Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 301–320 of 635 words

    ဝ

    ဝမ်းလှယော

    [wáɴɬjɔ́]
    သာမာန် ဓာတ်လျော့သည်ထင် အကြိမ်ပိုပြီးကေ ဝမ်းလားရေ။ မပြတ်မလပ် ဝမ်းလားသည်
    သာမာန် ဓာတ်လျော့သည်ထင် အကြိမ်ပို၍ ဝမ်းသွားသည်။ မပြတ်မလပ် ဝမ်းသွားသည်
    defecate have loose bowels
    ကြိယာ

    ဝမ်းဝ

    [wáɴw]
    ကိုယ့် စားသောက်မှု တဝမ်းအတွက် တနပ်စာ မျှတပြည့်စုံသည်
    မိမိ စားသောက်မှု တစ်ဝမ်းအတွက် တစ်နပ်စာ မျှတပြည့်စုံသည်
    have enough to satisfy one’s hunger
    ကြိယာ

    ဝမ်းသက်

    [wáɴθɛʔ]
    ဝမ်းပျက်ပနာ ဝမ်းလားရေ။ ဓာတ်လျှော့သည်
    ဝမ်းပျက်၍ ဝမ်းသွားသည်။ ဓာတ်လျှော့သည်
    have loose bowels
    ကြိယာ

    ဝမ်းသာ

    [wáɴθà]
    နှစ်လိုအားရခြင်း ဖြစ်တေ။ စိတ်မာ ကျီနပ်အားရခြင်း ဖြစ်တေ။ တချို့လျှင်လေ၊ လွန်ရွှင်လန်းကေ၊ ဝမ်းပန်းမြောက်လို့ (ကော်)။ ဝမ်းသာ ‘ဝမ်းသာ’ ခုမှ မြင်ရရေ
    နှစ်လိုအားရခြင်း ဖြစ်သည်။ စိတ်တွင် ကျေနပ်အားရခြင်း ဖြစ်သည်။ တချို့လျှင်လေ၊ လွန်ရွှင်လန်းကေ၊ ဝမ်းပန်းမြောက်လို့ (ကော်)။ ဝမ်းမြောက် ‘ဝမ်းသာ’ ခုမှ မြင်ရရေ
    be glad - be happy - rejoice - be elated
    ကြိယာ

    ဝမ်းသာယင့်လေ

    [wáɴθàjɪ̰ɴlè]
    ဝမ်းသာအားရမှုဖြင့် အာဂန္တုကဝတ်ပျူငှာ ရင်းနှီးစွာ
    ဝမ်းသာအားရမှုဖြင့် ဧည့်ဝတ်ပျူငှာ ရင်းနှီးစွာ
    warmly
    ကြိယာဝိသေသန

    ဝမ်းသာလုံးဆို့

    [wáɴθàlóʊɴsʰo̰]
    (ဥပစာ) အလွန်အလွန် ဝမ်းသာရေ။ မြီး၊ မြစ်၊ တီ အစဟိစွာရို့ လည်ဖို့ ရောက်လို့ အဖိုးကြီး ဝမ်းသာလုံးကြီး ဆို့နီဗျာ(အရပ်)
    (ဥပစာ) အလွန်အလွန် ဝမ်းသာသည်။ မြီး၊ မြစ်၊ တီ စသည်တို့ လည်ဖို့ ရောက်လို့ အဖိုးကြီး ဝမ်းသာလုံးကြီး ဆို့နီဗျာ(အရပ်)
    [fig] be overwhelmed with joy - be oveijoyed
    ကြိယာ

    ဝမ်းသာအညီ

    [wáɴθàʔɲí]
    အားလုံးသူ တညည့်ီ တညွတ်တည်း သဘောတူ ကတ်တေ။ အားလုံးသူ ကောင်းတူဆိုးဖက်၊ ဝမ်းသာအညီ၊ ခံကတ်ဖို့ဗျာ (အရပ်)
    အားလုံးသူ တစ်ညီ တညွတ်တည်း သဘောတူ ကြသည်။ အားလုံးသူ ကောင်းတူဆိုးဖက်၊ ဝမ်းသာအညီ၊ ခံကတ်ဖို့ဗျာ (အရပ်)
    agree
    ကြိယာ

