Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 201–220 of 635 words

    ဝ

    ဝပ်စင်း

    [waʔsɪ́ɴ]
    ရိုသေစွာ မှီခိုခစားရေ။ ညွတ်ခ ရိုသီရေ။ ဝပ်စင်း ရိုသေ၊ သျှင်မင်းကြီးကို၊ ကျွန်ရို့လက်ဦးတည် (ဓမ္မက)။ ၂၊ ပူဇော်ရေ။ ဆည်းကပ် ခစားရေ။ ဝပ်စင်းကော်ရော်၊ ပူဇော်ပါ၏ (ကန်တော့)
    ရိုသေစွာ မှီခိုခစားသည်။ ညွတ်ခ ရိုသေသည်။ ဝပ်စင်း ရိုသေ၊ သျှင်မင်းကြီးကို၊ ကျွန်ရို့လက်ဦးတည် (ဓမ္မက)။ ၂၊ ပူဇော်သည်။ ဆည်းကပ် ခစားသည်။ ဝပ်စင်းကော်ရော်၊ ပူဇော်ပါ၏ (ကန်တော့)
    [ poetic ] pay homage - prostrate in reverence
    ကြိယာ

    ဝပ်တွား

    [waʔtWà]
    ကြောက်ရွံ့ပနာ ပိရိ ကျစ်လျစ်စွာ နိန်ရေ
    ကြောက်ရွံ့၍ ပိရိ ကျစ်လျစ်စွာ နေသည်
    [ poetic ] pay homage - prostrate in reverence
    ကြိယာ

    ဝပ်မငှက်

    [waʔmŋ̊ɛʔ]
    နိအခါ မြေ၌ ဝပ်နိန်ပြီးကေ ညဇာအခါမှ ထွက်ပြီးကေ ပိုးမွှားတိကို ဖမ်းစား တတ်ရေ ပတုံးအတောင် ချွန်းရှည်ရေ မြီကြီးရောင် ငှက်တမျိုး
    နေ့အခါ မြေ၌ ဝပ်နေပြီး ညအခါမှ ထွက်၍ ပိုးမွှားများကို ဖမ်းစား တတ်သော အမြီးအတောင် ချွန်းရှည်သည့် မြေကြီးရောင် ငှက်တစ်မျိုး
    bird
    နာမ်

    ဝပြော

    [wpɹɔ́]
    စားနက်ရိက္ခာ ပေါများ ကြယ်ဝသော။ ပြည့်စုံသော
    စားနက်ရိက္ခာ ပေါများ ကြယ်ဝသော။ ပြည့်စုံသော
    stout - portly bountiful [as in ~လုံလောက်စွာ စားရသောက်ရ]
    နာမဝိသေသန

    ဝဖီး

    [wpʰï]
    ကိုယ်ကာယ ပြည့်ဖြိုး မာတင်းသော
    ကိုယ်ကာယ ပြည့်ဖြိုး မာတင်းသော
    stout - portly bountiful [as in ~လို့ လုံလောက်စွာ စားရသောက်ရ]
    နာမဝိသေသန

    ဝဖီး၂

    [wpʰï၂]
    ဆံပင်၊ အမွီးမျှင် စစွာကို ရှင်းဖြီးရရေ သစ်သား၊ ဝါး၊ လိပ်ခွံ၊ ဆင်စွယ်၊ အရိုး အစဟိစွာ တမျိုးမျိုးဖြင့် ပြုလုပ်ထားရေ ပိုင်တံနန့် အကြားပါဟိသော ဖြီးစရာဝန်။ ဆင်စွယ် ဝဖီး ငါးကျပ်လီး (တေး)
    ဆံပင်၊ အမွေးမျှင် စသည်ကို ရှင်းဖြီးရသည့် သစ်သား၊ ဝါး၊ လိပ်ခွံ၊ ဆင်စွယ်၊ အရိုး စသည် တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသည့် အသွားတံနှင့် အကြားပါယှိသော ဖြီးစရာပစ္စည်း။ ဆင်စွယ် ဝဖီး ငါးကျပ်လီး (တေး)
    comb
    နာမ်

