Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 341–360 of 635 words

    ဝ

    ဝရောင်းငှက်

    [wɹáʊɴŋ̊ɛʔ]
    ပေနှစ်ထောင် သုံးထောင်ခန့် အမြင့်မာ ဟိသော သစ်တောများမာ အုပ်စုဖွဲ့ နီတတ်ရေ အဝါ၊ အစိမ်း၊ အညိုရောင်၊ ရောစပ်ထားရေ အရောင်ဟိပြီး ပလွီမှုတ်သံ ပိုင် အော်မြည် တတ်ရေ ငှက်တမျိုး
    ပေနှစ်ထောင် သုံးထောင်ခန့် အမြင့်တွင် ယှိသော သစ်တောများတွင် အုပ်စုဖွဲ့ နေတတ်သော အဝါ၊ အစိမ်း၊ အညိုရောင်၊ ရောစပ်ထားသော အရောင်ယှိပြီး ပလွေမှုတ်သံ ကဲ့သို့ အော်မြည် တတ်သော ငှက်တစ်မျိုး
    [Buddhist Scriptures] peacock-like bird with wings of wondrous hues edible-nest swiftlet Collocalia Fuciphaga - C. esculanta [Pali ဇီဝ + ဇီဝ]
    နာမ်

    ဝရောဝရော

    [wɹɔ́wɹɔ́]
    စကားပြတ်သား ပီသခြင်း မဟိသော။ နားလည် လွယ်စီခြင်း မဟိသော
    စကားပြတ်သား ပီသခြင်း မယှိသော။ နားလည် လွယ်စေခြင်း မယှိသော
    indistinct
    နာမဝိသေသန

    ဝရောဝရော၂

    [wɹɔ́wɹɔ́၂]
    ကွဲပြား ထင်ရှားစွာ နားမလည်ပဲ ဟိရေ။ စကားပြောရေခါ ‘ဝရောဝရော’ နန့် ထီးလုံးဗလုံး စကားလုံးကို နားကမလည် (အရပ်)
    ကွဲပြား ထင်ရှားစွာ နားမလည်ပဲ ယှိသည်။ စကားပြောရေခါ ‘ဝရောဝရော’ နန့် ထီးလုံးဗလုံး စကားလုံးကို နားကမလည် (အရပ်)
    indistinct
    ကြိယာ

    ဝလင့်

    [wlɪ̀ɴ့]
    ကျီနပ် နှစ်သက်ရေ။ ရောင့်ရဲ တင်းတိမ်သည်
    ကျေနပ် နှစ်သက်သည်။ ရောင့်ရဲ တင်းတိမ်သည်
    enjoy sth to ones satisfaction look well-fed sleek
    ကြိယာ

    ဝလံတွတ်

    [wlံtwaʔ]
    ဝန်ဥစ္စာ ပျောက်ဆုံးပနာ ဆရာအား မေးရာမာ ဆရာက ကိုယ့်အလံဖြင့် ဝါးကို တလံအတိ ပိုင်း၍ မန္တရားမန်းပြီးကေ ရှေ့တော်ပြေး လွှတ်ပနာ ဝလံသိမ်းသွင်းရာ နောက်ကို လူတိ လိုက်လားကတ်ရ၏။ ဝလံ ရပ်တန့်သည့် နီရာမာ ဝန်ဥစ္စာ ဟိသည်ဆိုရေ တွက်နည်း တမျိုး
    ပစ္စည်းဥစ္စာ ပျောက်ဆုံး၍ ဆရာအား မေးရာတွင် ဆရာက မိမိအလံဖြင့် ဝါးကို တစ်လံတိတိ ပိုင်း၍ မန်းမှုတ်ပြီးလျှင် ရှေ့တော်ပြေး လွှတ်၍ ဝလံဆွဲဆောင်ရာ နောက်သို့ လူတွေ လိုက်သွားကြရ၏။ ဝလံ ရပ်တန့်သည့် နေရာတွင် ပစ္စည်းဥစ္စာ ယှိသည်ဟူသော တွက်နည်း တစ်မျိုး
    none
    နာမ်

    ဝလုံး

    [wlóʊɴ]
    ဝိုင်းဝိုင်းစက်စက် ရီးရရေ ဝ လုံး အက္ခရာ
    ဝိုင်းဝိုင်းစက်စက် ရေးရသော ဝ လုံး အက္ခရာ
    just like zero of Arakanese consonant
    နာမ်