    ဝမ်းသိဝမ်းသာ

    [wáɴθìwáɴθà]
    (ဥပစာ) အလွန်အလွန် ဝမ်းသာရေ။ မြီး၊ မြစ်၊ တီ အစဟိစွာရို့ လည်ဖို့ရောက်လို့ အဖိုးကြီး ဝမ်းသာလုံးကြီး ဆို့နီဗျာ (အရပ်)။ နဖူးစာမာ၊ ကြာပွင့်ဘိသို့၊ ဝမ်းသိဝမ်းသာ (နာရဒ)။ ဇရာယိုကေ၊ ဒါအိုကြီးမာ၊ ဝမ်းသိဝမ်းသာ၊ ပြောခြင်းရာကား (နာရဒ)
    (ဥပစာ) အလွန်အလွန် ဝမ်းသာသည်။ မြီး၊ မြစ်၊ တီ စသည်တို့ လည်ဖို့ရောက်လို့ အဖိုးကြီး ဝမ်းသာလုံးကြီး ဆို့နီဗျာ (အရပ်)။ နဖူးစာမှာ၊ ကြာပွင့်ဘိသို့၊ ဝမ်းသိဝမ်းသာ (နာရဒ)။ ဇရာယိုကေ၊ ဒါအိုကြီးမှာ၊ ဝမ်းသိဝမ်းသာ၊ ပြောခြင်းရာကား (နာရဒ)
    glad
    ကြိယာ

    ဝမ်းသွန်

    [wáɴθʊ̀ɴ]
    ဟန့်တား မနှိုင်ယောင် ဓာတ် ဒလဟော လားရေ။ ရောဂါကြောင့် ဓာတ် လျှော့ရေ။ ချီးဝမ်းသွန်ကေ၊ ဉာဏ်မလင်းပဲ (ကော်)
    တားဆီး မနိုင်အောင် ဓာတ် ဒလဟော သွားသည်။ ရောဂါကြောင့် ဓာတ် လျှော့သည်။ ချီးဝမ်းသွန်ကေ၊ ဉာဏ်မလင်းပဲ (ကော်)
    defecate
    ကြိယာ

    ဝမ်းဟင်းဟင်း

    [wáɴhɪ́ɴhɪ́ɴ]
    ဝမ်းမာ အစားအစာ တခုတရီမှ မဟိ၍ ဝမ်းဟာ နိန်ရေ။ ကိုယ့်ကိုယ်ကိုလေ၊ ဝမ်းကိုပွတ်ပျာ၊ စမ်းသပ်ကြည့်လို့၊ မတွံ့တုံလျှင်၊ ဝမ်းဟင်းဟင်းနန့်၊ လင်မင်းမရောက်၊ မဖွားခင်လေ၊ ဝမ်းမာထားကေ၊ သားလေ့ပျောက်လို့ (ဓမ္မသာ)
    ဝမ်းတွင် အစားအစာ တစ်စုံတစ်ခုမှ မယှိ၍ ဝမ်းဟာ နေသည်။ ကိုယ့်ကိုယ်ကိုလေ၊ ဝမ်းကိုပွတ်ပျာ၊ စမ်းသပ်ကြည့်လို့၊ မတွံ့တုံလျှင်၊ ဝမ်းဟင်းဟင်းနှင့်၊ လင်မင်းမရောက်၊ မဖွားခင်လေ၊ ဝမ်းတွင်ထားကေ၊ သားလည်းပျောက်လို့ (ဓမ္မသာ)
    hungry
    ကြိယာ

    ဝမ်းဟာ

    [wáɴhà]
    ဝမ်းထဲမာ အစာမဟိ၍ ဟင်းလင်းဟိရေ။ အစာ အာဟာရကို ဝမ်းမားက တောင့်တသည်
    ဝမ်းထဲ၌ အစာမယှိ၍ ဟင်းလင်းယှိသည်။ အစာ အာဟာရကို ဝမ်းတွင်းက တောင့်တသည်
    hungry
    ကြိယာ

    ဝမ်းဟောင်းဟောင်း

    [wáɴháʊɴháʊɴ]
    အစာ အာဟာရကို ဝမ်းမားက တောင့်တရေ။ ဆာမွတ်သည်
    အစာ အာဟာရကို ဝမ်းတွင်းက တောင့်တသည်။ ဆာမွတ်သည်
    hungry
    ကြိယာ

    ဝမ်းအီး

    [wáɴʔï]
    ဝမ်းမား၌ ပူလောင်ခြင်း ကင်းပျောက်သည်
    ဝမ်းတွင်း၌ ပူလောင်ခြင်း ကင်းပျောက်သည်
    feel settled in the stomach
    ကြိယာ