    ဝဖြိုး

    [wpʰɹó]
    ပြည့်ဝ စုံလင်သော။ ၂၊ စည်ပင် တိုးပွားသော။ ဖွံ့ဖြိုးသော
    ပြည့်ဝ စုံလင်သော။ ၂၊ စည်ပင် တိုးပွားသော။ ဖွံ့ဖြိုးသော
    stout - portly bountiful [as in ~လို့ လုံလောက်စွာ စားရသောက်ရ-]
    နာမဝိသေသန

    ဝဖြီးချပ်

    [wpʰɹïɕaʔ]
    အဂေါင်းနှင့် ဆံထုံး အကြားမာ ဘီးကို ကြားညှပ်ထားခြင်း
    ဦးခေါင်းနှင့် ဆံထုံး အကြားတွင် ဘီးကို ကြားညှပ်ထားခြင်း
    hairdo with the hair wound around a comb on the head
    နာမ်

    ဝဖြီးသိပ်

    [wpʰɹïθìaʔ]
    ဆံပင်မာ တွယ်ကပ်သော သန်းဦးသန်းဖျ အစဟိစွာရို့ကို တိုက်ချနှိုင်ယောင် ပိုင်စိပ်သော ပိုင်နှစ်ဘက်ဟိ ဘီးတမျိုး
    ဆံပင်တွင် တွယ်ကပ်သော သန်းဦးသန်းဖျ စသည်တို့ကို တိုက်ချနိုင်အောင် အသွားစိပ်သော အသွားနှစ်ဘက်ယှိ ဘီးတစ်မျိုး
    find tooth comb
    နာမ်

    ဝဘုတ်ငှက်

    [wbʱoʊʔŋ̊ɛʔ]
    စွတ်စို ခြုံထူရေ ဒေသ၌ အရဲများရေ ကိုယ်ထည် မဲနက်၍ အတောင် အုန်းခွံရောင် နီကြင့်ကြင့်ဟိသော ငှက်တမျိုး
    စွတ်စို ချုံထူသော ဒေသ၌ အနေများသော ကိုယ်ထည် မည်းနက်၍ အတောင် အုန်းခွံရောင် နီကြင့်ကြင့်ယှိသော ငှက်တစ်မျိုး
    none
    နာမ်

    ဝမ်း

    [wáɴ]
    ကိုယ်ခန္ဓာ၏ ဝမ်း။ ၂၊ သန္ဓေကိုယ်ဝန်။ ၃၊ ကိုယ်ခန္ဓာ၏ အစားထည့်သွင်းရာ ချထုတ်၊ အူသိမ်၊ အူမအစဟိစွာ တည်နီရာ အထဲပိုင်း။ ၄၊ (ဥပစာ) ပီစာချပ်၏ အထဲဘက်။ သစ်ရွက်၏ မျက်နှာပြင်ဘက်။ စာမျက်နှာ၏ အထဲဘက်
    ကိုယ်ခန္ဓာ၏ ဗိုက်။ ၂၊ သန္ဓေကိုယ်ဝန်။ ၃၊ ကိုယ်ခန္ဓာ၏ အစားထည့်သွင်းရာ အစာအိမ်၊ အူသိမ်၊ အူမစသည် တည်နေရာ အတွင်းပိုင်း။ ၄၊ (ဥပစာ) ပေစာချပ်၏ အတွင်းဘက်။ သစ်ရွက်၏ မျက်နှာပြင်ဘက်။ စာမျက်နှာ၏ အတွင်းဘက်
    stomach [as in ~တစ်လုံးကောင်း ခေါင်းမခဲ] bowels [as in ~ ပျက်-၊ ~လျှော-] - stool [as in ဆီး၊ ~ ၊ သလိပ်] womb [as in အမိ~မှ ဖွားမြင်စ] mind [as in မိဘတို့ ~ ငြိမ်းစတမ်း] - nature [as in အပြင်ပန်း ချိုသလောက်~ထဲကကောက်-] face obverse (of a palm leaf scr
    နာမ်

