Dictionary Entries
Showing 1,841–1,860 of 1,963 words
လ
လှည့်ကင်း
[ɬɛ့̀kɪ́ɴ]
Arakanese:
နီရာ တခုတည်းမာ ရပ်တည်ပြီးကေ မနေပဲ ယင်းကနိန်ယပိုင်မှ လားယင်းလာကေး စောင့်ကြပ်နိန်ရေ့ ကင်းအဖွဲ့
Burmese:
နေရာ တစ်ခုတည်းတွင် ရပ်တည်၍ မနေပဲ ထိုမှဤမှ သွားရင်းလာရင်း စောင့်ကြပ်နေသည့် ကင်းအဖွဲ့
English:
patrol
Grammar Note:
နာမ်
လှည့်ကွက်
[ɬɛ့̀kwɛʔ]
Arakanese:
ကိုယ့်အလိုသို့ ပါလာစီရန် မရိုးမသား စိတ်နန့် လုပ်ကြံဖန်တီး ပြုမူ ပြောဆိုရေ
Burmese:
မိမိအလိုသို့ ပါလာစေရန် မရိုးမသား စိတ်ဖြင့် လုပ်ကြံဖန်တီး ပြုမူ ပြောဆိုသည်
English:
deception [as in မာယာဖြင့်~လုပ်] twist or turn (in the development of a story)
Grammar Note:
နာမ်
လှည့်စား
[ɬɛ့̀sá]
Arakanese:
တပါးသူအား မမှန်မကျီာက်ရေကို မှန်ကျောက်ရေဟု ထင်မှတ်အောင် သွီးဆောင် လှည့်ပတ် ပြောဆိုမှု ပြုသည်
Burmese:
တစ်ပါးသူအား မမှန်မကန်သည်ကို မှန်ကန်သည်ဟု ထင်မှတ်အောင် သွေးဆောင် လှည့်ပတ် ပြောဆိုမှု ပြုသည်
English:
deceive [as in တစ်ပါးသူအား~]- play one false [as in မမှန်မကန်~]
Grammar Note:
ကြိယာ
လှည်းတလင်း
[ɬɛ́tlɪ́ɴ]
Arakanese:
အညှက်ဆိုး စစွာကို စင်ကြယ် သန့်ရှင်းအောင် ပြုသည်
Burmese:
အမှိုက်သရိုက် စသည်ကို စင်ကြယ် သန့်ရှင်းအောင် ပြုသည်
English:
sweep
Grammar Note:
နာမ်
လှည့်ပတ်
[ɬɛ့̀paʔ]
Arakanese:
တခုတရီသော အရာကို လည်ပတ်အောင် ပြုရေ။ ၂၊ နီရာတခုမှ တခုသို့ ရွိ့ပြောင်း လားလာရေ။ ၃၊ ပတ်ရစ်လည်ပနာ လားလာ လှုပ်ရှားရေ။ ၄၊ ထောင့်ကွေ့ရေ။ ၅၊ တဖက်မှ တဖက်ကို ပြောင်းပြီးကေ မျက်နှာမူရေ။ ၆၊ ကိုယ့်အလိုသို့ ပါအောင် သွီးဆောင်ရေ
Burmese:
တစ်စုံတစ်ခုသော အရာကို လည်ပတ်အောင် ပြုသည်။ ၂၊ နေရာတစ်ခုမှ တစ်ခုသို့ ရွေ့ပြောင်း သွားလာသည်။ ၃၊ ပတ်ရစ်လည်၍ သွားလာ လှုပ်ရှားသည်။ ၄၊ ထောင့်ကွေ့သည်။ ၅၊ တစ်ဘက်မှ တစ်ဘက်သို့ ပြောင်း၍ မျက်နှာမူသည်။ ၆၊ မိမိအလိုသို့ ပါအောင် သွေးဆောင်သည်
English:
rotate - orbit [as in နေကို ကမ္ဘာက~] deceive [as in တစ်ပါးသူအား~သွေးဆောင်]
