Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 401–420 of 635 words

    ဝ

    ဝိုင်းယာ

    [wáɪɴjà]
    စုပေါင်း ပါဝင်ရေ။ နာဂရာဇာ၊ နာဂိန္ဒနန့်၊ ရုက္ခဘုမ္မာ၊ မေခလာရို့၊ ဝိုင်းယာစောင်မ (ပန်း)
    စုပေါင်း ပါဝင်သည်။ နာဂရာဇာ၊ နာဂိန္ဒနှင့်၊ ရုက္ခဘုမ္မာ၊ မေခလာတို့၊ ဝိုင်းယာစောင်မ (ပန်း)
    include
    ကြိယာ

    ဝိုင်းယာ၂

    [wáɪɴjà၂]
    နံဖီး ပတ်ဝန်းကျင်လည်ပနာ (ကြည့်ရှုရေ။) ကျင်ပွဲမာ မောင်ဖြူကို ဖို့လားလို့ ဝိုင်းယာလို့ ကြည့်ခယင့် (အရပ်)
    အနီး ပတ်ဝန်းကျင်လည်၍ (ကြည့်ရှုသည်။) ကျင်ပွဲမှာ မောင်ဖြူကို ဖို့လားလို့ ဝိုင်းယာလို့ ကြည့်ခယင့် (အရပ်)
    look
    ကြိယာဝိသေသန

    ဝိုင်းရံ

    [wáɪɴɹံ]
    ပတ်လည်မာ စုဝေး တည်ဟိသည်
    ပတ်လည်တွင် စုဝေး တည်ယှိသည်
    surround
    ကြိယာ

    ဝိုင်းလက်ရွီး

    [wáɪɴlɛʔɹwï]
    စီခြင်း၊ စောင်းခြင်းမဟိပဲ ဝိုင်းစက်စက်အချေ ရီးထားရေ လက်ရီးလှ
    စေခြင်း၊ စောင်းခြင်းမယှိပဲ ဝိုင်းစက်စက်ကလေး ရေးထားသော လက်ရေးလှ
    calligraphy - penmanship
    နာမ်

    ဝိုင်းလို့ယာလို့

    [wáɪɴlo̰jàlo̰]
    စုပေါင်း ပါဝင်ရေ။ ၂၊ ဝိုင်းဝန်း ကူညီရေ။ အယင်ကနန့်မတူ ဝိုင်းလို့ယာလို့ လုပ်ကိုင်ကေမှ စားကတ်ရဖို့ (အရပ်)
    စုပေါင်း ပါဝင်သည်။ ၂၊ ဝိုင်းဝန်း ကူညီသည်။ အယင်ကနန့်မတူ ဝိုင်းလို့ယာလို့ လုပ်ကိုင်ပြီးမှ စားကတ်ရဖို့ (အရပ်)
    help
    ကြိယာ

    ဝိုင်းလုပ်ဝိုင်းစား

    [wáɪɴloʊʔwáɪɴsá]
    စုပေါင်း လုပ်ဆောင်ပနာ ရဟိရေ အမြတ်ကို ခွဲဝီ သုံးစားကတ်တေ
    စုပေါင်း လုပ်ဆောင်၍ ရယှိသည့် အမြတ်ကို ခွဲဝေ သုံးစားကြသည်
    share work as well as benefits
    ကြိယာ

    ဝိုင်းအုံ

    [wáɪɴʔòʊɴ]
    ပတ်လည်မာ စုဝေး တည်ဟိရေ။ စုပေါင်းဝိုင်းအုံ၊ ပျားနှယ်ရုံဗျာယ်
    ပတ်လည်တွင် စုဝေး တည်ယှိသည်။ စုပေါင်းဝိုင်းအုံ၊ ပျားနှယ်ရုံလျက်
    crowd around - swarm
    ကြိယာ

