Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 281–300 of 635 words

    ဝ

    ဝမ်းဖား၂

    [wáɴpʰá၂]
    ခန္ဓာ ဝဖြိုး၍ ဝမ်းရွှဲနိန်ရေ သူကို ခေါ်သော စကားလုံး
    ခန္ဓာ ဆူဖြိုး၍ ဗိုက်ရွှဲနေသော သူကို ခေါ်သော စကားလုံး
    paunchy
    နာမ်

    ဝမ်းဖားဖား

    [wáɴpʰápʰá]
    စူကြွ ပျော့တွဲနိန်ရေ ဝမ်း။ မိုက်ရိုင်းစွာကား၊ ဝမ်းဖားဖားနန့်၊ အစားအိုးရို့ (ကော်)
    စူကြွ ပျော့တွဲနေသော ဝမ်းဗိုက်။ မိုက်ရိုင်းစွာကား၊ ဝမ်းဖားဖားနှင့်၊ အစားအိုးတို့ (ကော်)
    paunchy
    နာမ်

    ဝမ်းဖုတ်ကြက်

    [wáɴpʰoʊʔt͡ɕɛʔ]
    ခေါင်း-ဖင် ရှူး၍ အလယ် ဝမ်းကြီးရေ
    ခေါင်း-ဖင် ရှူး၍ အလယ် ဝမ်းဗိုက်ကြီးသော
    paunchy
    နာမဝိသေသန

    ဝမ်းဖွ့ဝမ်းရောင်

    [wáɴpʰw့wáɴɹàʊɴ]
    ကိုယ်ခန္ဓာ ဝမ်းခေါင်း အထဲမာ လိုအပ်စွာထက် ပိုပြီးကေ လေစု ခိုနေခြင်းကြောင့် ဝမ်း ဖွရောင်သည်ရောဂါ တမျိုး
    ကိုယ်ခန္ဓာ ဝမ်းခေါင်း အတွင်း၌ လိုအပ်သည်ထက် ပို၍ လေစု ခိုနေခြင်းကြောင့် ဝမ်းဗိုက် ဖော့ရောင်သည်ရောဂါ တစ်မျိုး
    distended stomach and upset bowels
    နာမ်

    ဝမ်းမကန်

    [wáɴmkàɴ]
    အလွန်တရာ။ ဝမ်း၌ မကန်တကန်။ (စားသည်)။ များစွာကျွေးက၊ လူရတတ်သည်၊ ငတ်မွတ်နိန်ပနာ၊ ခဲဖွယ်ရငြား၊ ဝမ်းမကန်ယောင်၊ အလွန်စားက (ဥဒိန်သာ)
    အလွန့်အလွန်။ ဝမ်း၌ မဆံ့အောင်။ (စားသည်)။ များစွာကျွေးက၊ သူဌေးကြီးသည်၊ ငတ်မွတ်နေ၍၊ ခဲဖွယ်ရငြား၊ ဝမ်းမကန်ယောင်၊ လွန်စွာစားက (ဥဒိန်သာ)
    excessively
    ကြိယာဝိသေသန

    ဝမ်းမီး

    [wáɴmï]
    အစာကို ခြေချက်နှိုင်ရေ ဝမ်းမား အပူဓာတ်ငွီ့
    အစာကို ခြေချက်နိုင်သော ဝမ်းတွင်း အပူဓာတ်ငွေ့
    digestive faculty
    ကြိယာ

    ဝမ်းမြောက်

    [wáɴmɹɔ́ɛʔ]
    နှစ်လိုအားရခြင်း ဖြစ်တေ။ စိတ်မာ ကျီနပ်အားရခြင်း ဖြစ်တေ။ တချို့လျှင်လေ၊ လွန်ရွှင်လန်းကေ၊ ဝမ်းပန်းမြောက်လို့ (ကော်)
    နှစ်လိုအားရခြင်း ဖြစ်သည်။ စိတ်တွင် ကျေနပ်အားရခြင်း ဖြစ်သည်။ တချို့လျှင်လေ၊ လွန်ရွှင်လန်းကေ၊ ဝမ်းပန်းမြောက်လို့ (ကော်)
    be glad - be happy - rejoice - be elated
    ကြိယာ

