Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,941–1,960 of 1,963 words

    လ

    လှူလှူ

    [ɬùɬù]
    တဆတ်ဆတ်သာသာ။ ညံ့ပျောင်း သိမ်မွေ့စွာ။ ဆန်ငြင်းပြုပနာ၊ လှူလှူထွက်လှား၊ အိမ်ကြောင်ဖားကို၊ ကြက်သာနိုင်ခါ၊ ကောင်းပေရာ၏ (ပါရာ)
    ဖြည်းဖြည်းသာသာ။ ညံ့ပျောင်း သိမ်မွေ့စွာ။ ဆန်ငြင်းပြု၍၊ လှူလှူထွက်သွား၊ အိမ်ကြောင်ဖားကို၊ ကြက်သာနိုင်ခါ၊ ကောင်းပေရာ၏ (ပါရာ)
    gently - softly
    ကြိယာဝိသေသန

    လှူးသတ်

    [ɬùးθaʔ]
    ကိုယ်ခန္ဓာ ချသွန်လာ လူးလွန့် နီအောင် ရိုက်နှက်ရေ။ နန်းလယ်တိုင်မာ၊ ချိုင်ကာလှူးသတ်၊ ခြေနန့်လှန်ပျာ၊ ကျောက်ပြန်လတ်လို့ (နာရဒ)
    ကိုယ်ခန္ဓာ ကပြောင်းကပြန် လူးလွန့် နေအောင် ရိုက်နှက်သည်။ နန်းလယ်တိုင်မှာ၊ ချိုင်ကာလှူးသတ်၊ ခြေဖြင့်လှန်ပျာ၊ ကျောက်ပြန်လတ်လို့ (နာရဒ)
    attack with force
    ကြိယာ

    လှောက်

    [ɬɔ́ɛʔ]
    ပြည့်စုံအောင် ထပ်ဆောင်း ထည့်သွင်းရေ။ ဖြည့်စွက်ရေ။ ခဲဝါတကောင်၊ မစားလောက်၊ ကျားတကောင် လောင်းာက် (ပုံပြင်)။ ၂၊ ထပ်မံ ရောပေါင်းရေ။ ပေါင်းထည့်ရေ။ မီးခွက်ငယ်၊ ကူကာလောင်းာက်ကေ၊ တောက်တုံပေသို့ (ပန်း)။ ၃၊ ထပ်မံ ရောပေါင်းရေ။ ထပ်ဖြည့်ရေ။ ဤရီကန်မာ၊ ငါ့ကျွန်အမျ
    ပြည့်စုံအောင် ထပ်ဆောင်း ထည့်သွင်းသည်။ ဖြည့်စွက်သည်။ ခဲဝါတစ်ကောင်၊ မစားလောက်၊ ကျားတစ်ကောင် လှောက် (ပုံပြင်)။ ၂၊ ထပ်မံ ရောပေါင်းသည်။ ပေါင်းထည့်သည်။ ဆီမီးခွက်ငယ်၊ ကူကာလှောက်ကေ၊ တောက်တုံပေသို့ (ပန်း)။ ၃၊ ထပ်မံ ရောပေါင်းသည်။ ထပ်ဖြည့်သည်။ ဤရေကန်မှာ၊ ငါ့ကျွန်အမျ
    make trouble
    ကြိယာ

    လှောက်၂

    [ɬɔ́ɛʔ၂]
    နှစ်၊ လ၊ နိ၊ ရက် နာရီ အစဟိစွာနန့် သတ်မှတ် ပိုင်းခြာထားရေ ကာလ။ အချိန်ကာလ တပည့်တော်မ၊ သမီးလှမာ၊ ညကခါမာ၊ စာရွီးကျင်သည်၊ နီမိုက်စလောင်းာက်၊ ကလောင်တံလေ၊ အမှန်ပျောက်လို့ (မျိုးက်)
    နှစ်၊ လ၊ နေ့၊ ရက် နာရီ စသည်ဖြင့် သတ်မှတ် ပိုင်းခြားထားသော ကာလ။ အချိန်ကာလ တပည့်တော်မ၊ သမီးလှမှာ၊ ညကခါတွင်၊ စာရွီးကျင်သည်၊ နေဝင်ချိန်လှောက်၊ ကလောင်တံလေ၊ အမှန်ပျောက်လို့ (မျောက်)
    period
    နာမ်