    ဝီ

    [wí]
    အဖို့အစုကို ခွဲပီးရေ။ နပျိုးသီးလှညီ၊ တလုံးစီလျှင်၊ ဝီကာပီးငြား (ရာမ)။ ၂၊ တခုတရီသည် လေမာ အဟိန်ဖြင့် ရက်ပြတ် လှုပ်ရှားရစ်လည် ဖြတ်သန်းရာမှ ဝီ ဆိုရေ အသံမျိုး ထွက်ပေါ်လှာရေ
    အဖို့အစုကို ခွဲပေးသည်။ နပျိုးသီးလှညီ၊ တစ်လုံးစီလျှင်၊ ဝီကာပီးငြား (ရာမ)။ ၂၊ တစ်စုံတစ်ခုသည် လေတွင် အရှိန်ဖြင့် အဆက်မပြတ် လှုပ်ရှားရစ်လည် ဖြတ်သန်းရာမှ ဝီ ဟူသော အသံမျိုး ထွက်ပေါ်လာသည်
    distribute
    ကြိယာ

    ဝီး

    [wï]
    ကွာလှမ်းသော။ တိုင်းနှင့် ကျော်ပျာ၊ ရွာနှင့်ပြတ်ကေ၊ ရပ်နှင့်ဝီးလို့ (ရာမ)။ ၂၊ ကင်းကွာသော။ မြစ်ချောင်းကျယ်နက်၊ ဆိပ်ခုံမှီကေ၊ ယပိုင်မာဘက်က၊ လှီဆက်ဝီးသူ၊ များဗိုလ်လူနှင့် (အရိန်)။ ၃၊ ရှည်ကြာသော။ ကာလကြာကြီး၊ ကျောက်ဖြစ်ရန်မာ၊ အလွန်ဝီးလို့ (ယင်း)
    ကွာလှမ်းသော။ တိုင်းနှင့် ကျော်ပျာ၊ ရွာနှင့်ပြတ်ကေ၊ ရပ်နှင့်ဝီးလို့ (ရာမ)။ ၂၊ ကင်းကွာသော။ မြစ်ချောင်းကျယ်နက်၊ ဆိပ်ကမ်းမှီကေ၊ ဤမှာဘက်က၊ လှီဆက်ဝီးသူ၊ များဗိုလ်လူနှင့် (အရိန်)။ ၃၊ ရှည်ကြာသော။ ကာလကြာကြီး၊ ကျောက်ဖြစ်ရန်မှာ၊ အလွန်ဝီးလို့ (၎င်း)
    far - distant - remote
    နာမဝိသေသန

    ဝီ၂

    [wí၂]
    မြိုင်ဆိုင်ရေ။ ဝေဆာသော။ ပန်းတိုင်းလေ၊ နော်ဇာကျက်ရုံး၊ ဂမုန်းသရဖီ၊ ပင်တိုင်းဝီကေ နှင်းဆီသော်က၊ ပန်းမျိုးလှိုင်ကေ၊ ရီအိုင်စမာ ရှုထမဆုံး (ဆဒ္ဒန်)
    မြိုင်ဆိုင်သော။ ဝေဆာသော။ ပန်းတကာလေ၊ နော်ဇာကျက်ရုံး၊ ဂမုန်းသရဖီ၊ ပင်တိုင်းဝီကေ နှင်းဆီသော်က၊ ပန်းမျိုးလှိုင်ကေ၊ ရေအိုင်စမှာ ရှုထမဆုံး (ဆဒ္ဒန်)
    luxuriant
    နာမဝိသေသန

    ဝီးကွာ

    [wïkwà]
    တနီရာနန့် တနီရာ ရို့၏ အကြားခရီးမြေတာ အလွန်ကျယ်သော
    တစ်နေရာနှင့် တစ်နေရာ တို့၏ အကြားခရီးမြေတာ အလွန်ကျယ်သော
    far - distant - remote
    နာမဝိသေသန

