျစ်ထားရေ ကြိုး။ ၂ တဖက်နှင့် တဖက် အားချင်း ပြိုင်၍ ဆွဲသော ကြိုး
    တုပ်ချည်ရန် လိမ်ကျစ်ထားသော ကြိုး။ ၂ တစ်ဘက်နှင့် တစ်ဘက် အားချင်း ပြိုင်၍ ဆွဲသော ကြိုး
    rope
    နာမ်

    လွန်ကောက်

    [lʊ̀ɴkɔ́ɛʔ]
    အဖျားချွန်၍ အရစ်တိနန့် တည်ဆောက်ထားပြီးသား ဖေါက်ထွင်နှိုင်ရေ ကိရိယာ။ ရစ်လှည့် တူးဖောက်သော ကိရိယာ၏ ပိုင်
    အဖျားချွန်၍ အရစ်များဖြင့် တည်ဆောက်ထားပြီး ဖေါက်ထွင်နိုင်သော ကိရိယာ။ ရစ်လှည့် တူးဖောက်သော ကိရိယာ၏ အသွား
    gimlet - auger - drill - brace
    နာမ်

    လွန်ကဲ

    [lʊ̀ɴkɛ]
    ပြောသင့်၊ ဆိုသင့်၊ ဟိသင့်၊ ပြုသင့်စွာထက် ပိုရေ။ ၂၊ မလိုက်နာ၊ ငြင်းပယ် ဆန့်ကျင်ရေ။ ၃၊ အချိန်ကာလ ကုန်ရွိရေ။ ၄၊ သီဆုံးသည်
    ပြောသင့်၊ ဆိုသင့်၊ ယှိသင့်၊ ပြုသင့်သည်ထက် ပိုသည်။ ၂၊ မနာခံ၊ ငြင်းပယ် ဆန့်ကျင်သည်။ ၃၊ အချိန်ကာလ ကုန်ရွေ့သည်။ ၄၊ သေဆုံးသည်
    (of limit restrictions etc) go beyond - exceed - be intemperate [as in အစား~] - overshoot be well past [as in အိမ်ကြီးကို~] die [as in မင်းကြီး~သော်] transgress go against [as in စကားကို~၍ လုပ်]
    ကြိယာ

    လွန်ကျ

    [lʊ̀ɴt͡ɕ]
    ပြည့်စွာထက် ပိုမောက်သော
    ပြည့်သည်ထက် ပိုမောက်သော
    exceed
    နာမဝိသေသန

    လွန်ကျူး

    [lʊ̀ɴt͡ɕùး]
    လူတိ၏ သားမယားနှင့် မားယွင်းခြင်းကို ပြုရေ။ ၂၊ လူ့ကျင့်ဝတ် ဥပဒေစည်းဘောင်ကို ဖောက်ဖျက်ရေ
    သူတစ်ပါး၏ သားမယားနှင့် မှားယွင်းခြင်းကို ပြုသည်။ ၂၊ လူ့ကျင့်ဝတ် ဥပဒေစည်းဘောင်ကို ဖောက်ဖျက်သည်
    (of limit restrictions etc) go beyond - exceed - be intemperate [as in အစား~] - overshootviolate religious or moral precepts (of married people) commit adultery - (of unmarried couples ) have premarital relationship
    ကြိယာ

    လွန်ကျွံ

    [lʊ̀ɴt͡ɕwံ]
    ဟိသင့်သည့် အတိုင်းအဆ ပမာဏထက် ပိုသာနိန်ရေ။ ၂၊ ပြုသင့် ပြုထိုက် လုပ်သင့် လုပ်ထိုက်စွာထက် ပိုကဲစွာ ပြုသည်
    ယှိသင့်သည့် အတိုင်းအဆ ပမာဏထက် ပိုကဲသည်။ ၂၊ ပြုသင့် ပြုထိုက် လုပ်သင့် လုပ်ထိုက်သည်ထက် ပိုကဲစွာ ပြုသည်
    excessively - in excess
    ကြိယာ