Dictionary Entries
Showing 21–40 of 635 words
ဝ
ဝက်ခြုတ်
[wɛʔkʰɹoʊʔ]
Arakanese:
မျက်နှာ အရီပြားပေါ်၌ ပေါက်တတ်ရေ လုံးဝန်း ငယ်ရေ အနာဖု
Burmese:
မျက်နှာ အရေပြားပေါ်၌ ပေါက်တတ်သည့် လုံးဝန်း သေးငယ်သော အနာဖု
English:
pigsty prisoners dock bullock cart body with high side-railings pimple - acne
Grammar Note:
နာမ်
ဝက်ဂေါင်းထိုး
[wɛʔɡèàɪ́ɴtʰó]
Arakanese:
ရှေးတူရှုကို တတည့် ဦးတည်ဗျာယ်။ တဟုန်ထိုး
Burmese:
ရှေးတူရှုကို တည့်တည့် ဦးတည်လျက်။ တဟုန်ထိုး
English:
[charge] straight ahead or head-on
Grammar Note:
ကြိယာဝိသေသန
ဝက်ဂွ
[wɛʔɡw]
Arakanese:
တိုင်ထူရာ ထောက်ရာမာ အသုံးပြုရေ ထိပ်မာ ကြိုးချိုင်ထားရေဝါး တနည်း သစ်သားနှစ်ချောင်း
Burmese:
တိုင်ထူရာ ထောက်ရာတွင် အသုံးပြုသော ထိပ်တွင် ကြိုးချည်ထားသည့်ဝါး သို့မဟုတ် သစ်သားနှစ်ချောင်း
English:
bipod or tripod made by lashing poles together near the top used as a prop
Grammar Note:
နာမ်
ဝက်စားဖျဉ်း
[wɛʔsápʰrɪ́ɴ]
Arakanese:
ဝက်စာထည့်သော သစ်သား ခွက်ရှည်
Burmese:
ဝက်စာထည့်သော သစ်သား ခွက်ရှည်
English:
feeding through for pigs
Grammar Note:
နာမ်
ဝက်ဆီ
[wɛʔsʰí]
Arakanese:
ခရမ်းရောင် အဆင်းဟိသော ကောက်ညှင်းမျိုး။ ကောက်ညှင်း မည်းမနန့် နှိုင်းနိူင်း ကြည့်ပါ
Burmese:
ခရမ်းရောင် အဆင်းယှိသော ကောက်ညှင်းမျိုး။ ကောက်ညှင်း မည်းမနှင့် နှိုင်းယှဉ် ကြည့်ပါ
English:
black glutin rice
Grammar Note:
နာမ်
ဝက်တောင်းနွယ်ချိ
[wɛʔtáʊɴnwɛ̀ɕì]
Arakanese:
တောတောင်ရို့မာ အလှည့်ကျ ပေါက်သော အသီး လက်မလောက်လောင်းာက် ကြီးပြီးကေ လက်နှစ်သစ်ခန့် ရှည်သီးသော ခြုံတွားနွယ်ပင် တမျိုး
Burmese:
တောတောင်တို့တွင် အလှည့်ကျ ပေါက်သော အသီး လက်မလောက်ခန့် ကြီး၍ လက်နှစ်သစ်ခန့် ရှည်သီးသော ချုံတွားနွယ်ပင် တစ်မျိုး
English:
creeper
Grammar Note:
နာမ်
ဝက်တွယ်
[wɛʔtwɛ̀]
Arakanese:
ခြေနှစ်ဘက် လက်နှစ်ဘက်ကို ပူး၍ ချိုင်ရေ
Burmese:
ခြေနှစ်ဘက် လက်နှစ်ဘက်ကို ပူး၍ ချည်သည်
English:
hog-tie
Grammar Note:
ကြိယာ
ဝက်တွယ်တွယ်
[wɛʔtwɛ̀twɛ̀]
Arakanese:
ခြေနှစ်ဘက် လက်နှစ်ဘက်ကို ပူးတွဲ ချိုင်နှောင်ပြီး ဒုတ်ဖြင့် လျှို၍ ထမ်းကတ်တေ
Burmese:
ခြေနှစ်ဘက် လက်နှစ်ဘက်ကို ပူးတွဲ ချည်နှောင်ပြီး ဒုတ်ဖြင့် လျှို၍ ထမ်းကြသည်
English:
tie hand and foot
Grammar Note:
ကြိယာ
ဝက်တွယ်ရွှဲ(လွှဲ)တမ်း