Grammar Note:
ကြိယာ
လှည့်ဖျား
[ɬɛ့̀pʰrá]
Arakanese:
တပါးသူအား မမှန်မကျီာက်ရေကို မှန်ကျောက်ရေဟု ထင်မှတ်အောင် သွီးဆောင် လှည့်ပတ် ပြောဆိုမှုပြုသည်
Burmese:
တစ်ပါးသူအား မမှန်မကန်သည်ကို မှန်ကန်သည်ဟု ထင်မှတ်အောင် သွေးဆောင် လှည့်ပတ် ပြောဆိုမှုပြုသည်
English:
entice - lure - beguile
Grammar Note:
ကြိယာ
လှည့်လည်
[ɬɛ့̀lɛ̀]
Arakanese:
ရစ်လည်ပနာ လားလာရွိရေ။ ၂၊ တနီရာမှ တနီရာသို့ ကူးပြောင်း လားလာရေ
Burmese:
ရစ်လည်၍ သွားလာရွေ့လျားသည်။ ၂၊ တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်း သွားလာသည်
English:
circle - travel around - wander - roam [as in စိုးမဲကျီးသို့~] encircle [as in မီးပေါက်~]
Grammar Note:
ကြိယာ
လှံတံ
[ɬံtံ]
Arakanese:
ပြားချွန်သော သတ္တုလားကို အရိုးရှည် တပ်ဆင်၍ တိရစ္ဆာန်၊ ရန်သူ အစဟိစွာရို့ကို အဝီးကနိန်ပနာ လက်လွှတ်ထိုးရရေ လက်နက်မျိုး
Burmese:
ပြားချွန်သော သတ္တုသွားကို အရိုးရှည် တပ်ဆင်၍ တိရစ္ဆာန်၊ ရန်သူ စသည်တို့ကို အဝေးကနေ၍ လက်လွှတ်ထိုးရသော လက်နက်မျိုး
English:
javelin
Grammar Note:
နာမ်
လှန်
[ɬàɴ]
Arakanese:
နောက်ဘက်ကို စကေ ကျစီရေ။ ဆံကေသီမာ၊ ဆီမလူးပဲ၊ စိမ်းမြညိုကာ၊ နောက်ကိုလှန်ပျာ၊ ဟန်နှင့်ချကေ၊ ကွေ့တထွာနန့် (ဓမ္မသာ)။ ၂၊ ကျောက်ကျောက်ရေ။ ခြေနန့်လှန်ပျာ၊ ကျောက်ပြန်လတ်လို့ (နာရဒ)။ ၃၊ ပြောဆိုဆုံးမချက်၊ ညွှန်ကြားချက်၊ စည်းကမ်း၊ ဥပဒေအစဟိစွာမာ ညွှန်သည့်အတိ
Burmese:
နောက်ဘက်သို့ အတန်ငယ် ကျစေသည်။ ဆံကေသီမှာ၊ ဆီမလိမ်းပဲ၊ စိမ်းမြညိုကာ၊ နောက်ကိုလှန်ပျာ၊ ဟန်နှင့်ချကေ၊ ကွေ့တစ်ထွာနှင့် (ဓမ္မသာ)။ ၂၊ ကျောက်ကန်သည်။ ခြေဖြင့်လှန်ပျာ၊ ကျောက်ပြန်လတ်လို့ (နာရဒ)။ ၃၊ ပြောဆိုဆုံးမချက်၊ ညွှန်ကြားချက်၊ စည်းကမ်း၊ ဥပဒေစသည်တွင် ညွှန်သည့်အတိ
English:
change or reverse position of things - turn inside out - turn up (of lids) open - uncover [as in အဝတ်ကို~-] - turn the leaves (of a book) [as in စာမျက်နှာ တစ်ရွက်စီ~-] fight back - repel [as in နဂါးရန်ကို~-] go against [as in သွီး~-] tilt back [as in
