Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,901–1,920 of 1,963 words

    လ

    လှိုင်းယက်ခေါက်ကျိုး

    [ɬáɪɴjɛʔkʰaʊʔt͡ɕó]
    ရီလှိုင်း မြင့်တက်သနန့် ဖြူဖွေးသော ထိပ်စွန်း ခေါက်ကျိုး၍ ကမ်းကို ရိုက်ခတ်သော လှိုင်း
    ရေလှိုင်း မြင့်တက်သဖြင့် ဖြူဖွေးသော ထိပ်စွန်း ခေါက်ကျိုး၍ ကမ်းကို ရိုက်ခတ်သော လှိုင်း
    white crested waves
    နာမ်

    လှိုင်းယင့်

    [ɬáɪɴjɪ̀ɴ့]
    ညင်သာစွာ ဖြစ်ပေါ်သောလှိုင်း။ (လှိုင်းမာ သုံးလုံးဆင့်၊ ငါးလုံးဆင့်၊ ခုနှစ်လုံးဆင့်၊ ကိုးလုံးဆင့် ဟိသည်မာ အညင်သာဆုံး ကိုးလုံးဆင့်ဟိ လှိုင်းမျိုး။
    ညင်သာစွာ ဖြစ်ပေါ်သောလှိုင်း။ (လှိုင်းတွင် သုံးလုံးဆင့်၊ ငါးလုံးဆင့်၊ ခုနှစ်လုံးဆင့်၊ ကိုးလုံးဆင့် ယှိသည်တွင် အညင်သာဆုံး ကိုးလုံးဆင့်ယှိ လှိုင်းမျိုး။
    medium wave
    နာမ်

    လှိုင်းယင်း

    [ɬáɪɴjɪ́ɴ]
    ညင်သာစွာ ဖြစ်ပေါ်သောလှိုင်း။ (လှိုင်းမာ သုံးလုံးဆင့်၊ ငါးလုံးဆင့်၊ ခုနှစ်လုံးဆင့်၊ ကိုးလုံးဆင့် ဟိသည်မာ အညင်သာဆုံး ကိုးလုံးဆင့်ဟိ လှိုင်းမျိုး။
    ညင်သာစွာ ဖြစ်ပေါ်သောလှိုင်း။ (လှိုင်းတွင် သုံးလုံးဆင့်၊ ငါးလုံးဆင့်၊ ခုနှစ်လုံးဆင့်၊ ကိုးလုံးဆင့် ယှိသည်တွင် အညင်သာဆုံး ကိုးလုံးဆင့်ယှိ လှိုင်းမျိုး။
    medium wave
    နာမ်

    လှီ

    [ɬí]
    ရီပြင်ပေါ်၌ တက်အား၊ ရွက်အား၊ စက်အနိန်နန့် လိုရာခရီးသို့ ရွိစီရေ့ သစ်သား၊ ပျိုင်ချပ်နန့် တနည်း သစ်တုံးကို ထွင်းလုပ်ထားရေ ယာဉ်။ ရက္ခမှန်ဖူး၊ မြောက်ဦးရွှီ ပြည်သာ၌၊ တိစွာရေ ရွှီလှီပေါင်း (ဥက္ကာပျံတု)
    ရေပြင်ပေါ်၌ တက်အား၊ ရွက်အား၊ စက်အားဖြင့် လိုရာခရီးသို့ ရွေ့လျားစေသည့် သစ်သား၊ ပျဉ်ချပ်ဖြင့် သို့မဟုတ် သစ်တုံးကို ထွင်းလုပ်ထားသော ယာဉ်။ ရက္ခမှန်ဖူး၊ မြောက်ဦးရွှီ ပြည်သာ၌၊ များစွာသည် ရွှီလှီပေါင်း (ဥက္ကာပျံတု)
    boat
    နာမ်

    လှီး

    [ɬï]
    တခုတရီ ကို တင်ပနာ ဓားသွားနန့် ဖိကာ ဟိတိုး နောက်ဆွဲပြုပနာ ဖြတ်ရေ
    တစ်စုံတစ်ခု အပေါ်တွင် တင်၍ ဓားသွားဖြင့် ဖိကာ ရှေ့တိုး နောက်ဆွဲပြု၍ ဖြတ်သည်
    cut - slice [as in ကြက်သွန်~]
    ကြိယာ

