Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 241–260 of 635 words

    ဝ

    ဝမ်းတင်း

    [wáɴtɪ́ɴ]
    အစာတစုံတရာ စားသောက်ပနာ ဝမ်းပြည့် တင်းရေ။ အစာဝရေ။ ၂၊ ဗြုန်းခနဲ အစာမကျီသိမ့်မီ ဝမ်းပြည့်ကယ်ရေ။ အလွန်ပျင်းကေ၊ ဝမ်းတင်းယောင်စား၊ ဝမ်းဖားဖားနန့် (ပဋာ)
    အစာတစ်စုံတရာ စားသောက်၍ ဝမ်းပြည့် တင်းသည်။ အစာဝသည်။ ၂၊ ရုတ်တရက် အစာမကြေသေးမီ ဝမ်းပြည့်ကယ်သည်။ အလွန်ပျင်းကေ၊ ဝမ်းတင်းယောင်စား၊ ဗိုက်ဖားဖားနှင့် (ပဋာ)
    full stomach
    ကြိယာ

    ဝမ်းတိုက်

    [wáɴtaɪʔ]
    ဝမ်း အထဲပိုင်း
    ဝမ်းဗိုက် အတွင်းပိုင်း
    womb Also ကြာတိုက်၊ ဝမ်းကြာတိုက်
    နာမ်

    ဝမ်းတောင့်

    [wáɴta̰ʊɴ]
    အစာ အာဟာရကို ဝမ်းမားက တောင့်တသည်
    အစာ အာဟာရကို ဝမ်းတွင်းက တောင့်တသည်
    feel full with food suffer indigestion
    ကြိယာ

    ဝမ်းတွင်း

    [wáɴtwɪ́ɴ]
    ဝမ်း အထဲပိုင်း
    ဝမ်းဗိုက် အတွင်းပိုင်း
    stomach
    နာမ်

    ဝမ်းတွင်းကန်း

    [wáɴtwɪ́ɴkáɴ]
    မွီးလာ ကပင် မျက်စိလုံးဝ မမြင်သူ
    မွေးလာ ကတည်းက မျက်စိလုံးဝ မမြင်သူ
    congenital blind
    နာမ်

    ဝမ်းတွင်းကြောင်

    [wáɴtwɪ́ɴt͡ɕàʊɴ]
    မွီးဖွား ကပင် စိတ်မမှန်မကန် ဖြစ်လှာခသူ
    မွေးဖွား ကတည်းက စိတ်မမှန်မကန် ဖြစ်လာခဲ့သူ
    congenital idiot
    နာမ်

    ဝမ်းတွင်းနာ

    [wáɴtwɪ́ɴnà]
    မွီးရာပါ ဖြစ်ရေ။ မွီးခါကပင် ပါဟိလာရေ
    မွေးရာပါ ဖြစ်သော။ မွေးကတည်းက ပါယှိလာသော
    congenital
    နာမဝိသေသန

    ဝမ်းတွင်းပါ

    [wáɴtwɪ́ɴpà]
    မွီးရာပါ ဖြစ်ရေ။ မွီးခါကပင် ပါဟိလာရေ
    မွေးရာပါ ဖြစ်သော။ မွေးကတည်းက ပါယှိလာသော
    congenital
    နာမဝိသေသန

    ဝမ်းတွင်းရူး

    [wáɴtwɪ́ɴɹùး]
    မွီးဖွား ကပင် စိတ်မမှန်မကန် ဖြစ်လှာခသူ
    မွေးဖွား ကတည်းက စိတ်မမှန်မကန် ဖြစ်လာခဲ့သူ
    congenital idiot
    နာမ်

    ဝမ်းတွင်းသား

    [wáɴtwɪ́ɴθá]
    မိဘနန့် သားသမီးတိ၏ အစုအပေါင်း။ အိမ်ထောင်ဦးစီး တဦးအား မှီခို၍ တအိမ်ထောင်တည်း စုပေါင်း နီထိုင်သော အိမ်သားအပေါင်း။ ဆွီမျိုးသားချင်း တစု။ ၂၊ (ဥပစာ) လုပ်ငန်းတခု ရည်ရွယ်ချက်တခုကို စုပေါင်းပနာ လုပ်ကိုင်သော အစု
    မိဘနှင့် သားသမီးများ၏ အစုအပေါင်း။ အိမ်ထောင်ဦးစီး တစ်ဦးအား မှီခို၍ တစ်အိမ်ထောင်တည်း စုပေါင်း နေထိုင်သော အိမ်သားအပေါင်း။ ဆွေမျိုးသားချင်း တစ်စု။ ၂၊ (ဥပစာ) လုပ်ငန်းတစ်ခု ရည်ရွယ်ချက်တစ်ခုကို စုပေါင်း၍ လုပ်ကိုင်သော အစု
    tripe - innards
    နာမ်

    ဝမ်းထဲရောဂါ

    [wáɴtʰɛɹɔ́ɡà]
    မွီးရာပါ ဖြစ်ရေ ရောဂါ။ မွေး ကပင် ပါဟိလာရေ ရောဂါ
    မွေးရာပါ ဖြစ်သော ရောဂါ။ မွေး ကတည်းက ပါယှိလာသော ရောဂါ
    congenital
    နာမ်

    ဝမ်းနည်း

    [wáɴnɛ́]
    စိတ်ထဲမာ မရွှင်ပြနိုင်ပဲ ထိခိုက် ခံစားရရေ။ စိတ်နှလုံး ဆင်းရဲ ပင်ပန်းခြင်း ဖြစ်တေ
    စိတ်ထဲတွင် မရွှင်ပျနိုင်ပဲ ထိခိုက် ခံစားရသည်။ စိတ်နှလုံး ဆင်းရဲ ပင်ပန်းခြင်း ဖြစ်သည်
    be sorry - be sad - regret
    ကြိယာ