Grammar Note:
ကြိယာ
လှန့်
[ɬàɴ့]
Arakanese:
ကြောက်လန် တုန်လှုပ်အောင် ပြုသည်
Burmese:
ကြောက်လန် တုန်လှုပ်အောင် ပြုသည်
English:
frighten [as in သူ~ရေ] - scare [as in ရုတ်တရက်~] - cause an alarm [as in မီး~]
Grammar Note:
ကြိယာ
လှန်း
[ɬáɴ]
Arakanese:
ခြောက်သွိစီရန် နီပူမာ ထားရေ။ ငါးပွဲစားနှင့်၊ ငါးမားငါးနံသာ၊ တန်းမာတင်ဗျာ၊ နီပူလှန်းကေ၊ ခြောက်ပြန်လတ်က (ငါးခြင်း)
Burmese:
ခြောက်သွေ့စေရန် နေပူတွင် ထားသည်။ ငါးဒလာနှင့်၊ ငါးမှားငါးနံသာ၊ တန်းမှာတင်ဗျာ၊ နီပူလှန်းကေ၊ ခြောက်ပြန်လတ်က (ငါးခြင်း)
English:
dry (things) in the sun - put out to dry
Grammar Note:
ကြိယာ
လှန့်ခြောက်
[ɬàɴ့kʰɹɔ́ɛʔ]
Arakanese:
ကြောက်ရွံ တုန်လှုပ် ဖျပ်လန့်အောင် ဖန်တီး ပြောဆိုချက်
Burmese:
ကြောက်ရွံ တုန်လှုပ် ဖျပ်လန့်အောင် ဖန်တီး ပြောဆိုချက်
English:
frighten
Grammar Note:
နာမ်
လှန်ပြ
[ɬàɴpɹ]
Arakanese:
ကိုယ်ဝတ်ကို ဖွင့်လှစ်၍ပြရေ
Burmese:
ကိုယ်ဝတ်ကို ဖွင့်လှစ်၍ပြသည်
English:
show
Grammar Note:
ကြိယာ
လှပ
[ɬp]
Arakanese:
သိသာ မြင်သာစွာ လျောက်ပတ် တင့်ရေသော
Burmese:
သိသာ မြင်သာစွာ လျောက်ပတ် တင့်တယ်သော
English:
beautiful
Grammar Note:
နာမဝိသေသန
လှပိုင်ပြင်
[ɬpàɪɴpɹɪ̀ɴ]
Arakanese:
ရုပ်ဆင်းသွင်ပြင်။ အဆင်းနှင့် ဆိုင်ရေ အရည်အခြင်း။ မေနှမ၏၊ လှပိုင်ပြင်ကို၊ မမြင်ရငြား၊ ပြောဆိုဟန်သို့၊ အသံကြားနန့် သနားချစ်ခင် (မျိုးက်)
Burmese:
ရုပ်ဆင်းသွင်ပြင်။ အဆင်းနှင့် ပတ်သက်သော အရည်အချင်း။ မယ်နှမ၏၊ လှပိုင်ပြင်ကို၊ မမြင်ရငြား၊ ပြောဆိုဟန်သို့၊ အသံကြားနှင့် သနားချစ်ခင် (မျောက်)
English:
beauty - good looks
Grammar Note:
နာမ်
လှပ်
[ɬaʔ]
Arakanese:
အနံ (ကျုံ့) ကျဉ်းလားရေ။ ငယ်လားရေ။ ချောင်ကျလှားရေ။ ၂၊ အထဲကို ကျုံ့ဝင် တွန့်ခေါက်ရေ။ ပျိုင်ချပ် အသားမသီလို့ လှပ်တေ (အရပ်)။ ၃၊ ချန်ထားခရေ။ ၄၊ ကွက်လပ် ထားခရေ
Burmese:
အနံ (ကျုံ့) ကျဉ်းသွားသည်။ ငယ်သွားသည်။ ပိန်ကြုံသွားသည်။ ၂၊ အတွင်းသို့ ကျုံ့ဝင် တွန့်ခေါက်သည်။ ပျဉ်ချပ် အသားမသီလို့ လှပ်တေ (အရပ်)။ ၃၊ ချန်ထားခဲ့သည်။ ၄၊ ကွက်လပ် ထားခဲ့သည်
English:
open [as in ပျဉ်ချပ်ကို~] - expose [as in ရင်ဘတ်ကို~၍ပြ] leave out [as in နေရာ~] - omit [as in ‘အ’အက္ခရာကို~၍ရေတွက်]
Grammar Note:
ကြိယာ
လှပ်၂
[ɬaʔ၂]
Arakanese:
လန်းဆန်း၍ ဖားလျား အစိမ်းရောင် ဟိနိန်ရေ့ ဟင်းရွက်သစ်ရွက် စရေ။ မိုးသောက်တိုင်ကေ အပင်မာ မုန်လာရွက်တိ လှပ်နီရေ (အရပ်)
Burmese:
လန်းဆန်း၍ ဖားလျား အစိမ်းရောင် ယှိနေသည့် ဟင်းရွက်သစ်ရွက် စသည်။ မိုးသောက်တိုင်ကေ အပင်မှာ မုန်လာရွက်တိ လှပ်နီရေ (အရပ်)
English:
fresh
Grammar Note:
နာမ်
လှပ်လှပ်
[ɬaʔɬaʔ]
Arakanese:
အလွန် ပါးလျှပ်စွာ။ ၂၊ ဆွတ်ဆွတ်ဖြူ
Burmese:
အလွန် ပါးလျှပ်စွာ။ ၂၊ ဖြူဆွတ်ဆွတ်
English:
pure white
Grammar Note:
ကြိယာဝိသေသန
လှပ်လှပ်၂
[ɬaʔɬaʔ၂]
Arakanese:
တောက်ပြောင်း ပါးလျပ်သော။ ပါးရေ မပါးရေကို အလိုက်တိုင်း ရေမဆင်းပိုင် လှပ်လှပ်ပျင်နီရေ (အရပ်)။ ထားကညာမာ၊ ငါးကလျာညီ၊ ရွှီထပိန်နှင့် အင်္ကျီလှပ်လှပ်၊ ပဒေသာက၊ ခြွီကာဆွတ်ကေ၊ လျှပ်နီရောင်မောင်း (ကော်)။ ၂၊ အရောင်ဖွေးစင်သော။ ဖြူဆွတ် လှပ်လှပ်၊ ပဒုမ္မာလေ၊ ကြာဝတ်ပန်
Burmese:
တောက်ပြောင်း ပါးလျပ်သော။ ပါးရေ မပါးရေကို အလိုက်တိုင်း ရေမဆင်းပိုင် လှပ်လှပ်ပျင်နီရေ (အရပ်)။ ထားကညာမှာ၊ ငါးကလျာညီ၊ ရွှီထပိန်နှင့် အင်္ကျီလှပ်လှပ်၊ ပဒေသာက၊ ခြွီကာဆွတ်ကေ၊ လျှပ်နေရောင်မောင်း (ကော်)။ ၂၊ အရောင်ဖွေးစင်သော။ ဖြူဆွတ် လှပ်လှပ်၊ ပဒုမ္မာလေ၊ ကြာဝတ်ပန်
English:
white
Grammar Note:
နာမဝိသေသန
လှပ်လှပ်၃
[ɬaʔɬaʔ၃]
Arakanese:
လီထခတ်ရေအခါ အဝီးမှ လှုပ်လှုပ်ရွရွ မြင်ရရေ တင်းခွန်ပြား၊ အလံ စရေ။ တင်းခွန်လှပ်လှပ်၊ လီသွတ်သွတ်နန့်၊ စရပ်ကေသာယာ၊ ကျီးဖြူရွာ၊ ဇာမာလဲမောင် (ကျီးဖြူထု)
Burmese:
လေတိုက်ခတ်သည့်အခါ အဝေးမှ လှုပ်လှုပ်ရွရွ မြင်ရသော တံခွန်ပြား၊ အလံ စသည်။ တံခွန်လှပ်လှပ်၊ လီသွတ်သွတ်နန့်၊ စရပ်ကေသာယာ၊ ကျီးဖြူရွာ၊ ဇာမှာလဲမောင် (ကျီးဖြူထု)
English:
thinly - flimsily
Grammar Note:
နာမ်