Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,881–1,900 of 1,963 words

    လ

    လှာ

    [ɬà]
    အဓိပ္ပာယ် အထူးအထွေ မဟိပဲစကား။ အယင်က ချောမောစီဖို့သာ ကြိယာနှင့် ပူးတွဲ ဆက်စပ်သုံးသော စကားလုံး။ ချစ်သူ မောင်တော်၊ မေ့ကြင်ရာလေ၊ ရောက်လှငြားက (ဓမ္မသာ)။ တူနှစ်ထေါလေ၊ ချရီစက်ကြောင့်၊ ပစ္စက်ခုခါ၊ ဆင်ဖြစ်လှာ၍၊ နှစ်ဖြာမယား၊ မေတ္တာသွယ်ဗျာ၊ ဇာညာထားလို့ (ဆဒ္ဒန်)
    အဓိပ္ပာယ် အထူးအထွေ မယှိပဲစကား။ ယခင်က ချောမောစေရန်သာ ကြိယာနှင့် ပူးတွဲ ဆက်စပ်သုံးသော စကားလုံး။ ချစ်သူ မောင်တော်၊ မေ့ကြင်ရာလေ၊ ရောက်လှငြားက (ဓမ္မသာ)။ တူနှစ်ထေါလေ၊ ချရီစက်ကြောင့်၊ ပစ္စက်ခုခါ၊ ဆင်ဖြစ်လှာ၍၊ နှစ်ဖြာမယား၊ မေတ္တာသွယ်ဗျာ၊ ဘယ်ညာထားလို့ (ဆဒ္ဒန်)
    word suffixed to a verb to convey the notion of beginning sth [as in ကောင်းကင်ကဆင်း~၊ မေခလာလျှင်]
    ပစ္စည်း

    လှား

    [ɬá]
    အဝတ်ကို အထက်ကသော် ပင်ဖြစ်ဖြစ်၊ အောက်ကသော် ပင်ဖြစ်ဖြစ်၊ ဖြန့်၍ တင်ထားရေ။ အောက်က ဖြန့်၍ (ခင်း)ထားရေ။ ကိုင် မာ ဖက်လှားပြီးကေ ဆား ကို ထည့်။ လီနန့်သွိ.အောင် အဝတ်ကို အထက်က လှားထား (အရပ်)
    အဝတ်ကို အထက်ကသော် လည်းကောင်း၊ အောက်ကသော် လည်းကောင်း၊ ဖြန့်၍ တင်ထားသည်။ အောက်က ဖြန့်၍ (ခင်း)ထားသည်။ ကိုင် မှာ ဖက်လှားပြီးကေ ဆား ကို ထည့်။ လီနန့်သွိ.အောင် အဝတ်ကို အထက်က လှားထား (အရပ်)
    rummage
    ကြိယာ

    လှား၂

    [ɬá၂]
    လျော့ပါးသော။ ချပ်ရပ်သော။ ငါအယင်က ဝမ်းဖောင်းနီရေ၊ အဂုဝမ်းလှား လားခဗျာယ် (အရပ်)
    လျော့ပါးသော။ ချပ်ရပ်သော။ ငါအယင်က ဝမ်းဖောင်းနီရေ၊ အဂုဝမ်းလှား လားခဗျာယ် (အရပ်)
    become less - decrease - diminish
    နာမဝိသေသန

    လှားလှား

    [ɬáɬá]
    ပပိတ်သသိပ် ပိပိပြားပြား။ ချပ်ချပ်ရပ်ရပ်
    သေသေသပ်သပ် ပိပိပြားပြား။ ချပ်ချပ်ရပ်ရပ်
    neatly - tidy - natty
    ကြိယာဝိသေသန

    လှိမ့်

    [ɬḛɪɴ]
    မျက်နှာပြင် တခုခုပေါ်၌ လူးလည် ရွိအောင် ပြုရေ။ လုံးဝန်းသော အရာကို လိမ့်စီရေ
    မျက်နှာပြင် တစ်ခုခုပေါ်၌ လူးလည် ရွေ့လျားအောင် ပြုသည်။ လုံးဝန်းသော အရာကို လိမ့်စေသည်
    roll sth or oneself on a surface (fig) bluff - trick
    ကြိယာ

    လှိမ်း

    [ɬéɪɴ]
    အရည် အမှုန့်စစွာကို ပျံ့နှံ့အောင် ပွတ်လူးရေ။ နှိမ်းရေ။ ကပ်ငြိပေကျံအောင် ပြုရေ။ သနပ်ခါး နိမ်းရေ၊ ပေါင်ဒါ နိမ်းရေ
    အရည် အမှုန့်စသည်ကို ပျံ့နှံ့အောင် ပွတ်လူးသည်။ လိမ်းကျံသည်။ ကပ်ငြိပေကျံအောင် ပြုသည်။ သနပ်ခါး နိမ်းရေ၊ ပေါင်ဒါ နိမ်းရေ
    apply - smear - paint - (of speech become slurred)
    ကြိယာ

