Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,921–1,940 of 1,963 words

    လ

    လှီပွဲ

    [ɬípwɛ]
    တက်ခတ်ပြိုင်ပွဲ
    လှေလှော်ပြိုင်ပွဲ
    boat race - regatta
    နာမ်

    လှီးဖြတ်

    [ɬïpʰɹaʔ]
    အတုံးကြီး အတုံးကြီး တခု တခုကျ လှီးသည်
    အတုံးကြီး အတုံးကြီး တစ်ခု တစ်ခုစီ လှီးသည်
    cut
    ကြိယာ

    လှီလှော်သား

    [ɬíɬɔ̀θá]
    တက်ခတ်သူ။ လောင်းမာ အလုပ်လုပ်ရရေ အလုပ်သမား၊ လောင်းသမ
    လှေလှော်သူ။ လှေတွင် အလုပ်လုပ်ရသော အလုပ်သမား၊ လှေသား
    boat’s crew
    နာမ်

    လှီဝမ်းခေါင်း

    [ɬíwáɴkʰèàɪ́ɴ]
    လောင်းကိုယ်ထည် ဝမ်းခေါင်း၊ လောင်းခွက်
    လှေကိုယ်ထည် ဝမ်းခေါင်း၊ လှေခွက်
    hull
    နာမ်

    လှီသား

    [ɬíθá]
    တက်ခတ်သူ။ လောင်းမာ အလုပ်လုပ်ရရေ အလုပ်သမား၊ လောင်းသမ
    လှေလှော်သူ။ လှေတွင် အလုပ်လုပ်ရသော အလုပ်သမား၊ လှေသား
    boat’s crew
    နာမ်

    လှုံ

    [ɬòʊɴ]
    အပူဓာတ်ငွီ့ ကိုယ်ခန္ဓာ၌ တွိထိ ခံစားဂတ်မေ ပြုရေ။ ရင်ငွိ.လှုံ၊ လုံပါယင့် (ရိုးရာ)။ အပူဓာတ် ရယူရေ
    အပူဓာတ်ငွေ့ ကိုယ်ခန္ဓာ၌ တွေ့ထိ ခံစားရအောင် ပြုသည်။ ရင်ငွိ.လှုံ၊ လုံပါယင့် (ရိုးရာ)။ အပူဓာတ် ရယူသည်
    warm oneself by the heat of fire or sun - bask [as in မီး ~ -၊ နေဆာ ~ - ] take shelter refuge [as in ထီးရိပ်~ -]
    ကြိယာ

    လှုံ့

    [ɬo̰ʊɴ]
    တိုက်တွန်း ခိုင်းစီရေ။ မငြိမ်မသက် တက်ကြွအောင် စိဆော်သည်
    တိုက်တွန်း စေခိုင်းသည်။ မငြိမ်မသက် တက်ကြွအောင် စေ့ဆော်သည်
    exhort [as in တိုက်တွန်း~] - stir [as in သဒ္ဓါပေါက်အောင်~]
    ကြိယာ

    လှုံ့ဆော်

    [ɬo̰ʊɴsʰɔ̀]
    တိုက်တွန်း ခိုင်းစီရေ။ မငြိမ်မသက် တက်ကြွအောင် စိဆော်သည်
    တိုက်တွန်း စေခိုင်းသည်။ မငြိမ်မသက် တက်ကြွအောင် စေ့ဆော်သည်
    stimulate - exhort - egg sb on
    ကြိယာ

    လှုပ်

    [ɬoʊʔ]
    မတည်မငြိမ်၊ မငြိမ်မသက်၊ ယိမ်းယိုင် တုန်ခါခြင်း အစဟိစွာဖြစ်တေ
    မတည်မငြိမ်၊ မငြိမ်မသက်၊ ယိမ်းယိုင် တုန်ခါခြင်း စသည်ဖြစ်သည်
    move - shake - quake [as in ငလျင်~] - budge [as in တိုင်လုံးကြီးကို~လို့ မရဖြစ်နီရေ]
    ကြိယာဝိသေသန

    လှုပ်တီလှုပ်တုတ်

    [ɬoʊʔtíɬoʊʔtoʊʔ]
    ဝန်၊ ဝတ္တု၊ တိုင်၊ တဲ အစဟိစွာ့ တည့်မတ် ခိုင်ခန့်ခြင်းမဟိ၊ လှုပ်နန့်ဗျာယ်
    ပစ္စည်း၊ ဝတ္တု၊ တိုင်၊ တဲ စသည့် တည့်မတ် ခိုင်ခန့်ခြင်းမယှိ၊ လှုပ်နဲ့လျက်
    move - shake - quake [as in ငလျင်~] - budge [as in တိုင်လုံးကြီးကို~လို့ မရဖြစ်နီရေ]
    ကြိယာဝိသေသန

    လှုပ်ယှား

    [ɬoʊʔʃá]
    မငြိမ်မသက် ဖြစ်တေ။ ကိုယ်ခန္ဓာကို တွန့်ခါ၍ ရွိရေ။ ၂၊ တနီရာမှ တနီရာသို့ ကူးပြောင်းလှာရေ။ လှည့်လည် လားရေ။ ၃၊ ရုတ်ရုတ်သဲသဲ ဖြစ်တေ။ ဆူပူထသည်
    မငြိမ်မသက် ဖြစ်သည်။ ကိုယ်ခန္ဓာကို တွန့်ခါ၍ ရွေ့လျားသည်။ ၂၊ တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းလာသည်။ လှည့်လည် သွားသည်။ ၃၊ ရုတ်ရုတ်သဲသဲ ဖြစ်သည်။ ဆူပူထကြွသည်
    stir [as in ပင်လယ်ရေပြင်~-] - move move about [as in ဤတောတွင် ဆင်ရိုင်းများ~-] be active - be in a tumult [as in ရွာစွန်ရပ်နား၌~နေ-]
    ကြိယာ

