Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 321–340 of 635 words

    ဝ

    ဝယ်ခြမ်း

    [wɛ̀kʰɹáɴ]
    ဝန်၊ ဥစ္စာ တခုတရီ လက်ဝယ် ရဟိရီးအတွက် ငွီကို အကျိုးဟိဟိ အသုံးချရေ။ ရောက်ကေ ရောက်တဲ့ နီရာမာ ငွီကို ကြည့်လို့ ဝယ်ခြမ်း စားကတ်ဖို့နှင့်ရာ (အရပ်)
    ပစ္စည်း၊ ဥစ္စာ တစ်စုံတစ်ခု လက်ဝယ် ရယှိရေးအတွက် ငွေကို အကျိုးယှိယှိ အသုံးချသည်။ ရောက်ကေ ရောက်တဲ့ နီရာမှာ ငွီကို ကြည့်လို့ ဝယ်ခြမ်း စားကတ်ဖို့နှင့်ရာ (အရပ်)
    buy - purchase
    ကြိယာ

    ဝယ်ယူ

    [wɛ̀jù]
    တပါးသူ့ပါးမှ ကိုယ့်ပိုင်ဆိုင်မှုသို့ ရောက်ယောင် သတ်မှတ်ထားရေ တန်ဖိုးပီးပြီးကေ ရယူရေ
    တစ်ပါးသူထံမှ မိမိပိုင်ဆိုင်မှုသို့ ရောက်အောင် သတ်မှတ်ထားသော တန်ဖိုးပေး၍ ရယူသည်
    buy - puschase
    ကြိယာ

    ဝယ်လိုအား

    [wɛ̀lÒá]
    ဝယ်ယူ နိုင်လောက်သည့် ငွီ အင်အား။ ၂၊ ဝယ်ယူမည့်သူ အရွီအတွက်
    ဝယ်ယူ နိုင်လောက်သည့် ငွေ အင်အား။ ၂၊ ဝယ်ယူမည့်သူ အရေအတွက်
    demand (of goods and services)
    နာမ်

    ဝယျာဉ်

    [wjràɪ̀ɴ]
    သစ်သီးဝလံ၊ ပန်းမာလ်အပင် အစဟိစွာ စိုက်ပျိုးထားရာ နီရာ၊ ခြံမြီ။ ၂၊ လူအများ ကြည့်ရှုဖွယ်ရာ ဖြစ်ယောင် အပင် ပန်းမာလ် အစဟိစွာ စိုက်ပျိုးပြီးကေ ကောင်းမွန် ပြည့်စုံစွာ ပြုပျင်ထားရေ နီရာ
    သစ်သီးဝလံ၊ ပန်းမာလ်သစ်ပင် စသည် စိုက်ပျိုးထားရာ နေရာ၊ ခြံမြေ။ ၂၊ လူအများ ကြည့်ရှုဖွယ်ရာ ဖြစ်အောင် သစ်ပင် ပန်းမာလ် စသည် စိုက်ပျိုး၍ ကောင်းမွန် ပြည့်စုံစွာ ပြုပြင်ထားသော နေရာ
    garden
    နာမ်

    ဝယျာဉ်တော်

    [wjràɪ̀ɴtɔ̀]
    သစ်သီးဝလံ၊ ပန်းမာလ်အပင် အစဟိစွာ စိုက်ပျိုးထားရာ နီရာ၊ ခြံမြီ။ ၂၊ လူအများ ကြည့်ရှုဖွယ်ရာ ဖြစ်ယောင် အပင်၊ ပန်းမာလ် အစဟိစွာ စိုက်ပျိုးပြီးကေ ကောင်းမွန် ပြည့်စုံစွာ ပြုပျင် ထားရေ နီရာ
    သစ်သီးဝလံ၊ ပန်းမာလ်သစ်ပင် စသည် စိုက်ပျိုးထားရာ နေရာ၊ ခြံမြေ။ ၂၊ လူအများ ကြည့်ရှုဖွယ်ရာ ဖြစ်အောင် သစ်ပင်၊ ပန်းမာလ် စသည် စိုက်ပျိုး၍ ကောင်းမွန် ပြည့်စုံစွာ ပြုပြင် ထားသော နေရာ
    garden
    နာမ်