    ဝလုံးချီးသုတ်

    [wlóʊɴɕïθoʊʔ]
    (ဥပစာ) အမျိုးမျိုး အထွီထွီ စုံလင်ရောနှောသော။ ပြဿနာ အမျိုးမျိုး ရောနှော ဆိုင်ရေ
    (ဥပစာ) အမျိုးမျိုး အထွေထွေ စုံလင်ရောနှောသော။ ပြဿနာ အမျိုးမျိုး ရောနှော ပတ်သက်သော
    be mixed up
    နာမဝိသေသန

    ဝလောက်

    [wlɔ́ɛʔ]
    ကြောရိုးဟိ သတ္တဝါရို့၏ မာလာခွံ အထဲဟိ (ဖြူဖွေးသော) အာရုံကြောများ စုဝီးရာ အစိတ်အပိုင်း
    ကျောရိုးယှိ သတ္တဝါတို့၏ ဦးခေါင်းခွံ အတွင်းယှိ (ဖြူဖွေးသော) အာရုံကြောများ စုဝေးရာ အစိတ်အပိုင်း
    sense organs
    နာမ်

    ဝလောက်ခြောက်

    [wlɔ́ɛʔkʰɹɔ́ɛʔ]
    (ဥပစာ) တွိကြုံရရေ၊ ဖြီယှင်းရန် အကြောင်းဆိုက်သော အခြင်းအရာ အခက်အခဲကို ရှင်းလင်းရန် တွေးခေါ် ကြံဆကေလေ့ ဝီခွဲမရ၊ ဆုံးဖြတ်ပနာ မရနှိုင်ဖြစ်နီသည်
    (ဥပစာ) တွေ့ကြုံရသော၊ ဖြေရှင်းရန် အကြောင်းဆိုက်သော အခြင်းအရာ အခက်အခဲကို ရှင်းလင်းရန် တွေးတော ကြံဆသော်လည်း ဝေခွဲမရ၊ ဆုံးဖြတ်၍ မရနိုင်ဖြစ်နေသည်
    [fig.] be at wits’ end
    ကြိယာ

    ဝလောက်ခွံ

    [wlɔ́ɛʔkʰwံ]
    ထိခိုက်ခြင်း မဟိရယောင် ကာကွယ်ထားရေ မာလာခွံ
    ထိခိုက်ခြင်း မယှိရအောင် ကာကွယ်ထားသော ဦးခေါင်းခွံ
    skull
    နာမ်

    ဝလောက်ဆီ

    [wlɔ́ɛʔsʰí]
    မာလာခွံ အထဲဟိ ဖြူဖွေး စုဝေးနိန်ရေ အဆီခဲ။ (အလောက်ဆီဆိုပနာလည်း ခေါ်ဝေါ် သုံးနှုန်း ကတ်သိမ့်ရေ။
    ဦးခေါင်းခွံ အတွင်းယှိ ဖြူဖွေး စုဝေးနေသော အဆီခဲ။ (အလောက်ဆီဟူ၍လည်း ခေါ်ဝေါ် သုံးနှုန်း ကြသေးသည်။
    none
    နာမ်

    ဝဝ

    [ww]
    အသားအရီ ဝဖြိုးသော။ လောက်သော။ မောင်သာဖြူဆိုစွာ ခန္ဓာကိုယ် ဝဝနန့်လူယေ (အရပ်)
    အသားအရေ ဝဖြိုးသော။ ပြည့်ဝသော။ မောင်သာဖြူဆိုစွာ ခန္ဓာကိုယ် ဝဝနန့်လူယေ (အရပ်)
    fat
    နာမဝိသေသန

    ဝဝတုတ်တုတ်

    [wwtoʊʔtoʊʔ]
    ကိုယ်ခန္ဓာ ပြည့်ဖြိုး ကျစ်လျစ် စိုပြည်စွာ
    ကိုယ်ခန္ဓာ ပြည့်ဖြိုး ကျစ်လျစ် စိုပြည်စွာ
    fat and rotund
    ကြိယာဝိသေသန