    လှီကား

    [ɬíká]
    အဆင်းအတက် လွယ်ကူစီရန် အထစ်အဆင့်ဆင့် ပြုလုပ်ထားရေ အရာ
    အဆင်းအတက် လွယ်ကူစေရန် အထစ်အဆင့်ဆင့် ပြုလုပ်ထားသော အရာ
    stair - ladder (See illus. at အဆောက်အဦ - အိမ်)
    နာမ်

    လှီကားခုံ

    [ɬíkákʰòʊɴ]
    လှဂ၏ အောက်ခြီဘောင်နှစ်ခု ထောက်ထားရာ အဆင့်
    လှေကား၏ အောက်ခြေဘောင်နှစ်ခု ထောက်ထားရာ အဆင့်
    base of a staircase
    နာမ်

    လှီကားဆင့်

    [ɬíkásʰɪ̀ɴ့]
    လှဂဘောင် နှစ်ဘက်အကြားမာ တပ်ဆင်ထားရေ နင်းရန် အထစ်
    လှေကားဘောင် နှစ်ဘက်အကြားတွင် တပ်ဆင်ထားသော နင်းရန် အထစ်
    tread - rung
    နာမ်

    လှီကားတက်

    [ɬíkátɛʔ]
    လှဂထိပ် စွန်းချိတ် ဆက်ထားရာ အဆင့်။ ဖိနပ်ချွန်ခန်း
    လှေကားထိပ် စွန်းချိတ် ဆက်ထားရာ အဆင့်။ ဖိနပ်ချွန်ခန်း
    landing (of stairs)
    နာမ်

    လှီကားထစ်

    [ɬíkátʰɪʔ]
    လှဂမာ အဆင့်ဆင့် နင်းတက် ဆင်းရာအပြင်
    လှေကားတွင် အဆင့်ဆင့် နင်းတက် ဆင်းရာအပြင်
    tread - rung
    နာမ်

    လှီကားဘောင်

    [ɬíkábʱàʊɴ]
    လှဂ၏ ဖီးနှစ်ဘက် ဘောင်တန်း
    လှေကား၏ ဘေးနှစ်ဘက် ဘောင်တန်း
    string
    နာမ်

    လှီကားရှင်

    [ɬíkáʃɪ̀ɴ]
    ချွန်ဖြုတ်၍ တပ်ပြီးကေရရေ လှဂ
    ချွန်ဖြုတ်၍ တပ်၍ရသော လှေကား
    ladder - boarding ramp
    နာမ်

    လှီးစဉ်း

    [ɬïsɪ́ɴ]
    အပိုင်းအပြတ် ထွက်အောင် လှီးသည်
    အပိုင်းအပြတ် ထွက်အောင် လှီးသည်
    cut - slice [as in ကြက်သွန်~]
    ကြိယာ

    လှီတက်

    [ɬítɛʔ]
    လောင်းအစဟိရေ ရေယာဉ်ကြီးငယ်ကို လောင်းာ်ခတ်သော တက်
    လှေစသော ရေယာဉ်ကြီးငယ်ကို လှော်ခတ်သော တက်
    oar - paddle
    နာမ်

    လှီတော်သံ

    [ɬítɔ̀θံ]
    ရခိုင်ဘုရင်များ လက်ထက်က လောင်းတော်နန့် စီးပနာ တိုင်းခန်းလှည့် လည်လားရေအခါ ဖျော်ဖြီ သီဆိုလေ့ဟိသော တေးသံမျိုး။ က-ကိုတမူ၊ ကကိုဟူကား၊ ကဉ္စနာပဗ္ဗတာ၊ ငွီတောင်သာက၊ ဟင်္သာဝမ်းဘဲ၊ ပျံကျဝဲသည်၊ မစဲရံကာရံကာကေလေ့ ဟန်စီလေ ဟန်စွာ့လေ
    ရခိုင်ဘုရင်များ လက်ထက်က လှေတော်ဖြင့် စီး၍ တိုင်းခန်းလှည့် လည်သွားသည့်အခါ ဖျော်ဖြေ သီဆိုလေ့ယှိသော တေးသံမျိုး။ က-ကိုတမူ၊ ကကိုဟူကား၊ ကဉ္စနာပဗ္ဗတာ၊ ငွေတောင်သာက၊ ဟင်္သာဝမ်းဘဲ၊ ပျံကျဝဲသည်၊ မစဲရံကာရံကာသော်လည်း ဟန်စီလေ ဟန်စွာ့လေ
    boat song
    နာမ်