[wɛʔtwɛ̀ɹW̯ɛ(lW̯ɛ)táɴ]
Arakanese:
လူတယောက်က လက်နှစ်ဘက်၊ တယောက်က ခြေနှစ်ဘက်ကို ကိုင်ပနာ ထလန်းဂါးချီမပြီးကေ ဇာညာ တချက်၊ နှစ်ချက် လွှဲပြီး၊ ထလန်းဂါး ချထားခရေ ကစပ်နည်း တမျိုး
Burmese:
လူတစ်ယောက်က လက်နှစ်ဘက်၊ တစ်ယောက်က ခြေနှစ်ဘက်ကို ကိုင်၍ ပက်လက်ချီမ၍ ဘယ်ညာ တစ်ချက်၊ နှစ်ချက် လွှဲပြီး၊ ပက်လက် ချထားခဲ့သော ကစားနည်း တစ်မျိုး
English:
none
Grammar Note:
နာမ်
ဝက်ထီးအားကိုး
[wɛʔtʰïákó]
Arakanese:
မဆင်မခြင်ပဲ။ အဆုတ်အဆိုင်း မဟိပဲ။ ၂၊ ဆင်ခြင်ဉာဏ် ကင်းမဲ့ခြင်းနန့် ခြူစွာ
Burmese:
မဆင်မခြင်ပဲ။ အဆုတ်အဆိုင်း မယှိပဲ။ ၂၊ ဆင်ခြင်ဉာဏ် ကင်းမဲ့ခြင်းဖြင့် ရမ်းကားစွာ
English:
reasonless
Grammar Note:
ကြိယာဝိသေသန
ဝက်နားပင်းစွယ်
[wɛʔnápɪ́ɴswɛ̀]
Arakanese:
အခေါင်းမဟိသော တောဝက်စွယ်။ ဝက်စွယ် ကင်းပိတ်။ (ကာယသိဒိ္ဓ ပြီးရေလို့ အယူ ဟိကတ်တေ။
Burmese:
အခေါင်းမယှိသော တောဝက်စွယ်။ ဝက်စွယ် ကင်းပိတ်။ (ကာယသိဒိ္ဓ ပြီးသည်ဟု အယူ ယှိကြသည်။
English:
solid tusk of a hog
Grammar Note:
နာမ်
ဝက်ပင်းပစ်
[wɛʔpɪ́ɴpɪʔ]
Arakanese:
စားသောက်ရာမာ ဝက်ဆီ အတုံးအခဲ အပျော်မလားလီရန် ပယောဂ အတတ်ဖြင့် (အပင်းကို) ခန္ဓာကိုယ်အထဲကို ရောက်ဟိ စီရေ
Burmese:
စားသောက်ရာတွင် ဝက်ဆီ အတုံးအခဲ အပျော်မသွားစေရန် ပယောဂ အတတ်ဖြင့် (အပင်းကို) ခန္ဓာကိုယ်အတွင်းသို့ ရောက်ယှိ စေသည်
English:
none
Grammar Note:
ကြိယာ
ဝက်ပင်းပိတ်စွယ်
[wɛʔpɪ́ɴpeɪʔswɛ̀]
Arakanese:
အခေါင်းမဟိသော တောဝက်စွယ်။ ဝက်စွယ် ကင်းပိတ်။ (ကာယသိဒိ္ဓ ပြီးရေလို့ အယူ ဟိကတ်တေ။
Burmese:
အခေါင်းမယှိသော တောဝက်စွယ်။ ဝက်စွယ် ကင်းပိတ်။ (ကာယသိဒိ္ဓ ပြီးသည်ဟု အယူ ယှိကြသည်။
English:
solid tusk of a hog
Grammar Note:
နာမ်
ဝက်မချဉ်ပေါင်
[wɛʔmɕɪ̀ɴpèàɪ̀ɴ]
Arakanese:
အရွက် လက်ကြား ဟိပြီး ရှည်သွယ်သော ချိုင်ပေါင်တမျိုး။ ဝက်မချိုင်ပေါင်၊ ခုနှစ်တောင်၊ ကျိုးလျှင်ကျိုး၊ မကျိုးကေ၊ မိုးကိုထိုး (ရိုးရာ)
Burmese:
အရွက် လက်ကြား ယှိပြီး ရှည်သွယ်သော ချဉ်ပေါင်တစ်မျိုး။ ဝက်မချဉ်ပေါင်၊ ခုနှစ်တောင်၊ ကျိုးလျှင်ကျိုး၊ မကျိုးကေ၊ မိုးကိုထိုး (ရိုးရာ)
English:
roselle
Grammar Note:
နာမ်
ဝက်မလွတ်နပျိုး
[wɛʔmlwaʔnpró]
Arakanese:
ဝက်၏ အရပ်နန့် မလွတ်နှိုင်ယောင်ပင် ပင်မကြီး ပုပျပ်သော နှပျိုးအုန်း အစဟိရေ အပင်မျိုး
Burmese:
ဝက်၏ အရပ်နှင့် မလွတ်နိုင်အောင်ပင် ပင်စည် ပုပျပ်သော ငှက်ပျောအုန်း စသော အပင်မျိုး
English:
dwarf species of banana
Grammar Note:
နာမ်
ဝက်မြောက်ဥ
[wɛʔmɹɔ́ɛʔʔṵ]
Arakanese:
မိုးကျောက်ကျ ကဆုန်၊ နံယုန်လလောက်မာ လယ်ယာထဲမာ ပေါက်လေ့ ဟိသော မြက်ပင်တမျိုးမှ ရဟိရေ သရည်စာအဖြစ် ပြုတ်ပနာစားရရေ အပေါ်ခွံ၌ အမွှီးအမှင်များ ပါဟိရေ ဥတမျိုး။ (ဝက်မှုံဥလို့လေ့ ခေါ်ကြ သိရေ။
Burmese:
မိုးဦးကျ ကဆုန်၊ နယုန်လလောက်တွင် လယ်ယာထဲ၌ ပေါက်လေ့ ယှိသော မြက်ပင်တစ်မျိုးမှ ရယှိသည့် သွားရည်စာအဖြစ် ပြုတ်၍စားရသော အပေါ်ခွံ၌ အမွှေးအမှင်များ ပါယှိသည့် ဥတစ်မျိုး။ (ဝက်မှုံဥဟုလည်း ခေါ်ကြ သေးသည်။
English:
kind of sedge whose tubers are boiled and eaten Scripus grossus
Grammar Note:
နာမ်
ဝက်မွီးဝဖြီး
[wɛʔmwïwpʰɹï]
Arakanese:
ဝက်မွှီးဖြင့် ပြုလုပ်ရေ ဖြီးစရာ ကိရိယာ။ ၂၊ ဝက်မွှီးပိုင် သန်စွမ်းရေ အမျှင်တမျိုးဖြင့် ပြုလုပ်ရေ ဖြီးစရာ ကိရိယာ
Burmese:
ဝက်မွှေးဖြင့် ပြုလုပ်သော ဖြီးစရာ ကိရိယာ။ ၂၊ ဝက်မွှေးကဲ့သို့ သန်စွမ်းသည့် အမျှင်တစ်မျိုးဖြင့် ပြုလုပ်သော ဖြီးစရာ ကိရိယာ
English:
bristle brush
Grammar Note:
နာမ်
ဝက်မှင်ဥ
[wɛʔm̥ɪ̀ɴʔṵ]
Arakanese:
မိုးကျောက်ကျ ကဆုန်၊ နံယုန်လ လောက်မာ လယ်ယာထဲမာ ပေါက်လေ့ဟိသော မြက်ပင် တမျိုးမှ ရဟိရေ သရည်စာအဖြစ် ပြုတ်ပနာ စားရရေ အပေါ်ခွံ၌ အမွှီးအမှင်များ ပါဟိရေ ဥတမျိုး။ (ဝက်မှုံဥ လို့လေ့ ခေါ်ကြ သိရေ။
Burmese:
မိုးဦးကျ ကဆုန်၊ နယုန်လ လောက်တွင် လယ်ယာထဲ၌ ပေါက်လေ့ယှိသော မြက်ပင် တစ်မျိုးမှ ရယှိသည့် သွားရည်စာအဖြစ် ပြုတ်၍ စားရသော အပေါ်ခွံ၌ အမွှေးအမှင်များ ပါယှိသည့် ဥတစ်မျိုး။ (ဝက်မှုံဥ ဟုလည်း ခေါ်ကြ သေးသည်။
English:
kind of sedge whose tubers are boiled and eaten Scirpus grossus
Grammar Note:
နာမ်
ဝက်ယှုပ်နာ
[wɛʔʃoʊʔnà]
Arakanese:
တခါခါမာ ဝက်ပိုင် (ရှုပ်ရှုပ်)မြည်ကာ ပစမှ အမြှုပ်ထွက်ဗျာယ် တတ်တတ်ရေ ရောဂါ
Burmese:
တစ်ခါခါတွင် ဝက်ကဲ့သို့ (ရှုပ်ရှုပ်)မြည်ကာ ပါးစပ်မှ အမြှုပ်ထွက်လျက် တတ်တတ်သော ရောဂါ
English:
epilepsy
Grammar Note:
နာမ်
ဝက်ရံဥ
[wɛʔɹံʔṵ]
Arakanese:
တောတောင်က ပေါက်သော နွယ်ပင် တမျိုးမှ ဥသော လုံးပတ်နှစ်ထွာခန့် အရှည် ၈-လက်မခန့်ဟိ အပေါ်ခွံ၌ အမွီးမျှင်များ ပါဟိရေ ဟင်းချက် စားရရေ ဥတမျိုး
Burmese:
တောတောင်မှ ပေါက်သော နွယ်ပင် တစ်မျိုးမှ ဥသော လုံးပတ်နှစ်ထွာခန့် အရှည် ၈-လက်မခန့်ယှိ အပေါ်ခွံ၌ အမွေးမျှင်များ ပါယှိသည့် ဟင်းချက် စားရသော ဥတစ်မျိုး
English:
none
Grammar Note:
နာမ်