    လှိမ်းဆီး

    [ɬéɪɴsʰï]
    ကိုယ်ခန္ဓာ အရီပြားထက်မာ နှိမ်းသော ဆီး
    ကိုယ်ခန္ဓာ အရေပြားပေါ်တွင် လိမ်းကျံသော ဆေး
    medicaments such as salve liniment embrocation etc
    နာမ်

    လှိမ့်ပတ်

    [ɬḛɪɴpaʔ]
    (ဥပစာ)ဝါရေ လှည့်ပတ်ရေ။ မရိုးမသား စိတ်ဖြင့် လှည့်ပတ် ပြောဆို ပြုမူသည်
    (ဥပစာ)လိမ်သည် လှည့်ပတ်သည်။ မရိုးမသား စိတ်ဖြင့် လှည့်ပတ် ပြောဆို ပြုမူသည်
    deceive
    ကြိယာ

    လှိမ့်လည်

    [ɬḛɪɴlɛ̀]
    ဝါ လှည့်ပတ် ပြောဆိုချက်
    လိမ်လည် လှည့်ပတ် ပြောဆိုချက်
    deceive
    နာမ်

    လှိုင်

    [ɬàɪɴ]
    ပေါများရေ။ များပြားစွာ ပေါ်ထွက်သော။ ရှေးခါပိုင်ပိုင်၊ ပြန့်နှံ့လှိုင်၍၊ ရခိုင်ပီစာ၊ မျိုးဘာသာနန့် (ဆဒ္ဒန်)။ ပန်းမျိုးလှိုင်ကေ၊ ရီအိုင်စမာ၊ ရှုထမဆုံး (ယင်း)
    ပေါများသော။ များပြားစွာ ပေါ်ထွက်သော။ ရှေးခါပိုင်ပိုင်၊ ပြန့်နှံ့လှိုင်၍၊ ရခိုင်ပီစာ၊ မျိုးဘာသာဖြင့် (ဆဒ္ဒန်)။ ပန်းမျိုးလှိုင်ကေ၊ ရေအိုင်စမှာ၊ ရှုထမဆုံး (၎င်း)
    be abundant - be plentiful [as in ဟင်းသီဟင်းရွက်~ရေ] (of fragrance) diffuse - pervade [as in ပိတောက်ရနံ့~-]
    နာမဝိသေသန

    လှိုင်း

    [ɬáɪɴ]
    အမျိုးအမည်အရွီအတွက် စစွာတိပြားရေ။ မကန်မဝှန်ဖြစ်တေ။ မောင်လှဖြူရို့မာ တလှိုင်းကြီး မြင်လိုက်ယင့်၊ ဇာဇာပါလီရေလဲ မသိ (အရပ်)
    အမျိုးအမည်အရေအတွက် စသည်များပြားသည်။ အများအပြားဖြစ်သည်။ မောင်လှဖြူရို့မှာ တစ်လှိုင်းကြီး မြင်လိုက်ယင့်၊ ဇာဇာပါလီရေလဲ မသိ (အရပ်)
    abound - be plentiful - be in profusion [as in ~ပြည့်~ချမ်းသာ၊ စီးပွားလာ၏။ နတ်ရှင်နေ့တိုင်း၊ ဗျာပါ~ခဲ့] overwhelm - delugs - flood [as in သဒ္ဓါ~-၊ အောင်မျှို့~-၊ ရောင်ခြည်~-] proclaim [as in တစ်ခွန်း~က၊ လူတိုင်းအံ့အံ့] bluff - flatter deceive [as in
    ကြိယာ

    လှိုင်းကြက်ခွပ်

    [ɬáɪɴt͡ɕɛʔkʰwaʔ]
    ရီထွက် ရေဝင် ဆုံရာမာ ဖြစ်ပေါ်သော အတန်အသင့် ကြီးရေ လှိုင်း
    ရေထွက် ရေဝင် ဆုံရာတွင် ဖြစ်ပေါ်သော အတန်အသင့် ကြီးသော လှိုင်း
    cross sea - choppy sea
    နာမ်

    လှိုင်းကြီး

    [ɬáɪɴt͡ɕï]
    လီပြင်း တိုက်ခတ်မှုကြောင့် လှိုင်းပြင်း ထန်စွာ တက်ကြွ လှုပ်ရှားသည်
    လေပြင်း တိုက်ခတ်မှုကြောင့် လှိုင်းပြင်း ထန်စွာ တက်ကြွ လှုပ်ရှားသည်
    (of seas) be tempestuous
    ကြိယာ