    ဝမ်းယာတွက်

    [wáɴjàtwɛʔ]
    ရှေးက ဖြစ်ပျက်ခသမျှ အကြောင်း အမျိုးမျိုးရို့ကို တွေးခေါ်ရေ။ လုံးချင်းတည်းလျှင်၊ ဝမ်းနည်းထလန်းဂါး၊ အဖြာဖြာကို၊ ဝမ်းယာတွက်ကေ၊ စိတ်လက်မကြည် (ပဋာ)
    ရှေးက ဖြစ်ပျက်ခဲ့သမျှ အကြောင်း အမျိုးမျိုးတို့ကို တွေးတောသည်။ တစ်ယောက်တည်းလျှင်၊ ဝမ်းနည်းပက်လက်၊ အဖြာဖြာကို၊ ဝမ်းယာတွက်ကေ၊ စိတ်လက်မကြည် (ပဋာ)
    bethink
    ကြိယာ

    ဝမ်းယားယား

    [wáɴjájá]
    အချေ မွီးဖွား၍ ဝမ်း ချပ်ရပ် လားရေ။ ဟိကမူနန့်မတူကတ်ပဲ၊ ပွ့ပွ့ပါးပါး၊ ဝမ်းယားယားနန့်၊ သားပဋိသန်၊ မယှဟန်ကို၊ သိပြန်ကာလ၊ ယိမ်းကာယိုင်ပျာ၊ လက်မှိုင်ချလို့ (ဓမ္မသာ)
    ကလေး မွေးဖွား၍ ဝမ်းဗိုက် ချပ်ရပ် သွားသည်။ ရှိကမူနှင့်မတူကြပဲ၊ ပွ့ပွ့ပါးပါး၊ ဝမ်းယားယားနှင့်၊ သားပဋိသန်၊ မယှဟန်ကို၊ သိပြန်ကာလ၊ ယိမ်းကာယိုင်ပျာ၊ လက်မှိုင်ချလို့ (ဓမ္မသာ)
    none
    ကြိယာ

    ဝမ်းယွ့ယွ့

    [wáɴjw့jw့]
    ဝမ်းမား၌ အစာသစ် ပြတ်လပ်၍ ဟင်းလင်း ဟိရေ။ ဝမ်းယွ့ယွ့၊ ငါကတမူ၊ ကျွန်းမလ္လာဖို့၊ ဇာဇို့ဖြစ်လီရုံ (ဓမ္မက)
    ဝမ်းတွင်း၌ အစာသစ် ပြတ်လပ်၍ ဟင်းလင်း ယှိသည်။ ဝမ်းယွ့ယွ့၊ ငါကတမူ၊ ကျွန်းမလ္လာမှာ၊ ဘယ်ဇို့ဖြစ်လီရုံ (ဓမ္မက)
    hungry
    ကြိယာ

    ဝမ်းရ

    [wáɴɹ]
    ဝမ်းထဲမာ လီကတ်ွပြီးကေ မြည်ရေ။ ဝမ်းထဲမာ အစာမဟိသနန့် အစာဆာ မွတ်အားကြီးပြီးကေ မြည်သည်
    ဝမ်းဗိုက်ထဲ၌ လေကြွ၍ မြည်သည်။ ဝမ်းဗိုက်ထဲ၌ အစာမယှိသဖြင့် အစာဆာ မွတ်အားကြီး၍ မြည်သည်
    hungry
    ကြိယာ

