Dictionary Entries
Showing 221–240 of 635 words
ဝ
ဝမ်းကွဲ၂
[wáɴkwɛ၂]
Arakanese:
အဖညီအစ်ကို၊ အမိညီအေးမရို့မှ ဖွားမြင်သော သားသမီးရို့၏ အချင်းချင်း တော်စပ်ပုံ
Burmese:
အဖညီအစ်ကို၊ အမိညီအစ်မတို့မှ ဖွားမြင်သော သားသမီးတို့၏ အချင်းချင်း တော်စပ်ပုံ
English:
cousin
Grammar Note:
နာမ်
ဝမ်းခင်
[wáɴkʰɪ̀ɴ]
Arakanese:
ဝမ်း အထဲပိုင်း
Burmese:
ဝမ်းဗိုက် အတွင်းပိုင်း
English:
stomach
Grammar Note:
နာမ်
ဝမ်းခသာ
[wáɴkʰθà]
Arakanese:
ဝမ်းသာဝမ်းသာ ဖြစ်ခြင်း တမျိုး
Burmese:
ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်း တစ်မျိုး
English:
happy
Grammar Note:
နာမ်
ဝမ်းခသာ၂
[wáɴkʰθà၂]
Arakanese:
နှစ်လိုအားရခြင်း ဖြစ်တေ။ စိတ်ထဲမာ ကျီနပ် နှစ်သက်အားရခြင်း ဖြစ်တေ။ နှလုံး ဝမ်းခသာနန့်၊ ဆုမဲနာချလိုက်ငြား (ကုသတု)
Burmese:
နှစ်လိုအားရခြင်း ဖြစ်သည်။ စိတ်ထဲတွင် ကျေနပ် နှစ်သက်အားရခြင်း ဖြစ်သည်။ နှလုံး ဝမ်းခသာနှင့်၊ ဆုမဲနာချလိုက်ငြား (ကုသတု)
English:
be satisfied
Grammar Note:
ကြိယာ
ဝမ်းခိုင်
[wáɴkʰàɪɴ]
Arakanese:
ဝမ်းသက် လွယ်ကူခြင်း မဟိသော။ သာမညအားဖြင့် ဝမ်းသက်စီရန် မလွယ်ကူသော
Burmese:
ဝမ်းသက် လွယ်ကူခြင်း မယှိသော။ သာမညအားဖြင့် ဝမ်းသက်စေရန် မလွယ်ကူသော
English:
be not prone to loose bowels
Grammar Note:
နာမဝိသေသန
ဝမ်းခိုင်၂
[wáɴkʰàɪɴ၂]
Arakanese:
အစားဟောင်း မာကျစ်ရေ။ စမြင်းထသည်
Burmese:
အစားဟောင်း မာကျစ်သည်။ ဝမ်းချုပ်သည်
English:
be constipated
Grammar Note:
ကြိယာ
ဝမ်းခေါက်
[wáɴkʰaʊʔ]
Arakanese:
ပျော့တွဲသော ဝမ်းအရီပြားတွန့်
Burmese:
ပျော့တွဲသော ဝမ်းအရေပြားတွန့်
English:
belly
Grammar Note:
နာမ်
ဝမ်းခေါင်း
[wáɴkʰèàɪ́ɴ]
Arakanese:
ဝမ်း အထဲပိုင်း
Burmese:
ဝမ်းဗိုက် အတွင်းပိုင်း
English:
stomach hold (of a ship or boat)
Grammar Note:
နာမ်
ဝမ်းခေါင်းဆာ
[wáɴkʰèàɪ́ɴsʰà]
Arakanese:
ဝမ်းမား၌ အစားသစ် ပြတ်လပ်၍ ဟင်းလင်း ဟိရေ။ ဆာမွတ်သည်
Burmese:
ဝမ်းတွင်း၌ အစားသစ် ပြတ်လပ်၍ ဟင်းလင်း ယှိသည်။ ဆာမွတ်သည်
English:
hungry
Grammar Note:
ကြိယာ
ဝမ်းခေါင်းဆိုး
[wáɴkʰèàɪ́ɴsʰó]
Arakanese:
(ဥပစာ) သားသမီး ဆိုးညစ်ခြင်းကြောင့် အမိက ကိုယ့် ဝမ်းခေါင်းကို ပြစ်တင်ပနာ ပြောဆိုရေ စကားလုံး
Burmese:
(ဥပစာ) သားသမီး ဆိုးညစ်ခြင်းကြောင့် အမိက မိမိ၏ ဝမ်းခေါင်းကို ပြစ်တင်၍ ပြောဆိုသော စကားလုံး
English:
none
Grammar Note:
နာမ်
ဝမ်းခဲ
[wáɴkʰɛ]
Arakanese:
အခံရခက်သော ဝေဒနာ တမျိုးကို ခံစားရရေ။ ဝမ်းခြင့်ဝမ်းခဲ ဖြစ်တေ။ ကိုယ်မာ ဝမ်းမဲ၊ အလွန်သည်းသည်၊ လူးလဲပြောင်းပြန် (ရာမ)
Burmese:
အခံရခက်သော ဝေဒနာ တစ်မျိုးကို ခံစားရသည်။ ဗိုက်အောင့်ဗိုက်နာ ဖြစ်သည်။ ကိုယ်မှာ ဝမ်းမဲ၊ အလွန်သည်းသည်၊ လူးလဲပြောင်းပြန် (ရာမ)
English:
bellyache - stomachache
Grammar Note:
ကြိယာ
ဝမ်းခဲကွန်
[wáɴkʰɛkʊ̀ɴ]
Arakanese:
ဝမ်းခြင့် ဝမ်းခဲ အကွန်ဆောင်ရေ။ လူးလဲငြား ဝမ်းခဲကွန်၊ ခုအဂုသည် ကာလနာလိုက်ရေ ဟန်သို့၊ ပြုလုပ်ပြန် ဥပါယ်သာ (ဗမာချီ)
Burmese:
ဗိုက်အောင့် ဗိုက်နာ ဟန်ဆောင်သည်။ လူးလဲငြား ဝမ်းခဲကွန်၊ ခုချက်ချင်းသည် ကာလနာလိုက်သည် ဟန်သို့၊ ပြုလုပ်ပြန် ဥပါယ်သာ (ဗမာချီ)
English:
pretend
Grammar Note:
ကြိယာ
ဝမ်းချ
[wáɴɕ]
Arakanese:
ဝမ်းလျော စီရေ။ ဝမ်းသက်အောင် ပြုသည်
Burmese:
ဝမ်းလျော စေသည်။ ဝမ်းသက်အောင် ပြုသည်
English:
purge(the bowels) [ fig ] placate ( with sweet words ) [as in ပျားရည်နှင့်~-]
Grammar Note:
ကြိယာ
ဝမ်းချုပ်
[wáɴɕoʊʔ]
Arakanese:
ဝမ်းလားသင့်သည် ဖြစ်ဗျာယ်လည်း ဝမ်းမလားပဲ နိန်ရေ
Burmese:
ဝမ်းသွားသင့်သည် ဖြစ်လျက်လည်း ဝမ်းမသွားပဲ နေသည်
English:
be constipated
Grammar Note:
ကြိယာ
ဝမ်းစာ
[wáɴsà]
Arakanese:
စားသောက်ဖို့အစာ။ ၂၊ ကာလ ရှည်ကြာစွာ စားသောက်ဖို့ သိပ်သိုထားရေ အစားအစာ၊ ကောက်ပဲသီးနှံစရေ။ ၃၊ တခုတရီသော ဝမ်းခေါင်း အထဲကို ဖြည့်သွင်း သိပ်ထည့်ရရေ အရာ
Burmese:
စားသောက်ရန်အစာ။ ၂၊ ကာလ ရှည်ကြာစွာ စားသောက်ရန် သိပ်သိုထားသော အစားအစာ၊ ကောက်ပဲသီးနှံစသည်။ ၃၊ တစ်စုံတစ်ခုသော ဝမ်းခေါင်း အတွင်းသို့ ဖြည့်သွင်း သိပ်ထည့်ရသော အရာ
English:
food [as in ~စားဖွယ်] stored up food and grain [as in ~သိုလှောင်ထား] stuffing [as in ဆေးလိပ်~၊ အရုပ်~] material (to compose a verse) [as in ကဗျာ၏~] detritus [as in အိုး~၊ စရွေး~]
Grammar Note:
နာမ်
ဝမ်းစာစပါး
[wáɴsàspàး]
Arakanese:
စားသောက် ဖို့အတွက် လောင်းာင် ထားဟိရေ စပါး
Burmese:
စားသောက် ဖို့ရန် သိုလှောင် ထားယှိသည့် စပါး
English:
paddy kept aside for own consumption - stored up grain
Grammar Note:
နာမ်
ဝမ်းစာထား
[wáɴsàtʰá]
Arakanese:
စားသောက်ဖို့အတွက် အစားအစာ၊ ကောက်ပဲသီးနှံ အစဟိစွာ လောင်းာင် ထားရေ။ ဝမ်းစာ လောက်ငှယောင် ကိုယ့်လုပ်ငန်းမှ ကောက်ပဲသီးနှံ စစွာကို ကြိုတင် စုဆောင်း သိုထားရေ
Burmese:
စားသောက်ဖို့ရန် အစားအစာ၊ ကောက်ပဲသီးနှံ စသည် သိုလှောင် ထားသည်။ ဝမ်းစာ လုံလောက်အောင် မိမိလုပ်ငန်းမှ ကောက်ပဲသီးနှံ စသည်ကို ကြိုတင် စုဆောင်း သိုထားသည်
English:
store up grain and other provisions for the coming year
Grammar Note:
ကြိယာ
ဝမ်းဆာ
[wáɴsʰà]
Arakanese:
အစာ အာဟာရကို ဝမ်းမားက တောင့်တသည်
Burmese:
အစာ အာဟာရကို ဝမ်းတွင်းက တောင့်တသည်
English:
hungry
Grammar Note:
ကြိယာ
ဝမ်းဆွဲ
[wáɴsʰwɛ]
Arakanese:
ဝမ်းပျိုင်း စူတွဲသော
Burmese:
ဝမ်းပျဉ်း စူတွဲသော
English:
paunchy - mid-wife Also လက်သည်
Grammar Note:
နာမဝိသေသန
ဝမ်းတကန်
[wáɴtkàɴ]
Arakanese:
ဝမ်းထဲမာ ဆံ့နိုင်သမျှ။ ဇာမျှလောက်ဝန်၊ ဝမ်းတကန်မူ၊ လျှော်ရံစိုက်စိုက်၊ ဂျင်ရွေးထိုက်ယှင့်
Burmese:
ဗိုက်ထဲ၌ ဆံ့နိုင်သမျှ။ ဘယ်မျှလောက်ဝန်၊ ဝမ်းတကန်မူ၊ လျှော်ရံစိုက်စိုက်၊ ဂျင်ရွေးထိုက်ယှင့်
English:
belly that does not show signs of overeating
Grammar Note:
ကြိယာဝိသေသန