Dictionary Entries
Showing 1,801–1,820 of 1,963 words
လ
လွဲ
[lwɛ]
Arakanese:
တခုတရီသော အရာကို မှန်းထားချက်မှ တိမ်းချော်ရေ။ ၂၊ တေ့ဆိုင်သည် မဟုတ်ဘဲ တဖက်ကို တိမ်းနိန်ရေ။ ယွင်းယွင်း မားမား ဖြစ်တေ။ အခြားစီ ဖြစ်တေ
Burmese:
တစ်စုံတစ်ခုသော အရာကို မှန်းထားချက်မှ တိမ်းချော်သည်။ ၂၊ တေ့ဆိုင်သည် မဟုတ်ပဲ တစ်ဘက်သို့ တိမ်းနေသည်။ ယွင်းယွင်း မှားမှား ဖြစ်သည်။ တခြားစီ ဖြစ်သည်
English:
miss - miss the mark [as in ပွိုင့်မှတ်~၊ လမ်း~] go wrong - be wrong [as in ဝါဒ~]
Grammar Note:
ကြိယာ
လွဲချော်
[lwɛɕɔ̀]
Arakanese:
တခုတရီသော အရာကို မှန်းထားချက်မှ တိမ်းချော်ရေ။ ၂၊ တေ့ဆိုင်သည် မဟုတ်ဘဲ တဖက်ကို တိမ်းနိန်ရေ။ ယွင်းယွင်း မားမား ဖြစ်တေ။ အခြားစီ ဖြစ်တေ
Burmese:
တစ်စုံတစ်ခုသော အရာကို မှန်းထားချက်မှ တိမ်းချော်သည်။ ၂၊ တေ့ဆိုင်သည် မဟုတ်ပဲ တစ်ဘက်သို့ တိမ်းနေသည်။ ယွင်းယွင်း မှားမှား ဖြစ်သည်။ တခြားစီ ဖြစ်သည်
English:
miss - miss the mark [as in ပွိုင့်မှတ်~၊ လမ်း~] go wrong - be wrong [as in ဝါဒ~]
Grammar Note:
ကြိယာ
လွဲစီဖယ်စီ
[lwɛsípʰɛ̀sí]
Arakanese:
မကောင်းရေ နိမိတ်၊ မကောင်းရေ မင်္ဂလာ မဟိရေ စကားမျိုးကို ပြောမိဆိုမိရေအခါ ယင်းစကားကြောင့် အမင်္ဂလာ မဆိုက်ရောက် ကြစီရန် အရင်းခံ စကားအနိန်နန့် ပြောလီ့ဟိသော စကား။ ဥုံဖွ လွဲစီဖယ်စီ (အရပ်)
Burmese:
မကောင်းသော နိမိတ်၊ မကောင်းသော မင်္ဂလာ မရှိသည့် စကားမျိုးကို ပြောမိဆိုမိသည့်အခါ ယင်းစကားကြောင့် အမင်္ဂလာ မဆိုက်ရောက် ကြစေရန် အရင်းခံ စကားအနေဖြင့် ပြောလေ့ယှိသော စကား။ ဥုံဖွ လွဲစီဖယ်စီ (အရပ်)
English:
int god forbid! touch wood!
Grammar Note:
နာမ်
လွှင့်
[lW̯ɪ̰ɴ]
Arakanese:
လီတိုး ပင့်စီခြင်းနန့် ရေယာဉ်ကို ရွိ စီရေ။ ရွက်ကြီးတင်ပနာ၊ ကြာမြင့်မနီ၊ ရွှင့်ကြလီသော် (ထွန်းတိ)။ ပင်လယ်မြစ်ကြီး၊ သင်္ဘောစီးပနာ၊ ရွှင့်ပြီးယူလားပါက (ဒေးဝန်း)။ တဆတ်ဆတ်ရွှင့် လတ်ခါ၊ မာန်အောင်မြို့မာ လျင်ဆော ဆိုက်ရောက်ကေ (ဗမာချီ)။ လေပြင်၌ ရွင့်လူးအောင
Burmese:
လေတိုး ပင့်စေခြင်းဖြင့် ရေယာဉ်ကို ရွေ့လျား စေသည်။ ရွက်ကြီးတင်၍၊ ကြာမြင့်မနီ၊ ရွှင့်ကြလီသော် (ထွန်းတိ)။ ပင်လယ်မြစ်ကြီး၊ သင်္ဘောစီး၍၊ ရွှင့်ပြီးယူသွားပါက (ဒေးဝန်း)။ တဆတ်ဆတ်ရွှင့် လတ်ခါ၊ မာန်အောင်မြို့တွင် လျင်ဆော ဆိုက်ရောက်ပါက (ဗမာချီ)။ လေပြင်၌ လွင့်လူးအောင
English:
spread - disseminate - propagate flingout fly [as in အလံ~-] (of sails) hoist [as in ရွက်~-]
Grammar Note:
ကြိယာ
လွှင့်တင်
[lW̯ɪ̰ɴtɪ̀ɴ]
Arakanese:
တင်းခွန်အလံ စစွာကို အမြင့်မာ လှုပ်ရှားအောင် ပြုသည်
Burmese:
တံခွန်အလံ စသည်ကို အမြင့်တွင် လှုပ်ရှားအောင် ပြုသည်
English:
(of a flag) hoist
Grammar Note:
ကြိယာ
လွှင့်ထူ
[lW̯ɪ̰ɴtʰù]
Arakanese:
တင်းခွန်အလံ စစွာကို တိုင်မာခြည်၍ စိုက်ထူရေ
Burmese:
တံခွန်အလံ စသည်ကို တိုင်တွင်ချည်၍ စိုက်ထူသည်
English:
(of sail or flag) hoist
Grammar Note:
ကြိယာ
လွှင့်ပစ်လိုက်
[lW̯ɪ̰ɴpɪʔlaɪʔ]
Arakanese:
အရာ တပါးသို့ ရောက်ယောင် ပစ်သည်
Burmese:
အခြား တစ်ပါးသို့ ရောက်အောင် ပစ်သည်
English:
throw away - fling
Grammar Note:
ကြိယာ
လွှတ်
[lW̯aʔ]
Arakanese:
(Chwat ဟုသာ ရခိုင်အသံ ပီပီထွက်ရေ။ Chwat ယွှတ်၊ သျွှတ်၊ ချွှတ်ဟု အသံမထွက်ပါ။) ၁၊ တယောက်ယောက်အား တနီရာသို့ တစုံတရာ ကိစ္စဆောင်ရွက်ရန်။ လားလီရေ။ ထွက်ခွာ လားလီရေ။ အသျှင်က ရွှတ်၊ အကျွန်လွတ်၊ သျှင်မင်းချငြား၊ ရွှီးအာဏာကို၊ ကျွန့်မာကိုင်ရဖို့ (ဓမ္မက)။ ဒ
Burmese:
(Chwat ဟုသာ ရခိုင်အသံ ပီပီထွက်သည်။ Chwat ယွှတ်၊ သျွှတ်၊ ချွှတ်ဟု အသံမထွက်ပါ။) ၁၊ တစ်စုံတစ်ဦးအား တစ်နေရာသို့ တစ်စုံတရာ ကိစ္စဆောင်ရွက်ရန်။ သွားစေသည်။ ထွက်ခွာ သွားစေသည်။ အသျှင်က ရွှတ်၊ ကျွန်မလွတ်၊ သျှင်မင်းချငြား၊ ရွှီးအာဏာကို၊ ကျွန့်မှာကိုင်ရမည် (ဓမ္မက)။ ဒ
English:
[ arch ] relinquish ownership of edifices scriptures etc for religious use only set free - release [as in အနှောင်မှ~-] - set at liberty let out - let off [as in စိတ်ကို~ထား၊ ပစ်~-] send [as in လူ~-၊ ကား~-] keep sth free [as in အေနေရာကို~ထားပါ။]
Grammar Note:
ကြိယာ
လွှတ်တော်
[lW̯aʔtɔ̀]
Arakanese:
ရခိုင် ဘုရင်မင်းမြတ်ရို့ လက်ထက် ဘုရင်မင်းမြတ်မှ တပါးလွဲ၍ အထူးအာဏာပိုင် အမြင့်ဆုံးဖြစ်တေအမှူးအမတ်များ ပါဝင် စုပေါင်း လက်သပ် စီမံခန့်ခွဲ ဆောင်ရွက်ရေ အဖွဲ့အစည်း။ (ယင်းလွှတ်တော် သဘင်ခံရာ အဆောက်အအုံကို ဝေသာလီမြို့ တူးဖော်ရာမာ တွိမြင်လိုက်ရရေ။
Burmese:
ရခိုင် ဘုရင်မင်းမြတ်တို့ လက်ထက် ဘုရင်မင်းမြတ်မှ တစ်ပါးလွဲ၍ အထူးအာဏာပိုင် အမြင့်ဆုံးသော အမှူးအမတ်များ ပါဝင် စုပေါင်း တိုင်ပင် စီမံခန့်ခွဲ ဆောင်ရွက်သည့် အဖွဲ့အစည်း။ (ယင်းလွှတ်တော် သဘင်ခံရာ အဆောက်အအုံကို ဝေသာလီမြို့ တူးဖော်ရာတွင် တွေ့မြင်လိုက်ရသည်။