    ဝမ်းရည်စီး

    [wáɴɹɛ̀sï]
    မပြတ်မလပ် ဝမ်းလားရေ။ ၂၊ ရောဂါ တခုခု ဖြစ်ပွားပြီးကေ ဝမ်းလားခြင်းပါ တွဲဖက် ဖြစ်ပေါ်သည်
    မပြတ်မလပ် ဝမ်းသွားသည်။ ၂၊ ရောဂါ တစ်ခုခု ဖြစ်ပွားပြီးလျှင် ဝမ်းသွားခြင်းပါ တွဲဖက် ဖြစ်ပေါ်သည်
    defecate
    ကြိယာ

    ဝမ်းရီး

    [wáɴɹï]
    အသက်တချောင်း မသေကောင်း စားသောက် နီရရေ၏ အဖြစ်။ စားသောက်ဖို့အတွက် လိုအပ်နိန်ရေ အစာအာဟာရများ
    အသက်တစ်ချောင်း မသေကောင်း စားသောက် နေရသည်၏ အဖြစ်။ စားသောက်ဖို့ရန် လိုအပ်နေသော အစာအာဟာရများ
    food
    နာမ်

    ဝမ်းရီထူ

    [wáɴɹítʰù]
    (ဥပစာ) အသိတရား ချေကျောက်ရေ။ အသိတရား သွက်လက်ခြင်းမဟိ ဖြစ်တေ
    (ဥပစာ) အသိတရား လေးကန်သည်။ အသိတရား သွက်လက်ခြင်းမယှိ ဖြစ်သည်
    drawl
    ကြိယာ

    ဝမ်းရောင်

    [wáɴɹàʊɴ]
    ဝမ်း ရမ်းသည်
    ဝမ်းဗိုက် ရောင်ရမ်းသည်
    be flatulent
    ကြိယာ

    ဝမ်းလန်လန်

    [wáɴlàɴlàɴ]
    ဝမ်းအချေဖောင်း၊ အပေါ်ပိုင်း အဝတ်မဲ့ပြီး ဝမ်း ပေါ်ဗျာယ်
    ဗိုက်ကလေးဖောင်း၊ အပေါ်ပိုင်း အဝတ်မဲ့ပြီး ဝမ်းဗိုက် ပေါ်လျက်
    none
    ကြိယာဝိသေသန

    ဝမ်းလယားတွား

    [wáɴljátWà]
    (အချေများ) မှောက်ဗျာယ် ကိုယ်ကို ကျုံ့ခြည် ဆန့်ခြည် ပြုခြင်းနန့် ဟိကို တိုးလားသည်
    (ကလေးငယ်များ) မှောက်လျက် ကိုယ်ကို ကျုံ့ချည် ဆန့်ချည် ပြုခြင်းဖြင့် ရှေ့သို့ တိုးသွားသည်
    lie prone
    ကြိယာ

    ဝမ်းလယားမှောက်

    [wáɴljám̥ɔ́ɛʔ]
    ကိုယ်ခန္ဓာ တခုလုံးကို ကြမ်းပြင်နှင့် ထိဗျာယ် စန့်စန့်(အလျား) မှောက်သည်
    ကိုယ်ခန္ဓာ တစ်ခုလုံးကို ကြမ်းပြင်နှင့် ထိလျက် စန့်စန့်(အလျား) မှောက်သည်
    lie prone
    ကြိယာ

    ဝမ်းလယားလယား

    [wáɴljáljá]
    ဝမ်းအလျား ရှည်ရေ
    ဝမ်းဗိုက်အလျား ရှည်သည်
    lie prone
    ကြိယာ

    ဝမ်းလား

    [wáɴlá]
    ဝမ်းလားရေ။ တနားတခါ အစာဟောင်းတိကို လွန်ကဲစွာ စွန့်ထုတ်သည်
    ဝမ်းသွားသည်။ မကြာခဏ အစာဟောင်းများကို လွန်ကဲစွာ စွန့်ထုတ်သည်
    defecate have loose bowels
    ကြိယာ