    လှောင်

    [ɬàʊɴ]
    နောင်တချိန် ကာလမာ အသုံးပြုဖို့ ဝန် တခုတရီ စုဆောင်း သိမ်းဆည်း ထားရေ။ ၂၊ ထွက်မဗြီးနှိုင်ယောင် လုံခြုံရေ နီရာမာ ချုပ်နှောင်ထားရေ။ တနည်း တခုတရီ အပေါက်အခေါင်း အထဲကို ထည့်သွင်း ထားရေ
    နောင်တစ်ချိန် ကာလတွင် အသုံးပြုရန် ပစ္စည်း တစ်စုံတစ်ရာ စုဆောင်း သိမ်းဆည်း ထားသည်။ ၂၊ ထွက်မပြေးနိုင်အောင် လုံခြုံသော နေရာ၌ ချုပ်နှောင်ထားသည်။ သို့မဟုတ် တစ်စုံတစ်ရာ အပေါက်အခေါင်း အတွင်းသို့ ထည့်သွင်း ထားသည်
    store up for future use shut up in an enclosure
    ကြိယာ

    လှောင်း

    [ɬáʊɴ]
    မကောင်းရေ အနံ့အသက် ပြင်းပြစူးရှသော
    မကောင်းသော အနံ့အသက် ပြင်းပြစူးရှသော
    (a) be imbued with - be inflused with [as in ပျံ့ပျံ့~ ထား၊ ရနံ့~ရေ] - (b) diffuse - pervade - spread [as in ကျက်သရေပျံ့~၊ အနံ့~သောအကောင်ကို] be in profusion - abound [as in ပန်းစုံ~၊ ဂုဏ်နံ့~-]
    နာမဝိသေသန

    လှောင်၂

    [ɬàʊɴ၂]
    အခိုး၊ အနံ့၊ အသက်၊ အပူဟိန် အစဟိစွာရို့ အပြင်သို့မထွက်ပဲ တနီရာတည်းမာ စုဝေး တည်ဟိနီရေ
    အခိုး၊ အနံ့၊ အသက်၊ အပူငွေ့ စသည်တို့ အပြင်သို့မထွက်ပဲ တစ်နေရာတည်းတွင် စုဝေး တည်ယှိနေသော
    shut up in an closure - close or strufffy (of atmosphere or room)
    နာမဝိသေသန

    လှောင်၃

    [ɬàʊɴ၃]
    ရွှတ်နောက် ကြီစပ်တတ်သူ။ မေချစ်မောင်ထက်၊ လူလောင်းာင်ယောက်ျား၊ ငါ့အသားကို ထိငြားဧကန်၊ ဓိဌာန်ပြန်ကေ၊ ကြွီပြန်အဂေါင်း (ကော်)
    ရွှတ်နောက် ကျီစယ်တတ်သူ။ မေချစ်မောင်ထက်၊ လူလှောင်ယောက်ျား၊ ငါ့အသားကို ထိငြားဧကန်၊ ဓိဌာန်ပြန်ကေ၊ ကြွေပြန်ဦးခေါင်း (ကော်)
    make fun of sb [as in ပုံမကျပန်းမကျဝတ်ဆင်၍~နီရေ ] - gibe - jeer - mock
    နာမ်

    လှောင်ခြိုင့်

    [ɬàʊɴkʰɹàɪɴ့]
    ကြက်၊ ငှက် စစွာကို ပျံ မထွက်နှိုင်ယောင် မွိးမြူထားရေ အိမ်ငယ်
    ကြက်၊ ငှက် စသည်ကို ပျံ မထွက်နိုင်အောင် မွေးမြူထားသော အိမ်ငယ်
    cage - coop
    နာမ်

    လှောင်ပြောင်

    [ɬàʊɴpɹàʊɴ]
    လူများ မခံချိစီရန် သရော် ကြီစပ်သည်
    သူတစ်ပါး မခံချိစေရန် သရော် ကျီစယ်သည်
    mock - ridicule
    ကြိယာ

    လှောင်အိမ်

    [ɬàʊɴʔèɪɴ]
    တိရစ္ဆာန်ရို့ကို မလွတ်မထွက် ပြေးနှိုင်ယောင် အရအမိ ဖမ်းယူပနာ မွိးမြူထားရေ အိမ်ငယ်
    တိရစ္ဆာန်တို့ကို မလွတ်မထွက် ပြေးနိုင်အောင် အရအမိ ဖမ်းယူ၍ မွေးမြူထားသော အိမ်ငယ်
    cage (usually for small animals)
    နာမ်