English:
council of ministers in the time of Arakan kings supreme legislative body
Grammar Note:
နာမ်
လွှတ်ပီး
[lW̯aʔpï]
Arakanese:
သဘောတူ ကျီနပ်စွာ အခွင့်အရီး ပီးရေ။ ၂၊ အချုပ်အချယ် အနှောင့်အယှက် အတားအဆီးမပြုပဲ လွတ်လပ်စွာ နီစီရေ
Burmese:
သဘောတူ ကျေနပ်စွာ အခွင့်အရေး ပေးသည်။ ၂၊ အချုပ်အချယ် အနှောင့်အယှက် အတားအဆီးမပြုပဲ လွတ်လပ်စွာ နေစေသည်
English:
set free leve sb to his own devices [as in ဖြစ်ချင်ရာဖြစ်~ထားလိုက်]
Grammar Note:
ကြိယာ
လွှတ်မိန့်
[lW̯aʔmèɪɴ့]
Arakanese:
အကျိုင်းထောင်မှ လွှတ်မြောက်ခွင့် ပြုလိုက်ရေအမိန့်
Burmese:
အကျဉ်းထောင်မှ လွှတ်မြောက်ခွင့် ပြုလိုက်သည့်အမိန့်
English:
order of release from custody
Grammar Note:
နာမ်
လွှမ်း
[lW̯áɴ]
Arakanese:
အရပ်လေးမျက်နှာမှ ဖုံးအုပ်ရေ။ ၂၊ ကိုယ်လုံး အပျံ့အနှံ့ သက်ရောက်ရေ။ ဝတ်ရုံသော အပေါ် လွှမ်းခတောင်းကို လှူတော်မူပြီးကေ
Burmese:
အရပ်လေးမျက်နှာမှ ဖုံးအုပ်သည်။ ၂၊ ကိုယ်လုံး အပျံ့အနှံ့ သက်ရောက်သည်။ ဝတ်ရုံသော အပေါ် လွှမ်းပုဆိုးကို လှူတော်မူပြီးလျှင်
English:
spread over spread widely [as in ရောဂါ~]
Grammar Note:
ကြိယာ
လွှမ်းခြုံ
[lW̯áɴkʰɹÒʊɴ]
Arakanese:
အပေါ်မှ ဖုံးအုပ်ရေ။ ဝတ်ရုံရေ။ ၂၊ တကိုယ်လုံးသို့ အပျံ့အနှံ့ သက်ရောက်ရေ။ သက္ကလပ်ဝတ်မုံ၊ လွှမ်းခြုံရစ်ပတ်၊ ထည်ချင်းထပ်လို့ (ထာနု)
Burmese:
အပေါ်မှ ဖုံးအုပ်သည်။ ဝတ်ရုံသည်။ ၂၊ တစ်ကိုယ်လုံးသို့ အပျံ့အနှံ့ သက်ရောက်သည်။ သက္ကလပ်ဝတ်မုံ၊ လွှမ်းခြုံရစ်ပတ်၊ ထည်ချင်းထပ်လို့ (ထာနု)
English:
wrap [as in စောင်~-] take all things together [as in ~ပြောရဖို့ဆိုကေ] - encompass
Grammar Note:
ကြိယာ
လွှမ်းမိုး
[lW̯áɴmó]
Arakanese:
ဩဇာအာဏာ သက်ရောက် စီရေ။ ၂၊ ကြိုးကိုင် စီစားခြင်း ခံရရေ။ ၃၊ တပါးသော အရာကို ကျော်လွန်ရေ။ ၄၊ အရာအရာရို့ထက် အရီးပါ အရာရောက်ရေ။ ခေတ်စားသည်
Burmese:
ဩဇာအာဏာ သက်ရောက် စေသည်။ ၂၊ ကြိုးကိုင် စေစားခြင်း ခံရသည်။ ၃၊ တစ်ပါးသော အရာကို သာလွန်သည်။ ၄၊ အခြားအရာတို့ထက် အရေးပါ အရာရောက်သည်။ ခေတ်စားသည်
English:
influence - overwhelm - overshade - overshadow - supercede [as in ဤအမိန့်ဖြင့် ယခင်အမိန့်များကို~လိုက်-]- surpass [as in ၁၉ ရာစုတွင် ဂျာမနီဂီတက အခြားဂီတများကို~ခဲ့-]
Grammar Note:
ကြိယာ
လွှလွှ
[lW̯lW̯]
Arakanese:
အလွန်ပါးသော။ ပါးရေ မပါးရေကို အလိုက်တိုင်း ကြက်သွန်ခွံသျှေပိုင် လွှလွှ ပျင်နီရေ (အရပ်)
Burmese:
အလွန်ပါးသော။ ပါးရေ မပါးရေကို အလိုက်တိုင်း ကြက်သွန်ခွံသျှေပိုင် လွှလွှ ပျင်နီရေ (အရပ်)
English:
very thin
Grammar Note:
နာမဝိသေသန
လွှလွှ၂
[lW̯lW̯၂]
Arakanese:
အသာအယာ လှုပ်ယှားဗျာယ်။ ၂၊ နှုတ်သွက်စွာ။ ပေါ့ပါး သွက်လက်စွာ။ နှုတ်ကာ လွှလွှ အာလုပ်ဟဗျာယ်
Burmese:
အသာအယာ လှုပ်ရှားလျက်။ ၂၊ နှုတ်သွက်စွာ။ ပေါ့ပါး သွက်လက်စွာ။ နှုတ်မှာ လွှလွှ အာလုပ်ဟလျက်
English:
actively
Grammar Note:
ကြိယာဝိသေသန
လွှာ
[lW̯à]
Arakanese:
အလွန်ပါးသော အချပ်အလွှာ ဖြစ်ယောင် ပြုရေ။ ပါးလျှပ်အောင် ပြုသည်
Burmese:
အလွန်ပါးသော အချပ်အလွှာ ဖြစ်အောင် ပြုသည်။ ပါးလျှပ်အောင် ပြုသည်
English:
cut into thin layers or slices
Grammar Note:
ကြိယာ
လွှား
[lW̯á]
Arakanese:
တဖက်မှ တဖက်ကို ရောက်ယောင် ခုန်ကျော်ရေ။ နာကြင်လန့်ကြောက်၊ ခြီစုန်ပေါက်ပနာ၊ လွှားမြောက်ပြီးခုန် (ကျောက်ရိုး)။ ၂၊ အစွတ်၊ အစိုကို သွေ့အောင် အပေါ်မှ ဖြန့်ကြက်ထားရေ။ ဒယော အစွတ်ကို လွှားထားလိုက် (အရပ်)။ ၃၊ အပေါ်မှ အောက်ကို (ရွှင့်)ချ လိုက်ရေ။ အပေါ်ထက်က၊ ရ
Burmese:
တစ်ဘက်မှ တစ်ဘက်သို့ ရောက်အောင် ခုန်ကျော်သည်။ နာကြင်လန့်ကြောက်၊ ခြီစုန်ပေါက်၍၊ လွှားမြောက်ပြီးခုန် (ကျောက်ရိုး)။ ၂၊ အစွတ်၊ အစိုကို သွေ့အောင် အပေါ်မှ ဖြန့်ကြက်ထားသည်။ ဒယော အစွတ်ကို လွှားထားလိုက် (အရပ်)။ ၃၊ အပေါ်မှ အောက်သို့ (လွှင့်)ချ လိုက်သည်။ အပေါ်ထက်က၊ ရ
English:
hurdle over ( of clothing) spread over a bar line etc (of a flag) unfurl
Grammar Note:
ကြိယာ
လွှား၂
[lW̯á၂]
Arakanese:
ရန်သူ၏ ဓား၊ လှံ အစဟိရေ လက်နက်များ ထိခိုက်ခြင်း မဟိစီရန် ကိုယ်ကို ကာကွယ်သော အပြား။ နောက်ထားပါ မှူးမတ်များ၊ သူရဲဗိုလ်ကျိုင်၊ စွဲကိုင်ဓား လွှားလွှားပျံကာ (ဒွေး)
Burmese:
ရန်သူ၏ ဓား၊ လှံ စသော လက်နက်များ ထိခိုက်ခြင်း မယှိစေရန် ကိုယ်ကို ကာကွယ်သော အပြား။ နောက်တော်ပါ မှူးမတ်များ၊ သူရဲဗိုလ်ကျိုင်၊ စွဲကိုင်ဓား လွှားလွှားပျံကာ (ဒွေး)
English:
oblong shield See also ကာ
Grammar Note:
နာမ်
လွှာထည်
[lW̯àtʰɛ̀]
Arakanese:
အလွှာထပ်မဟိ၊ တလွှာတည်း ဖြစ်ရေ အထည်
Burmese:
အလွှာထပ်မယှိ၊ တစ်လွှာတည်း ဖြစ်သော အထည်
English:
of a single layer
Grammar Note:
နာမ်