Dictionary Entries
Showing 161–180 of 1,963 words
လ
လက်ဆီးရီ
[lɛʔsʰïɹí]
Arakanese:
ငါးဟင်း စစွာကို ကိုင်တွယ်၍ လက်ဆီးသော အညစ်အကြီး ရေ
Burmese:
ငါးဟင်း စသည်ကို ကိုင်တွယ်၍ လက်ဆေးသော အညစ်အကြေး ရေ
English:
water in a fingerbowl
Grammar Note:
နာမ်
လက်ဆီးအိုး
[lɛʔsʰïʔó]
Arakanese:
လက်ကို ဆီးကြောရန် ရေထည့် ထားရေ ခွက်တမျိုးမျိုး။ ဇရုံ
Burmese:
လက်ကို ဆေးကြောရန် ရေထည့် ထားသော ခွက်တစ်မျိုးမျိုး။ ဇလုံ
English:
wash basin - finger bowl
Grammar Note:
နာမ်
လက်ဆုပ်
[lɛʔsʰoʊʔ]
Arakanese:
လက်ငါးချောင်းကို အထဲကို ကွေးခေါက်ထားပနာ ထိနိန်ရေ လက်ဝါးခေါက်။ ၂၊ လက်နန့် ဆုပ်ကိုင်ပနာ ရရေ ပမာဏ
Burmese:
လက်ငါးချောင်းကို အတွင်းသို့ ကွေးခေါက်ထား၍ ထိနေသော လက်ဝါးခေါက်။ ၂၊ လက်ဖြင့် ဆုပ်ကိုင်၍ ရသော ပမာဏ
English:
clenched hand unit of dry measure equivalent to a fistful (or two လက်ဆွန်း of grain)
Grammar Note:
နာမ်
လက်ဆုပ်ကြီး
[lɛʔsʰoʊʔt͡ɕï]
Arakanese:
လက်ဆုပ်ကား နိုင်သမျှ ကိုင်တွယ် ပြုလုပ်ရေ ပမာဏ။ စပါးကို လက်ဆုပ်ကြီး ကိုင်လို့ ရိတ်တေ (တေး)
Burmese:
လက်ဆုပ်ကား နိုင်သမျှ ကိုင်တွယ် ပြုလုပ်သော ပမာဏ။ စပါးကို လက်ဆုပ်ကြီး ကိုင်လို့ ရိတ်တေ (တေး)
English:
red-handed
Grammar Note:
နာမ်
လက်ဆုပ်လက်ကိုင်
[lɛʔsʰoʊʔlɛʔkàɪɴ]
Arakanese:
အထောက်အထား ခိုင်လုံထင်ရှားစွာ။ မျက်မြင် လက်တွိအနိန်နန့်။ ၂၊ မူလအရင်းခံ ငွီကြီး အစဟိစွာ့အနိန်နန့်။ အဲ …အလုပ် လုပ်ဖို့ဆိုစွာ ကိုယ်ရို့မာ လက်ဆုပ်လက်ကိုင် တခုလည်း မဟိပဲ ဇာကိုကိုင်တွယ်လို့ အလုပ် လုပ်ဖို့လဲ (အရပ်)။ အလုပ် လုပ်ဖို့အတွက် မောင်မဲတယောက်ကိုလေ့ လက်ဆ
Burmese:
အထောက်အထား ခိုင်လုံထင်ရှားစွာ။ မျက်မြင် လက်တွေ့အားဖြင့်။ ၂၊ မူလအရင်းခံ ငွေကြေး စသည့်အားဖြင့်။ အဲ …အလုပ် လုပ်ဖို့ဆိုစွာ မိမိတို့မှာ လက်ဆုပ်လက်ကိုင် တစ်ခုလည်း မဟိပဲ ဇာကိုကိုင်တွယ်လို့ အလုပ် လုပ်ဖို့လဲ (အရပ်)။ အလုပ် လုပ်ဖို့အတွက် မောင်မဲတစ်ယောက်ကိုလည်း လက်ဆ
English:
(be caught) red-handed beyond doubt - unquestionably expressly
Grammar Note:
ကြိယာဝိသေသန
လက်ဆောင်
[lɛʔsʰàʊɴ]
Arakanese:
မေတ္တာနန့် လည်ကောင်း၊ ကျေးဇု တုန့်ပြန်ရေ့ အနေနန့် ပင်ဖြစ်ဖြစ် ပီးကမ်းသော ဝန်
Burmese:
မေတ္တာဖြင့် လည်ကောင်း၊ ကျေးဇူး တုန့်ပြန်သည့် အနေဖြင့် လည်းကောင်း ပေးကမ်းသော ပစ္စည်း
English:
present - gift
Grammar Note:
နာမ်
လက်ဆောင်စား
[lɛʔsʰàʊɴsá]
Arakanese:
စုံဖက်ရေ။ ထိမ်းမြားရေ။ မမာ့နှင့် ယောက်ျား ချစ်ကြိုက်၍ သဘောတူ ရငြားကေလေ့ လက်ဆောင်မစား စုံဖက် ထိမ်းမြားခြင်းကို မပြုကေ လင်မယား မမည်ပါ။ ရရေ သားသမီးကိုလေ့ (ဖမဲ့) တလင်းသားခေါ်ပနာ ရွီးချယ်ခြင်းကို ပြုကတ်ပါရေ။ မိဖနှစ်ပါး၊ မစုံဖက်က၊ မယားမမည်၊ သားမမည်က
Burmese:
ထိမ်းမြားသည်။ လက်ထပ်သည်။ မိန်းမနှင့် ယောက်ျား ချစ်ကြိုက်၍ သဘောတူ ရငြားသော်လည်း လက်ဆောင်မစား ထိမ်းမြား လက်ထပ်ခြင်းကို မပြုပါက လင်မယား မမည်ပါ။ ရသည့် သားသမီးကိုလည်း (ဖမဲ့) တလင်းသားခေါ်၍ ရွေးချယ်ခြင်းကို ပြုကြပါသည်။ မိဖနှစ်ပါး၊ မထိမ်းမြားက၊ မယားမမည်၊ သားမမည်က
English:
none
Grammar Note:
ကြိယာ
လက်ဆောင်တုံ့
[lɛʔsʰàʊɴto̰ʊɴ]
Arakanese:
တုံ့ပြန်ပနာ လက်ဆောင် ပီးရေ
Burmese:
တုံ့ပြန်၍ လက်ဆောင် ပေးသည်
English:
give a present or gift in return
Grammar Note:
ကြိယာ
လက်ဆောင်တုံ့၂
[lɛʔsʰàʊɴto̰ʊɴ၂]
Arakanese:
လက်ဆောင်ပီးသူအား တုံ့ပြန်ပနာ ပီးရေ့ ဝန်
Burmese:
လက်ဆောင်ပေးသူအား တုံ့ပြန်၍ ပေးသည့် ပစ္စည်း
English:
gift or present given in return
Grammar Note:
နာမ်
လက်ဆောင်ထိုး
[lɛʔsʰàʊɴtʰó]
Arakanese:
တခုတရီသော အကျိုးကို မျှော်စပ်၍ လာဘ်ထိုးသည်
Burmese:
တစ်စုံတစ်ခုသော အကျိုးကို မျှော်ကိုး၍ လာဘ်ထိုးသည်
English:
bribe
Grammar Note:
ကြိယာ
လက်ဆွ
[lɛʔsʰw]
Arakanese:
လက်အငြိမ်မနိန်ဘဲ မပြုသင့်ရာ ပြုရေ။ မစဉ်းမစားပဲ ပျက်စီးဖွယ် တခုခုကို အမှတ်မထင် ပြုမူရေ။ ၂၊ (နမူနာ) ခိုးဝှက်သည်
Burmese:
လက်အငြိမ်မနေဘဲ မပြုသင့်ရာ ပြုသည်။ မစဉ်းမစားပဲ ပျက်စီးဖွယ် တစ်ခုခုကို အမှတ်မထင် ပြုမူသည်။ ၂၊ (ဥပမာ) ခိုးဝှက်သည်
English:
toy with things - fiddle with things [ fig. ] have kleptomaniacal tendency
Grammar Note:
ကြိယာ
လက်ဆွဲကုန်ပုတ်
[lɛʔsʰwɛkòʊɴpoʊʔ]
Arakanese:
(ဘန်း)မမာ့ရို့၏ ရင်နို့သီး။ နို့
Burmese:
(ဘန်း)မိန်းမတို့၏ ရင်သားမြတ်။ နို့
English:
breast
Grammar Note:
နာမ်
လက်ဆွဲခရင်း
[lɛʔsʰwɛkʰɹɪ́ɴ]
Arakanese:
ဝါး၊ ကြိမ်၊ နွယ် အစဟိစွာနန့် ရက်လုပ်ထားရေ့ လက်ကိုင် ပါဟိသော ထည့်စရာ
Burmese:
ဝါး၊ ကြိမ်၊ နွယ် စသည်ဖြင့် ရက်လုပ်ထားသည့် လက်ကိုင် ပါယှိသော ထည့်စရာ
English:
hand-basket
Grammar Note:
နာမ်
လက်ညှိုး
[lɛʔɲ̯ó]
Arakanese:
လူ၏လက်မနှင့် လက်လယ် အကြားဟိ လက်ချောင်း
Burmese:
လူ၏လက်မနှင့် လက်လယ် အကြားယှိ လက်ချောင်း
English:
forefinger - indexfinger
Grammar Note:
နာမ်
လက်ညှိုးထိုး
[lɛʔɲ̯ótʰó]
Arakanese:
လက်ညှိုး တချောင်းကို ထိုးပြသော အနိန်နန့် တယောက်တလီကို ညွှန်းပြရေ။ ၂၊ ယိုးစွပ်ရေ။ ၃၊ ဒေါသ မာန်မာနနန့် ပြောဆိုရေ။ ၄၊ (နမူနာ) ကဲ့၏ ရှုတ်ချရေ
