Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 421–440 of 635 words

    ဝ

    ဝီဌ

    [wítʰ]
    အဖို့ အစုကို အပျံ့အနှံ့ ဝေပီးရေ
    အဖို့ အစုကို အပျံ့အနှံ့ ဝေပေးသည်
    distribute
    ကြိယာ

    ဝီးပစ်

    [wïpɪʔ]
    အရာတပါးသို့ ရောက်ယောင် ပစ်သည်
    အခြားတစ်ပါးသို့ ရောက်အောင် ပစ်သည်
    throw away
    ကြိယာ

    ဝီးပစ်လိုက်

    [wïpɪʔlaɪʔ]
    ဝီးရာ အရပ်တပါးသို့ ရောက်ယောင် လွှင့်ပစ်သည်
    ဝေးရာ အရပ်တစ်ပါးသို့ ရောက်အောင် လွှင့်ပစ်သည်
    throw away
    ကြိယာ

    ဝီပုံ

    [wípòʊɴ]
    အချိုးကျ ရဟိသည့် အဖို့အစု။ အချိုးကျ ထည့်ဝင်ရရေ အဖို့အစု။ ငါ့မတ်ရောက်ခါ၊ စားစရာဟု၊ ဝီကာတစုထား၏ (ကုသတု)
    အချိုးကျ ရယှိသည့် အဖို့အစု။ အချိုးကျ ထည့်ဝင်ရသည့် အဖို့အစု။ ငါ့မတ်ရောက်ခါ၊ စားစရာဟု၊ ဝီကာတစုထား၏ (ကုသတု)
    share
    နာမ်

    ဝီပုံကျ

    [wípòʊɴt͡ɕ]
    ရသင့်ရထိုက်သော အဖို့အစုအားဖြင့်
    ရသင့်ရထိုက်သော အဖို့အစုအားဖြင့်
    proportionately
    ကြိယာဝိသေသန

    ဝီးလံ

    [wïlံ]
    အလွန် ဝီးကွာလှသော။ နီးစပ်မှု မဟိသော။ ကကောင်း ဝီးကွာလားရေ
    အလွန် ဝေးကွာလှသော။ နီးစပ်မှု မယှိသော။ အလွန် ဝေးကွာသော
    far distant - far away
    နာမဝိသေသန

    ဝီးလားဝီး

    [wïláwï]
    အခွင့်အလမ်းအလွန် ကွာလှမ်းရေ။ ဖြစ်ခရခရေ
    အခွင့်အလမ်းအလွန် ကွာလှမ်းသည်။ ဖြစ်ခဲ့ရခဲ့သည်
    fall far short of [as in အကောင်အထည်ဖော်နိုင်ရန်~ လျက်ပင်ရှိသေးရေ-]
    ကြိယာ

    ဝီလီဝီလင်း

    [wílíwílɪ́ɴ]
    မိုးထ နပျိုးဖက်နုပျိုးချိန်
    နံနက် ငှက်ပျောရွက်နုပျိုးချိန်
    morning twilight
    နာမ်

    ဝီဝီ

    [wíwí]
    တခုတရီသည် လေမာ အဟိန်ပြင်းစွာ ရက်ပြတ် တိုက်ခတ် လှုပ်ရှား ရစ်လည်ဖြတ်သန်းရာမှ ဝီဝီ ဆိုရေ အသံမျိုး ထွက်ပေါ်လှာသောအနိန်နန့်
    တစ်စုံတစ်ခုသည် လေတွင် အရှိန်ပြင်းစွာ အဆက်မပြတ် တိုက်ခတ် လှုပ်ရှား ရစ်လည်ဖြတ်သန်းရာမှ ဝီဝီ ဟူသော အသံမျိုး ထွက်ပေါ်လာသော အားဖြင့်
    none
    ကြိယာဝိသေသန

    ဝီဝီ၂

    [wíwí၂]
    တောတောင်ရို့မာ ပင်တိုင်းပိုင် ပင်လုံးကျွတ်မျှ ဖူးပွင့်ငုံအာ ဝေဆာမြိုင်ဆိုင်ဗျာယ် ဟိနီရေ။ မညိုးဂန္ဓာမ၊ ပန်းများစွာ၊ သာယောင့်သာယာ၊ ဟေဝန်တောမာ၊ ဝီဝီ၊ ပွင့်နီရေ (ဓမ္မက)။ ကြာတောဝီဝီ၊ ဖူးပွင့်နီရေ၊ ပန်းဆီသောက်မြဲ၊ ပျံဝဲရုန်းရုန်း၊ ပန်းဖလံနှင့်၊ ဝတ်လွှာစာ
    တောတောင်တို့၌ ပင်တိုင်းလိုလို ပင်လုံးကျွတ်မျှ ဖူးပွင့်ငုံအာ ဝေဆာမြိုင်ဆိုင်လျက် ယှိနေသော။ မညိုးဂန္ဓာမ၊ ပန်းများစွာ၊ သာယောင့်သာယာ၊ ဟေဝန်တောမှာ၊ ဝီဝီ၊ ပွင့်နီရေ (ဓမ္မက)။ ကြာတောဝီဝီ၊ ဖူးပွင့်နီရေ၊ ပန်းဆီသောက်မြဲ၊ ပျံဝဲရုန်းရုန်း၊ ပန်းလိပ်ပြာနှင့်၊ ဝတ်လွှာစာ
    none
    နာမဝိသေသန