    ဝမ်းအူနာ

    [wáɴʔùnà]
    (ဥပစာ)(ဝမ်းမားဟိ အူများ ကြွတက်မလာယောင် ဝမ်းကို နှိပ်ထား ရမတတ်) အလွန် ရယ်မောရရေ။ မောင်သာဖြူ တယောက် ရယ်စရာပြောရေ မပြောရေကို အလိုက်တိုင်း ဝမ်းအူနာပါရေ (အရပ်)
    (ဥပစာ)(ဝမ်းတွင်းယှိ အူများ ကြွတက်မလာအောင် ဝမ်းဗိုက်ကို နှိပ်ထား ရမတတ်) အလွန် ရယ်မောရသည်။ မောင်သာဖြူ တစ်ယောက် ရယ်စရာပြောရေ မပြောရေကို အလိုက်တိုင်း ဝမ်းအူနာပါရေ (အရပ်)
    laugh hartily
    ကြိယာ

    ဝမ်းအူနာယောင်

    [wáɴʔùnàjàʊɴ]
    အလွန်အကျွံ (ရယ်မောသည်)။ အလွန်အကျွံ (ရယ်မောသည်)။ ရယ်စရာပြောလို့ ဝမ်းအူနာယောင် ရယ်ကတ်ရရေ (အရပ်)
    အလွန်အကျွံ (ရယ်မောသည်)။ အလွန်အမင်း (ရယ်မောသည်)။ ရယ်စရာပြောလို့ ဝမ်းအူနာယောင် ရယ်ကတ်ရရေ (အရပ်)
    laugh hartily
    ကြိယာဝိသေသန

    ဝမြောက်ဥ

    [wmɹɔ́ɛʔʔṵ]
    အာဟာရ ဖြစ်စီသော ကစီဓာတ်ပါရေ ရှည်သွယ် အဖျားချွန်သော စားသုံးရရေ ဥ။ ယင်းဥ ဥသော အပင်ငယ်
    အာဟာရ ဖြစ်စေသော ကစီဓာတ်ပါသည့် ရှည်သွယ် အဖျားချွန်သော စားသုံးရသည့် ဥ။ ယင်းဥ ဥသော အပင်ငယ်
    elephant foot yam tuber of earth [Pali ဝသုန္ဓရာ]
    နာမ်

    ဝယောင်ထိန်

    [wjàʊɴtʰèɪɴ]
    အားရပါးရ စားသောက်ရီ
    အားရပါးရ စားသောက်သည်
    eat
    ကြိယာ

    ဝယ်

    [wɛ̀]
    ဝန်၊ ဝတ္တုတခုခုကို ပိုင်ဆိုင်သူ့ပါးမှ အဖိုးပေးကာ ရယူရေ။ ရောင်းသူ ဝယ်သူ၊ ကျွတ်ကျွတ်ဆူဗျာယ် (ပဒ)
    ပစ္စည်း၊ ဝတ္တုတစ်ခုခုကို ပိုင်ဆိုင်သူထံမှ အဖိုးပေးကာ ရယူသည်။ ရောင်းသူ ဝယ်သူ၊ ကျွတ်ကျွတ်ဆူလျက် (ပဒ)
    buy - purchase
    ကြိယာ

    ဝယ်ကောင်းဘနန်း

    [wɛ̀káʊɴbʱnáɴ]
    ဝယ်လိုချင်သော စိတ်။ စျီးမာ တင်ဗျာ၊ ယူငင်ရောင်းကေ၊ ဝယ်ကောင်းဘနန်း (ပဒ)
    ဝယ်လိုချင်သော စိတ်။ စျီးမှာ တင်ဗျာ၊ ယူငင်ရောင်းကေ၊ ဝယ်ကောင်းဘနန်း (ပဒ)
    buy - purchase
    နာမ်

    ဝယ်ချင်သူအား

    [wɛ̀ɕɪ̀ɴθùá]
    စားသုံးသူနှင့် မပြတ်မလပ် သုံးစွဲသူရို့က ဝယ်ယူဖို့ လိုအပ် သတ်မှတ်ထားရေ့ အတိုင်းအဆ ပမာဏ
    စားသုံးသူနှင့် မပြတ်မလပ် သုံးစွဲသူတို့က ဝယ်ယူရန် လိုအပ် သတ်မှတ်ထားသည့် အတိုင်းအဆ ပမာဏ
    demand
    နာမ်