Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,761–1,780 of 1,963 words

    လ

    လွန်းကြင်

    [lʊ́ɴt͡ɕɪ̀ɴ]
    တကောင်နှင့် တကောင် အလွန်အကြူး ထူးကဲစွာ ချစ်ခင်ကြင်နာ တတ်ရေလို့ ဆိုအပ်ရေ ငှက်တမျိုး
    တစ်ကောင်နှင့် တစ်ကောင် အလွန်အကြူး ထူးကဲစွာ ချစ်ခင်ကြင်နာ တတ်သည်ဟု ဆိုအပ်သော ငှက်တစ်မျိုး
    mythical bird noted for intense devotion to its mate boat said to represent လွန်းကြင် bird
    နာမ်

    လွန်းကြင်လှီ

    [lʊ́ɴt͡ɕɪ̀ɴɬí]
    လွန်းကြင်ငှက် ပုံသဏ္ဌာန်ကို ယူပနာ ပြုလုပ်ရေ လောင်းတမျိုး။ ထိုဝယ်တရပ်၊ အစိုင်မှတ်ဗျာယ်၊ မှူးမတ်သမီး၊ ပျိုရွယ်ညီးရို့၊ စီးကြတုံကျင်၊ လှီလွန်းကြင်ကေ။ (ဝိဇယ
    လွန်းကြင်ငှက် ပုံသဏ္ဌာန်ကို ယူ၍ ပြုလုပ်သော လှေတစ်မျိုး။ ထိုဝယ်တစ်ရပ်၊ အစဉ်မှတ်လျက်၊ မှူးမတ်သမီး၊ ပျိုရွယ်ညီးတို့၊ စီးကြတုံကျင်၊ လှီလွန်းကြင်ကေ။ (ဝိဇယ
    boat said to represent
    နာမ်

    လွန်ကြိုး

    [lʊ̀ɴt͡ɕó]
    တဖက်နန့် တဖက် အားစမ်းပနာ ဆွဲသောကြိုး။ ၂၊ တုပ်ခြည်ဆွဲ ဆိုင်းထားရန် လိမ်ကျစ်ထားရေ ကြိုး
    တစ်ဘက်နှင့် တစ်ဘက် အားပြိုင်၍ ဆွဲသောကြိုး။ ၂၊ တုပ်ချည်ဆွဲ ဆိုင်းထားရန် လိမ်ကျစ်ထားသော ကြိုး
    rope used in tug-of-war
    နာမ်

    လွန်စူး

    [lʊ̀ɴsùး]
    ရစ်လှည့် တူးဖောက်သော ကိရိယာ၏ ပိုင်
    ရစ်လှည့် တူးဖောက်သော ကိရိယာ၏ အသွား
    gimlet - auger - drill - brace
    နာမ်

    လွန်ဆန်

    [lʊ̀ɴsʰàɴ]
    တယောက်ယောက်ဧ့ ဆုံးမခြင်းကို လိုက်နာမှု မဟိပဲ ပယ်လှန် ဆန့်ကျင်သည်
    တစ်စုံ တစ်ယောက်၏ ဆုံးမခြင်းကို လိုက်နာမှု မယှိပဲ ပယ်လှန် ဆန့်ကျင်သည်
    go against - refuse to toe the line
    ကြိယာ

    လွန်ဆွဲ

    [lʊ̀ɴsʰwɛ]
    တဖက်နန့် တဖက် စုပေါင်း အင်အားစမ်းရန် ကြိုးအဖျား တဖက်စီမှ အပြိုင်ဆွဲရေ။ (ရခိုင်ရို့၏ ယိုင်ကျေးမှု ရာသီပွဲလိုက် တပိုးလမာ ရထားဆွဲငင်ကတ်တေ။) ရထားသူကြီး၊ ရွန်မပီး ရွန်ပီးလို့ပင်၊ မဆွဲချင် (တေး)
    တစ်ဘက်နှင့် တစ်ဘက် စုပေါင်း အင်အားပြိုင်ရန် ကြိုးအဖျား တစ်ဘက်စီမှ အပြိုင်ဆွဲသည်။ (ရခိုင်တို့၏ ယဉ်ကျေးမှု ရာသီပွဲလိုက် တပိုးလတွင် ရထားဆွဲငင်ကြသည်။) ရထားသူကြီး၊ ရွန်မပီး ရွန်ပီးလို့ပင်၊ မဆွဲချင် (တေး)
    compete in - take part in (a tug-of-war contest ) [fig.] (a) (of two people or parties) try to get sb or sth over to ones side - (b) debate with oneself to reach a decision
    ကြိယာ

