Dictionary Entries
Showing 1,861–1,880 of 1,963 words
လ
လှမ်း
[ɬáɴ]
Arakanese:
ခြေတဖက် ချင်းစီ ချီချကတ်ွ၍ ရွိရေ။ ၂၊ ထိနိုင်စွမ်းလောက်သော အကွာဟိ တစုံတရာ ဝန်ကိုယူပနာ ပေးစီရေ။ ကဝါငယ်သည်၊ တွန်မြည်တောက်ကာ၊ လှမ်းကာယူကေ၊ လက်တော်ရောက်ကေ (နတ်သိုက်)
Burmese:
ခြေတစ်ဘက် ချင်းစီ ချီချကြွ၍ ရွေ့လျားသည်။ ၂၊ ထိနိုင်စွမ်းလောက်သော အကွာယှိ တစ်စုံတရာ ပစ္စည်းကိုယူ၍ ပေးစေသည်။ ကဝါငယ်သည်၊ တွန်မြည်တောက်ကာ၊ လှမ်းကာယူကေ၊ လက်တော်ရောက်လျှင် (နတ်သိုက်)
English:
step - pace [as in ခြီ~-] reach out [as in မမီရေ ပန်းကို တုံးခု၍~-] hand sth to ab [as in စားတော် ကွမ်းအုပ်ကို~လိုက်ပါ။] be far [as in ရွာနှင့်~-]
Grammar Note:
ကြိယာ
လှမ်း၂
[ɬáɴ၂]
Arakanese:
အချိန်ကာလ စိကေချေ ကွာသော
Burmese:
အချိန်ကာလ အနည်းငယ် ကွာသော
English:
time different
Grammar Note:
နာမဝိသေသန
လှမ်းလှမ်းကြီး
[ɬáɴɬáɴt͡ɕï]
Arakanese:
ကဂေါင်းဝီးသော။ နီးစပ်မှုမဟိသော။ ကဂေါင်းဝီးကွာသော။ တခုနန့်တခု၊ အကြာခရီးတာ ကျယ်ပြောသော
Burmese:
အလွန်ဝေးသော။ နီးစပ်မှုမယှိသော။ အလွန်ဝေးကွာသော။ တစ်ခုနှင့်တစ်ခု၊ အကြာခရီးတာ ကျယ်ပြောသော
English:
be distant - be difficult to attain
Grammar Note:
နာမဝိသေသန
လှမ်းလှမ်းသျှေ
[ɬáɴɬáɴʃè]
Arakanese:
မနီးလွန်း မဝီးလွန်းသော အကွာအဝီး။ မလှမ်းမကမ်း
Burmese:
မနီးလွန်း မဝေးလွန်းသော အကွာအဝေး။ မလှမ်းမကမ်း
English:
short distance
Grammar Note:
နာမ်
လှယာ
[ɬjà]
Arakanese:
ခံမားဟိ အရသာကို ခံစားတတ်ရေ လှုပ်ရှားနှိုင်ရေ အသားစိုင်
Burmese:
ခံတွင်းယှိ အရသာကို ခံစားတတ်သော လှုပ်ရှားနိုင်သည့် အသားစိုင်
English:
tonsil
Grammar Note:
နာမ်
လှယာကျိုး
[ɬjàt͡ɕó]
Arakanese:
(ဥပစာ) တခုတရီသော ပြောဆိုမှုကို ပုံမှန် ပြောဆိုနီကျ ဖြစ်ရေ။ ပြောကျင့် ဖြစ်နီသော
Burmese:
(ဥပစာ) တစ်စုံတစ်ခုသော ပြောဆိုမှုကို ပုံမှန် ပြောဆိုနေကျ ဖြစ်သော။ ပြောကျင့် ဖြစ်နေသော
English:
stereotyped expression
Grammar Note:
နာမဝိသေသန
လှယာခင်
[ɬjàkʰɪ̀ɴ]
Arakanese:
ခံမား ပစ အာခေါင်ထဲဟိ လျှာ၏ အရင်းပိုင်းစွန်း
Burmese:
ခံတွင်း ပါးစပ် အာခေါင်ထဲယှိ လျှာ၏ အရင်းပိုင်းစွန်း
English:
tonsil
Grammar Note:
နာမ်
လှယာစက်အာစက်
[ɬjàsɛʔʔsɛʔ]
Arakanese:
လူတိအား လေးစား နှိုင်လောက်ယောင် ပြောနိုင်ဆိုနှိုင်စွမ်း၊ ပြဌာန်း သတ်မှတ်ထားရေ ဥပဒေအမိန့် အာဏာ တည်စီနှိုင်စွမ်း
Burmese:
သူတစ်ပါးအား လေးစား နိုင်လောက်အောင် ပြောနိုင်ဆိုနိုင်စွမ်း၊ ပြဌာန်း သတ်မှတ်ထားသော ဥပဒေအမိန့် အာဏာ တည်စေနိုင်စွမ်း
English:
power to command obedience - charisma
Grammar Note:
နာမ်
လှယာပါး
[ɬjàpàး]
Arakanese:
စကားကို အမျိုးမျိုး အဖုံဖုံ ပြောဆိုနှိုင်စွမ်း ဟိသည်
Burmese:
စကားကို အမျိုးမျိုး အဖုံဖုံ ပြောဆိုနိုင်စွမ်း ယှိသည်
English:
be clever in conversation
Grammar Note:
ကြိယာ
လှယာရည်
[ɬjàɹɛ̀]
Arakanese:
လျှာပတ်ဝန်းကျင်မှ စိမ့်ယိုထွက်သော အရည်
Burmese:
လျှာပတ်ဝန်းကျင်မှ စိမ့်ယိုထွက်သော အရည်
English:
saliva
Grammar Note:
နာမ်
လှယာရည်ကျ
[ɬjàɹɛ̀t͡ɕ]
Arakanese:
တခုတရီသော အစားအစာကို မြင်တွိရရေအခါ အလွန်တရာ စားလိုစိတ်နန့် ခံမား၌ လျှာရည် စိမ့်ထွက် ယိုကျရေ။ ၂၊ ကချေတိ၏ ပစခံမားမှ အရည်များ ပစအပြင်သို့ ယိုထွက် စီးဆင်းရေ
Burmese:
တစ်စုံတစ်ရာသော အစားအစာကို မြင်တွေ့ရသောအခါ အလွန့်အလွန် စားလိုစိတ်ဖြင့် ခံတွင်း၌ လျှာရည် စိမ့်ထွက် ယိုကျသည်။ ၂၊ ကလေးများ၏ ပါးစပ်ခံတွင်းမှ အရည်များ ပါးစပ်အပြင်သို့ ယိုထွက် စီးဆင်းသည်
English:
salivate - water at the mouth - (of a child) drool - (fig) crave for
Grammar Note:
ကြိယာ
လှယာရည်ခံ
[ɬjàɹɛ̀kʰံ]
Arakanese:
အချေများမာ ပစမှ ယိုစီးကျသော လားရည်တိကို မစွတ်စိုရယောင် လိုင်ဖင်းမာ ကြိုးတပ်ပြီးကေ ရင်ဖတ်ထက်မာ တင်ထားပနာ ဆွဲခံထားရေ အဝတ်ချာလေး
Burmese:
ကလေးငယ်များတွင် ပါးစပ်မှ ယိုစီးကျသော သွားရည်များကို မစွတ်စိုရအောင် လည်ပင်းတွင် ကြိုးတပ်၍ ရင်ဘတ်ပေါ်တွင် တင်ထား၍ ဆွဲခံထားသော အဝတ်စလေး
English:
bib
Grammar Note:
နာမ်
လှယာရည်ယို
[ɬjàɹɛ̀jÒ]
Arakanese:
တခုတရီသော အစားအစာကို မြင်တွိရရေအခါ အလွန်တရာ စားလိုစိတ်နန့် ခံမား၌ လျှာရည် စိမ့်ထွက် ယိုကျရေ။ ၂၊ ကချေတိ၏ ပစခံမားမှ အရည်များ ပစအပြင်သို့ ယိုထွက် စီးဆင်းရေ
Burmese:
တစ်စုံတစ်ရာသော အစားအစာကို မြင်တွေ့ရသောအခါ အလွန့်အလွန် စားလိုစိတ်ဖြင့် ခံတွင်း၌ လျှာရည် စိမ့်ထွက် ယိုကျသည်။ ၂၊ ကလေးများ၏ ပါးစပ်ခံတွင်းမှ အရည်များ ပါးစပ်အပြင်သို့ ယိုထွက် စီးဆင်းသည်
English:
salivate - water at the mouth - (of a child) drool - (fig) crave for
Grammar Note:
ကြိယာ
လှယော့ပီး
[ɬjɔ̰pï]
Arakanese:
တံပက်လူ၏ အလိုသို့ လိုက်လျောရေ။ လျော့အောင် ပြုသည်
Burmese:
တစ်ဘက်သား၏ အလိုသို့ လိုက်လျောသည်။ လျော့အောင် ပြုသည်
English:
accede to someone’s request - wish etc - comply with - go along with
Grammar Note:
ကြိယာ
လှယ်
[ɬɛ̀]
Arakanese:
အရာ တခုတရီကို အရာ တခုခုနှင့် ပြောင်းလဲရေ။ ၂၊ တခုတရီသော ဝန်ကို ထည့်စရာ တခုတရီမှ တခုသို့ ပြောင်းသည်
Burmese:
အခြား တစ်စုံတစ်ရာကို အခြား တစ်ခုခုနှင့် ပြောင်းလဲသည်။ ၂၊ တစ်စုံတစ်ခုသော ပစ္စည်းကို ထည့်စရာ တစ်စုံတစ်ခုမှ တစ်ခုသို့ ပြောင်းသည်
English:
( of things ideas experiences etc ) exchange [as in တွေးခေါ်~] barter (of things) transfer from one receptacle to another [as in တောင်းထဲမှ ဆန်ကို အိုးထဲသို့~-]
Grammar Note:
ကြိယာ
လှယ်သွယ်
[ɬɛ̀θwɛ̀]
Arakanese:
အပြန်အလှန် ကူးလူး ဆက်သွယ်ရေ။ ၂၊ တခုမှ တခုသို့ ပြောင်းလဲရေ။ ဖလှယ်သည်
Burmese:
အပြန်အလှန် ကူးလူး ဆက်သွယ်သည်။ ၂၊ တစ်ခုမှ တစ်ခုသို့ ပြောင်းလဲသည်။ ဖလှယ်သည်
English:
change - alter - exchange [as in တိုက်ရိုက်ပြော၊ စကား~မနီကေ] shuttle [as in မြို့တွင်းမှာ လားလာ~နိုင်ရေ]
Grammar Note:
ကြိယာ
လှရောင်ထုတ်
[ɬɹàʊɴtʰoʊʔ]
Arakanese:
စွမ်းရည်သတ္တိ တခုခုကြောင့် ဝမ်းသာအားရ ဖြစ်တေ။ တပြောင်ပြောင်လေ၊ လှရောင်ထုတ်လို့၊ အဂေါင့်အဟတ်၊ လင်ဖြစ်တုံကေ၊ ပုဏ္ဏားကြီးကို၊ စိတ်လွတ်ဝမ်းသာ၊ ပြောခြင်းရာကား (ဥဒိန်)
Burmese:
စွမ်းရည်သတ္တိ တစ်ခုခုကြောင့် ဝမ်းသာအားရ ဖြစ်သည်။ တပြောင်ပြောင်လေ၊ လှရောင်ထုတ်လို့၊ အဟုတ်အဟတ်၊ လင်ဖြစ်တုံကေ၊ ပုဏ္ဏားကြီးကို၊ စိတ်လွတ်ဝမ်းသာ၊ ပြောခြင်းရာကား (ဥဒိန်)
English:
satisfied by somepower
Grammar Note:
ကြိယာ
လှလှ
[ɬɬ]
Arakanese:
သီသပ်သော၊ အစွမ်းအစ သိပ်မထွက် သိပ်သည်း ကျစ်လျစ်သော။ ချပ်ရပ်သော လောင်းလျာမင်းလှ၊ ငှက်ဂဠုန်ကို၊ မြင်ပါရလို့၊ လှလှထိုင်ကာ။ (ထာနု)
Burmese:
သေသပ်သော၊ အစွမ်းအစ သိပ်မထွက် သိပ်သည်း ကျစ်လျစ်သော။ ချပ်ရပ်သော လောင်းလျာမင်းလှ၊ ငှက်ဂဠုန်ကို၊ မြင်ပါရလို့၊ လှလှထိုင်ကာ။ (ထာနု)
English:
thoroughly - completely - fully [as in နေရစားရ~ပပရာ၊ ဒုက္ခ~ဖြစ်လို့]
Grammar Note:
နာမဝိသေသန
လှလှကြီး
[ɬɬt͡ɕï]
Arakanese:
လိုခြင်း၊ ကျန်လိုက်စွာတိ မဟိပဲ ဟိသင့်သမျှ လောက်စွာ။ ပြည့်ပြည့် စုံစုံ အနိန်နန့်။ ၂၊ ကျီနပ်မှု မဟိ၍ ရန်ငြိုး ဖွဲ့ထားရေအနိန်နန့်၊ ဒေတခေါက်ခါတော့ မင်းနန့် ငါနန့် လှလှကြီး တွိ.ကတ်ရဖို့ဗျာယ်။ (အရပ်)
Burmese:
လိုခြင်း၊ ကြွင်းကျန်ခြင်း မယှိပဲ ယှိသင့်သမျှ ပြည့်ဝစွာ။ ပြည့်ပြည့် စုံစုံ အားဖြင့်။ ၂၊ ကျေနပ်မှု မယှိ၍ ရန်ငြိုး ဖွဲ့ထားသောအားဖြင့်၊ ဒေတစ်ခေါက်ခါတော့ မင်းနန့် ငါနန့် လှလှကြီး တွိ.ကတ်ရဖို့ဗျာယ်။ (အရပ်)
English:
thoroughly - completely - fully [as in နေရစားရ~တွိ.ရေ၊ ဒုက္ခ~ဖြစ်လို့]
Grammar Note:
ကြိယာဝိသေသန
လှလှပြ
[ɬɬpɹ]
Arakanese:
ကကောင်းမွန်မွန်၊ ပပိတ်သသိပ်၊ သသပ်ရရပ်၊ အိမ်သို့ ရောက်တေခါရာ လှလှပြ ငါးခူသားနန့် တဝဆွဲခီဖို့ဗျာယ် (အရပ်)
Burmese:
ကောင်းကောင်းမွန်မွန်၊ သေသေသပ်သပ်၊ သပ်သပ်ရပ်ရပ်၊ အိမ်ကို ရောက်တေခါရာ လှလှပြ ငါးခူသားနန့် တဝဆွဲခီဖို့ဗျာယ် (အရပ်)
English:
be neat - be tidy
Grammar Note:
ကြိယာဝိသေသန