    ဝမ်းနည်းပက်လက်

    [wáɴnɛ́pɛʔlɛʔ]
    စိတ်ညိုးနွမ်း၍ မချမ်းမသာ ဖြစ်ရေအနိန်နန့်။ စိတ်နှလုံး ညောနိုင်ပဲ။ စိတ်အားငယ် သနန့်။ လုံးချင်းတည်းလျှင်၊ ဝမ်းနည်းထလန်းဂါး၊ အဖြာဖြာကို၊ ဝမ်းယာတွက်ကေ၊ စိတ်လက်မကြည် (ပဋာ)
    စိတ်ညိုးနွမ်း၍ မချမ်းမသာ ဖြစ်သော အားဖြင့်။ စိတ်နှလုံး မရွှင်မပျနိုင်ပဲ။ စိတ်အားငယ် သဖြင့်။ တစ်ယောက်တည်းလျှင်၊ ဝမ်းနည်းပက်လက်၊ အဖြာဖြာကို၊ ဝမ်းယာတွက်ကေ၊ စိတ်လက်မကြည် (ပဋာ)
    in great sorrow - in utter desolation
    ကြိယာဝိသေသန

    ဝမ်းနည်းဝမ်းပါး

    [wáɴnɛ́wáɴpàး]
    စိတ်ညှိုးနွမ်း ထိခိုက်ဗျာယ်။ စိတ်ထိခိုက် အားငယ်ဗျာယ်။ ကျွက်ကျွက်ဆူပနာ၊ အူအူသဲသဲ၊ ပြိုပျက်ကွဲဗျာယ်၊ ဝမ်းနည်းဝမ်းပါးဖြစ် တုံငြား၍ (ရခိုင်ကာ)
    စိတ်ညှိုးနွမ်း ထိခိုက်လျက်။ စိတ်ထိခိုက် အားငယ်လျက်။ ကျွက်ကျွက်ဆူ၍၊ အူအူသဲသဲ၊ ပြိုပျက်ကွဲလျက်၊ ဝမ်းနည်းဝမ်းပါးဖြစ် တုံငြား၍ (ရခိုင်ကာ)
    in great sorrow - in utter desolation
    ကြိယာဝိသေသန

    ဝမ်းနာ

    [wáɴnà]
    အစားအစာ တခုတရီ စားသောက်ပနာ ဝမ်းပြည့် တင်းရေ။ ဝမ်းထဲမာ ရစ်၍ ထိုးကျင့်ရေ။ ၂၊ ဝမ်းလားရေ။ မပြတ်မလပ် ဝမ်းလားသည်
    အစားအစာ တစ်စုံတစ်ရာ စားသောက်၍ ဝမ်းပြည့် တင်းသည်။ ဝမ်းထဲ၌ ရစ်၍ ထိုးကျင့်သည်။ ၂၊ ဝမ်းသွားသည်။ မပြတ်မလပ် ဝမ်းသွားသည်
    have stomach-ache (of pregnant woman) have labour pains
    ကြိယာ

    ဝမ်းနုတ်

    [wáɴnoʊʔ]
    မာကျစ်သော အစာဟောင်းများ စင်ကြယ်စီရန် ဝမ်းသက် ဆီးမျိုသည်
    မာကျစ်သော အစာဟောင်းများ စင်ကြယ်စေရန် ဝမ်းသက် ဆေးသောက်သည်
    take purgative or laxative
    ကြိယာ

    ဝမ်းနုတ်ဆီး

    [wáɴnoʊʔsʰï]
    ဝမ်းသက် စီတတ်ရေ ချနားမတီ၊ ကနခို စရေ ဆီးဖက်များ ပါဝင်ရေ ဆီး
    ဝမ်းသက် စေတတ်သော ပွေးကိုင်း၊ ကနခို စသည့် ဆေးဖက်များ ပါဝင်သော ဆေး
    laxative - purgative
    နာမ်

    ဝမ်းနူ

    [wáɴnù]
    စိတ်ကြည်နူး ပျော်ရွှင်ခြင်း ဖြစ်တေ။ ဝမ်းနူးဝမ်းပါး၊ မြင်ရသူလေ၊ လူအတိမာ၊ ပျော်ရွှင်ငြားလို့ (ဥဒိန်သာ)
    စိတ်ကြည်နူး ပျော်ရွှင်ခြင်း ဖြစ်သည်။ ဝမ်းနူးဝမ်းပါး၊ မြင်ရသူလေ၊ လူအများမှာ၊ ပျော်ရွှင်ငြားလို့ (ဥဒိန်သာ)
    happy
    ကြိယာ

    ဝမ်းနူး

    [wáɴnùး]
    အစာဟောင်း အိမ်အူမကြီး၌ အစာဟောင်းများ ပျော့ပျောင်းရေ။ ဝမ်းလား လွယ်ရေ
    အစာဟောင်း အိမ်အူမကြီး၌ အစာဟောင်းများ ပျော့ပျောင်းသည်။ ဝမ်းသွား လွယ်သည်
    have loose bowels - have stomach upset
    ကြိယာ

    ဝမ်းနူးစာ

    [wáɴnùးsà]
    ဝမ်းမား အစာဟောင်း အိမ်၌ အစာဟောင်း ပျော့ပျောင်း စီတတ်ရေ သစ်သီးမှည့်၊ အချိုင်စရေ အစားအစာ
    ဝမ်းတွင်း အစာဟောင်း အိမ်၌ အစာဟောင်း ပျော့ပျောင်း စေတတ်သည့် သစ်သီးမှည့်၊ အချဉ်စသည့် အစားအစာ
    food which causes loose bowels
    နာမ်