    လွန်တက်

    [lʊ̀ɴtɛʔ]
    စောင့်စည်းမှုနန့် အရှက်တရား နည်းပါးစွာ ပြုလုပ်တတ်ရေ။ မတည် ကြည်သော။ ဣန္ဒြေမဟိရေ
    စောင့်စည်းမှုနှင့် အရှက်တရား နည်းပါးစွာ ပြုလုပ်တတ်သော။ မတည် ကြည်သော။ ဣန္ဒြေကင်းမဲ့သော
    immodest
    နာမဝိသေသန

    လွန်ပူ

    [lʊ̀ɴpù]
    ရစ်လှည့် တူးဖောက်သော ကိရိယာ၏ ပိုင်
    ရစ်လှည့် တူးဖောက်သော ကိရိယာ၏ အသွား
    gimlet - auger - drill - brace
    နာမ်

    လွန်မင်း

    [lʊ̀ɴmɪ́ɴ]
    ပြောသင့်၊ ဆိုသင့်၊ ဟိသင့်၊ ပြုသင့်စွာထက် ပိုရေ။ ၂၊ မလိုက်နာ၊ ငြင်းပယ် ဆန့်ကျင်ရေ။ ၃၊ အချိန်ကာလ ကုန်ရွိရေ။ ၄၊ သီဆုံးသည်
    ပြောသင့်၊ ဆိုသင့်၊ ယှိသင့်၊ ပြုသင့်သည်ထက် ပိုသည်။ ၂၊ မနာခံ၊ ငြင်းပယ် ဆန့်ကျင်သည်။ ၃၊ အချိန်ကာလ ကုန်ရွေ့သည်။ ၄၊ သေဆုံးသည်
    (of limit restrictions etc) go beyond - exceed - be intemperate [as in အစား~] - overshoot be well past [as in အိမ်ကြီးကို~] die [as in မင်းကြီး~သော်] transgress go against [as in စကားကို~၍ လုပ်]
    ကြိယာ

    လွန်းမသား

    [lʊ́ɴmθá]
    အထူးမဟုတ်၊ သာမန် ဆင်းရဲခြင်း တမျိုး
    အထူးမဟုတ်၊ သာမန် ဆင်းရဲခြင်း တစ်မျိုး
    the poor - the destitute - the have-nots
    နာမ်

    လွန်မိလွန်ရာ

    [lʊ̀ɴmìlʊ̀ɴɹà]
    စိတ်လက်မပါရာနန့် အကြောင်းမဲ့ သတ်သတ် ဖြစ်ခရရေ။ ၂၊ လျှို့ဝှက် မေတ္တာလောင်းာက်ပနာ ပေါင်းဖက်ကတ်တေ။ ပုထုဇန၊ သူ့အကြံကို၊ မှန်မသိနှိုင်ပါ၊ လွန်မိလွန်ရာ၊ ဂုချိန်ခါမှ၊ ဟုတ်ရာတိုင်းသိ (ကော်)
    စိတ်လက်မပါပဲ အကြောင်းမဲ့ သက်သက် ဖြစ်ခဲ့ရသည်။ ၂၊ လျှို့ဝှက် မေတ္တာမျှ၍ ပေါင်းဖက်ကြသည်။ ပုထုဇန၊ သူ့အကြံကို၊ မှန်မသိလို့၊ လွန်မိလွန်ရာ၊ ယခုအခါမှ၊ ဟုတ်ရာတိုင်းသိ (ကော်)
    (of married people) commit adultery - (of unmarried) couple have premarital relationship
    ကြိယာ

