Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,821–1,840 of 1,963 words

    လ

    လွှာထည်စောင်

    [lW̯àtʰɛ̀sàʊɴ]
    တလွှာတည်း အသုံးပြုရရေ စောင်
    တစ်လွှာတည်း အသုံးပြုရသော စောင်
    single-ply blanket
    နာမ်

    လွှာပါး

    [lW̯àpàး]
    အလွန်ပါးသော
    အလွန်ပါးသော
    very thin
    နာမဝိသေသန

    လွှားလွှား

    [lW̯álW̯á]
    အသျှူတရာမြင့်သော။ (ထက်အောက်) အရပ်ပမာဏ၊ အထက်အဖို့ ရှည်သော။ မေတ္တာယျရုပ်တု၊ ရွှီဆင်းတုပြောင်ပြောင်၊ အတောင်သျှစ်ဆယ်၊ ကြီးကျယ်နန့်နှင့်၊ လွှားလွှားမြင့်ကို၊ ဖိုကျင်ထိုးပနာ၊ ရသေ့မြို့အလုံး၊ ယူကြသုံးသနန့်၊ ဆုံးဖူးရေတဝ (ရာဇောဝါဒ)
    အလွန်မြင့်သော။ (ထက်အောက်) အရပ်ပမာဏ၊ အထက်အဖို့ ရှည်သော။ မေတ္တာယျရုပ်တု၊ ရွှေဆင်းတုပြောင်ပြောင်၊ အတောင်ရှစ်ဆယ်၊ ကြီးကျယ်နှင့်နှင့်၊ လွှားလွှားမြင့်ကို၊ ဖိုကျင်ထိုး၍၊ ရသေ့မြို့အလုံး၊ ယူကြသုံးသဖြင့်၊ ဆုံးဖူးသည်တဝ (ရာဇောဝါဒ)
    heaped - elevated
    နာမဝိသေသန

    လွှားလွှားသျှေ

    [lW̯álW̯áʃè]
    အခက်အခဲမဟိပဲ။ လွယ်လင့်တကူ
    အခက်အခဲမယှိပဲ။ လွယ်လင့်တကူ
    easily - without difficulty
    ကြိယာဝိသေသန

    လွှဲ

    [lW̯ɛ]
    ဟိနီာက် တနည်း ဇာညာ လူးလာ လှုပ်ရှားစီရေ။ ယိုင်းဖြူစင်လေ၊ ယင်းပုခွက်ကို ရွှဲခလိုက်လီ (တေး)။ အခေါက်ငင်ပျာ၊ ဝါးပင်မာတည်း၊ ရွှဲသည်ပုခွက် (ဂုတ္တိလ)။ တဖက်တစိုင်၊ လက်နန့်ကိုင်ပနာ၊ ယဉ်ယိုင်ကျေးကျေး၊ ကြိုးလေးပင်ကို၊ ငင်ကာရွှဲလို့ (ကော်)။ ၂၊ လမ်းကြောင်း ပြောင်
    ရှေ့နောက် သို့မဟုတ် ဘယ်ညာ လူးလာ လှုပ်ရှားစေသည်။ ယိုင်းဖြူစင်လေ၊ ယင်းပုခွက်ကို ရွှဲခလိုက်လေ (တေး)။ အခေါက်ငင်ပျာ၊ ဝါးပင်မှာတည်း၊ ရွှဲသည်ပုခွက် (ဂုတ္တိလ)။ တဖက်တစိုင်၊ လက်နှင့်ကိုင်၍၊ ယဉ်ယဉ်ကျေးကျေး၊ ကြိုးလေးပင်ကို၊ ငင်ကာရွှဲလို့ (ကော်)။ ၂၊ လမ်းကြောင်း ပြောင်
    swing [as in လက်ကို~-] rock [as in ပုခက်~-] change tracks - divert [as in လမ်း~-] avoid [as in ရှောင် ~ -] - turn away [as in မျက်နှာ~-] entrust [as in အေကိစ္စကို သူနန့်ရာ~ထားလိုက်] make over [as in အမွီ~-] - hand over [as in တာဝန်~-] (of money acc
    ကြိယာ

    လွှဲချ

    [lW̯ɛɕ]
    တာဝန်စစွာကို လူတိကိုသို့ ကျရောက်စီရေ။ မင်းအပြစ်ကို မင်းရာသိ၊ သူတိကို ရွှဲချ မနီကေ့ (အရပ်)
    တာဝန်စသည်ကို သူတစ်ပါး အပေါ်သို့ ကျရောက်စေသည်။ မင်းအပြစ်ကို မင်းရာသိ၊ သူများကို ရွှဲချ မနီကေ့ (အရပ်)
    put the blame on sb - pass th buck
    ကြိယာ

    လွှဲစာ

    [lW̯ɛsà]
    ကိုယ့်တက်စား အရာ သူတယောက်ကို ဆောင်ရွက်စီရန် လွှဲအပ်ကြောင်း ဖော်ပြရေ စာ
    မိမိကိုယ်စား အခြား သူတစ်ယောက်ကို ဆောင်ရွက်စေရန် လွှဲအပ်ကြောင်း ဖော်ပြသည့် စာ
    letter of authority - agency
    နာမ်