    ဝယျာဉ်သာ

    [wjràɪ̀ɴθà]
    ရခိုင်ဘုရင် မင်းမြတ်ရို့ လက်ထက်က အမှူး၊ အမတ်၊ သီနာကောင်ပတိ၊ အကျွန်ဂုမ္မ ခြွီရံသင်းပင်းများနှင့် တနှစ်တခေါက် ပျော်ပွဲ ရွှင်ပွဲအတွက် လှည့်လည် လားလာရန်၊ ပန်းမာလ်အပင် အစဟိစွာ စိုက်ပျိုးပြီးကေ မွမ်းမံ ပြုလုပ်ထားရေ နီရာ။ (မြောက်ဦးမြို့ နန်းတော် တောင်ဖက်မာ ဂုထိ ‘ဝ
    ရခိုင်ဘုရင် မင်းမြတ်တို့ လက်ထက်က အမှူး၊ အမတ်၊ သေနာပတိ၊ မောင်းမမိဿံ ခြွေရံသင်းပင်းများနှင့် တစ်နှစ်တစ်ကြိမ် ပျော်ပွဲ ရွှင်ပွဲအတွက် လှည့်လည် သွားလာရန်၊ ပန်းမာလ်သစ်ပင် စသည် စိုက်ပျိုး၍ မွမ်းမံ ပြုလုပ်ထားသော နေရာ။ (မြောက်ဦးမြို့ နန်းတော် တောင်ဘက်တွင် ယခုထိ ‘ဝ
    garden
    နာမ်

    ဝရစ်

    [wɹɪʔ]
    အစီးဟိသော ခွံမာသီး သီးပြင်း၊ အနံ့ပြင်းသော အရွက်နှင့် စူးဟိသော ပင်ပေါက်တမျိုး၊ ယင်းအပင်မှ သီးသော အသီး။ (ဝရစ်သီး-ဝရာဇ်သီး) (အရစ်သီးလည်းဟူ၏
    အစေးယှိသော ခွံမာသီး သီးပြင်း၊ အနံ့ပြင်းသော အရွက်နှင့် ဆူးယှိသော ပင်ပေါက်တစ်မျိုး၊ ယင်းအပင်မှ သီးသော အသီး။ (ဝရစ်သီး-ဥသျှစ်သီး) (အရစ်သီးလည်းဟူ၏
    bael fruit Aegle marmelos
    နာမ်

    ဝရစ်ဓာတ်

    [wɹɪʔdʱàaʔ]
    မြတ်စွာဘုရား၏ ဦးတော်မှဖြစ်ရေ ဓာတ်။ ယင်း ဓာတ်တော်ကို ဌာပနာ တည်ထားရေ စာတီ။ ဝရစ်တော် ဓာတ်စာတီ
    မြတ်စွာဘုရား၏ ဦးတော်မှဖြစ်သော ဓာတ်။ ယင်း ဓာတ်တော်ကို ဌာပနာ တည်ထားသော စေတီ။ ဝရစ်တော် ဓာတ်စေတီ
    none
    နာမ်

    ဝရစ်ပေါင်း

    [wɹɪʔpèàɪ́ɴ]
    အဂေါင်းကို ရစ်ပတ် ဆင်ယင်ရရေ အဝတ်၊ ခေါင်းပေါင်းအစဟိစွာ
    ဦးခေါင်းကို ရစ်ပတ် ဆင်ယင်ရသော အဝတ်၊ ခေါင်းပေါင်းစသည်
    turban
    နာမ်

    ဝရစ်လုံး

    [wɹɪʔlóʊɴ]
    ကလိန့်မေသျှေများ ဆံပင်ကို အရှည်ထားပြီးသား၊ စုစည်း သိမ်းရုံး၍ ဝရာဇ်သီးလုံးပိုင် ပေါ်ယောင် ဆံထုံး ထုံးထားရေ ရခိုင်သမမရို့၏ ထုံးနည်းတမျိုး
    မိန်းကလေးများ ဆံပင်ကို အရှည်ထားပြီး၊ စုစည်း သိမ်းရုံး၍ ဥသျှစ်သီးလုံးကဲ့သို့ ပေါ်အောင် ဆံထုံး ထုံးထားသော ရခိုင်သူမတို့၏ ထုံးနည်းတစ်မျိုး
    dress hair
    နာမ်

    ဝရီ

    [wɹí]
    ဆံပင်ပေါက်ရာ အဂေါင်း အရီပြား
    ဆံပင်ပေါက်ရာ ဦးခေါင်း အရေပြား
    scalp
    နာမ်