    လှော်

    [ɬɔ̀]
    ရီပြင်မာ လောင်းကိုစီးပနာ တက်နန့်ခတ်ကာ ရွိအောင် ပြုရေ။ ၂၊ ဒယ်ပြားအထဲကို နှမ်း၊ ပဲဒေါင့် စစွာကို ထည့်ပနာ ယောက်မနန့် မွှီရေ
    ရေပြင်တွင် လှေကိုစီး၍ တက်ဖြင့်ခတ်ကာ ရွေ့လျားအောင် ပြုသည်။ ၂၊ ဒယ်ပြားအထဲသို့ နှမ်း၊ မြေပဲ စသည်ကို ထည့်၍ ယောက်မဖြင့် မွှေသည်
    ( of boats ) row - paddle [as in လောင်း~] roast [as in ယောက်မဖြင့်~] importune sb on someones behalf
    ကြိယာ

    လှော်စာ

    [ɬɔ̀sà]
    ကောက်ညှင်းကို မကျက်တကျက် ပေါင်းပနာ အအီးခံထားပြီးသား တဆီးနန့် အချိုင်ပေါက်အောင် ပြုလုပ်ထားရေ ယစ်မူး စီတတ်သည့် စားဖွယ်
    ကောက်ညှင်းကို မကျက်တကျက် ပေါင်း၍ အအေးခံထားပြီး တဆေးဖြင့် အချဉ်ပေါက်အောင် ပြုလုပ်ထားသော မူးယစ် စေတတ်သည့် စားဖွယ်
    intoxicating preparation of fermented glutinous rice
    နာမ်

    လှော်စာရည်

    [ɬɔ̀sàɹɛ̀]
    လောင်းာ်စာမှ ထွက်သော ယစ်မူး စီတတ်ရေ အရည်
    လှော်စာမှ ထွက်သော မူးယစ် စေတတ်သော အရည်
    intoxicating drinks
    နာမ်

    လှော်တက်

    [ɬɔ̀tɛʔ]
    လောင်းကို လောင်းာ်ခတ် ရရေ ရိုးတံရှည် သစ်သားပြား
    လှေကို လှော်ခတ် ရသော ရိုးတံရှည် သစ်သားပြား
    oar - paddle
    နာမ်

    လှော်တွင်းနစ်

    [ɬɔ̀twɪ́ɴnɪʔ]
    (ဥပစာ) ကြိုးစားသမျှ ဆောင်ရွက်မှုနှင့်ပင် တဆတ်ဆတ် ပျက်စီး ဆုံးယှုံး လားရေ။ လုပ်ယင်းလုပ်ယင်းနှင့်ပင် လျော့ပါး ကုန်ခန်းလားရေ
    (ဥပစာ) ကြိုးစားသမျှ ဆောင်ရွက်မှုနှင့်ပင် တဖြည်းဖြည်း ပျက်စီး ဆုံးရှုံး သွားသည်။ လုပ်ယင်းလုပ်ယင်းနှင့်ပင် လျော့ပါး ကုန်ခန်းသွားသည်
    [fig.] suffer progressive failure inspite of one’s unremitting endeavour to achieve results
    ကြိယာ

    လှော်ပါး

    [ɬɔ̀pàး]
    အလွန်ပါးသော။ ပါးလွှာသော
    အလွန်ပါးသော။ ပါးလွှာသော
    very thin
    နာမဝိသေသန

    လှော်ပါး၂

    [ɬɔ̀pàး၂]
    များစွာ အသုံးဝင်ရေ့ အစီးထွက်သော အပင်။ ရော်ဘာပင်၊ ကော်ဖတ်ပင်
    များစွာ အသုံးဝင်သည့် အစေးထွက်သော သစ်ပင်။ ရော်ဘာပင်၊ ကော်ဖတ်ပင်
    rubber
    နာမ်

    လှော်ပါးစီး

    [ɬɔ̀pàးsï]
    ကြက်ပေါင်ပင်မှ ထွက်သော အစီး။ ရော်ဘာစေး။ ကော်စေး
    ကြက်ပေါင်ပင်မှ ထွက်သော အစေး။ ရော်ဘာစေး။ ကော်စေး
    glue
    နာမ်

    လှော်ယင့်နန့်နစ်

    [ɬɔ̀jɪ̀ɴ့nàɴ့nɪʔ]
    (ဥပစာ) လုပ်ယင်းကိုင်ယင်းနှင့် ပျက်စီးလျော့ပါး ကုန်ခန်းရေ။ ကြိုးစား အားထုတ် ဆောင်ရွက်ယင်းနှင့်ပင် ပျက်စီး ဆုံးယှုံးရေ
    (ဥပစာ) လုပ်ယင်းကိုင်ယင်းနှင့် ပျက်စီးလျော့ပါး ကုန်ခန်းသည်။ ကြိုးစား အားထုတ် ဆောင်ရွက်ယင်းနှင့်ပင် ပျက်စီး ဆုံးရှုံးသည်
    [fig.] suffer progressive failure inspite of one’s unremitting endeavour to achieve results
    ကြိယာ