Burmese:
လက်ညှိုး တစ်ချောင်းကို ထိုးပြသော အားဖြင့် တစ်စုံတစ်ယောက်ကို ညွှန်းပြသည်။ ၂၊ စွပ်စွဲသည်။ ၃၊ ဒေါသ မာန်မာနဖြင့် ပြောဆိုသည်။ ၄၊ (ဥပမာ) ကဲ့ရဲ့ ရှုတ်ချသည်
English:
point one’s finger at a person or thing - finger sb [as in ~စွပ်စွဲသည်] [fig.] scorn
Grammar Note:
ကြိယာ
လက်ညှိုးထောင်
[lɛʔɲ̯ótʰàʊɴ]
Arakanese:
လက်ညှိုးတချောင်းကို ထောင်ပြခြင်းနန့် ကိုယ့်အား ထောက်ခံကြောင်း သိရရေ။ (သဘောတူသူ လက်ညှိုးထောင် ကတ်ပါ။
Burmese:
လက်ညှိုးတစ်ချောင်းကို ထောင်ပြခြင်းဖြင့် မိမိအား ထောက်ခံကြောင်း သိရသည်။ (သဘောတူသူ လက်ညှိုးထောင် ကတ်ပါ။
English:
give a sign of assent by raising one’s forefinger
Grammar Note:
ကြိယာ
လက်ညှိုးမုန့်
[lɛʔɲ̯ómòʊɴ့]
Arakanese:
ဂျုံမုန့်မာ နို့၊ သကြား ရောဖက်၍ အချောင်းငယ်များ ပြုလုပ်ပြီးကေ ပေါင်းဖိုမာ ဖုတ်ထားရေ စားဖွယ်
Burmese:
ဂျုံမုန့်တွင် နို့၊ သကြား ရောဖက်၍ အချောင်းငယ်များ ပြုလုပ်ပြီး ပေါင်းဖိုတွင် ဖုတ်ထားသော စားဖွယ်
English:
forefinger snack
Grammar Note:
နာမ်
လက်တံ
[lɛʔtံ]
Arakanese:
ပင်မကြီးမှ ဖီးသို့ ဖြာထွက်သော အကိုင်းအခက်။ ၂၊ တူးမြောင်းကြီးမှ ဖီးသို့ ဖြာ၍ သွယ်ဖောက် ထားရေ မြောင်းငယ်
Burmese:
ပင်စည်မှ ဘေးသို့ ဖြာထွက်သော အကိုင်းအခက်။ ၂၊ တူးမြောင်းကြီးမှ ဘေးသို့ ဖြာ၍ သွယ်ဖောက် ထားသော မြောင်းငယ်
English:
upper limb - arm - forelimb branch of a tree or plant hand of a clock (time piece) engine driving shaft branch of an irrigation canal - feeder canal Also မူးလက်တံ
Grammar Note:
နာမ်
လက်တကမ်း
[lɛʔtkáɴ]
Arakanese:
လက်-လက်ချင်း ထိမိအောင်သော အပိုင်းအရာ။ ၂၊ လက်မောင်း တဆန့် အကွာအဝီး
Burmese:
လက်-လက်ချင်း ထိမိအောင်သော အပိုင်းအခြား။ ၂၊ လက်မောင်း တဆန့် အကွာအဝေး
English:
arm’s length [fig.] within one’s reach
Grammar Note:
နာမ်
လက်တက်
[lɛʔtɛʔ]
Arakanese:
မြစ်မကြီး၊ ချောင်းမကြီးထဲကို စီးဝင်သော မြစ်ငယ်၊ ချောင်းငယ်။ ၂၊ လက်ချောင်း ငါးချောင်းထက် အပြင် အပိုပေါက်သော လက်ပွားငယ်။ (လက်ချောင်းငယ်။
Burmese:
မြစ်မကြီး၊ ချောင်းမကြီးထဲသို့ စီးဝင်သော မြစ်ငယ်၊ ချောင်းငယ်။ ၂၊ လက်ချောင်း ငါးချောင်းထက် အပြင် အပိုပေါက်သော လက်ပွားငယ်။ (လက်ချောင်းငယ်။
English:
extra finger - sexidigitate digit Also တက်ပူး tributary of a river offshoot from a limb of a plant or a tree
Grammar Note:
နာမ်