    လှီနံဓားထစ်

    [ɬínံdʱátʰɪʔ]
    (ရီထဲကို ဝန် ဓား (ဝန်) ကျရာ နီရာကို လောင်းနံမာ ဓားနှင့်ထစ်၍ မှတ်ထားပြီးသားကေ၊ နောက်တနီရာသို့ ရောက်လှားပြီး အခါမှ ငုပ်၍ရှာသော်၊ တင်းစိုင် တလက်ရပြီးကေ ချမ်း၍ ကောက်လိမ် လားရေဟူ ပိုင် အကျိုးအကြောင်းကို မဆင်ခြင်ပဲ တရားသီမှတ်ယူ စွဲထားရေ့ အတိုင်း
    (ရေထဲသို့ ပစ္စည်း ဓား (ပစ္စည်း) ကျရာ နေရာကို လှေနံတွင် ဓားနှင့်ထစ်၍ မှတ်ထားပြီးလျှင်၊ နောက်တစ်နေရာသို့ ရောက်သွားပြီး အခါမှ ငုပ်၍ရှာသော်၊ တံစဉ် တစ်လက်ရ၍ ချမ်း၍ ကောက်လိမ် သွားသည်ဟူ သကဲ့သို့ အကျိုးအကြောင်းကို မဆင်ခြင်ပဲ ပုံသေမှတ်ယူ စွဲထားသည့် အတိုင်း
    [fig.] in a bigoted manner
    ကြိယာဝိသေသန

    လှီနံနှစ်ဘက်နင်း

    [ɬínံn̥ɪʔbʱɛʔnɪ́ɴ]
    ဟိုဘက် ဒေဘက် နှစ်ဘက်စလုံးနှင့် ဆက်ဆံ၍ အခွင့်အရီး ယူရေ
    ထိုဘက် ဤဘက် နှစ်ဘက်စလုံးနှင့် ဆက်ဆံ၍ အခွင့်အရေး ယူသည်
    [fig.] run with the hare and hunt with the hounds (fig)
    ကြိယာ

    လှီနာယာ

    [ɬínàjà]
    လောင်းမာ ကြီးကြပ် စီမံကွပ်ကဲရသူ။ လောင်းဂေါင်းဆောင်။ လောင်းပိုင်သျှင်။ လှီနာယာလေ၊ ယင်းသူကြီးလျှင်၊ တောင်ထောင်ထောင်၊ ဟိကသွားဗျာယ် (ပဒုမ္မာ
    လှေတွင် ကြီးကြပ် စီမံကွပ်ကဲရသူ။ လှေခေါင်းဆောင်။ လှေပိုင်ရှင်။ လှီနာယာလေ၊ ထိုသူကြီးလျှင်၊ ထီးထီးမားမား၊ ရှိကသွားလျက် (ပဒုမ္မာ
    owner of boat - leader at boat
    နာမ်

    လှီပေါက်စီး

    [ɬípaʊʔsï]
    (ဥပစာ) ဖီးဒုက္ခ တခုတရီ တွိကြုံရဖို့ အခြီသို့ ရောက်ရေ
    (ဥပစာ) ဘေးဒုက္ခ တစ်စုံတစ်ရာ တွေ့ကြုံရမည့် အခြေသို့ ရောက်သည်
    be in trouble
    ကြိယာ

    လှီပြိုင်ပွဲ

    [ɬípɹàɪɴpwɛ]
    တက်ခတ်ပြိုင်ပွဲ
    လှေလှော်ပြိုင်ပွဲ
    boat race - regatta
    နာမ်