    ဝဝတောင့်တောင့်

    [wwta̰ʊɴta̰ʊɴ]
    ကိုယ်ခန္ဓာ ပြည့်ဖြိုး တောင့်တင်းစွာ
    ကိုယ်ခန္ဓာ ပြည့်ဖြိုး တောင့်တင်းစွာ
    fat and rotund
    ကြိယာဝိသေသန

    ဝဝဖားဖား

    [wwpʰápʰá]
    ပြည့်ဖြိုးစွာထက် ကိုယ်ခန္ဓာ ပိုပြီးကေလောက်သော။ ဝဝဖားဖား အငှားသမားကေ၊ ကျွန်ဒါသဟု၊ ငါ့အသားအား၊ ခြီရေမတတ် (ပဋာ)
    ပြည့်ဖြိုးသည်ထက် ကိုယ်ခန္ဓာ ပိုမိုပြည့်ဝသော။ ဝဝဖားဖား အစေခံကေ၊ ကျွန်ဒါသဟု၊ ငါ့အသားအား၊ စားကောင်းမတတ် (ပဋာ)
    fat and rotund
    နာမဝိသေသန

    ဝသတ်

    [wθaʔ]
    အရာတပါး အက္ခရာနှင့် လက်တွဲ ပူးကပ်၍ အထက်က အသတ်တင်းခွန် တင်ထားရေ ဝ အက္ခရာ။ (သာဓု ခေါ်စီရေ ဝ် စရေ။
    အခြားတစ်ပါး အက္ခရာနှင့် ယှဉ်တွဲ ပူးကပ်၍ အထက်က အသတ်တံခွန် တင်ထားသော ဝ အက္ခရာ။ (သာဓု ခေါ်စေသော ဝ် စသည်။
    [orth.] superscripted devowelizer wa(ဝ်) Also တံခွန်
    နာမ်

    ဝသန်

    [wθàɴ]
    မိုးရွာသွန်းသော (မိုဃ်း)ကာလ။ (ဝါဆို လပြည့်ကျော် တရက်နိမှ တန်ဆောင်မုန်း လပြည့်နိအထိ။) ဝသန်ရာသီ၊ မိုဃ်းကို မှီကေ၊ တောင်လီဖျူးကာကာနှင့် (မေတ္တာတု။
    မိုးရွာသွန်းသော (မိုဃ်း)ကာလ။ (ဝါဆို လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ။) ဝသန်ရာသီ၊ မိုဃ်းကို မှီကေ၊ တောင်လီဖျူးကာကာနှင့် (မေတ္တာတု။
    rainy season Also ဝဿာန [Pali ဝဿာန]
    နာမ်

    ဝသီ

    [wθí]
    မူလ ပင်ကိုယ် ဝါသနာ။ ၂၊ အလိအကျင့်
    မူလ ပင်ကိုယ် ဝါသနာ။ ၂၊ အလေ့အကျင့်
    trait - nature - habit [Pali ဝသီ]
    နာမ်

    ဝသီပါ

    [wθípà]
    အခေါက်ခေါက် ကြိုးစား အားထုတ်မှု အလိအကျင့် ဖြစ်နီသည်
    အကြိမ်ကြိမ် ကြိုးစား အားထုတ်မှု အလေ့အကျင့် ဖြစ်နေသည်
    have a habit
    ကြိယာ

    ဝသုနတ်မျိုး

    [wθoʊnaʔmró]
    သိဒ္ဓနတ်။ ၂၊ ဘူတနတ်။ ၃၊ ဂန္ဓဗ္ဗနတ်။ ၄၊ ဂုယှကနတ်။ ၅၊ ယက္ခနတ်။ ၆၊ ရက္ခိုသ်နတ်။ ၇၊ ကုမ္ဘဏ်နတ်။ ၈၊ ပိသာနတ်။ (သျှစ်မျိုး)
    သိဒ္ဓနတ်။ ၂၊ ဘူတနတ်။ ၃၊ ဂန္ဓဗ္ဗနတ်။ ၄၊ ဂုယှကနတ်။ ၅၊ ယက္ခနတ်။ ၆၊ ရက္ခိုသ်နတ်။ ၇၊ ကုမ္ဘဏ်နတ်။ ၈၊ ပိသာနတ်။ (ရှစ်မျိုး)
    none
    နာမ်