    လွှဲဖည်

    [lW̯ɛpʰɛ̀]
    တမျိုးတဖုံ ပြောင်းလဲရေ။ လုပ်ကြံ ဝါသည်
    တစ်မျိုးတစ်ဖုံ ပြောင်းလဲသည်။ လုပ်ကြံ လိမ်လည်သည်
    put the blame on
    ကြိယာ

    လွှဲဖည်၂

    [lW̯ɛpʰɛ̀၂]
    တမျိုးတဖုံအားဖြင့်
    တစ်မျိုးတစ်ဖုံအားဖြင့်
    other way
    ကြိယာဝိသေသန

    လွှဲသတ်

    [lW̯ɛθaʔ]
    (တခုတရီကို မြီပြင်ပေါ်၌) အဟိန်အဟုန် ပြင်းစွာ ထိခိုက်စီရေ။ နှက်ရေ။ ရိုက်ခတ်ရေ။ ရိုက်ပုတ်ရေ။ အကြောင်းဆိုးစွာ့၊ တရွရွနန့်၊ ရက်မျှမလည်၊ ငါ့သားငယ်ကို၊ မြီမာလွှဲသတ်၊ သွီးဖျင်ဖျင်နှင့်၊ ရိုးခြင်ပွတ်လို့ (နာရဒ)
    (တစ်စုံတစ်ခုကို မြေပြင်ပေါ်၌) အရှိန်အဟုန် ပြင်းစွာ ထိခိုက်စေသည်။ နှက်သည်။ ရိုက်ခတ်သည်။ ရိုက်ပုတ်သည်။ အကြောင်းဆိုးစွာ့၊ တရွရွနှင့်၊ ရက်မျှမလည်၊ ငါ့သားငယ်ကို၊ မြီမှာလွှဲသတ်၊ သွီးဖျင်ဖျင်နှင့်၊ ရိုးခြင်ပွတ်လို့ (နာရဒ)
    beat - hammer
    ကြိယာ

    လွှဲအပ်

    [lW̯ɛʔaʔ]
    တခုတရီသော ဝန်ဝတ္တု တာဝန်စစွာကို အရာလူအား လွှဲပြောင်း ပီးရေ
    တစ်စုံတစ်ခုသော ပစ္စည်းဝတ္တု တာဝန်စသည်ကို အခြား တစ်ပါးသူအား လွှဲပြောင်း ပေးသည်
    make over [as in အမွီ~-] - hand over [as in တာဝန်~-] - (of money accounts) transfer [as in ငွီ~-]
    ကြိယာ

    လှ

    [ɬ]
    ရှု့ချင်စဖွယ် လျောက်ပတ် တင့်ရေသော အဆင်းအသွင် ဟိသော။ လောင်းလျာမင်းလှ၊ ငှက်ဂဠုန်ကို၊ မြင်ပါရလို့ (ထာနု)။ ၂၊ အသရေဟိသော။ မင်းလှဘုရင်၊ ရွှီနန်းရှင်မာ၊ ပျော်ရွှင်ခံစား (ကော်)
    ရှု့ချင်စဖွယ် လျောက်ပတ် တင့်တယ်သော အဆင်းအသွင် ယှိသော။ လောင်းလျာမင်းလှ၊ ငှက်ဂဠုန်ကို၊ မြင်ပါရလို့ (ထာနု)။ ၂၊ အသရေယှိသော။ မင်းလှဘုရင်၊ ရွှေနန်းရှင်မှာ၊ ပျော်ရွှင်ခံစား (ကော်)
    pretty - good-looking - comely - presentable [as in မျက်နှာကို ပြင်ဆင်ထားစွာ~ရေ] favourable [as in ဘောလုံးယူလာစွာ~ရေ]
    နာမဝိသေသန

    လှံ

    [ɬံ]
    အပြားချွန်ထက်သော သတ္တုကို အရိုးရှည် တပ်ထားရေ လက်နက်တမျိုး
    အပြားချွန်ထက်သော သတ္တုကို အရိုးရှည် တပ်ထားသော လက်နက်တစ်မျိုး
    spear - lance - javelin
    နာမ်

    လှ၂

    [ɬ၂]
    ကြိယာ၏ သဘောကို နနောင်း (လီးနက်) အောင် အလွန်လွန်ဆိုရေ အနက်နန့် ဖြည့်တင်းသော စကားလုံး။ ထူထပ်လှစွာသော စစ်သားတော်များ ဝန်းရံဗျာယ် ဟိနီ၏ (တောင်)
    ကြိယာ၏ သဘောကို ခိုင်မာ (လေးနက်) အောင် အလွန်လွန်ဟူသော အနက်ဖြင့် ဖြည့်တင်းသော စကားလုံး။ ထူထပ်လှစွာသော စစ်သည်တော်များ ဝန်းရံလျက် ယှိနေ၏ (တောင်)
    particle suffixed to a verb to convey the meaning of very too extremely [as in တော်~-၊ ပျင်း~-]
    ပစ္စည်း