    ဝီခြမ်း

    [wíkʰɹáɴ]
    အဖို့အစုကို ပိုင်းခြားပီးသည်
    အဖို့အစုကို ပိုင်းခြားပေးသည်
    distribute (things)
    ကြိယာ

    ဝီခွဲ

    [wíkʰwɛ]
    အဖို့အစုကို ပိုင်းခြားပီးသည်
    အဖို့အစုကို ပိုင်းခြားပေးသည်
    distribute (thing) decide
    ကြိယာ

    ဝီစား

    [wísá]
    အဖို့အစုကို ခွဲပြီးကေ သုံးဆောင်ရေ
    အဖို့အစုကို ခွဲ၍ သုံးဆောင်သည်
    share
    ကြိယာ

    ဝီစားမှက်စား

    [wísám̥ɛʔsá]
    (ဥပစာ) အကျိုးအမြတ် အခွင့်အရီးကို တတူတကွ ခွဲဝီ ခံစားသူ
    (ဥပစာ) အကျိုးအမြတ် အခွင့်အရေးကို အတူတကွ ခွဲဝေ ခံစားသူ
    sharing of spoils
    နာမ်

    ဝီစားယက်စား

    [wísájɛʔsá]
    ရသမျှကို ခွဲဝီယူခြင်း
    ရသမျှကို ခွဲဝေယူခြင်း
    sharing of spoils
    နာမ်

    ဝီစိငရဲ

    [wísìŋɹɛ]
    ငရဲကြီး သျှစ်ထပ်မာ အောက်ခရင်း ဖြစ်ရေ ငရဲ၏ အမည်
    ငရဲကြီး ရှစ်ထပ်တွင် အောက်ဆုံး ဖြစ်သော ငရဲ၏ အမည်
    [Arakan. Cosmol.] eight and nethermost level of the eight levels of principal purgatories See also ငရဲကြီး [Pali အဝီစိ]
    နာမ်

    ဝီစု

    [wísoʊ]
    အချိုးကျ ရဟိသည့် အဖို့အစု။ အချိုးကျ ထည့်ဝင်ရရေ အဖို့အစု။ ငါ့မတ်ရောက်ခါ၊ စားစရာဟု၊ ဝီကာတစုထား၏ (ကုသတု)
    အချိုးကျ ရယှိသည့် အဖို့အစု။ အချိုးကျ ထည့်ဝင်ရသည့် အဖို့အစု။ ငါ့မတ်ရောက်ခါ၊ စားစရာဟု၊ ဝီကာတစုထား၏ (ကုသတု)
    share
    နာမ်

    ဝီးစွာ့တရား

    [wïswa̰tɹá]
    အလွန် ကွာလှမ်းသော အခြီအရဲ။ ဖြစ်နိုင်ဖို့ မလွယ်ကူသော အခြီအရဲ
    လွန်စွာ ကွာလှမ်းသော အခြေအနေ။ ဖြစ်နိုင်ရန် မလွယ်ကူသော အခြေအနေ
    far
    နာမ်

    ဝီဆာ

    [wísʰà]
    မြိုင်ဆိုင်ရေ။ ဝေဆာသော။ ပန်းတိုင်းလေ၊ နော်ဇာကျက်ရုံး၊ ဂမုန်းသရဖီ၊ ပင်တိုင်းဝီကေ နှင်းဆီသော်က၊ ပန်းမျိုးလှိုင်ကေ၊ ရီအိုင်စမာ ရှုထမဆုံး (ဆဒ္ဒန်)
    မြိုင်ဆိုင်သော။ ဝေဆာသော။ ပန်းတကာလေ၊ နော်ဇာကျက်ရုံး၊ ဂမုန်းသရဖီ၊ ပင်တိုင်းဝီကေ နှင်းဆီသော်က၊ ပန်းမျိုးလှိုင်ကေ၊ ရေအိုင်စမှာ ရှုထမဆုံး (ဆဒ္ဒန်)
    luxuriant
    နာမဝိသေသန