    လွန်မြောက်

    [lʊ̀ɴmɹɔ́ɛʔ]
    တခုတရီ သတ်မှတ်ထားရေ အပိုင်းအရာ အဆီးအတား အဟန့်အတားကို ကူးကျော် ပေါက်ရောက်ရေ
    တစ်စုံတစ်ခု သတ်မှတ်ထားသော အပိုင်းအခြား အဆီးအတား အဟန့်အတားကို ကူးကျော် ပေါက်ရောက်သည်
    pass [as in နှစ်ရက်~ဗျာယ်] get beyond [as in အေတောကို~ကေ] overcome - surmount [as in အခက်အခဲကို~-]
    ကြိယာ

    လွန်လွန်း

    [lʊ̀ɴlʊ́ɴ]
    ထူးကဲစွာ ပိုလွန်ရေ။ မင်းစကား လွန်လွန်းသည်
    ထူးကဲစွာ ပိုလွန်သည်။ မင်းစကား လွန်လွန်းသည်
    be too much [as in အိပ်စွာ~ဗျာယ်]
    ကြိယာ

    လွန်းသား

    [lʊ́ɴθá]
    အထူးမဟုတ်၊ သာမန် ဆင်းရဲခြင်း တမျိုး
    အထူးမဟုတ်၊ သာမန် ဆင်းရဲခြင်း တစ်မျိုး
    the poor - the destitute - the have-nots
    နာမ်

    လွပိုးတက်

    [lwpótɛʔ]
    လင်ရရန် လျှပ်ပေါ် ဖောက်ပြန်စွာ ပြုလုပ်ရေ
    လင်ရရန် လျှပ်ပေါ် လော်လည်စွာ ပြုလုပ်သည်
    be wanton - be indecorous
    ကြိယာ

    လွပြန်မ

    [lwpɹàɴm]
    အကျင့်ဖောက်ပြန် လျှပ်ပေါ်သော မမာ့
    အကျင့်ဖောက်ပြန် လျှပ်ပေါ်သော မိန်းမ
    prostitute
    နာမ်

    လွမ

    [lwm]
    အကျင့်ဖောက်ပြန် လျှပ်ပေါ်သော မမာ့။ ၂၊ လင်ရရန် လျှပ်ပေါ် ဖောက်ပြန်စွာ ပြုလုပ်ရေ မမာ့
    အကျင့်ဖောက်ပြန် လျှပ်ပေါ်သော မိန်းမ။ ၂၊ လင်ရရန် လျှပ်ပေါ် လော်လည်စွာ ပြုလုပ်သော မိန်းမ
    prostitute - be wanton - be indecorous
    နာမ်

    လွမ်း

    [lʊ̀ɴ]
    ကွဲကွာနီသူ တဦးတလီအား တမ်းတ အောင်းမေ့။ တသီး တခြားစီ ကွဲကွာနီသူ တဦးတယောက်ကို အသည်းနှလုံး ကွဲမတတ်အောင် ဝမ်းနည်း ပူဆွေးသည်
    ကွဲကွာနေသူ တစ်ဦးဦးအား တမ်းတ အောက်မေ့သည်။ တစ်သီး တစ်ခြားစီ ကွဲကွာနေသူ တစ်ဦးတစ်ယောက်ကို အသည်းနှလုံး ကွဲမတတ်အောင် ဝမ်းနည်း ပူဆွေးသည်
    long for - yearn for - pine for - miss
    ကြိယာဝိသေသန

    လွမ်းကြင်

    [lʊ̀ɴt͡ɕɪ̀ɴ]
    တဦးနှင့်တဦး အလွန် ချစ်ခင် ကြင်နာတတ်သည်
    တစ်ဦးနှင့်တစ်ဦး အလွန် ချစ်ခင် ကြင်နာတတ်သည်
    be loved
    ကြိယာ

    လွမ်းခြင်း

    [lʊ̀ɴkʰɹɪ́ɴ]
    နှစ်သက်ကြည်နူး လွမ်းတ ဖွယ်ရာတိကို ထင်ရှား ပေါ်လွင်အောင် ဖွဲ့ဆိုရေ ကဗျာအဖွဲ့အနွဲ တမျိုး
    နှစ်သက်ကြည်နူး လွမ်းဆွတ် ဖွယ်ရာများကို ထင်ရှား ပေါ်လွင်အောင် ဖွဲ့ဆိုသော ကဗျာအဖွဲ့အနွဲ တစ်မျိုး
    sentimental poem or song of longing
    နာမ်