Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 261–280 of 635 words

    ဝ

    ဝမ်းပတ်

    [wáɴpaʔ]
    တိရစ္ဆာန်ရို့၏ ဝမ်း
    တိရစ္ဆာန်တို့၏ ဝမ်းဗိုက်
    saddle girth
    နာမ်

    ဝမ်းပန်း

    [wáɴpáɴ]
    ဝမ်းသာ၊ ဝမ်းနည်းမှု
    ဝမ်းသာ၊ ဝမ်းနည်းမှု
    joyously
    နာမ်

    ဝမ်းပန်းကျ

    [wáɴpáɴt͡ɕ]
    ခန့်ထားရေ ရာထူးမှ အချခံရရေ။ ရာထူး ချခံရရေ။ ဘုန်းကံအမျှ၊ နန်းတောင်ကညာမာ၊ စံပျော်မြန်းလို့ ဝမ်းပန်းကျမည် (မျိုးက်)
    ခန့်ထားသော ရာထူးမှ အချခံရသည်။ ရာထူး ချခံရသည်။ ဘုန်းကံအမျှ၊ နန်းတောင်ကညာမှာ၊ စံပျော်မြန်းလို့ ဝမ်းပန်းကျမည် (မျောက်)
    suspend from duty
    ကြိယာ

    ဝမ်းပန်တသာ

    [wáɴpàɴtθà]
    ဝမ်းသာဖွယ်ရာ။ ဝမ်းသာ အားရစွာဖြင့်
    ဝမ်းမြောက်ဖွယ်ရာ။ ဝမ်းသာ အားရစွာဖြင့်
    joyously
    ကြိယာဝိသေသန

    ဝမ်းပန်းမြောက်

    [wáɴpáɴmɹɔ́ɛʔ]
    နှစ်လိုအားရခြင်း ဖြစ်တေ။ စိတ်မာ ကျီနပ်အားရခြင်း ဖြစ်တေ။ တချို့လျှင်လေ၊ လွန်ရွှင်လန်းကေ၊ ဝမ်းပန်းမြောက်လို့ (ကော်)
    နှစ်လိုအားရခြင်း ဖြစ်သည်။ စိတ်တွင် ကျေနပ်အားရခြင်း ဖြစ်သည်။ တချို့လျှင်လေ၊ လွန်ရွှင်လန်းကေ၊ ဝမ်းပန်းမြောက်လို့ (ကော်)
    be satisfied
    ကြိယာ

    ဝမ်းပန်းယှပ်

    [wáɴpáɴʃaʔ]
    (ဥပစာ) ကြောက်လန့်ခြင်း၊ စိုးရိမ်ခြင်း၊ ကြောင့်ကတ်ခြင်း စရေ ခံစားမှု တခုခုကြောင့် စိတ်တုန် လှုပ်ချောက်ချားရေ။ လွန်တရာ ကကောင်းလျင်လတ်နှလုံးရင်အုံ၊ မေသျှင်တုန်သည်၊ မြင်သူဝမ်းပန်းယှပ်မျှ (ဥဒိန်တု) (ဝမ်းပန်းသျှပ်လည်းဟူ)
    (ဥပစာ) ကြောက်လန့်ခြင်း၊ စိုးရိမ်ခြင်း၊ ကြောင့်ကြခြင်း စသည့် ခံစားမှု တစ်ခုခုကြောင့် စိတ်တုန် လှုပ်ချောက်ချားသည်။ လွန်တရာ လျင်မြန်လတ်နှလုံးရင်အုံ၊ မေသျှင်တုန်သည်၊ မြင်သူဝမ်းပန်းယှပ်မျှ (ဥဒိန်တု) (ဝမ်းပန်းသျှပ်လည်းဟူ)
    be badly shaken
    ကြိယာ

    ဝမ်းပန်းလား

    [wáɴpáɴlá]
    ဝမ်းလားသည်
    ဝမ်းသွားသည်
    defecate
    ကြိယာ

    ဝမ်းပန်းသျှပ်

    [wáɴpáɴʃaʔ]
    (ဥပစာ) ကြောက်လန့်ခြင်း၊ စိုးရိမ်ခြင်း၊ ကြောင့်ကတ်ခြင်း စရေ ခံစားမှု တခုခုကြောင့် စိတ်တုန်လှုပ်ချောက်ချားရေ။ လွန်တရာ ကကောင်းလျင်လတ်နှလုံးရင်အုံ၊ မေသျှင်တုန်သည်၊ မြင်သူဝမ်းပန်းယှပ်မျှ (ဥဒိန်တု) (ဝမ်းပန်းသျှပ်လည်းဟူ)။ ရထားဘောင်မာ၊ ယောင်ယမ်းစမ်းကေ၊ ဝမ်းပန
    (ဥပစာ) ကြောက်လန့်ခြင်း၊ စိုးရိမ်ခြင်း၊ ကြောင့်ကြခြင်း စသည့် ခံစားမှု တစ်ခုခုကြောင့် စိတ်တုန်လှုပ်ချောက်ချားသည်။ လွန်တရာ လျင်မြန်လတ်နှလုံးရင်အုံ၊ မေသျှင်တုန်သည်၊ မြင်သူဝမ်းပန်းယှပ်မျှ (ဥဒိန်တု) (ဝမ်းပန်းသျှပ်လည်းဟူ)။ ရထားဘောင်တွင်၊ ယောင်ယမ်းစမ်းကေ၊ ဝမ်းပန
    be badly shaken
    ကြိယာ