    ဝရီး

    [wɹï]
    အမင်၏အစ်ကို။ အမင်၏ မောင်ကြီးသျှင်။ အမိမာ မောင်ကြီးသျှင်၊ အခင်ကြီး၊ ဝရီးလာရေ၊ အထုပ်သျှေမာ၊ မုန့်ပါရေ (တေး)။ မွေးမိမောင်ကြီးသျှင်၊ မေ့ဝရီးမာ၊ ရင်သွီးပတ္တမြှား၊ ချစ်ကြိုးဆောင်ကေ၊ မောင်မျိုးက်သားကို၊ ထောက်ထားမညှာ (ကော်)
    အမေ၏အစ်ကို။ အမေ၏ မောင်ကြီး။ အမိမှာ မောင်ကြီး၊ အခင်ကြီး၊ ဝရီးလာရေ၊ အထုပ်သျှေမှာ၊ မုန့်ပါရေ (တေး)။ မွေးမိမောင်ကြီး၊ မေ့ဝရီးမှာ၊ ရင်သွီးပတ္တမြှား၊ ချစ်ကြိုးဆောင်ကေ၊ မောင်မျောက်သားကို၊ ထောက်ထားမညှာ (ကော်)
    uncle
    နာမ်

    ဝရီပြား

    [wɹípɹá]
    ဆံပင်ပေါက်ရာ အဂေါင်း အရီပြား
    ဆံပင်ပေါက်ရာ ဦးခေါင်း အရေပြား
    scalp
    နာမ်

    ဝရုံး

    [wɹóʊɴ]
    ပြောင်းကြီးစိကို သတ်သတ် လောင်းာ်ထားရေ စားဖွယ်တမျိုး
    ပြောင်းကြီးစေ့ကို သက်သက် လှော်ထားသော စားဖွယ်တစ်မျိုး
    pop corn
    နာမ်

    ဝရုန်းသုန်းကား

    [wɹóʊɴθóʊɴká]
    တဖက်နှင့် တဖက် ပရမ်းပတာ လုံးထွေး သတ်ပုတ်ဗျာယ်။ ၂၊ အန္တရာယ် တခုခုကြောင့် လူအများ ထိတ်လန့် ချောက်ချားစွာနန့် ဗလဗွီသတ် လှုပ်ယှားဗျာယ်
    တစ်ဘက်နှင့် တစ်ဘက် ပရမ်းပတာ လုံးထွေး သတ်ပုတ်လျက်။ ၂၊ အန္တရာယ် တစ်ခုခုကြောင့် လူအများ ထိတ်လန့် ချောက်ချားစွာဖြင့် ရှုပ်ထွေး လှုပ်ရှားလျက်
    fight - in disarray
    ကြိယာဝိသေသန

    ဝရူး

    [wɹùး]
    အလင်းရောင် ရဖို့အတွက် မီးထွန်းညှိရန် ခြောက်သွိနိန်ရေ ဝါးလုံးတိကို စည်းနှောင်၍ မီးစွဲကာ မီးတောက် ထွန်းညှိထားရေ အရာ
    အလင်းရောင် ရရန်အတွက် မီးထွန်းညှိရန် ခြောက်သွေ့နေသော ဝါးလုံးများကို စည်းနှောင်၍ မီးစွဲကာ မီးတောက် ထွန်းညှိထားသော အရာ
    lamp
    နာမ်

    ဝရူးတိုင်

    [wɹùးtàɪɴ]
    အလင်းရောင် ရဖို့အတွက် မီးထွန်းညှိရန် လောင်စာနှင့်ဗားကို ဝါးကျည် တောက်ထိပ် ဖျားမာ ထည့်သွင်း တပ်ဆင်၍ မီးညှိ ထွန်းထားရေ ဝါးမီးတုတ်တိုင်
    အလင်းရောင် ရရန်အတွက် မီးထွန်းညှိရန် လောင်စာနှင့်ဆီကို ဝါးကျည် တောက်ထိပ် ဖျားတွင် ထည့်သွင်း တပ်ဆင်၍ မီးညှိ ထွန်းထားသော ဝါးမီးတုတ်တိုင်
    lamp
    နာမ်

    ဝရူးသုန်းကား

    [wɹùးθóʊɴká]
    ရုန်ရင်း ခက်ထန်စွာ။ ကြမ်းတမ်းစွာ။ ဒရူးဗရူး
    ရုန်ရင်း ခက်ထန်စွာ။ ကြမ်းတမ်းစွာ။ အကြမ်းပတမ်း
    raucously - in disarray
    ကြိယာဝိသေသန

    ဝရောင်း

    [wɹáʊɴ]
    ခြောက်သွိနိန်ရေ ဝါးလုံး
    ခြောက်သွေ့နေသော ဝါးလုံး
    bamboo
    နာမ်

    ဝရောင်းချဉ်

    [wɹáʊɴɕɪ̀ɴ]
    ချိုင်ဖန် အရသာဟိပြီး အရွက်ကို ဟင်းချက် စားရရေ နွယ်ခြုံပင် တမျိုး
    ချဉ်ဖန် အရသာယှိပြီး အရွက်ကို ဟင်းချက် စားရသော နွယ်ခြုံပင် တစ်မျိုး
    edible succulent acidulous climber which thrives on bamboo groves
    နာမ်