    လှံကျီ

    [ɬံt͡ɕí]
    ရိုက်ဖေါင်းသီနတ် ပြောင်းတံဖျားမာ အသျှင် တပ်ဆင်၍ အသုံးပြုရေ လှံသွား အတို
    ရိုင်ဖယ်သေနတ် ပြောင်းတံဖျားတွင် အရှင် တပ်ဆင်၍ အသုံးပြုသော လှံသွား အတို
    spear - lance - javelin
    နာမ်

    လှစ်

    [ɬɪʔ]
    ပွင့်လပ်စီရေ။ ဖွင့်ရေ။ ပြတင်းပေါက်ကို လှစ်၍ လီညင်းခံရေ (အရပ်)
    ပွင့်လပ်စေသည်။ ဖွင့်သည်။ ပြတင်းပေါက်ကို လှစ်၍ လီညင်းခံရေ (အရပ်)
    open [as in လေသာပြတင်းကို~-] - expose [as in ရွှေရင်ဘတ်~ ၍ပြ-] define - expound [as in အဓိပ္ပာယ်ကို~မြွက်-]
    ကြိယာ

    လှစ်ကာ

    [ɬɪʔkà]
    အလင်းကို ကာကွယ်ရန် ဖြစ်စီ၊ အခန်းကို ခြားရန် ဖြစ်စီ အသုံးပြုရေ။ ရွိ့ပြောင်းနှိုင်ရေ အကာ
    အလင်းကို ကာကွယ်ရန် ဖြစ်စေ၊ အခန်းကို ခြားရန် ဖြစ်စေ အသုံးပြုသည်။ ရွေ့ပြောင်းနိုင်သော အကာ
    movable or folding screen
    နာမ်

    လှစ်ပြ

    [ɬɪʔpɹ]
    မြှုပ်ကွယ်ခြင်း မဟိ၊ သိမြင် ထင်ရှားယောင် ပြုရေ။ ၂၊ အဝတ်ကို ဖွင့်ပြရေ
    မြှုပ်ကွယ်ခြင်း မယှိ၊ သိမြင် ထင်ရှားအောင် ပြုသည်။ ၂၊ အဝတ်ကို ဖွင့်ပြသည်
    open [as in ပြတင်းကို~-] - expose [as in ရွှေရင်ဘတ်~-] define - expound [as in အဓိပ္ပာယ်ကို~-]
    ကြိယာ

    လှည့်

    [ɬɛ့̀]
    တခုတရီသော အရာကို လည်ပတ်အောင် ပြုရေ။၂၊ နီရာတခုမှ တခုသို့ ရွိ့ပြောင်း လားလာရေ။ ၃၊ ပတ်ရစ် လည်ပနာ လားလာ လှုပ်ရှားရေ။ ၄၊ ထောင့်ကွေ့ရေ။ ၅၊ တဖက်မှ တဖက်ကို ပြောင်းပြီးကေ မျက်နှာမူရေ။ ၆၊ ကိုယ့်အလိုသို့ ပါအောင် သွီးဆောင်ရေ
    တစ်စုံတစ်ခုသော အရာကို လည်ပတ်အောင် ပြုသည်။၂၊ နေရာတစ်ခုမှ တစ်ခုသို့ ရွေ့ပြောင်း သွားလာသည်။ ၃၊ ပတ်ရစ် လည်၍ သွားလာ လှုပ်ရှားသည်။ ၄၊ ထောင့်ကွေ့သည်။ ၅၊ တစ်ဘက်မှ တစ်ဘက်သို့ ပြောင်း၍ မျက်နှာမူသည်။ ၆၊ မိမိအလိုသို့ ပါအောင် သွေးဆောင်သည်
    go or move round sth [as in စေတီကိုလက်ယာရစ်~-] turn - spin go from place to place [as in ဒေသစာရီ~-] - make the rounds [as in ကင်း~-၊ ရှင်လောင်း ~-] turn to a certain direction [as in အရှေ့ဘက်ကို~ -] deceive [as in ဗုံကို လည်၍~] borrow sth [on a short
    ကြိယာ

    လှည်း

    [ɬɛ́]
    သစ်ရွက် မြက်ခြောက် စွန့်ပစ်သော အညှက်ဆိုး ရို့ကို သန့်စင်အောင် အဂါရီခက် အစဟိစွာအနိန်နန့် ကြမ်းပြင်ကို ဖိပွတ်စုစည်းသည်
    သစ်ရွက် မြက်ခြောက် စွန့်ပစ်သော အမှိုက်သရိုက် တို့ကို သန့်စင်အောင် တံမြက်စည်း စသည်ဖြင့် ကြမ်းပြင်ကို ဖိပွတ်စုစည်းသည်
    sweep [as in အိမ်လှည်းဖြင့်~လိုက်]
    ကြိယာ