    ဝီဝီသျှေ

    [wíwíʃè]
    မသဲမကွဲသော။ မသဲမကွဲသော။ မပီကလာရေ။ မှုန်မှိုင်းသော။ အဝီးက ဖြစ်လို့ ဝီဝီသျှေရာ မြင်ရကတ်ားရရေ (အရပ်)
    မထင်မရှားသော။ မသဲမကွဲသော။ မပီမသသော။ မှုန်မှိုင်းသော။ အဝီးက ဖြစ်လို့ ဝီဝီသျှေရာ မြင်ရကြားရရေ (အရပ်)
    inarticulate
    နာမဝိသေသန

    ဝုတ်

    [woʊʔ]
    တစုံတရာ၊ တဦး တယောက် မြင်၍ ခွီးသတ္တဝါက ဖို့လိုသံနန့် အော်ရေ
    တစ်စုံတရာ၊ တစ်ဦး တစ်ယောက် မြင်၍ ခွေးသတ္တဝါက ရန်လိုသံနှင့် အော်သည်
    bark
    ကြိယာ

    ဝုတ်ဝုတ်ဝုတ်ဝုတ်

    [woʊʔwoʊʔwoʊʔwoʊʔ]
    တယောက်တလီသော သူကို ခွီးက ကိုက်ရန်ပြုရေအခါ (ဝုတ်ဝုတ်ဝုတ်ဝုတ်) စရေ ဟောင်၍ လိုက်သော အသံဖြင့်
    တစ်စုံတစ်ယောက်သော သူကို ခွေးက ကိုက်ရန်ပြုသောအခါ (ဝုတ်ဝုတ်ဝုတ်ဝုတ်) စသည့် ဟောင်၍ လိုက်သော အသံဖြင့်
    bark
    ကြိယာဝိသေသန

    ဝုန်း

    [wóʊɴ]
    ဝုန်း ဝုန်း အသံဆူညံဗျာယ်။ ၂၊ အဂုဆိုပိုင်
    ဝုန်း ဝုန်း အသံဆူညံလျက်။ ၂၊ ချက်ချင်းဆိုသလို
    uproariously - noisily
    ကြိယာ

    ဝုန်းဒိုင်းထိုး

    [wóʊɴdáɪɴtʰó]
    ဝုန်းဒိုင်းမြည်အောင် ကြမ်းတမ်းစွာ ထိုးပစ် သတ်ပုတ် ဆူပူလှုပ်ရှားရေ။ ၂၊ (ဥပစာ) အထိန်းအကွပ်မဟိ ထင်ရာပြုမှုသည်
    ဝုန်းဒိုင်းမြည်အောင် ကြမ်းတမ်းစွာ ထိုးပစ် သတ်ပုတ် ဆူပူလှုပ်ရှားသည်။ ၂၊ (ဥပစာ) အထိန်းအကွပ်မယှိ ထင်ရာပြုမှုသည်
    make a uproar
    ကြိယာ

    ဝုန်းဒိုင်းဝုန်းဒိုင်း

    [wóʊɴdáɪɴwóʊɴdáɪɴ]
    ဝုန်းဒိုင်း၊ ဝုန်းဒိုင်း အသံဆူညံဗျာယ်။ ၂၊ ရတ်တရက်
    ဝုန်းဒိုင်း၊ ဝုန်းဒိုင်း အသံဆူညံလျက်။ ၂၊ ရတ်တရက်
    uproariously - noisily
    ကြိယာဝိသေသန

    ဝူး

    [wùး]
    တောမားတချို့ တချို့နီရာမာ အပိုင် (ဝူးကနဲ) မြည်ဟိန်းသော အသံ
    တောတွင်းအချို့ အချို့နေရာ၌ အလိုလို (ဝူးကနဲ) မြည်ဟိန်းသော အသံ
    sound
    နာမ်

    ဝူး၂

    [wùး၂]
    ခွီး၊ မြီခွီး အစဟိစွာရို့ ဆွဲဆွဲငင်ငင် အော်မြည်သည်
    ခွေး၊ မြေခွေး စသည်တို့ ဆွဲဆွဲငင်ငင် အော်မြည်သည်
    make a noise
    ကြိယာ

    ဝူးတူးဝါးတား

    [wùးtùးwàးtá]
    မပီကလာ၊ လုံးထွေးသော အသံနှင့်
    မပီမသ၊ လုံးထွေးသော အသံနှင့်
    indistinct
    ကြိယာဝိသေသန

    ဝူးရားဝူးရား

    [wùးɹáwùးɹá]
    ဒေါသ အဟုန် ကြီးမားသနန့် ဆင်ခြင် သတိမဟိဘဲ
    ဒေါသ အဟုန် ကြီးမားသဖြင့် ဆင်ခြင် သတိကင်းမဲ့စွာ
    (bluster) cholerically - (storm) vehemently
    ကြိယာဝိသေသန