    လှိုင်းစရာကျောင်း

    [ɬáɪɴsɹàt͡ɕáʊɴ]
    ဆင်အတတ်၊ မြင်းအတတ်၊ လေး၊ မြှားအတတ်၊ က-ခုန်-သီ-ဆို-တီး-မှုတ် အစဟိရေ ယိုင်ကျေးမှု အမျိုးမျိုး၊ လောကီဘက် ဆိုင်ရာ အတတ် အမျိုးမျိုးရို့ကို အတတ် သင်ပီးသော ကျောင်း။ (ပွဲကျောင်းဆိုပနာလည်း ခေါ်ဆိုကတ်တေ။) မြောက်ဦးမြို့ အဟိဖက်မာ ဂုထိ လှိုင်းစရာကျောင်း၊ လှိုင်းစရာကန် ဟ
    ဆင်အတတ်၊ မြင်းအတတ်၊ လေး၊ မြှားအတတ်၊ က-ခုန်-သီ-ဆို-တီး-မှုတ် စသော ယဉ်ကျေးမှု အမျိုးမျိုး၊ လောကီဘက် ဆိုင်ရာ အတတ် အမျိုးမျိုးတို့ကို အတတ် သင်ပေးသော ကျောင်း။ (ပွဲကျောင်းဟူ၍လည်း ခေါ်ဆိုကြသည်။) မြောက်ဦးမြို့ အရှေ့ဘက်တွင် ယခုထိ လှိုင်းစရာကျောင်း၊ လှိုင်းစရာကန် ဟ
    art school
    နာမ်

    လှိုင်းစရာတပ်

    [ɬáɪɴsɹàtaʔ]
    တပ်မကြီးအဖြစ် ဖွဲ့ထားရီတပ်။ (ဤတပ်ကို အရီးကြုံက လိုလျင်အသုံးပြုဖို့ ဖွဲ့ထားရေ တပ်ဖြစ်တေ။ လိုကေ ဖြည့်စွက် ထည့်ဖို့အတွက် ဖွဲ့ထားရေ တပ်ဖြစ်တေ့ အတွက်နန့် လောင်းာက်စရာတပ် ဆိုပနာလည်း ခေါ်ဆိုကတ်တေ။ ပွဲကျောင်းမှ သင်ကြား တတ်မြောက်ထားရေ သူရို့ကို ဖွဲ့စည်းထားရေ
    တပ်မကြီးအဖြစ် ဖွဲ့ထားသောတပ်။ (ဤတပ်ကို အရေးကြုံက လိုလျင်အသုံးပြုရန် ဖွဲ့ထားသော တပ်ဖြစ်သည်။ လိုလျှင် ဖြည့်စွက် ထည့်ရန်အတွက် ဖွဲ့ထားသော တပ်ဖြစ်သည့် အတွက်ကြောင့် လှောက်စရာတပ် ဟူ၍လည်း ခေါ်ဆိုကြသည်။ ပွဲကျောင်းမှ သင်ကြား တတ်မြောက်ထားသော သူတို့ကို ဖွဲ့စည်းထားသော
    military
    နာမ်

    လှိုင်းစီး

    [ɬáɪɴsï]
    ရီလှိုင်းအဟုန်မာ အလီးချိန် လျော့ပါးစီခြင်းနန့် ဖွ၍ လိုက်ရေ
    ရေလှိုင်းအဟုန်တွင် အလေးချိန် လျော့ပါးစေခြင်းဖြင့် ဖော့၍ လိုက်သည်
    surf - go surfing - surf ride
    ကြိယာ

    လှိုင်းထ

    [ɬáɪɴtʰ]
    လှိုင်းများ အထက်ကို မြင့်ကြွရေ။ ရီညို လှိုင်းထ ငါးမရ (ဇမ်း)
    လှိုင်းများ အပေါ်သို့ မြင့်ကြွသည်။ ရီညို လှိုင်းထ ငါးမရ (ဇမ်း)
    (of seas) swell [fig.] (of the mind) be agitated [fig.] (of surfaces) be uneven
    ကြိယာ

    လှိုင်းထွန့်

    [ɬáɪɴtʰʊ̀ɴ့]
    လှိုင်းပိုင် နိမ့်ခြည်မြင့်ခြည် ဖြစ်ပေါ်နိန်ရေ အရာ
    လှိုင်းကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်ပေါ်နေသော အရာ
    wavy pattern
    နာမ်

    လှိုင်းပျ

    [ɬáɪɴpr]
    ညင်သာစွာ ဖြစ်ပေါ်နိန်ရေ လှိုင်းအိ အချေ
    ညင်သာစွာ ဖြစ်ပေါ်နေသော လှိုင်းအိ ကလေး
    medium wave
    နာမ်

    လှိုင်းယက်ခေါက်

    [ɬáɪɴjɛʔkʰaʊʔ]
    ရီလှိုင်း မြင့်တက်သနန့် ဖြူဖွေးသော ထိပ်စွန်းဟိသည့် လှိုင်း
    ရေလှိုင်း မြင့်တက်သဖြင့် ဖြူဖွေးသော ထိပ်စွန်းယှိသည့် လှိုင်း
    white crested waves
    နာမ်