    လှုပ်လှုပ်

    [ɬoʊʔɬoʊʔ]
    သေလုမျိုးပါး အခြီအရဲ ဟိဗျာယ်။ ၂၊ တဆတ်ဆတ်သက်သာ ရွေ့ရုံမျှ။ ၃၊ ပြုတ်လုတည်းကာ
    သေလုမျောပါး အခြေအနေ ယှိလျက်။ ၂၊ ဖြည်းဖြည်းသက်သာ ရွေ့ရုံမျှ။ ၃၊ ပြုတ်လုတည်းကာ
    in slow motion - languidly [as in လားလည်း~၊ စားလည်း~] - barely [as in အသက် ~ သာ ရှိဗျာယ်-]
    ကြိယာဝိသေသန

    လှုပ်လှုပ်ယင်ယင်

    [ɬoʊʔɬoʊʔjɪ̀ɴjɪ̀ɴ]
    တိုင်၊ တဲ၊ တန်းထား အစဟိစွာ တည့်မတ် ခိုင်ခံ့ခြင်းမဟိ၊ လှုပ်နန့်ဗျာယ်။ ကုလားမတန်းထား၊ ရစိုးသား ကူးရရေ၊ လှုပ်လှုပ်ယင်ယင်၊ မောင်သျှင်တပါး၊ ကူး-ကူး (တေး)
    တိုင်၊ တဲ၊ တံတား စသည် တည့်မတ် ခိုင်ခံ့ခြင်းမယှိ၊ လှုပ်နဲ့လျက်။ ကုလားမတံတား၊ ရစိုးသား ကူးရရေ၊ လှုပ်လှုပ်ယင်ယင်၊ မောင်သျှင်တစ်ပါး၊ ကူး-ကူး (တေး)
    move - shake - quake [as in ငလျင်~] - budge [as in တိုင်လုံးကြီးကို~လို့ မရဖြစ်နီရေ]
    ကြိယာဝိသေသန

    လှုပ်လှုပ်လှုပ်လှုပ်နန့်

    [ɬoʊʔɬoʊʔɬoʊʔɬoʊʔnàɴ့]
    အားနည်း နွမ်းဖျော့ဗျာယ်။ သေလုမျိုးပါး အခြီအရဲ ဟိဗျာယ်။ ၂၊ စိကေချေ ခန္ဓာကိုယ်ကို တွန့်ခါရွိဗျာယ်။ ၃၊ အသက်ဟိသည့် ဆိုရုံမျှ
    အားနည်း နွမ်းဖျော့လျက်။ သေလုမျောပါး အခြေအနေ ယှိလျက်။ ၂၊ အနည်းငယ် ခန္ဓာကိုယ်ကို တွန့်ခါရွေ့လျားလျက်။ ၃၊ အသက်ယှိသည့် ဆိုရုံမျှ
    in slow motion - languidly [as in လားလည်း~၊ စားလည်း~] - barely [as in အသက် ~ သာ ရှိဗျာယ်-]
    ကြိယာဝိသေသန

    လှူ

    [ɬù]
    ပီးကမ်း စွန့်ကြဲရေ။ ဒါနပြုသည်
    ပေးကမ်း စွန့်ကြဲသည်။ ဒါနပြုသည်
    give away things in charity - donate [as in ဖေသာ~၊ သွီး~]- sacrifice [as in လူမျိုးအတွက် အသက်ကို~]
    ကြိယာ

    လှူး

    [ɬùး]
    အခင်းပြင် တခုတရီ၌ ကိုယ်ကို အပြန်ပြန် လှိမ့်သည်
    အခင်းပြင် တစ်စုံတစ်ရာ၌ ကိုယ်ကို အပြန်ပြန် လှိမ့်သည်
    writhe - toss and turn
    ကြိယာ

    လှူတန်း

    [ɬùtáɴ]
    ပီးကမ်း စွန့်ကြဲရေ။ ဒါနပြုသည်
    ပေးကမ်း စွန့်ကြဲသည်။ ဒါနပြုသည်
    give in charity [Arakan လှူ+ Pali ဒါန]
    ကြိယာ

    လှူဒါန်း

    [ɬùdàáɴ]
    ပီးကမ်း စွန့်ကြဲရေ။ ဒါနပြုသည်
    ပေးကမ်း စွန့်ကြဲသည်။ ဒါနပြုသည်
    give in charity [Arakan လှူ+ Pali ဒါန]
    ကြိယာ

    လှူဒါန်းဖွယ်ရာ

    [ɬùdàáɴpʰwɛ̀ɹà]
    လှူဖို့အတွက် အဆင်သင့် ပြင်ဆင်ထားရေ ဝန်လှူစရာ
    လှူရန်အတွက် အဆင်သင့် ပြင်ဆင်ထားသော ပစ္စည်းလှူစရာ
    offerings - thing offered to Buddha and Sangha - articles to be offered to the Lord Buddha or the Sangha
    နာမ်

    လှူးလှိမ့်

    [ɬùးɬèɪɴ့]
    ကိုယ်ခန္ဓာကို ဇာညာ စောင်း၍ ချသွန်လာ ပြုသည်
    ကိုယ်ခန္ဓာကို ဘယ်ညာ စောင်း၍ ကပြောင်းကပြန် ပြုသည်
    writhe - toss and turn
    ကြိယာ