    ဝမ်းပိတ်

    [wáɴpeɪʔ]
    ဝမ်းလားခြင်းက ရပ်တန့်သည်
    ဝမ်းသွားခြင်းမှ ရပ်တန့်သည်
    have diarrhoea stopped
    ကြိယာ

    ဝမ်းပူ

    [wáɴpù]
    ကိုယ်ဝန်ဟိသည်
    ကိုယ်ဝန်ယှိသည်
    be pregnant
    ကြိယာ

    ဝမ်းပူ၂

    [wáɴpù၂]
    ဝမ်းပျိုင်း စူတွဲသော
    ဝမ်းပျဉ်း စူတွဲသော
    pot-belly
    နာမဝိသေသန

    ဝမ်းပူကျစ်

    [wáɴpùt͡ɕɪʔ]
    ခေါင်း-ဖင်ရှူး၍ အလယ် ဝမ်း ကြီးရေ
    ခေါင်း-ဖင်ရှူး၍ အလယ် ဝမ်းဗိုက် ကြီးသော
    pot-belly
    နာမဝိသေသန

    ဝမ်းပူကြက်

    [wáɴpùt͡ɕɛʔ]
    ခေါင်း-ဖင်ရှူး၍ အလယ် ဝမ်း ကြီးရေ။ ဘိန်းဘင်လည်းရှူ၊ တချို့သူရို့၊ ဝမ်းပူကြက်နန့်၊ ရွက်ဖျက်ရွက်ဆိုး၊ အမျိုးမျိုးကေ (ဥဒိန်သာ)
    ခေါင်း-ဖင်ရှူး၍ အလယ် ဝမ်းဗိုက် ကြီးသော။ ဘိန်းဘင်လည်းရှူ၊ တချို့သူတို့၊ ဝမ်းပူကြက်နှင့်၊ ရွက်ဖျက်ရွက်ဆိုး၊ အမျိုးမျိုးကေ (ဥဒိန်သာ)
    pot-belly
    နာမဝိသေသန

    ဝမ်းပူတင်း

    [wáɴpùtɪ́ɴ]
    ရင်ကယ်၍ ဝမ်း စူကြွသည်
    ရင်ကယ်၍ ဝမ်းဗိုက် စူကြွသည်
    pot-belly
    ကြိယာ

    ဝမ်းပူနာ

    [wáɴpùnà]
    ဝမ်း စူကြွပြီးကေ ရေပြည့် တင်းနိန်ရေ ရောဂါ တမျိုး
    ဝမ်းဗိုက် စူကြွ၍ ရေပြည့် တင်းနေသော ရောဂါ တစ်မျိုး
    stomachache
    နာမ်

    ဝမ်းပေါက်

    [wáɴpaʊʔ]
    ဟန့်တား၍ မနှိုင်လောက်ယောင်ထိ ဓာတ်မပြတ်မလပ် လားရေ
    တားဆီး၍ မနိုင်လောက်အောင်ထိ ဓာတ်မပြတ်မလပ် သွားသည်
    (of ones bowels) loosen and have purging movements loosen after a period of constipation
    ကြိယာ

    ဝမ်းပျဉ်း

    [wáɴprɪ́ɴ]
    ပျော့တွဲသော ဝမ်းအရီပြား တွန့်။ ဝဖြိုး အိတွဲနိန်ရေ ဝမ်း၏ အရီပြား
    ပျော့တွဲသော ဝမ်းအရေပြား တွန့်။ ဆူဖြိုး အိတွဲနေသော ဗိုက်၏ အရေပြား
    roll of flesh on the belly
    နာမ်

    ဝမ်းပျဉ်းသား

    [wáɴprɪ́ɴθá]
    အမဲသား၊ ငါး အစဟိစွာ၏ ဝဖြိုး အိတွဲနိန်ရေ ဝမ်းသား
    အမဲသား၊ ငါး စသည်၏ ဆူဖြိုး အိတွဲနေသော ဝမ်းဗိုက်သား
    flesh from the belly of fish
    နာမ်

    ဝမ်းပြည့်လီရောင်

    [wáɴpɹɛ̰líɹàʊɴ]
    အစာမကြေ၍ ဝမ်းခေါင်း ပြည့်တင်းရေ ရောဂါ။ ၂၊ ကိုယ်ခန္ဓာ ဝမ်းခေါင်းအထဲမာ လိုအပ်စွာထက် ပိုပြီးကေ လေစု ခိုနေခြင်းကြောင့် ဝမ်းဖွရောင်ရေ ရောဂါ တမျိုး
    အစာမကြေ၍ ဝမ်းခေါင်း ပြည့်တင်းသည့် ရောဂါ။ ၂၊ ကိုယ်ခန္ဓာ ဝမ်းခေါင်းအတွင်း၌ လိုအပ်သည်ထက် ပို၍ လေစု ခိုနေခြင်းကြောင့် ဝမ်းဗိုက်ဖော့ရောင်သည့် ရောဂါ တစ်မျိုး
    distended stomach and upset bowels
    နာမ်

    ဝမ်းဖား

    [wáɴpʰá]
    ခန္ဓာ ဝဖြိုး၍ ဝမ်းရွှဲနိန်ရေ
    ခန္ဓာ ဆူဖြိုး၍ ဗိုက်ရွှဲနေသော
    paunchy
    နာမဝိသေသန