    ဝမ်းကိုက်

    [wáɴkaɪʔ]
    ဝမ်းလားရာမာ အကျိ အချွဲ အမြှုပ်နန့်သွီး စိကေချေ လားပြီးကေ ဝမ်းထဲမာ ရစ်ထိုး နာကြင်သည်
    ဝမ်းသွားရာတွင် အကျိ အချွဲ အမြှုပ်နှင့် သွေး အနည်းငယ် သွားပြီး ဝမ်းထဲ၌ ရစ်ထိုး နာကျင်သည်
    suffer from dysentery
    ကြိယာ

    ဝမ်းကျ

    [wáɴt͡ɕ]
    အခါခါ အထပ်ထပ် ဝမ်းမပြတ်မလတ် လားရေ
    အခါခါ အထပ်ထပ် ဝမ်းမပြတ်မလတ် သွားသည်
    diarrhoea [as in ရေငတ်~]
    နာမ်

    ဝမ်းကြင့်

    [wáɴt͡ɕɪ̰ɴ]
    ရင့်ကယ်၍ ဝမ်း စူကတ်တေ
    ရင့်ကယ်၍ ဝမ်းဗိုက် စူကြသည်
    be compacted
    ကြိယာ

    ဝမ်းကြိုး

    [wáɴt͡ɕó]
    ဝမ်းထဲမာ လီထပနာ မြည်သော အသံ
    ဝမ်းဗိုက်ထဲ၌ လေထကြွ၍ မြည်သော အသံ
    none
    နာမ်

    ဝမ်းကြီး

    [wáɴt͡ɕï]
    ကိုယ်ဝန် ဆောင်ရေ။ ဝမ်းကြီးရေ။ သန္ဓေလွယ်ရေ
    ကိုယ်ဝန် ဆောင်သည်။ ဗိုက်ကြီးသည်။ သန္ဓေလွယ်သည်
    be pregnant
    ကြိယာ

    ဝမ်းကြီးပေါင်းပေါင်း

    [wáɴt͡ɕïpèàɪ́ɴpèàɪ́ɴ]
    ရင့်သော သန္ဓေဟိသော
    ရင့်မာသော သန္ဓေယှိသော
    pregnant
    နာမဝိသေသန

    ဝမ်းကြီးမ

    [wáɴt͡ɕïm]
    ကိုယ်ဝန် ဆောင်သော မမာ့ကိုခေါ်သော စကားလုံး
    ကိုယ်ဝန် ဆောင်သော မိန်းမကိုခေါ်သော စကားလုံး
    pregnant woman
    နာမ်

    ဝမ်းကြောထင်

    [wáɴt͡ɕɔ́tʰɪ̀ɴ]
    အမျိုးသမီး ရို့၏ ဝမ်းမာ ဝမ်းကြီးခြင်းကြောင့် အရစ်အစင်း ထင်ရေ
    အမျိုးသမီး တို့၏ ဝမ်းဗိုက်တွင် ကိုယ်ဝန်ဆောင်ခြင်းကြောင့် အရစ်အစင်း ထင်သည်
    none
    ကြိယာ

    ဝမ်းကွဲ

    [wáɴkwɛ]
    တမိတဖတည်း မဟုတ်ဘဲ ခြားနားရေ။ အမိတူ၍ အဖ ခြာရေ။ အဖတူ၍ အမိ ခြာရေ
    တစ်မိတစ်ဖတည်း မဟုတ်ဘဲ ခြားနားသည်။ အမိတူ၍ အဖ ခြားသည်။ အဖတူ၍ အမိ ခြားသည်
    be cousins (once twice etc) removed [as in သူနှင့် နှစ်~-] (a) be touched [as in မြစိမ်းရောင်နွယ်၊ ~ဖွယ်ကို၊ ထိုဝယ်ခပ်ငဲ့၊ ရှုမျှော်ခဲ့မှ] - (b) grieve [as in ~ သောကြောင့် ငို၍ဆို-]
    ကြိယာ